ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Tuesday, April 29, 2008

သံရုံးအမှုထမ်းအားလုံးသို့ မေတ္တာရပ်ခံချက်

29-04-2008
သံရုံးအမှုထမ်းအားလုံးသို့ မေတ္တာရပ်ခံချက်

နိုင်ငံတကာရှိ မြန်မာသံရုံးများတွင် အမှုထမ်းနေကြသော သံရုံးအမှုထမ်းအားလုံးသို့
သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့အနေဖြင့် လေးနက်စွာ မေတ္တာရပ်ခံအပ်ပါသည်။
သင်တို့သည် နိုင်ငံရပ်ခြားတိုင်းတပါးတွင် တာဝန်ထမ်းဆောင်နေသူများပီပီ ကမ္ဘာ့အခြေအနေ အရပ်ရပ် ကို
နားလည် သဘောပေါက်သည်-ဟု ယုံကြည်ပါသည်။ မည်သူမှန်သည်၊ မှားသည်-ဟု မပြောလိုပါ။
လူတိုင်း၏ မွေးရာပါအခွင့်အရေးအရ ကိုယ်ပိုင်ဆုံးဖြတ်ပိုင်ခွင့်ရှိပါသည်။ သို့သော် သင်တို့သည် ပြည်သူတို့၏
ဘဏ္ဍာကို စားသုံးနေကြသည့် ပြည်သူ့ဝန်ထမ်းများဖြစ်ကြသည်-ဆိုတာကို မမေ့သင့်ကြပါ။

နိုင်ငံတစ်နိုင်ငံတွင် တာဝန်ထမ်းဆောင်ခွင့်ရနေခြင်းသည် မိမိနိုင်ငံသားတို့၏ ကောင်းကျိုးကို ဆောင်
ရွက်ဖို့ ဖြစ်ပါသည်။ ပြည်သူကို ဒုက္ခပေးရန် မဟုတ်ပါ။အမှန်မှာ ပြည်သူ့ဝန်ထမ်းသည် ပြည်သူတို့၏
“အရှင် သခင်” လုံးဝမဟုတ်ပါ။
ပြည်သူတို့၏ “ကျွန်” ဖြစ်သည်-ဆိုသည်ကို သတိချပ်သင့်ပါသည်။ သင်တို့သည် ပြည်သူ့ကျွန်
ဖြစ်ရမည့်အစား လက်တဆုပ်စာ န အ ဖ-စစ်အာဏာရှင်တို့၏ စစ်ကျွန်ဖြစ်နေခြင်းသည် သင်တို့ အတွက်သာ
မကသင်တို့၏ သားစဉ်မြေးဆက်အတွက်ပါ ရင်နင့်ဖွယ်ဖြစ်နေပါသည်။ သင်တို့သည် ခေတ်ပညာတတ်
သံတမန်များပီပီ မြန်မာနိုင်ငံပြုပြင်ပြောင်းလဲရေးတွင် သင်တို့ တာဝန် ထမ်းဆောင်နေကြသည့် နိုင်ငံများနှင့်
ကောင်းသောအရာတို့တွင် ရင်ဘောင်တန်းနိုင်ရန် တစ်ထောင့်တစ်နေရာ မှပါဝင်ဆောင်ရွက်နိုင်မည်-ဟု
အလေးအနက် ယုံကြည်ပါသည်။ ယခုအခါ အချို့နိုင်ငံများရှိ သံရုံးအမှုထမ်းတို့ သည် ပြည်သူ့မျက်နှာကို
မကြည့်ပဲ အာဏာရှင်အလိုကျ မောက်မာစွာ ပြုမူဆက်ဆံနေသည်ကို ကြားသိရသဖြင့် အလွန်ပင်
စိတ်မချမ်းမြေ့ ဖြစ်ရပါသည်။ ထို့ကြောင့် သင်တို့သည် န အ ဖ-စစ်အာဏာရှင်အလိုကျ ပြည်သူများအပေါ်
မောက်မာစွာ ဆက်ဆံ ခြင်း၊ မချေမငံ ပြုမူပြောဆိုခြင်းများကို ရှောင်ကြဉ်ပြီး ယခုဖြစ်ပေါ်နေသောအခြေအနေတွင်
အမှန်တရားဘက်မှ ပြတ်သားစွာ ရပ်တည်ပေးခြင်းဖြင့် ပြည်သူ့အကျိုး သည်ပိုးပေးပါရန် အလေးအနက်
မေတ္တာရပ်ခံအပ်ပါသည်။


သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့

{MSMA}

Read More...

Monday, April 28, 2008

် ဆန္ဒပြမည့်သတင်းများကြောင့် ရန်ကုန်မြို့တွင် လုံခြုံရေး တင်းကျပ်

28-04-2008

စစ်အစိုးရကို ဆန့်ကျင် ကန့်ကွက်ပွဲတွေ ပြန်အသစ်ဖြစ်ပေါ်လာနိုင်တယ် ဆိုတဲ့ ကောလဟာလ သတင်းတွေကြောင့် ရန်ကုန်မြို့မှာ လုံခြုံရေးကို တင်းတင်း ကျပ်ကျပ် ချထားပါတယ်။

အဓိကရုဏ်း နှိမ်နင်းရေးရဲတွေနဲ့ အစိုးရ ထောက်ခံသူတွေဟာ နံပါတ်တုတ်တွေ ကိုင်ဆောင်ပြီး အဓိက လမ်းဆုံလမ်းခွတွေမှာ စောင့်နေကြတယ်လို့ အေပီ သတင်းတစ်ရပ်မှာ ဖော်ပြပါတယ်။ အဲဒီလို ချထားရာမှာ မြန်မာလူမျိုးတွေ အထွဋ်အမြတ်ထားတဲ့ ရွေတိဂုံစေတီတော်လည်း ပါဝင်ပါတယ်။

ဒီအချိန်မှာပဲ နိုင်ငံရပ်ခြားမှာတော့ ဆန္ဒပြပွဲတွေ ဖြစ်ပေါ်နေပါပြီ။ မြန်မာနိုင်ငံမှာ နောက်လပြုလုပ်မယ့် လူထုဆန္ဒခံယူပွဲကို ဆန့်ကျင်တဲ့ ဆန္ဒပြပွဲတွေကို မြန်မာ လှုပ်ရှားတက်ကြွသူတွေက ထိုင်းနိုင်ငံနဲ့ စင်္ကာပူနိုင်ငံတွေမှာ လုပ်ခဲ့ကြပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်က မြန်မာသံရုံးရှေ့မှာ တနင်္ဂနွေနေ့က လှုပ်ရှားတက်ကြွသူ ၁၀၀ လောက်က ဆန္ဒပြခဲ့ကြပါတယ်။

မြန်မာ့ဒီမိုကရေစီရေး ထိုင်းနိုင်ငံ ပူးတွဲလှုပ်ရှားမှုကော်မီတီက စည်းရုံး လှုပ်ရှား ခဲ့တဲ့ ဆန္ဒပြပွဲမှာ လှုပ်ရှားတက်ကြွသူတွေက မေလ ၁၀ ရက် လူထုဆန္ဒခံယူပွဲ ကို ဆန့်ကျင်တဲ့ ကြွေးကြော်သံတွေ တိုင်ခဲ့ကြပါတယ်။ ဆန္ဒပြပွဲ စည်းရုံးသူတွေက ဆန္ဒခံယူပွဲကို စစ်ဗိုလ်ချုပ်ကြီးတွေ အာဏာတည်မြဲဖို့အတွက် ကြံစည်တဲ့ ပရိယာယ်တစ်ရပ်အဖြစ် ပြောကြပါတယ်။

စင်္ကာပူနိုင်ငံမှာတော့ နိုး စာတမ်းပါ တီရှပ်တွေ ၀တ်ထားကြတဲ့ ရာချီတဲ့ ဆန္ဒပြသူတွေ မြန်မာသံရုံးရှေ့မှာ ဆန္ဒပြကြပါတယ်။

ထိုင်းနဲ့ စင်္ကာပူမှာ ဆန္ဒပြပွဲတွေက ငြိမ်းငြိမ်းချမ်းချမ်း ဖြစ်ခဲ့ပါတယ်။

ဖွဲ့စည်းအုပ်ချုပ်ပုံ အသစ်နဲ့ပတ်သက်ပြီး စစ်ခေါင်းဆောင်တွေက မေလ ၁၀ ရက်နေ့မှာ ဆန္ဒခံယူပွဲကျင်းပဖို့ စီစဉ်ထားပါတယ်။ ဖွဲ့စည်းအုပ်ချုပ်ပုံအရ၊ ၂၀၁၀ မှာ ရွေးကောက်ပွဲ ဖြစ်ပေါ်လာလိမ့်မယ်လို့ စစ်အစိုးရကဆိုပါတယ်။ ဒါပေမဲ့ အတိုက်အခံတွေကတော့ ဖွဲ့စည်းအုပ်ချုပ်ပုံဟာ နိုင်ငံရေးမှာ စစ်တပ်ရဲ့ အခန်း ကဏ္ဍကို ခိုင်မာအောင် လုပ်ထားတာလို့ ပြောကြပါတယ်။
VOA

Read More...

Burmese in Newyork voted NO to Burmese Junta's sham referendum

28-04-2008
နယူးယောက်က မြန်မာများကလည်း မြန်မာသံရုံးတွင် ကန့်ကွက်မဲထည့်

ဧပြီ ၂၅၊ ၂၆ နေ့များမှာ နယူးယောက် မြန်မာစစ်သံရုံးက ကြိုတင်ဆန္ဒမဲကောက်ခံခဲ့ပါတယ်။ ထို ၂ ရက် တောက်လျောက်လုံး မြန်မာဒီမိုကရေစီရေးလှုပ်ရှားသူများက မြန်မာစစ်အစိုးရရဲ့ အခြေခံဥပဒေမူကြမ်းကို ကန့်ကွက်ဆန္ဒပြခဲ့ကြပြီး သံရုံးတွင်း ၀င်ရောက်မဲပေးသူများတချို့ကလည်း ကန့်ကွက်မဲပေးပြီးတာနဲ့ လမ်းပေါ်က ကန့်ကွက်ဆန္ဒပြပွဲမှာ ဆက်လက် ဆန္ဒပြခဲ့ကြတယ်လို့ သိရပါတယ်။


စနေနေ့က မဲပေးခဲ့သူ လူငယ်တဦးရဲ့ အတွေ့အကြုံအရတော့ - သက်တမ်းရှိ မြန်မာနိုင်ငံကူးလက်မှတ်ပြပြီး ကြိုတင်မဲပေးခဲ့ကြောင်း၊ သူရောက်ရှိတဲ့အချိန်မှာ ညနေခင်း သံရုံးပိတ်ခါနီးဖြစ်လို့ မဲဆန္ဒအမှတ်စဉ် ၄၀၀ ကျော်ဖြင့် စာရင်းသွင်းခဲ့ရကြောင်း၊ နိုင်ငံကူးလက်မှတ်နှင့်တကွ လက်ကိုင်ဖုန်းစတာတွေကို သိမ်းဆည်းထားပြီး ရုံးအတွင်းက ကာရံထားတဲ့ အခန်းငယ်မှာ မဲပေးခွင့်ရကြောင်း၊ မိမိကိုယ်ရေးမှတ်တမ်းနဲ့တကွ စာရွက်ပေါ်မှာ ကြက်ခြေခတ်ခြစ်ပြီး မဲပေးခဲ့ကြောင်း ပြောပြပါတယ်။ မဲလက်မှတ်စာအိတ်ကို သံရုံးဝန်ထမ်းက သိမ်းဆည်းလိုက်ပေမယ့် မည်ကဲ့သို့ မဲလက်မှတ်များကို ရေတွက်မယ်၊ ထုတ်ပြန်မယ်၊ ထိမ်းသိမ်းထားမယ်တို့ကို ရှင်းမပြဘူးလို့ သိရပါတယ်။

ကမ္ဘာတ၀ှမ်းက မြန်မာသံရုံးတွေမှာ ကြိုတင်မဲလက်မှတ် ပေးနိုင်ကြပြီး၊ မြန်မာ့ဒီမိုကရေစီရေး လိုလားသူ မြန်မာအများစုထဲက သူတို့ဖိတ်ကြားတဲ့၊ လက်ရှိဝင်ငွေခွန်ဆောင်ထားတဲ့ သက်တမ်းရှိ မြန်မာနိုင်ငံကူး လက်မှတ်ကိုင်သူတို့ကိုသာ မဲပေးခွင့်ပြုခဲ့တာဖြစ်လို့ လူနည်းစုမဲသာ ဖြစ်တာကို တွေ့ရပါတယ်။ စာတိုက်က ဖိတ်တဲ့စာရင်းက တချို့မြန်မာတွေကလည်း အခြား နိုင်ငံသားအဖြစ် ကူးပြောင်းသွားပြီဖြစ်လို့ မဲပေးရန် အကြုံးမ၀င်တော့တဲ့ လူအများအပြားလည်း ရှိနေပါတယ်။ အဲသည်အတွက် သူတို့စာရင်းအရ မည်သို့သော မဲတွေကို ရေတွက်ပြီး တင်ပြမယ်ဆိုတာကို သံသယရှိတယ်ဆိုတဲ့အကြောင်း နယူးယောက်မြို့ မြန်မာဒီမိုကရေစီရေး လုပ်ဆောင်နေတဲ့ ကိုအောင်ခန့်က မိုးမခကို ပြောကြားခဲ့ပါတယ်။

ယခု နိုင်ငံတကာက မြန်မာပြည်ဒီမိုကရေစီရေး ဆောင်ရွက်နေသူ မြန်မာမိသားစု အစုအဖွဲ့များ ချိတ်ဆက်ကြပြီး "စစ်အစိုးရအခြေခံဥပဒေ ဘက်မလိုက်စစ်တမ်း" သဘောမျိုးနဲ့ ဆန္ဒမဲပေးကြသူအများစုရဲ့ ဆန္ဒမဲသဘောထားကို အလွတ်သဘော ကောက်ယူ ထုတ်ပြန်သင့်ပြီ ဖြစ်ကြောင်း နယူးယောက် မြန်မာမိသားစုများက သဘောထားတယ်လို့ ပြောဆိုပါတယ်။ ယခု နယူးယောက်က အစုအဖွဲ့အနေနဲ့ NLD-LA USA Branch, 88 Generation Students (Exile), Women On The Move For Burma နဲ့ International Campaign For Burma(NY) တို့က ဒုတိယနေ့မှာ ကန့်ကွက်ဆန္ဒပြနေခဲ့တာ တွေ့ရပါတယ်။

သူတို့တွေ (စစ်အစိုးရနဲ့ အပေါင်းအပါများ) လုပ်ကြံဖန်တီး လိမ်ညာတဲ့ ထုတ်ပြန်ချက်တွေ မေလ ၁၀ ရက် နောက်ပိုင်း မလာခင်မှာ ပြည်တွင်း ပြည်ပက မြန်မာတွေ စုစည်းပြီး အလွတ်စစ်တမ်းကောက်ယူ ထုတ်ပြန်ထားတာမျိုးနဲ့ ကြိုတင်လှုပ်ရှားဆောင်ရွက်နိုင်ဖို့ အရေးကြီးကြောင်း၊ ယခု ၂ ရက်အတွင်း တကယ် လာရောက် မဲပေးသူ ၁၀၀ ကျော်ခန့်သာ မျက်မြင်တွေ့ရပြီး၊ အဲဒီထဲက မြန်မာလူငယ်အသိုင်းအ၀ိုင်းကတော့ ကန့်ကွက်မဲ ထည့်ကြကြောင်း၊ အသက်အရွယ်ကြီးသူ အချို့တွေကတော့ တာဝန်ကျေ ထောက်ခံမဲ သွားထည့်ခဲ့တယ်လို့ ပြောကြောင်း ကြားသိရတယ်လို့ မိုးမခ ပရိသတ်တဦးက သတင်းပေးပို့ပါတယ်။

ဝါရှင်တန်ဒီစီက မြန်မာတွေကတော့ ဒီနေ့နဲ့ နက်ဖြန်မှာ အဲဒီအရပ်က မြန်မာသံရုံးမှာ ကြိုတင်မဲ ထည့်ကြဖို့ အစီအစဉ်ရှိကြောင်း ကြားသိရပါတယ်။
moemaka

Read More...

ပြတ်ပြတ်သားသားဆန့်ကျင်ကန့်ကွက်ကြ

28-04-2008

သားစဉ်မြေးဆက် စစ်ကျွန်ဘ၀ရောက်မည့် လူထုဆန္ဒခံယူပွဲကို
သာသနာ့ကာကွယ်ရေး ညွန့်ပေါင်းအဖွဲ့ချူပ် (မလေးရှား) မှလည်း
နအဖ စစ်အစိုးရကျင်းပမည့် မေလလူထုဆန္ဒခံယူပွဲကို ပြတ်ပြတ်သားသား
ဆန့်ကျင်ကန့်ကွက်ခဲ့ကြပါသည်။




မလေးရှားနိုင်ငံရောက်မြန်မာနိုင်ငံသားများကလည်း ‘နိုး‘ပဲတဲ့…

မလေးရှားနိုင်ငံရောက် မြန်မာနိုင်ငံသားများကလည်း နအဖဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းကို လုံးဝမထောက်ခံကြောင်း ယခုလိုပြသခဲ့ကြတယ်လို့ မောင်ဖုန်းမြင့်ဘလောက်ပိုင်ရှင်က သတင်းမှတ်တမ်းဓါတ်ပုံပေးပို့ပါတယ်။

Read More...

Sunday, April 27, 2008

စင်ကာပူမှ မျိုးချစ်များ “ NO “ လိုက်ကြသော ဗွီဒီယို

27-04-2008

Read More...

စင်္ကာပူမှ မဲပေးပွဲ ဆက်လက် ကျင်းပခြင်း

27-04-2008
စင်္ကာပူ ကကြံဖွတ်တွေ..


အပြင်မှာ ဟိုမတ်တတ် ဒီမတ်တတ်

စောင့်လိုက်ရတာ အမောပေါ့ ..စောင့်လိုက်ရတာ အမောပေါ့ ..


မဲကို မဲမဲ ..ရဲရဲ နဲ့ ပေးမဲ့သူတွေ..တလမ်းလုံးရဲဘယောင်း ခတ်နေတာ


မြန်မာသံရုံး အတွင်းမှာ ဒါရိုက်တာတွေ ရှိတယ်..ကင်မရာမင်းက ရိုက်နေတာ..လှလှလေးပြုံးထား..

Read More...

သီဟိုဠ်ကျွန်းငယ်ပေါ်က လမ်းပြကြယ်

27-04-2008

ခရစ်နှစ်သစ် ၂၀၀၈၊ မြန်မာ့နှစ်သစ် ၁၃၇၀-ပြည့်နှစ် စသည်ဖြင့် နှစ်သစ်မင်္ဂလာအသီးသီး ဆင်နွှဲခဲ့ကြတဲ့ အတွက် ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်သွေးတွေနဲ့ စတေးထားရတဲ့ ၁၉၈၈၊ “ဒီမိုကရေစီ အရေးတော်ပုံ” ၂၀၀၇၊ စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တွေ ဟာ သွေးများအေးသွားပြီလား.. မေ့များသွားပြီလား-လို့ အတွေးပွားနေစဉ်…

သီရီလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့ရဲ့ အပြည်ပြည်ဆိုင်ရာ သာသနာ့ ဥသျှောင် အဖွဲ့ကြီးရဲ့ ဦးဆောင်မှုနဲ့အတူ န အ ဖ-ဖက်ဆစ် စစ်အုပ်စုရဲ့ ၂၀၀၈၊ မေလ (၁၀) ရက်နေ့တွင်

ပြုလုပ်မဲ့ မတရားတဲ့ “ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်း” အတည်ပြုနိုင်ရေး ဆန္ဒခံယူပွဲကို ပြည်သူများအနေနဲ့ ကန့်ကွက်မဲ (ကြက်ခြေခတ်) ပေးကြဖို့ ရဲရဲရင့်ရင့် သီရိလင်္ကာနိုင်ငံရှိ ကုလ သမဂ္ဂရုံးရှေ့မှာ ဆန္ဒပြတဲ့သတင်းနဲ့ ဓာတ်ပုံတွေ ကို “lanka.msma.blogspot.com” ကနေကြည့်လိုက်ရတဲ့ အခါ အံ့သြဘနန်း ကြက်သီးမွေး ညှင်းထမိသလို ဒီအရှင်မြတ်တွေရဲ့ အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည် အပေါ် ချစ်မြတ်နိုးတဲ့ စိတ်ဓာတ်ကို မကြည်ညိုပဲ မနေနိုင်အောင်ဖြစ်ရပါတယ်။
တကယ်တော့ သာမန် အသိဥာဏ်ကင်းမဲ့သူတွေအမြင်နဲ့ ကြည့်ရင်တော့ “ဒါဟာ ဘုန်းကြီးတွေနဲ့ ဘာဆိုင်လဲ” လို့ တာဝန်မဲ့ ပြောကောင်းပြောပါလိမ့်မယ်။ အဲဒီလို ပြောတဲ့သူရှိမယ်ဆိုရင်တော့ အဲဒီလူဟာ အမျိုးဘာသာ သာသနာနဲ့ တိုင်းပြည်ကိုသာမက မြတ်ဗုဒ္ဓကိုပင် စော်ကားသူ-လို့ ဆိုရပါလိမ့်မယ်။
ဘာဖြစ်လို့ ဒီလို ပြောရသလဲ-ဆိုရင် မြတ်ဗုဒ္ဓကိုယ်တိုင် ရောဟိဏီအရေးကို ဖြေရှင်းပေးတော်မူခဲ့ကြောင်း ပိဋကတ်စာပေမှာ အထင်အရှားရှိနေလို့ပါပဲ။ ထို့အတူ မြန်မာ့သမိုင်း အဆက်ဆက်မှာလဲ အရှင်ဒိသာပါမောက္ခ၊ စကြို-သူမြတ်၊ ဆရာတော် ဦးဥတ္တမ၊ ဆရာတော် ဦးဝိစာရ-စသည့် သာသနာ့ဇာနည် အရှင်မြတ်များမှသည် ဆရာတော် ဦးဇောတိက (မန္တလေး ရဟန်းပျိုဥက္ကဋ္ဌ)၊ ဦးရေ၀တ (သံဃသာမဂ္ဂီ ဥက္ကဋ္ဌ)၊ ဦးဂမ္ဘီရ (သံဃာ့ တပ်ပေါင်းစု ဥက္ကဋ္ဌ- ယခု မတရားဖမ်းဆီးခံ) တို့ဟာလဲ ဆက်လက်ပြီး သမိုင်းတင်ခဲ့သည် မဟုတ်လော။
ထို့အတူပဲ ပြည်ပမှာဆိုရင် မစိုးရိမ်ဆရာတော်ကြီး ဦးကောဝိဒ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့ကြီး၏ ပဓာနာစေရ)၊ ပီနန်ဆရာတော်ကြီး ဦးပညာဝံသ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့ ဥက္ကဋ္ဌ)၊ ဆရာတော် ဦးဥတ္တရ (လက်ရှိ သာသနာ့ဥသျှောင်အဖွဲ့အတွင်းရေးမှူး [ပြည်ပ])၊ ဦးခေမာစာရ (ရဟန်းပျိုသမဂ္ဂ ဥက္ကဋ္ဌ)၊ ဦးဝါသေဋ္ဌ (လက်ရှိ သီရိလင်္ကာရောက် မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့ ဥက္ကဋ္ဌ) စတဲ့ ဆရာတော်တွေ ဟာလဲ အခက်အခဲတွေကြားကနေ တိုင်းပြည်အတွက် ကိုယ်စွမ်းဥာဏ်စွမ်းရှိသမျှ လုပ်ဆောင်နေတော်မူကြ သလို နောင်အနာဂတ်မျိုးဆက်သစ် သံဃာတော်အရှင်မြတ်တွေအနေနဲ့လဲ ဆက်လက်လက်ဆင့်ကမ်း ထမ်းဆောင် သွားကြမယ်ဆိုတာ မြေကြီးလက်ခတ်မလွဲပါ-လို့ ယုံကြည်မိပါတယ်။
ဒါ့ကြောင့် နိုင်ငံရေးနဲ့ ဘာသာရေးဆိုတာ ဆက်စပ်နေတယ်လို့ ဆိုရပါမယ်။ တနည်းပြောရရင် တိုင်းပြည် တပြည်ရဲ့ နိုင်ငံရေးတည်ငြိမ်မှ စီးပွားရေး လူမှုရေး ဘာသာရေး-အစစ အဆင်ချောပါတယ်။ နိုင်ငံရေး မတည်ငြိမ်ပဲ စီးပွားရေး လူမှုရေး ဘာသာရေး-အစစ အဆင်ချောတဲ့နိုင်ငံ ဘယ်ကမ္ဘာမှာမှ မရှိပါဘူး။ နိုင်ငံရေး မတည်ငြိမ်ခြင်းရဲ့ရလဒ်ကတော့ ပြည်သူတွေ မွဲတေမယ်၊ နိုင်ငံတကာအလယ်မှာ မျက်နှာငယ်မယ်-ဆိုတာ မြန်မာနိုင်ငံရဲ့လတ်တလောအခြေအနေက သက်သေခံလျှက်ရှိနေပါတယ်။
ပြည်သူတွေအနေနဲ့ ဖက်ဆစ်စစ်အာဏာရှင်တွေရဲ့ မတရားဖိနှိပ်မှုအောက်မှာ ရောက်နေတဲ့အတွက် အခက်အခဲအမျိုးမျိုးနဲ့ ရင်ဆိုင်နေရသော်လဲ သူတို့နှလုံးသားထဲမှာ ဘာတွေရှိတယ်ဆိုတာ၊ သူတို့ ဘာလုပ်ရ မယ်-ဆိုတာ သိရှိနေကြပါတယ်။ အရေးရယ် အကြောင်းရယ်ဆိုရင် ပြည်သူလူထုဟာ ဘယ်တုန်းကမှ အရွေး မမှားခဲ့သလို အခုလာမဲ့ ၂၀၀၈၊ မေ (၁၀) ရက်မှာ ပြုလုပ်မဲ့ ပြည်သူ့ဆန္ဒခံယူပွဲမှာလဲ ပြည်တွေရဲ့ ဦးနှောက်ထဲ က မဲပြားလေးတွေဟာ ကြက်ခြေခတ်လေးတွေ ဖြစ်မယ်ဆိုတာကတော့ ဗေဒင်နဲ့ နတ်မေးရင်တောင် အချိန်နဲ့ငွေ ကုန်နေပါဦးမယ်။
အဲဒီလို အခြေအနေကြားမှာ သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များအဖွဲ့ရဲ့ သီရိလင်္ကာနိုင်ငံရှိ ကုလသမဂ္ဂရုံးရှေ့ ဆန္ဒပြပွဲဟာဖြင့် မြန်မာ့အရေးဟာ သွေးအေးမသွားဘူး။ ရဟန်းရှင်လူ ပြည်သူတွေရဲ့ အသက်သွေးတွေနဲ့ စတေးထားရတဲ့ ၁၉၈၈၊ “ဒီမိုကရေစီ အရေးတော်ပုံ” နဲ့ ၂၀၀၇၊ စက်တင်ဘာ “ရွှေဝါရောင် တော်လှန်ရေး” တွေဟာ ပြည်သူတွေရဲ့ နှလုံးသားနဲ့ ဦးနှောက်ထဲမှာ ပျောက်ပျက်မသွားဘူး..၊ အမြဲထာဝရရှိနေ တယ်-လို့ အသိပေးနေတာဖြစ်သလို..၊ အနာဂတ်မြန်မာနိုင်ငံတော်မှာ ဒီမိုကရေစီနဲ့ လူ့အခွင့် အရေး ထွန်းကားဖို့အတွက် “သီဟိုဠ်ကျွန်းငယ်လေးပေါ်က လမ်းပြကြယ်” လို့ပင် တင်စားဂုဏ်ပြုလိုက်ပါကြောင်း….
(ဓမ္မသည် အဓမ္မကို အောင်စမြဲ)
သကျကုလ
(၂၀၀၈၊ ဧပြီလ- ၂၇)

Read More...

Saturday, April 26, 2008

ဂျပန်ရဲများနှင့် ဆန္ဒပြသူ မြန်မာများ အဓိကရုဏ်းဖြစ်ပွားဆန္ဒပြသူများ နှင့် ဂျပန်ရဲများ

27-04-2008
ဂျပန်ရောက်မြန်မာတွေ တိုက်ပွဲကို အတုယူကြ
ပို ပြီး တက်ကြွ ရဲ ရင့် တဲ့ တိုက်ပွဲတွေ ကိုဖေါ်ထုတ်ကြ ။
လူထု ဆန္ဒခံယူပွဲ ကြီးကို လူထုတိုက်ပွဲ ကြီးအဖြစ် ပြောင်းလဲပြစ်ကြ။

ဂျပန် TV မှ ပြသသောသတင်း

Read More...

“ဘ၀”

26,04,2008
“ဘ၀”
မပီသတဲ့ဘဝ
အနားသတ်မရှိတဲ့ဘဝ
စုတ်ပြတ်သတ်တဲ့ဘဝ


သူများလက်ခုပ်ထဲကဘဝ
အာဏာကို မဖီဆန်နိုင်သေးတဲ့ဘဝ
လွတ်လပ်ခြင်းကို လုမယူနိုင်သေးတဲ့ဘဝ
အစိပ်စိပ်အမွှာမွှာ ဖွာလံကြဲနေတဲ့ဘဝ
အိုနတဲ့ဘဝ
ဆွေးမြည်းတဲ့ဘဝ
တည်ငြိမ်ခြင်းမရှိတဲ့ဘဝ
စားကျက်မရှိတဲ့ဘဝ
ရေကြည်ရာ မြက်နုရာမရှိတဲ့ဘဝ
မသေဆုံးသေးလို့ ဘ၀လို့ခေါ်တယ်။

အိပ်မက်မက်ခွင့်မရှိတဲ့ဘဝ
အ၀ါရောင်ဆင်မြန်းခွင့်မရှိတဲ့ဘဝ
ဒေါင်းအလံကိုင်ဆောင်ခွင့်မရှိတဲ့ဘဝ
ခြောက်ရောင်ခြယ်အလံ ကိုင်ခွင့်မရှိတဲ့ဘဝ
ငါ့ကိုသေနတ်နဲ့ ပစ်နေပြီလို့ အော်ခွင့်မရှိတဲ့ဘဝ
မေတ္တာပို့ခွင့်မရှိတဲ့ဘဝ
သံဃာတွေကို သတ်နေတာမြင်ရတဲ့ဘ၀။
ဘဝ
ဘ၀ ဘဝ
ဘ၀ ဘ၀ ဘ၀။
မသေဆုံးသေးလို့ ဘ၀လို့ခေါ်တယ်။

မိုးဇော်ကို

Read More...

“အရောင်ပြယ် ဆန္ဒ”

26,04,2008
“အရောင်ပြယ် ဆန္ဒ”
ကြိမ်မီးအုံးထားသလိုပါပဲအမေ
ဓားမိုးခံထားရတဲ့ လည်ပင်းတွေ
သေနတ်အချိန်ခံထားရတဲ့ ရင်ဘတ်တွေ
ဒုတ်နဲ့ အရွယ်ခံထားရတဲ့ ဦးခေါင်းတွေ
ပြီးတော့


အကျဉ်းထောင်ထဲက အာဇာနည်တွေ
သေသူသေ၊ လွင့်သူလွင့်
ငိုသံတွေကြားထဲမှာ
ဘယ်သူရယ်ဝံ့ပါသလဲ။


သေနတ်သံတွေကြားထဲမှာ
လွတ်မြောက်လိုတဲ့ ဟစ်ကြွေသံတွေ
ပဲ့တင်ထပ်
ဆဲဆိုရိုက်ပုတ်သံတွေကြားထဲမှာ
မေတ္တာပို့ ဆုတောင်းသံတွေ
ကောင်းကင်ထဲ တလိမ့်လိမ့်လွင့်လူး….။

ရက်စက်ကြမ်းကြုတ် စစ်ဘီလူးတွေကို
ရှိခိုးတောင်းပန်နေတဲ့ သံဃာ့အာဇာနည်တွေ
အမေတွေ့ရင် ငိုမှာသေချာတယ်။

အမေရေ….
သားဒုတိယလွတ်လပ်ရေးကို လိုချင်တယ။်
ဒုတိယလွတ်လပ်ရေးနဲ့အတူ ဆော့ချင်တယ်။
ဒုတိယလွတ်လပ်ရေးနဲ့အတူ အိပ်ချင်တယ်။

မိုးဇော်ကို

Read More...

“တစ်ခါတစ်ရံ”

26,04,2008
“တစ်ခါတစ်ရံ”
အချိန်တွေသာ ပျော့ဖတ်လာတယ်
ဘာမှ….ဘာဆိုဘာမှ….
မစိုက်ပျိုးရသေး
ပိတောက်တွေကြွေပြီး နွေကိုသာရောက်ခဲ့တယ်


အ၀ါရောင်အာရုဏ်ဦးကို
မဖူးတွေ့ရသေးဘူး။

သတ္တိတွေ သွေးဆုံးခဲ့ပြီလေ
အသက်ကြီးလာလို့လားမသိဘူး
သေရမှာကို မောင်းမောင်းထုတ်နေရတယ်
စားသာစားနေရ အရသာဘာမှမသိ
ပျော်သာပျော်နေရ တကယ်မပျော်ရ။

အုံ့မှိင်းနေတဲ့ငါ့မျက်ဝန်းလဲ
မျက်ရည်ဖြူများနဲ့သာ
လုံးထွေးရစ်ပတ်နေတယ်။

နာကြင်ဖန်များတော့
ခေါင်းငုတ်မခံချင်တဲ့မာနက
ထထ ဟောင်တယ်။

မိုးဇော်ကို

Read More...

“သံဆူးကြိုးပေါ်က အ၀ါရောင်နေ့ရက်များ”

26,04,2008
“သံဆူးကြိုးပေါ်က အ၀ါရောင်နေ့ရက်များ”
နားခိုဖို့ ခက်သလို
နင်းချေပစ်ဖို့လဲ ခက်တယ်မေမေ။


ဘ၀က
ဓာတ်ကြိုးပေါ်နားခိုတဲ့ ငှက်တွေလို
သီချင်းမဆိုနိုင်ဘူး။
ပြောပြောဆိုဆို အော်အော်ဟစ်ဟစ်
မလုပ်နိုင်ကြဘူးပေါ့။

သွေးစက်တွေ လိမ်းခြယ်ထားတဲ့
သံဆူးကြိုးပေါ်မှာ
အ၀ါရောင်က
“ငါ့ကို ပွင့်ခွင့်ပေးပါ”လို့
အော်လို့ ဟစ်လို့

ရုန်းတော့လဲ
သွေးတွေပဲ လှိမ့်လှိမ့်ဆင်းတယ်
မရုန်းတော့လဲ
လှိုက်စားခံရတယ်။

အ၀ါရောင်ရေ….
လွတ်လပ်ခြင်းရေ….လို့
ပေါ့ပေါ့ပါးပါးအော်သံထဲမှာတောင်
သွေးစက်တွေက တဒီးဒီး။

မိုးဇော်ကို

Read More...

“လရောင်ဝေး”

26,04,2008
“လရောင်ဝေး”
အလင်းရောင်ကို စားသုံးချင်တယ်
လွတ်လပ်ခြင်း အာရုဏ်ဦး
အလင်းရောင်ကိုပေါ့။


အမှောင်
အမှောင်ထက်မှောင်တဲ့ အမှောင်
ကြယ်ရောင်ဝေး….
လရောင်ဝေး….
နေရောင်ဝေး….
အဲဒီအမှောင်တွေနဲ့အတူ
ငါတို့အားလုံး မှောင်နေလိုက်ကြတာ။

ဒီအလင်းမဲ့ ဇာတ်ထုပ်ကြီးကို
ငါတို့ဆက်မကချင်ဘူး။

အဝေး
အဝေးထက်ဝေးတဲ့ အဝေး
လွတ်လပ်ဝေး….
မျှတဝေး….
ငြိမ်းချမ်းဝေး….
အဲဒီအဝေးတွေနဲ့အတူ
ငါတို့အားလုံး ဝေးနေလိုက်ကြတာ။

မိုးဇော်ကို

Read More...

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ သီရိလင်္ကာနိုင်ငUN သံရုံးရှေ့ ငြိမ်းချမ်းစွာ ဆန္ဒဖော်ထုတ်ခဲံ့

26-04-2008
သီရိလင်္ကာရောက်မြန်မာကျောင်းသား ရဟန်းတော်များ အဖွဲ့မှ
၂၆.၀၄.၂၀၀၈ ရက်နေ့တွင် သီရိလင်္ကာနိုင်ငံ ကုလသမဂ္ဂသံရုံးရှေ့တွင် အောက်ပါအစီအစဉ်အတိုင်း ကျင်းပသွားခဲ့ပါသည်။

tBl



အခမ်းအနားအစီအစဉ် ………….
၁။ နမော တဿ သုံးကြိမ်ရွတ်ဆို၍ အခမ်းအနား ဖွင့်လှစ်ခြင်း၊
၂။ ကျဆုံးလေပြီးသော ဗိုလ်ချုပ်အောင်းဆန်းနှင့်တကွ အာဇာနည်ခေါင်းဆောင်ကြီးများ၊ ပြီးခဲ့သော ၂၀၀၇ ခုနှစ်၊ စက်တင်ဘာလတွင် ဓမ္မအတွက် အသက်ပေးသွားခဲ့ရသော ရဟန်းရှင်လူ ပြည်သူများအား (၇)လပြည့် အထိမ်း အမှတ် (၁) မိနစ် ငြိမ်သက်ခြင်း၊
၃။ ကြွရောက်လာကြသော သံဃာတော်များနှင့် ဧည့်ပရိသတ်များမှ ပဋ္ဌာန်းဒေသနာတော်များ၊ ပရိတ်ဒေသနာ တော်များ ရွတ်ဖတ်ခြင်း၊
၎။ Referendum နှင့်ပတ်သက်၍
(က) သီရိလင်္ကာရဟန်းတော် ဘဒ္ဒန္တစန္ဒဝိမလမှ ဆင်ဟာလိဘာသာဖြင့် ဟောပြောခြင်း၊
(ခ) မြန်မာရဟန်းတော် ဘဒ္ဒန္တပညာမှ အင်္ဂလိပ်ဘာသာဖြင့် ဟောပြောခြင်း၊
(ဂ) မြန်မာရဟန်းတော် ဘဒ္ဒန္တဇောတိကမှ မြန်မာဘာသာဖြင့် အကျယ်တဝင့် ဟောပြောခြင်း၊
(ဃ) မြန်မာရဟန်းတော် ဘဒ္ဒန္တဝါသေဋ္ဌ(ဥက္ကဋ္ဌဆရာတော်) မှ မြန်မာဘာသာဖြင့် အကျဉ်းချုပ် ဟောပြောခြင်း၊
၅။ ကြွရောက်လာကြသော သံဃာတော်များနှင့် ဧည့်ပရိသတ်များမှ မေတ္တာဘာဝနာ ပွားများခြင်း၊
၆။ ဗုဒ္ဓသာသနံ စိရံ တိဋ္ဌတု (၃) ကြိမ်ရွတ်ဆို၍ အခမ်းအနားကို အောင်မြင်စွာ ကျင်းပခဲ့ပါသည်။
ဤအခမ်းအနားမှ အောက်ပါတောင်းဆိုချက် (၆) ချက်ကို သာသနာ့ဥသျှောင်အဖွဲ့ချုပ် နည်းတူ န.အ.ဖ အစိုးရနှင့် သက်ဆိုင်ရာ အဖွဲ့အစည်းများအား တပြိုင်နက် တောင်းဆိုခဲ့ပါသည်။

တောင်းဆိုချက်များမှာ …………..

၁။ ကမ္ဘာ့ကုလသမဂ္ဂ လုံခြုံရေးကောင်စီက မြန်မာနိုင်ငံသားများ၏ သဘောထားဆန္ဒအမှန်ကိုသိရှိရန် လူထုခေါင်းဆောင်ဖြစ်သည့် ဒေါ်အောင်ဆန်းစုကြည်၊ သံဃာ့တပ်ပေါင်းစုခေါင်းဆောင် ဦးဂမ္ဘီရ၊ ကျောင်းသားခေါင်းဆောင် မင်းကိုနိုင်၊ ကိုကိုကြီးတို့နှင့် နိုင်ငံရေးအကျဉ်းသားများအားလုံး အချုပ် အနှောင်မှလွတ်၍ တိုင်းသူပြည်သားများနှင့် တွေ့ဆုံခွင့်ရရှိအောင် မေလ ဆန္ဒခံယူပွဲ မတိုင်မှီ အမြန် ဆုံးလုပ်ဆောင်ပေးရန်၊
၂။ သံဃာတော်များအား မတရားဖမ်းဆီး၍ နိုင်ငံသားဖြစ်ကြောင်း အိမ်ထောင်စုစာရင်းမှ ထုက်ပယ်ကာ ထောင်ဝင်စာတွေ့ခွင့်မရ၍ သံဃာတော်များ၏ အသက်ရှင်ရေးမှာ အထူးစိုးရိမ် နေရသည်။ ထောင်အတွင်း၌ ဘာသာရေး၏ အထွဋ်အမြတ်သင်္ကန်းဝတ်ခွင့်နှင့် ဥပုသ်ပြုခွင့်လည်း မရတော့ဘဲ စစ်အစိုးရက သံဃာများအား နှိပ်စက်နေမူများကို လူ့အခွင့်ရေးအဖွဲ့များ၊ နိုင်ငံတကာ လွတ်လပ်စွာကိုးကွယ်ခွင့်အဖွဲ့များက မြန်မာနိုင်ငံရှိထောင်များအား သွားရောက် စစ်ဆေးပေးရန်၊
၃။ လုံခြုံရေးကောင်စီအနေဖြင့် မြန်မာနိုင်သားများကို သတ်နေသည့် စစ်အစိုးရအား လက်နက် မရောင်းရေးနှင့် ရောင်းချသော တရုတ်နှင့် မြောက်ကိုရီးယားနိုင်ငံစသည့် နိုင်ငံများကိုလည်း ထိရောက် စွာအရေးယူပေးရန်၊
၎။ တိုင်းရင်းသားခေါင်းဆောင်များအားအမြန်ဆုံးလွတ်ရန်နှင့် နယ်စပ်ဒေသတိုင်းရင်းသားများ ထိုးစစ် ဆင်သတ်ဖြတ်နေမှုများကို စစ်အစိုးရက အမြန်ဆုံးရပ်တန့်ရန်၊
၅။ သတင်းစာဆရာကြီး ဦးဝင်းတင်နှင့်တကွ နိုင်ငံရေးအကျဉ်းသားအားလုံး အမြန်ဆုံးလွှတ်ပေးရန်၊
၆။ အိမ်နီးချင်း အိန္ဒိယ၊ တရုတ်၊ ထိုင်း၊ စင်္ကာပူနိုင်ငံများ၊ အမေရိကန်နှင့် ဥရောပနိုင်ငံ ခေါင်းဆောင် များမှ မြန်မာ့ဒီမိုကရေစီအရေးအတွက် ပြတ်သားစွာ ထောက်ခံပေးကြရန် သီရိလင်္ကာရောက်မြန်မာ ကျောင်းသား ရဟန်းတော်များအဖွဲ့မှ တောင်းဆိုလိုက်သည်။


သာသနာ့ဥသျှောင်အဖွဲ့ခွဲ
သီရိလင်္ကာရောက်မြန်မာရဟန်းတော်များအဖွဲ့ (MSMA)




Read More...

ကြားဖြတ်သတင်း

26-04-2008
ကျွန်ုပ်တို့၏ သတင်းထောက်များ ပေးပို့သည်
နအဖအခြေခံဥပဒေကို ကန့်ကွက်ဆန္ဒပြသည့် ဂျပန်ရောက် မြန်မာ့ဒီမိုကရေစီအင်အားစုများနှင့် ဂျပန်ရဲများ အဓိကရုဏ်းဖြစ်ပွားနေ

ယနေ့ နံနက်ပိုင်းက ဂျပန်နိုင်ငံ နအဖသံရုံးရှေ့၌ မြန်မာ့ဒီမိုကရေစီ အင်အားစုများမှ နအဖဖွဲ့စည်းပုံ အခြေခံဥပဒေ ဆန္ဒခံယူပွဲအား ကန့်ကွက် ဆန္ဒပြခဲ့ကြကြောင်း သတင်းရရှိသည်။ ဆန္ဒပြပွဲအား ဂျပန်ရဲတပ်ဖွဲ့မှ အင်အားအလုံးအရင်းဖြင့် ရိုက်နှက်ဖြိုခွင်းသဖြင့် ဦးမြင့်သိန်း (အဲန်အယ်လ်ဒီ)၊ မသော်တာမင်းထွန်း (ဒီဘီအေ)၊ ကိုစိုးမင်းအောင် (ဒီဘီအေ)၊ မမြဖြူပြာ (လူ့ဘောင်သစ်)တို့ ဒဏ်ရာပြင်းထန်စွာ ရရှိကြောင်း သိရသည်။ ကိုလင်းအောင် (အဲန်အယ်လ်ဒီ)မှာ ရိုက်နှက်သည့် ရဲများအား ပြန်လည်ခုခံ ထိုးကြိတ်သဖြင့် ဖမ်းဆီးသွားကြောင်း ဆန္ဒပြနေသော ရဲဘော်များမှ သတင်းပေးပို့လာသည်။ ယခုအချိန်ထိ ဆက်လက်ဆန္ဒပြ ကြွေးကြော်နေကြဆဲဖြစ်ပြီး ဆန္ဒပြရဲဘော်များအား ဂျပန်ရဲတပ်ဖွဲ့မှ ၀ိုင်းပတ်ပိတ်ဆို့ထားကြောင်း သတင်းရရှိ သည်။

နောက်ဆက်တွဲ သတင်းပေးပို့ချက်အရ ဆန္ဒပြ ရဲဘော်များနှင့် ဂျပန်ရဲများ အပြန်အလှန် ထိုးကြိတ်ရိုက်နှက် တိုက်ပွဲဝင်လျက်ရှိကြောင်း သိရသည်။ မြန်မာမိန်းကလေးငယ်များအား ခြေနှင့်လက်တို့ကို ချုပ်နှောင်၍ ပက်လက် တရွတ်တိုက်ဆွဲခေါ်ကာ သံရုံးဘေး ပန်းခြံ၌ ထိန်းသိမ်းထားကြောင်း၊ သံရုံးမိုးကောင်းကင်တွင် စစ်ရဟတ်ယာဉ် ၅ စီး ၀ဲပျံ လျက်ရှိကြောင်း၊ မိန်းခလေးများမှာ အ၀တ်အစားများ ဖရိုဖရဲဖြစ်လျက် ဘောင်းဘီကျွတ် စကတ်ကျွတ် ဖြစ်နေကြကြောင်း၊ ဂျပန်အာဏာပိုင်များ ယခုကဲ့သို့ နှိမ်နင်းဖြိုခွဲသော်လည်း ဆက်လက် တိုက်ပွဲဝင်သွားကြမည်ဖြစ်ကြောင်း သတင်းရရှိသည်။

ထပ်မံပေးပို့လာသော သတင်းများအရ ဆန္ဒပြသူဦးရေ (၃၀၀)ခန့်ရှိပြီး မိန်းကလေးနှစ်ဦး ထပ်မံဒဏ်ရာရရှိကာ ဆေးရုံးတင်ပို့လိုက်ရကြောင်း၊ ဂျပန်ရဲတပ်ဖွဲ့ဝင်များ အင်အားထပ်မံဖြည့်တင်းနေပြီး ဆက်လက် အကြမ်းဖက်ဖြိုခွင်းရန် ပြင်ဆင်ကြောင်း၊ သို့သော် ဒီမိုကရေစီအင်အားစုများအနေနှင့် စုစည်းညီညွတ်စွာ ဆက်လက် တိုက်ပွဲဝင်လျက်ရှိကြောင်း၊ ဂျပန်ရဲများ ဖြိုခွင်းသည့်ပုံစံမှာ နအဖစစ်ခွေးများ၏ နည်းနာနှင့် ဆင်တူကြောင်း သတင်းရရှိသည်။

Read More...

Friday, April 25, 2008

အရေးကြီးပြီ သွေးစည်းကြ

26-04-2008
“သမဂ္ဂါနံ တပေါ သုခေါ”
ဗုဒ္ဓဟောကြား တရားနဲ့အညီ..
တူညီဆန္ဒ ထုတ်ဖော်ကြလော့..
ဦးဆောင် နောက်သား မကွဲပြားပဲ
အတူလက်တွဲလော့..

တို့နိုင်ငံရေး..
အမျိုးသားရေး..
စိတ်မှာတွေးပြီး..
လေးနက် ကြက်ခြေ..
ခတ်ကြပေလော့..
သို့မဟုတ်လျှင်..
အာဏာရှင်ရဲ့ စစ်ဖိနပ်အောက်..
အားလုံးရောက်ကာ..
အမျိုးဘာသာ.. သာသနာနဲ့
တိုင်းပြည်ကြီးပါ ပျောက်ကွယ်ပါလိမ့်..
အရေးကြီးပြီ..
သွေးစည်းကြ..
(၂၆၊ ၀၄၊ ၂၀၀၈-နေ့တွင် သီရိလင်္ကာနိုင်ငံရှိ ကုလသမဂ္ဂရုံးရှေ့တွင် သီရိလင်္ကာရောက် မြန်မာကျောင်းသား ရဟန်းတော်များ စုစည်းကာ န အ ဖ-ရဲ့ ဖွဲ့စည်းပုံအခြေခံ ဥပဒေမူကြမ်း ထောက်ခံပွဲကို ဆန့်ကျင်ဆန္ဒပြပွဲအား လေးစားဂုဏ်ပြုလျှက်)
နီသွေး
MSMA

Read More...

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ၏ ဆန္ဒပြကိုင်ဆောင်မည့် banner

26-04-2008

သီရိလက်ာရောက်မြန်မာကျောင်းသားရဟန်တော်များသည် 26-04-2008 UN သံရုးံရှေ့မှာဆန္ဒပြမည်။

Read More...

ဂျပန်နိုင်ငံရောက်မြန်မာ

26-04-2008

ဂျပန်နိုင်ငံရောက် မြန်မာနိုင်ငံသားများက သာသနာဖျက် စစ်အာဏာရှင်, ရဟန်းရှင်လူ ကျောင်းသားသတ်တဲ့
“ မိစ္ဆာဒိဋ္ဌိ န အ ဖ တို့၏ မေလ-၁၀နေ့ဆန္ဒခံယူပွဲကြီးကို” ယခုလို တညီတညွတ်တည်းကန့်ကွက် ဆန္ဒပြနေကြပြီ။
ထိုကြောင့် ပြည်တွင်းပြည်ပရှိ မျိုးချစ်မြန်မာများအားလုံးကလည်း တညီတညွတ်တည်းကန့်ကွက်ကြရန်
အထူးနိုးဆော်အပ်ပါသည်။

Read More...

ခြင်္သေ့ကျွန်းပေါ်မှ ၂၇ ရက်နေ့ တညီတညွတ်တည်း ကန့်ကွက်မဲပေးပွဲ

25-04-2008

လင်းလက်ကြယ်စင်

ကျွန်မတို့တာဝန်ဟာ ကျွန်မတို့ရင်ထဲမှာရှိတဲ့ ဆန္ဒတွေကို ဖော်ပြရမယ့် အလုပ်ပဲဖြစ်ပါတယ်။ ကျွန်မတို့ဟာ မြန်မာလူမျိုး ၊ မြန်မာနိုင်ငံသားတွေဖြစ်တယ် .. ။ မိမိရဲ့ ရင်ထဲမှာရှိတဲ့ ဆန္ဒအတွက် အခွင့်အရေးတစ်ခုဖြစ်တဲ့ ဒီလူထုဆန္ဒခံယူပွဲမှာ `ကန့်ကွက်မဲ´ကို တညီတညွတ်တည်း ပေးနိုင်ရပါ့မယ် .. ။

စင်္ကာပူ-မြန်မာသံရုံးမှာ ကျွန်မတို့လူထုရဲ့ဆန္ဒ ကန့်ကွက်မဲ ပေးဖို့အတွက် တနင်္ဂနွေနေ့ (၂၇ ရက်နေ့ ) နေ့လည် ၁နာရီတိတိမှာ ပန်နီဆူးလားပလာဇာမှာ ဘတ်စ်ကားများ စီစဉ်ပေးထားပါတယ်။ မြန်မာသံရုံးကို ပန်နီဆူးလားမှ အတူသွားချင်ကြသူများ ပန်နီဆူးလားပလာဇာကို နေ့လည် ၁နာရီအမှီလာခဲ့ကြပါ။ လူစုလူဝေးကို ထင်ထင်ရှားရှား တွေ့မှာပါ။ နေ့လည် ၁နာရီခွဲတိတိမှာ ဘတ်စ်ကားများဖြင့် ကန့်ကွက်မဲပေးဖို့ မြန်မာသံရုံးကို အတူချီတက်ပါမယ် .. ။ မြန်မာနိုင်ငံသား အထောက်ထားဖြစ်တဲ့ အရေးကြီးဆုံးသော မြန်မာပါ့စ်ပို့ကို မဖြစ်မနေ ယူဆောင်ခဲ့ကြပါ .. ။ ကော်ပီ (သို့မဟုတ်) မူရင်းကို ယူဆောင်ခဲ့ပါ .. ။ မူရင်းကို သယ်လာရင်တော့ မပျောက်ကြဖို့လည်း သတိထားကြပါဦးနော် .. ။ သံရုံးနဲ့ဆက်သွယ်ထားတဲ့ အခြားစာရွက်စာတမ်းတွေရှိရင်လည်း ယူဆောင်လာခဲ့လို့ ရပါတယ်။

မြန်မာလူမျိုးမြောက်မြားစွာ နေထိုင်ကြတဲ့ ခြင်္သေ့ကျွန်းငယ်လေးပေါ်ကနေ ကန့်ကွက်မဲအင်အားကို ကျွန်မတို့အားလုံးထင်ရှားစွာ ပြသနိုင်ရမယ် .. ။ မြန်မာလူမျိုးတွေရဲ့ မျိုးချစ်စိတ်ဓါတ်အစစ်အမှန် ၊ ရင်ထဲက သစ္စာတရားတွေကြောင့် ခြင်္သေ့ကျွန်းငယ်လေးပေါ်ကနေစတင်ပြီး ကြက်ခြေခတ် ကန့်ကွက်မဲအောင်ပွဲ ဖြစ်ရမယ်။ မြန်မာနိုင်ငံသားဖြစ်ကြောင်း အထောက်ထားနဲ့ မျိုးချစ်စိတ်ဓါတ်အစစ်အမှန်ပေါင်းစည်းပြီး မိမိဘက်က တာဝန်ဖြစ်တဲ့ မဲပြားပေါ်က ကြက်ခြေခတ် ကန့်ကွက်မဲကိုပေးဖို့ မျိုးချစ်ညီအကိုမောင်နှမအားလုံး တူညီစွာ ချီတက်ကြပါစို့ .. ။

Read More...

ကန့်ကွက်မဲပေးပြီး ရင် ဘာလုပ်မလဲ?

25-04-2008

He who thinks he leads, but has no followers, is only talking a walk.

If you see a disparity between who's leading the meeting and who's leading the people, then the person running the meeting is not the real leader.

The real test of leadership isn’t where you start out. It’s where you end up.

ဆွေးနွေးတင်ပြသူ- (ms)

မေလ ၁၀ ရက် မှာ န၀တစစ်အစိုးရအလိုကျရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို တတိုင်းပြည်လုံးက ဆန္ဒမဲပေးဆုံးဖြတ်ကြတော့မယ်။ စစ်ကျွန်ဘ၀ မရောက်ချင်သူဒီမိုကရေစီ အတိုက်အခံအင်အားစုတွေအားလုံး ကတော့ စစ်အစိုးရ ရေးဆွဲထားသော အခြေခံဥပဒေ မူကြမ်းကို ကန့်ကွက်မဲပေးရန် တိုင်းပြည်သို့ တိုက်တွန်း ပြောဆိုထားပါတယ်။နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံး ကလည်း ကန့်ကွက် မဲ ပေးဘို့ ပြောနေ ကြပါတယ်။ ကျွန်တော်တို့ပြည်သူတွေကလည်း ကန့်ကွက်မဲပေးကြတော့မှာပါ။

အဲဒီတော့ ကန့်ကွက်မဲပေးပြီး ရင် ဘာလုပ်မလဲ။ လေလှိုင်းပေါ်မှာ မကြာခဏ ကြားနေ ရတဲ့ တချို့ ပြည်ပအတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဆိုသူတွေ ကလည်း ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲဟာ တရားမျှတမူ့မရှိဘူး၊ လွတ်လပ်မူ့မရှိဘူး ဆိုတာကို ဖော်ထုတ်ကြ မယ်။ ဒါကိုနိုင်ငံ တကာသိအောင် ဖော်ထုတ် ကြဘို့ “ မဟာဗျူဟာ ကြီးတခုအနေနဲ့ ပြင်ဆင် နေကြ တယ်။” ဒီလိုလုပ်ဖို့ကို မဟာဗျူဟာ ကြီးတခု လို့ မြင်နေရင် ဒီ ပြည်ပအတိုက် အခံ နိုင်ငံရေးခေါင်းဆောင်တွေကို ကျွန်တော် လူညံ့ တွေလို့ဘဲ မြင်တယ်။ ဒါဟာရန်သူကို ရန်သူလိုမမြင်တက်သေးတဲ့ ညံ့ဖျင်းတဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် တွေ ဘဲလို့ဘဲ ကျွန်တော်ပြော ချင်တော့တယ်။

ဒီနေ့ ကျွန်တော်တို့တိုင်းပြည် မှာအုပ်ချူပ်နေတဲ့ န၀တစစ်အစိုးရဟာ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် လူသတ်ခဲ့တဲ့ ခေမာနီကွန်မြူနစ် အစိုးရဟောင်း၊ အာဖဂန်နိုင်ငံက တာလီဘန်အကြမ်း ဖက်အစိုးရဟောင်း အဆင့်လောက်သာရှိတဲ့ စစ်အစိုးရဆိုတာ မြန်မာ ပြည်သူတွေကကော၊နိုင်ငံတကာကကောသိနေကြပါပြီ။

န၀တစစ်အစိုးရဟာ အဖြူ ကို အမဲ၊ လူကောင်းကိုလူဆိုး၊ လူသတ်သမား ကိုတိုင်ပြည် ကယ်တင်သူ၊ ပြောင်းပြန်ကိုပက်လက် လုပ်တက်တဲ့ အစိုးရ မျိုးပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မရှိဘဲနဲ့ လည်း တိုင်းပြည် အုပ်ချုပ် ပြီးသွားပြီ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိဘဲနဲ့ လည်း နောင်အ နှစ် ၅၀အုပ်ချုပ် ဖို့ လည်း ၀န်လေးမည့် သူတွေမ ဟုတ်ပါဘူး။ သူတို့ရဲ့ ကောက်ကျစ် စဉ်းလဲယုတ်မာမူ့ ကို မြန်မာ ပြည်သူ တွေကကော၊ နိုင်ငံတကာက ကော သိနေကြပါပြီ။ ဒီအချိန်ဟာ ဖော်ထုတ်ကြရမဲ့ အချိန်မဟုတ်ဘူး၊ တိုက်ပွဲကိုဖော်ဆောင်ရမည့်အချိန်ပါ။ မြန်မာနိုင်ငံမှာရှိတဲ့ တိုက်ပွဲဟာ ဓမ္မနှင့်အဓမ္မတိုက်ပွဲ ဆိုတာလူတိုင်းသိနေကြပါပြီ။

အဲဒီ တရားမျှတမူ့မရှိဘူး၊ လွတ်လပ်မူ့မရှိဘူး ဆိုတာ ဖော်ထုတ်ကြမှာကို “ မဟာဗျူဟာ ကြီးတခု” အနေနဲ့ မသတ်မှတ်ကြပါနဲ့၊ ဒါဟာ နည်း ဗျူဟာတခုသက်သက်သာသာဖြစ်တယ်။ စောင့် ကြည့်ကြတာတို့ ၊ ဖော်ထုတ်ကြတာတို့ဆိုတာ ပြည်သူ တွေလည်း လုပ်နေတဲ့၊ လုပ်နိုင်တဲ့ အလုပ်ပါ။ ဒီအချိန်ဟာလူထုဆန္ဒ ခံယူပွဲကနေလူထုတိုက်ပွဲ ကိုဖော်ဆောင်ဖို့ အတွက် အချိန်ဖြစ်တယ်။ ပြည်သူနောက်က လိုက်လုပ်နေတဲ့ သူဟာ လေလှိုင်း ပေါ်က အော်နေတဲ့ လေလှိုင်းခေါင်းဆောင်ဘဲ ဖြစ်မယ်၊ လူထုခေါင်းဆောင်တော့ ဖြစ်မှာမဟုတ်ဘူး။ လူထုကရွေးချယ်တင်မြောက် ခံထားရတဲ့လူထုခေါင်းဆောင်ပါလို့ ကိုယ့်ကိုကိုယ် လေလှိုင်း ပေါ်ကဟစ်ကြွေး နေကြယင်၊ လူထုကိုဦးဆောင်ပြီး တိုက်ပွဲဝင်ပါ။ လူထုရှေ့ ကထွက်ပါ။ မီးဖိုချောင်နိုင်ငံရေး ကို လေလှိုင်းပေါ်က လုပ်နေလို့ကတော့ မီးဖိုချောင်ထဲကခေါင်းဆောင်ဘဲ ဖြစ်နေပါလိမ့်မယ်။

ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေ၊ ရဟန်းတော်တွေဟာလူထုကို ဦးဆောင် ခဲ့ပြီးပြီ။ အကျဉ်းထောင်တွေထဲမှာရောက်နေကြပြီ။ အခုအချိန်ဟာ လူထုခေါင်းဆောင်တွေပါလို့ လေလှိုင်းပေါ်မှာဟစ်ကြွေးနေကြတဲ့ ပြည်တွင်း၊ ပြည်ပခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မူ့ ကိုစမ်းသပ်မဲ့ အရည်အချင်းစမ်းသပ်ပွဲတခုလို့ဘဲ ကျွန်တော်မြင်ပါတယ်။

ပြည်ပ မှာ ကိုယ်ရောက်နေတဲ့ နိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေ၊ လူအခွင့်အရေးအဖွဲ့အစည်း တွေကို အဲဒီ ဆန္ဒခံယူပွဲ ရလာဒ် ကျေညာမဲ့နေ့မှာ မြန်မာ သံရုံး ရှေ့ရောက်အောင်လှူံ ဆော်စည်းရုံးပါ။ နိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေဆို သည်မှာ ထိုင်း၊မလေးရှား၊ ဂျပန်၊ စင်္ကာပူ၊ အနောက် နိုင်ငံသား တွေနှင့် ဒေသတွင်း လူအခွင့်အရေး အဖွဲ့အစည်း တွေကိုဆိုလိုပါသည်။ ဒီလိုပြုလုပ် ခဲ့မူ့ကြောင့် လည်း တီဗက်လူမျိုးတွေရဲ့ အိုလံပစ် ဆန့်ကျင်ရေး လှုပ်ရှားမူ့ အောင်မြင်နေပါတယ်။ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ ရ သော ပါကစ္စတန်ဝန်ကြီးချူပ် ဟောင်း မစ်စ် ဘူတိုလိုခေါင်းဆောင်မျိုးနှင့် သူမပါတီရဲ့ခေါင်းဆောင်တွေလို မြန်မာပြည်တွင်း ၌ လုထုကိုဦးဆောင်ပြီး တိုက်ပွဲဝင်မည့်၊ လူထုတိုက်ပွဲဖော်ဆောင်မည့်ခေါင်းဆောင် ကောင်းများလိုပါသည်။

ပါကစ္စတန်မှာ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေဟာ ပြည်သူတွေကိုဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့လို့ ပြောင်းလဲမူ့တခုကိုခံစားနေ ကြရပါပြီ။ န၀တစစ်အစိုးရက တဖက်သက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဆန္ဒခံယူပွဲ ရလာဒ် ကျေညာမဲ့ရက်မှာ လူထုတိုက်ပွဲ ကို ပြည်တွင်းပြည်ပမှာ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေကဦးဆောင်ပြီး တနေ့တည်းတချိန်တည်း ဖော်ဆောင်ဖို့၊ အသင့်ပြင်ကြပါလို့ တိုက်တွန်းယင်း၊..............တိုက်ရဲသူ၊အောင်ပွဲခံရမည်။

မိုးသီးဇွန်

Read More...

နိုင်ငံခြား တိုင်းပြည်များတွင် နေထိုင်သော မြန်မာများသို့

25-04-2008

နိုင်ငံခြား တိုင်းပြည်များတွင် အကြောင်းအမျိုးမျိုးကြောင့် တရားဝင် လာရောက် နေထိုင်ကြသော မြန်မာ နိုင်ငံသားများအား ..... ကျွန်တော်တိုက်တွန်းချင်တာ တစ်ခုကတော့ သံရုံးများမှ မဲ ပေးခွင့်ကို စာရင်းတွင် မပါသောကြောင့် ငြင်းဆိုမည်ဆိုလျှင် အောက်ပါ သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုးထားသော ....... ဖွဲ့စည်းပုံ အခြေခံ ဥပဒေ မူကြမ်းအတည်ပြုရေး ပြည်လုံးကျွတ် ဆန္ဒခံယူပွဲဥပဒေ ...... တွင် ပါရှိသော အချက်များအရ မဲ ပေးခွင့် ရှိသောကြောင်း ပြန်လည်ပြောဆိုကာ မဲ ပေးခွင့်ရအောင် တောင်းဆိုကြပါ။


မဲ စာရင်း ပြုစုရမည်မှာ သက်ဆိုင်ရာ တာဝန်ရှိ ပုဂ္ဂိုလ်၏ တာဝန်ဖြစ်ပြီး၊ အဆိုပါ တာဝန်ရှိ ပုဂ္ဂိုလ်များက တာဝန်ကျေအောင် မဆောင်ရွက်သဖြင့် မဲ စာရင်းတွင် မဲ ပေးခွင့် အကြုံးဝင်သော တစ်ဦး တစ်ယောက် ကျန်ခဲ့သည်မှာ အဆိုပါ တာဝန်ရှိ ပုဂ္ဂိုလ်များ၏ အလုပ် ဝတ္တရား ကျေပြွန်စွာ မထမ်းဆောင်သော ဝတ္တရား ပျက်ကွက်မူပင် ဖြစ်သည်။

(ထိုကြောင့် မိမိတို့၏ မဲ ပေးပိုင်ခွင့် အခွင့်အရေးများကို အောက်ပါ ဥပဒေကို ညွန်းဆို၍ တောင်းဆိုရမည် ဖြစ်သည်။ ထိုသို့ တောင်းဆိုခြင်းများကို မိုလ်ဘိုလ်း ဖုန်းများဖြင့် အသံသွင်းကာ မှတ်တမ်းရယူထားစေလိုပါသည်။ ဤ အသံများသည် နောင်တချိန်နှင် နအဖမှ မိမိတို့က လွတ်လပ်၍ တရားမျှတစွာ ဆန္ဒမဲခံယူပြီး အနိုင်ရ အတည်ပြုလိုက်သည်ဟု ကြေငြာခဲ့လျှင် ကောင်းမွန်စွာ ပြန်လည် တုံပြန်နိုင်သော အချက်များဖြစ်သည်။)



အခန်း(၅)
မဲစာရင်းများပြုစုခြင်း

၁၁။ (က) ပြည်လုံးကျွတ်ဆန္ဒ ခံယူပွဲကျင်းပသည့်နေ့ရက်တွင် အသက် ၁၈ နှစ်ပြည့်ပြီး ဖြစ်သည့် နိုင်ငံသား၊ ဧည့်နိုင်ငံသား၊ နိုင်ငံသားပြုခွင့်ရသူနှင့် ယာယီသက်သေခံ လက်မှတ် ကိုင်ဆောင်ထားတိုင်းသည် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲတွင် ဆန္ဒမဲ ပေးခွင့်ရှိသည်။ ယင်းဆန္ဒမဲပေးခွင့်ရှိသူတိုင်းကို မဲစာရင်းတွင် ထည့်သွင်းရမည်။

(ခ) ပုဒ်မခွဲ(က)ပါ ပြဋ္ဌာန်းချက်များနှင့် ညီညွတ်သော အောက်ပါပုဂ္ဂိုလ်များ၏ အမည်များကို မဲစာရင်းတွင် ထည့်သွင်းနိုင်ခွင့်ရှိသည်-
(၁) ပြည်ထောင်စုမြန်မာနိုင်ငံ၏ သံတမန်များ၊ သံအဖွဲ့ဝင်များ၊ ကောင်စစ် အဖွဲ့ဝင်များနှင့် ယင်းတို့နှင့် အတူနေထိုင်သော မိသာစုဝင်များ၊
(၂) တပ်တွင်းတွင်နေထိုင်သော်လည်း ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့်
နေ့ရက်တွင် ဆန္ဒခံယူပွဲဒေသ၏ ပြင်ပသို့ တာဝန်ရောက် ရှိနေသော တပ်မတော် ကြည်း၊ ရေ၊ လေ တပ်ဖွဲ့ဝင်များ၊ ယင်းတို့နှင့် လုကိပါနေထိုင်သော မိသားစုဝင်များ၊
(၃) ပြည်ထောင်စုမြန်မာနိုင်ငံ၏ ပြင်ပ၌ အလုပ်ဝတ္တရားဆောင်ရွက်ရန် အစိုးရက ခန့်အပ်ထားခြင်းခံရသူများနှင့် ယင်းတို့နှင့်အတူ နေထိုင်သော မိသားစုဝင်များ၊
(၄) နိုင်ငံခြားသို့ရောက်ရှိနေသော အစိုရပညာတော်သင်များနှင့် ယင်းတို့နှင့်အတူနေထိုင်သော မိသားစုဝင်များ၊
(၅) အစိုးရ၏ ခွင့်ပြုချက်ဖြင့် နိုင်ငံခြားတွင်ရောက်ရှိနေသော အခြားပုဂ္ဂိုလ်များ၊
(၆) တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းအသီးသီးတွင်ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများ၊

ရှင်းလင်းချက် ။ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းဆိုသည်မှာ ကျောင်းသူ၊ ကျောင်းသားများ ပညာသင်ကြားရန် အစိုးရကဖွင့်လှစ်ထားသော သို့မဟုတ် အသိအမှတ်ပြုထားသော တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများကို ဆိုသည်။ ယင်းစကားရပ်တွင် အသက်မွေးဝမ်းကျောင်းဆိုင်ရာ ကျောင်းများ၊ လူမှုရေးကျောင်းများနှင့် ဂေဟာများသည်လည်းကောင်း၊ တပ်မတော်က ဖွင့်လှစ်သော တက္ကသိုလ်များနှင့် ကျောင်းများသည်လည်း ကောင်းပါဝင်သည်။

တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့်ကျောင်းများတွင်ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများအနက် သက်ဆိုင်ရာ တက္ကသိုလ်၊ ဒီဂရီကောလိပ်၊ ကောလိပ်၊ သိပ္ပံနှင့် ကျောင်းဖွင့်လှစ်ထား
သည့် ဒေသရှိမဲစာရင်းတွင် ပါရှိသော ကျောင်းသူ၊ ကျောင်းသားများမှအပ အခြားဒေသမှ လာရောက်ပညာသင်ကြားနေသော ကျောင်းသူ၊ ကျောင်းသားများသည် ဤဥပဒေပါ ပြဋ္ဌာန်းချက်များနှင့်အညီ ဆန္ဒမဲပေးခွင့် ရှိသည်။

(၇) ဆေးရုံတွင် တက်ရောက်ကုသနေသူများနှင့် တာဝန်ကျနေသောဝန်ထမ်းများ၊
(၈) အစိုးရဌာန၊ အဖွဲ့အစည်းတစ်ခုခု၏ တာဝန်ပေးချက်အရ မိမိတို့၏ အခြေစိုက်စခန်းမှ ခွဲခွာ၍ အခြားဒေသရှိ လုပ်ငန်းခွင်၌ ရောက်ရှိနေသူများ၊
(၉) ရဲစခန်းနှင့် အကျဉ်းထောင်များရှိ အချုပ်သားများ။
(ဂ) မဲစာရင်းပြုစုရာတွင် အမြဲတမ်းနေထိုင်သည့် ဆန္ဒခံယူပွဲဒေသမှ အခြားဆန္ဒခံယူပွဲဒေသတစ်ခုသို့ တစ်ဦးချင်း ဖြစ်စေ၊ အဖွဲ့လိုက်ဖြစ်စေ၊ ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပသည့် နေ့ရက်ကျော်လွန်သည်အထိ ယာယီလာရောက် အလုပ်လုပ်ကိုင်သူများကို ရောက်ရှိနေသော ဆန္ဒခံယူပွဲဒေသ၏ မဲစာရင်းတွင် ထည့်သွင်းနိုင်သည်။

ထိုပုဂ္ဂိုလ်များ၏ အမည်စာရင်းကို မူလနေထိုင်ရာ ဆန္ဒခံယူပွဲဒေသရှိ မဲစာရင်းမှပယ်ဖျက်ရန် သက်ဆိုင်ရာ မြို့နယ်ကော်မရှင်အဖွဲ့ခွဲသို့ အကြောင်းကြားရမည်။

(ဃ) အောက်ပါ ပုဂ္ဂိုလ်များကို မဲစာရင်းတွင် ထည့်သွင်းခြင်းမပြုရ-
(၁) သာသနာ့ဝန်ထမ်းများ၊
(၂) စိတ်ပေါ့သွပ်နေသည်ဟု သက်ဆိုင်ရာဥပဒေက ပြဋ္ဌာန်းထားသည့်အတိုင်းသတ်မှတ်ခြင်းခံရသူများ၊
(၃) ပြစ်မှုတစ်ခုခုကြောင့် တရားရုံး၏ အမိန့်၊ စီရင်ချက်အရ ထောင်ဒဏ်ကျ ခံနေရသူများ၊
(၄) ပြည်ပသို့ တရားမ၀င် ရောက်ရှိနေသူများ၊
(၅) နိုင်ငံခြားသားများ။

၁၂။ (က) မဲစာရင်းကို ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများက မိမိတို့ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုအလိုက် ပြုစုရမည်။
(ခ) ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စု ကော်မရှင်အဖွဲ့ခွဲများသည် မိမိတို့၏ရပ်ကွက်သို့မဟုတ် ကျေးရွာအုပ်စုအတွင်းနေထိုင်သော ပုဒ်မ ၁၁၊ ပုဒ်မခွဲ (က)အရ ဆန္ဒမဲပေးခွင့်ရှိသူတိုင်း၏အမည်ကို မဲစာရင်းတွင် ထည့်သွင်းရမည်။
(ဂ) ပုဒ်မခွဲ(က)အရ မဲစာရင်းပြုစုသည့်အခါ ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)တွင် ဖော်ပြ ထားသောပုဂ္ဂိုလ်များ၏ အမည်ကို ယင်းတို့နေထိုင်သော ရပ်ကွက် သို့မဟုတ် ကျေးရွာအုပ်စုမဲစာရင်း၌ ထည့်သွင်းခြင်းမပြုရ။ အကယ်၍ ယင်းမဲစာရင်းတွင် ပါရှိနေလျှင် ထိုသူ၏အမည်ကို မဲစာရင်းမှ ထုတ်ပယ်ရမည်။

(ဃ) ပုဒ်မ ၁၁၊ ပုဒ်မခွဲ(ခ)တွင် အကျုံးဝင်သူများအတွက် မဲစာရင်းပြုစုရာတွင် ကော်မရှင်က ညွှန်ကြားသည့်အတိုင်း သင့်လျော်သော အဖွဲ့ဝင်အရေအတွက်ဖြင့် ဖွဲ့စည်းသည့် အောက်ပါအဖွဲ့များက ပြုစုရမည်-

(၁) နိုင်ငံခြားတွင်ရောက်ရှိနေသော ဆန္ဒမဲပေးခွင့်ရှိသူများနှင့် ယင်းတို့နှင့်အတူနေထိုင်သော မိသားစုဝင်များအတွက် သက်ဆိုင်ရာ သံရုံးအကြီးအမှူးနှင့်အဖွဲ့ သို့မဟုတ် ကောင်စစ်ဝန်ရုံးအကြီးအမှူးနှင့်အဖွဲ့၊

အထက်ပါ စာများကို နအဖ ဥက္ကဌ သန်းရွှေကိုယ်တိုင် လက်မှတ်ရေးထိုး ထုတ်ပြန်ထားခြင်း ဖြစ်သည်။

လေးစားစွာဖြင့်
ကိုထိုက်

Read More...

ပင်လယ်ရှာတွေ့သွားသော သံလွင်

25-04-2008

(က)

ထိုစဉ်က .... စောဘအေးသည် KNLAတပ်ရင်း (၂၀) တွင် ဗိုလ်ကြီးအဆင့်နှင့်ဖြစ်ပြီး မဲလထ အကောက်ဂိတ်တွင် ဂိတ်မှူးအဖြစ် တာဝန်ယူလျက် ရှိသည်။

ကျနော်နှင့် `စ´တွေ့သည့် အချိန်၌ သူ့အသက်သည် လေးဆယ်စွန်းရုံမျှ ရှိပြီ....။ အသားဖြူဖြူ တောင့်တောင့်ခိုင်ခိုင် ခန္ဒာကိုယ်နှင့် ဖြစ်သည်။ သထုံတွင် ကြီးခဲ့သည် ဖြစ်၍ မြန်မာစကားအား ရေရေလည်လည် ပြောနိုင်သည်။

သူ့အိမ်က သံလွင်မြစ်အား မျက်နှာမူထား၏။ အိမ်ဟု ဆိုသော်လည်း ဈေးဆိုင်နှင့် တွဲ၍ထားခြင်းမျိုး ဖြစ်သည်။ ဈေးဆိုင်က အ၀တ်အထည်၊ ဖိနပ်၊ ထီး၊ မိုးကာ၊ ဆေးလိပ်၊ ကွမ်းပေါင်၊ ကွမ်းသီး....စသည့် ထိုင်းနှင့်မြန်မာ ကုန်ပစ္စည်းအမျိုးစုံ ရောင်းသည့်ဆိုင် ဖြစ်သည်။ ငွေလည်း လဲသည်။

သူနှင့်တွေ့တော့ .... သူ့ အိမ်ဆိုင်အား အသစ်ပြန်၍ ဆောက်ပြီးကာစ ဖြစ်သည်။ အချို့ အခင်းများသည်ပင် အပြည့်အစုံ မခင်းရသေး။ သူ၏ အရင်အိမ်ဆိုင်လေးသည်လည်း မဲလထ စစ်တလင်းတွင် စစ်အုပ်စု ဗုံးဒဏ်အောက်၌ မီးလောင်ခဲ့ရသည်။

ဗိုလ်အောင်နိုင်က ကျနော်တို့အား ဗိုလ်ကြီးဘအေးနှင့် မိတ်ဆက်ပေး၏။ မာနယ်ပလောသို့ သွားရန်အတွက် ဗိုလ်ကြီးဘအေးမှ ဆက်၍ စီစဉ်ပေးမည် ဖြစ်သည်။

ဗိုလ်ကြီးဘအေးက မာနယ်ပလောသို့ ကြိုးမဲ့ကြေးနန်းနှင့် ဆက်သွယ်၍ ပေးမည်။ မာနယ်ပလောမှ အကြောင်း ပြန်ကြားလာသည်အထိ ကျနော်တို့ မဲလထမှ စောင့်ရမည်။ တစ်ရက်နှစ်ရက် ကြာကောင်းကြာလိမ့်မည်။

ကျနော်တို့ မဲလထတွင် နေထိုင်ရေးအတွက် ဒု-အရာခံဗိုလ် ကျော်သန်းအား ဗိုလ်ကြီးဘအေးမှ တာဝန်ပေးသည်။ ဒုအရာခံဗိုလ် ကျော်သန်းသည်လည်း KNLA တပ်ရင်း (၂၀) မှပင် ဖြစ်သည်။

ထိုစဉ်က .... ဒုအရာခံဗိုလ် ကျော်သန်းသည် မဲညောခီး စစ်မျက်နှာ၌ တာဝန်ကျသည့် တပ်ရင်း (၂၀)မှ တပ်ဖွဲ့များအတွက် ရိက္ခာထောက်ပို့ရေး တာဝန်အား မဲလထတွင် ထိုင်၍ ဆောင်ရွက်နေသည်။

ဗိုလ်ကြီးဘအေးနှင့် ဒုအရာခံဗိုလ် ကျော်သန်းတို့ နှစ်ယောက်စလုံး ယခုအခါ ၌ KNU တွင် မရှိတော့ ....။ ၁၉၉၅ ခုနှစ် မြစ်ဆုံအရေး၌ မြိုင်ကြီးငူနှင့်ပေါင်းပြီး DKBA ဖွဲ့စည်းရာတွင် သူတို့ ပါဝင်ခဲ့ကြ၏။ ဗိုလ်ကြီးဘအေးက DKBA အတွင်း၌ပင် ကွယ်လွန်ခဲ့ပြီး ကျော်သန်းက DKBA တွင် စစ်ဦးစီးချုပ် ဟူ၍ ဖြစ်နေသည်။

ကျနော်တို့ ဗိုလ်ကြီးဘအေး၏ အိမ်ပေါ်မှ ပြန်ထွက်ခဲ့ကြ၏။ နေလုံးကြီးက မယ်ညောခီး တောင်တန်းများ အကြား ထိုးဆင်း၍ သွားလေပြီ။

မဲလထ၏ ညနေခင်းသည် ခြောက်သွေ့၍ နေ၏။ လေပွေမွှေ့သဖြင့် ပြာမှုန်များ လိပ့်၍ လိပ့်၍ ၀ဲကတော့သဏ္ဍာန် လွှင့်ပျံတတ်သွားသည်။ ပြီးလျှင် .... ပြာမှုန်များက ပြန့်ကျဲ၍ ကျလာကြပြန်၏။
(ခ)

ဒုအရာခံ ဗိုလ်ကျော်သန်း၏ တဲက ဆန်အိပ်များ၊ ငပိပုံးများနှင့် ပြည့်ကျပ်၍ နေသည်။ မဲလထဈေးတန်း၌ ဗုံးဒဏ်ကြောင့် မပျက်စီးပဲ ကျန်ခဲ့သည့် တစ်လုံးတည်းသော တဲဖြစ်သည်။ တဲက မဲလထချောင်းနှင့် သံလွင်မြစ်ဆုံရာ ကြက်လျှာစွန်း၌ ဆောက်ထား၏။ တဲပေါ်မှ ကြည့်လျှင် သံလွင်အား မြင်ရ၏။ တဲ၏နောက်ဖက် ရေကပြင်သည် မဲလထချောင်း ကမ်းပါးနှင့် ထိကပ်လျက် ရှိသည်။ ချောင်း၏ တစ်ဖက်ကမ်းပါးက ကျောက်တောင်....။ ကျောက်တောင်က ပျဉ်းပြားတစ်ချပ်အား ထောင်ထားသကဲ့သို့ မတ်မတ်.....။ ဤသဘာဝ အကာအရံကြောင့်ပင် ကျော်သန်း၏ တဲသည် လေယာဉ်ဗုံးဒဏ်မှ လွတ်ခဲ့ခြင်း ဖြစ်မည်။ တဲ၏၀န်ကျင်း၌ သံပရာ၊ မာလကာ၊ ပိန္နဲ၊ သရက်၊ သဘောင်္၊ ပင်ပျိုတို့ စိုက်ထား၏။ ဥယျာဉ်ခြံငယ်လေး တခုကဲ့သို့ ဖြစ်နေသည်။

ချောင်းငယ်အတွင်း၌ ခရုဖင်ချွန်များကောက်လျှင် ရမည်။

ယက်သဲ့နှင့် ငါးနုတ်လေးများအား သဲ့၍ ရနိုင်မည်။ သို့သော် .... ကျနော်တို့ ချောင်းအတွင်းသို့ ဆင်း၍ မရှာစားရဲ ....။ မဲလထအား ဗုံးကျဲစဉ်က စစ်အုပ်စု၏ လေယာဉ်များသည် မဲလထချောင်းအား ခွ၍ ဗုံးကျဲခဲ့ကြ၏။ အချို့ ဗုံးသီးများက မပေါက်ကွဲပဲ ချောင်းအတွင်း၌ ရှိနေကြသေး၏။ မိုးမကျသေး၍ မျှစ်လည်းချိုး၍ မရသေး.....။ ဤတွင် ကျနော်တို့၏ နေ့စဉ်ဟင်းလျာက .... ငပိနှင့် သဘောင်္သီးပြုတ် ....။ ငပိအား အမျိုးမျိုး လုပ်စားကြ၏။ မီးဖုတ်၍ ထောင်းသည်။ အရည်ကြို၍ ချက်သည်။ ငရုတ်သီးက မရှိ ....။ စပ်ရန် ` ပဒဲကော´ များအား ထောင်း၍ ငပိရည်တွင် ထည့်ဖျော် စားရသည်။ `ပဒဲကော´ က ငရုတ်သီးကဲ့သို့ စပ်ခြင်းမဟုတ် ...။ ပူ၏။ ဘာဘဲဖြစ်ဖြစ် ထမင်းတော့ မြိန်သည်သာ ....။

ကျော်သန်းသည် မနက်စောစော ထလေ့ရှိ၏။ သူနိုးသည်နှင့် ရေနွေးအိုး ကြိုသည်။ ရေနွေးအား လေးထောင့် သံစည်ပုံးနှင့် ကြိုခြင်းဖြစ်သည်။ `ခပ်´စရာ လက်ဖက်ခြောက်ကမရှိ။ `လောက်သေ´ရွက်များအား အခြောက်လှန်း၍ `ခပ်´သည်။ `လောက်သေရွက်´ ရေနွေးကြမ်းက အရောင်မှာမူ နီညိုညို..... လက်ဖက်ခြောက် အရောင်ပင် ....။ အနံ့ကမူ ....စိမ်းရွှေရွှေအနံ့ နည်းနည်းရ၏။ ကျနော်တို့အားလုံး ရေစိမ်းမသောက်ကြ ။ လောက်သေရွက် ရေနွေးကြမ်းကိုသာ သောက်ကြ၏။

ဆေးပေါ့လိပ်က ဗိုလ်ကြီးဘအေး၏ ဈေးဆိုင်တွင် ရောင်းသော်လည်း ကျနော်တို့ ၀ယ်မသောက်နိုင်....။ ကျနော်တို့ ဆေးလိပ် သောက်တတ်မှန်းသိ၍ ကျော်သန်းသည် ဓါးလှီးဆေးနှင့် ဘန့်ဘွေးရွက်များရှာ၍ ယူလာပေး၏။ သူကမူ ဆေးလိပ်မသောက် ....။ ဘန့်ဘွေးရွက်နှင့် `ပွတ်ချွန်း´ လိပ်ရသည်မှာ မလွယ် ...။ လိပ်ရင်းနှင့်ပင် ပြေပြေ၍သွား၏။

ကျနော်တို့ မဲလထတွင် ရောက်နေသည်မှာ တပါတ်ခန့် ရှိပြီ။ မာနယ်ပလောမှ ကြေးနန်းက ပြန်မလာသေး....။ စောင့်ရမည်သာ ....။ ဖတ်စရာ စာအုပ်က မရှိ....။ အချိန်သည် ကြာမြင့်လှသည်ဟု ထင်မိ၏။ ညနေ ... နေချိုလျှင် ကျနော်တို့ သံလွင်သို့ ဆင်းကြ၏။ တန်ခူး၊ကဆုန်လများဖြစ်၍ သံလွင်မြစ်ရေသည် မြစ်လယ် ရေစီးကြောင်းအတွင်း၌သာ ရှိ၏။ ကမ်းပါးနှင့်ရေစပ်သည် ဘောလုံးကွင်း တစ်ကွင်းစာမျှ အလှမ်းကွာ၏။ သဲသောင်ပေါ်၌ ကျောက်တုံး ကျောက်ဆိုင်များသည် ထိုးထိုးထောင်ထောင် ....။အချို့ ကျောက်တုံးများက လူတရပ် ကျော်သည်အထိ မြင့်၏။ မိုးမခပင်များက ကျောက်ဆိုင်များနှင့်ကပ်၍ ပေါက်နေကြသည်။ ကျောက်တုံး၊ ကျောက်ဆိုင်များက မြစ်ရေလျှံသည့် အချိန်၌ ရေအောက်တွင် မြုပ်နေကြသည်ဖြစ်၍ ရေညှိများနှင့် မဲလျက် ရှိသည်။ အဝေးမှကြည့်လျှင် ကမ်းပါးနှင့် မြစ်ရေစပ်အကြား သဲသောင်ပြင်သည် ဖြူလွှသော အောက်ခံ၌ အမဲစက်များ ဆေးစက်တို့ထားသည်နှယ် ......။

နေလုံးသည် မဲညောခီး တောင်တန်းများအကြား ငုတ်ဆင်း၍ သွားပြီဖြစ်သော်လည်း အလင်းရောင်က သံလွင်မြစ်ပြင်ပေါ်ဝယ် ဖြန့်ကျက် လွှမ်းမိုးထားဆဲ ဖြစ်၏။ သံလွင်က ဒေါသကြီး၏။ မြစ်ပြင်အတွင်း ထိုးထွက်နေသော ကျောက်ဆောင်များအား အဟုန်နှင့် ပြေးဆောင့်၏။ ဖွာလွင့်သွားသော်လည်း အိနြေ္ဒမပျက် ဆက်၍ စီးဆင်းသွားမြဲ....။ ၀ဲကတော့ကြီးများဖြစ်၍ လှည့်ပတ်ရင်းနှင့်လည်း စီးဆင်း၏။ မြစ်ရေက မကြည်မြ....။ ညိုညစ်ညစ်....။

ကျနော်တို့ ညနေတိုင်း ..... သဲသောင်တွင် ထိုင်၍ သံလွင်အားကြည့်ကြ၏။ ကျနော်တို့အရှေ့မှ ဖြတ်စီးသွားသော မြစ်ရေသည် ခဏငယ်အတွင်း `ဘောသရော´သို့ ရောက်မည်။ ခဏငယ်ပေါင်းများစွာတွင် `ကမမောင်း´သို့ ဆိုက်မည်။ မြိုင်ကြီးငူအားကျော်မည်။ ပြီးလျှင် .... မော်လမြိုင်အားလွန်၍ ပင်လယ်သို့ ၀င်မည်။

သံလွင်က ....အဆုံး၌ ပင်လယ်အား ရှာတွေ့သွားမည်ပင် .....။
(ရွှေအိမ်စည်)


Read More...

Thursday, April 24, 2008

ဒေါ်အောင်ဆန်းစုကြည်ကို ကွန်ဂရက်စ်ရဲ့ ရွှေတံဆိပ်ချီးမြှင့်ဖို့ အထက်လွှတ်တော် အတည်ပြု

25-04-2008


ုဟာ ကွန်ဂရက်စ်လွှတ်တော်က အရပ်သား
တွေကိုချီးမြှင့်တဲ့ ဆုတွေထဲက အမြင့်ဆုံးဆုဖြစ်ပါ
တယ်။ အမေရိကန်အောက်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ဖို့ အရင်က
အတည်ပြုခဲ့ပြီး အခု အထက်လွှတ်တော်က ထပ်မံ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

ဒေါ်အောင်ဆန်းစုကြည်။
အမေရိကန်ပြည်ထောင်စုမှာ ကွန်ဂရက်စ်
လွှတ်တော်က ချီးမြှင့်တဲ့ ရွှေတံဆိပ်ဆုကို မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်
ကို ချီးမြှင့်ဖို့ အမေရိကန် အထက်လွှတ်တော်က တညီတညွတ်တည်း ဆုံးဖြတ်လိုက်ပါတယ်။
ဒီဆုဟာ ကွန်ဂရက်စ်လွှတ်တော်က အရပ်သား
တွေကိုချီးမြှင့်တဲ့ ဆုတွေထဲက အမြင့်ဆုံးဆုဖြစ်ပါ
တယ်။ အမေရိကန်အောက်လွှတ်တော်က ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ဖို့ အရင်က
အတည်ပြုခဲ့ပြီး အခု အထက်လွှတ်တော်က ထပ်မံ အတည်ပြုလိုက်တာ ဖြစ်ပါတယ်။

အရင်က ဒီလိုဆုမျိုးကို ဗြိတိန်ဝန်ကြီးချုပ်ဟောင်း
ဝင်စတန် ချာချီ (Winston Churchill)၊ မေတ္တာရှင် ဖွားသီလရှင်ကြီး မာသာထရီဆာ (Mother Teresa)၊ ပုပ်ရဟန်းမင်းကြီး ဂျွန်ပေါ်လ်
(John Paul)၊ တောင်အာဖရိက သမ္မတဟောင်း နယ်လ်ဆင်မန်ဒဲလား (Nelson
Mandela) နဲ့ တိဘက်ဘာသာရေးခေါင်းဆောင် ဘုန်းတော်ကြီး ဒလိုင်းလားမားတို့ကို ချီးမြှင့်ခဲ့ဖူးပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်တာဟာ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ရဲစွမ်း
သတ္တိနဲ့ ခိုင်မာတဲ့ ယုံကြည်ချက်ကို လေးစားတဲ့အကြောင်း ပြသလိုက်တာလို့ ဒီမိုကရက် အထက်လွှတ်တော်အမတ် ဒိုင်ယန် ဖိုင်းစတိုင်း (Deanne Feinstein) က ပြောပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို ဆုချီးမြှင့်ဖို့အတွက် ဒီမိုကရက် အထက်လွှတ်တော်
အမတ် ဒိုင်ယန် ဖိုင်းစတိုင်းဟာ ရီပတ်ဘလင်ကန် အထက်လွှတ်တော်အမတ်
မစ်ခ်ျ မက်ကော်နယ်လ် (Mitch McConnell) နဲ့ အတူ ပူးတွဲအဆိုပြုခဲ့တာ ဖြစ်ပါတယ်။

အခုလို ဒေါ်အောင်ဆန်းစုကြည်ကို အမေရိကန်ပြည်ထောင်စုက ဆုချီးမြှင့်ပြီး မြန်မာ့ ဒီမိုကရေစီရေးလှုပ်ရှားမှုကို အသိအမှတ်ပြုပေမယ့်လည်း မြန်မာစစ်အစိုးရကတော့ လူထုဆန္ဒခံယူပွဲနဲ့ အတည်ပြုနိုင်ရေး ပြင်ဆင်နေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ဒေါ်အောင်ဆန်းစုကြည်ကို နိုင်ငံခြားသားကို လက်ထပ်တယ်ဆိုပြီး ရွေးကောက်ပွဲမှာ
ယှဉ်ပြိုင်ခွင့်ကို ပိတ်ပင်ထားပါတယ်။
VOA

Read More...

ဂျာကတာ မြန်မာ့အရေး များလှုပ်ရှားမှု သတင်းဓါတ်ပုံ

24.04.2008

Read More...

ညီညွတ်ရေးအတွက် ဒီဗီဒီယိုလေးကြည်

Read More...

အခြေခံဥပေဒမူကြမ်း ဆိုတာ (အင်တာဗျူး)

24.04.2008
ချင်းမိုင်။ ။ ဖွဲ့စည်းအုပ်ချုပ်ပုံ မူကြမ်းနှင့် ပတ်သက်၍ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံ ရှေ့နေများကောင်စီ အထွေထွေ အတွင်းရေးမှူး ဦးအောင်ထူးနှင့် သီးသန့် တွေ့ဆုံ မေးမြန်းထားခြင်း ဖြစ်သည်။

မေး။ ။ ပထမဆုံးကတော့ မေလမှာ အတည်ပြုမယ့် ဖွဲ့စည်းပုံဟာ စစ်မင်းဆက် ထူထောင်ဖို့ဆိုတာ လူပြောများပါတယ်။ ဥပဒေကြောင်းအရ အထင်ရှားဆုံး ဥပမာတွေက ဘာတွေလဲဆိုတာ အတိုချုပ် ပြောပြပါ။

ဖြေ။ ။ အထင်ရှားဆုံးကတော့ အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီကို ဖွဲ့စည်းပုံ ဥပဒေထဲမှာ ထည့်သွင်း ပြဌာန်းထားတဲ့ ပုံစံက အာဏာသိမ်း စစ်ကောင်စီတရပ်ကို ဥပဒေနဲ့အညီ ဖွဲ့စည်း အတည်ပြုတဲ့ သဘော ဖြစ်ပါတယ်။ ဒါက ပထမတချက်ပါ။ ဒုတိယတချက်က အမျိုးသား ကာကွယ်ရေးနဲ့ လုံခြုံရေး ကောင်စီဟာ လွှတ်တော် ပျက်သွားပြီးတော့ လွတ်တော် မရှိတော့တောင်မှ နောက်ထပ် လွှတ်တော်တရပ် ပေါ်လာတဲ့ အဆင့်အထိ ရွေးကောက်ပွဲ ဘာညာလုပ်ပေးပြီး ဆက်သွားမယ်ဆိုတော့ ကာလ သုံးပါးစလုံးအတွက် အကြုံးဝင်သွားတယ်။

ဆိုလိုတာက ဖွဲ့စည်းပုံ အခြေခံဥပဒေ ရှိနေစဉ် အတောအတွင်းမှာ ဒီစစ်ကောင်စီက ဆက်ရှိနေမယ်။ အခြေခံဥပဒေက အလုပ်မလုပ်နိုင်ဘဲ လွှတ်တော် မရှိတော့တဲ့အခါမှာလည်း စစ်ကောင်စီ ဆက်ရှိနေမယ်။ နောက်ထပ် ရွေးကောက်ပွဲ ဆက်လုပ်သွားမယ်လို့ ပြဌာန်းထားခြင်းဖြင့် အာဏာသိမ်း စစ်ကောင်စီမှာ မြန်မာပြည်မှာ ထာဝရ အာဏာကို ယူပြီး အုပ်ချုပ်သွားမှာ ဖြစ်တယ်။

ဒါတခု။ အာဏာသိမ်း စစ်ကောင်စီမှာ (၁၁) ယောက်ပါတဲ့အနက် စစ်တပ်ကချည်းပဲ (၆) ယောက်ပါတယ်။ ကျန်တဲ့ (၅) ယောက်ထဲမှာလည်းပဲ ယူနီဖောင်း ချွတ်ထားတဲ့ အရပ်သားတွေသာ အများစု ပါနိုင်တဲ့အတွက် စစ်ကောင်စီသာလျှင် မြန်မာပြည်ကို ရာသက်ပန် အုပ်ချုပ်သွားမယ့် သဘောလို့ အတိုချုပ် ပြောချင်တယ်။

မေး။ ။ နောက်တခုက အငြင်းပွားနေတဲ့ ကိစ္စပါ။ လွှတ်တော်ထဲရောက်မှ ဖွဲ့စည်းပုံကို ပြင်သွားမယ် ဆိုတဲ့ကိစ္စပါ။ အဲဒါက ဘယ်လောက် ဖြစ်နိုင်ခြေ ရှိပါသလဲ။

ဖြေ။ ။ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ပြောလို့ ရတယ်။ ဘာကြောင့် မဖြစ်နိုင်တော့လဲ ဆိုတော့ ဖွဲ့စည်းပုံကို ပြင်တဲ့အခါမှာ Rigidly ပြင်ရတာ ရှိတယ်။ Flexible ဆိုတာ ရှိတယ်။ ဆိုလိုတာက တင်းတင်းကြပ်ကြပ်နဲ့ ဖွဲ့စည်းပုံရဲ့ ကျောရိုး မပြောင်းအောင် ပြဌာန်းထားတဲ့ ပြဌာန်းချက်တွေ ရှိတယ်။ ပျော့ပျောင်းစွာနဲ့ တချို့ ပြဌာန်းချက်တွေ ပြင်လို့ရတာ ရှိတယ်။ နအဖရဲ့ ဖွဲ့စည်းပုံက အင်္ဂလိပ်လိုဆိုရင် Very Rigid လို့ ပြောလို့ ရတယ်။ သိပ်ကို တင်းကြပ်လွန်းတယ်။ ဘာလိုပြောရလဲဆိုရင် နအဖဖွဲ့စည်းပုံ တခုလုံးရဲ့ ကျောရိုးဖြစ်တဲ့ အဓိကကျတဲ့ အပိုင်းတွေကို ပြင်ဖို့အတွက်ဆိုရင် လွှတ်တော်ထဲက အမတ် အားလုံးစုစုပေါင်းရဲ့ (၄) ပုံ (၃) ပုံ ကျော်ရမယ်လို့ ဆိုထားတယ်။ (၄) ပုံ (၁) က စစ်ဗိုလ်တွေချည်းပဲ။ ဘယ်လွှတ်တော် ဖြစ်ဖြစ်။ တကမ္ဘာလုံးကို ကြည့်လိုက်။ (၄) ပုံ (၃) ပုံရဖို့ဆိုတာ မလွယ်တဲ့ ကိစ္စ ဖြစ်တယ်။ အဲလိုဖြစ်တဲ့ တပြိုင်တည်းမှာ (၄) ပုံ (၃) ပုံကျော်ရမယ်လို့ ဆိုတာတယ်။ ကျန်တဲ့ (၄) ပုံ (၁) ပုံထဲက ဘယ် စစ်ဗိုလ်တယောက်ကမှ ကာကွယ်ရေး ဦးစီးချုပ်ရဲ့ သဘောကို ဆန့်ကျင်ပြီး ဖွဲ့စည်းပုံပြင်ဖို့ သဘောထားပေးမှာ မဟုတ်ဘူး။ ဒါကြောင့် ဒီဖွဲ့စည်းပုံဟာ ပြင်ဖို့ ခဲယဉ်းတယ်။ ဒါနဲ့ မပြီးသေးဘဲနဲ့ ပြည်လုံးကျွတ် ဆန္ဒခံယူပွဲ ကျင်းပပြီး မဲပေးပိုင်ခွင့် ရှိသူရဲ့ အားလုံးရဲ့ ထက်ဝက်ကျော်က မဲပေးရမယ်ဆိုတော့ ဒီကိစ္စဟာ လုံးဝ မဖြစ်နိုင်တော့ဘူးလို့ ဆိုရမှာ ဖြစ်တယ်။

မေး။ ။ မြန်မာပြည် ဖွဲ့စည်းပုံကို အင်ဒိုနီးရှား ဥပမာနဲ့ နှိုင်းကြတာတွေလည်း ရှိတဲ့အခါကျတော့ ဥပဒေရှုထောင့်က ကြည့်တော့ ဘယ်လိုမြင်လဲခင်ဗျ။

ဖြေ။ ။ နဝတ၊ နအဖ ခေတ်တလျှောက်လုံးမှာ အင်ဒိုနီးရှားမှာ ဆူဟာတိုက နှစ်ပေါင်း(၄ဝ) ကြီးစိုးခဲ့တာကို သိပ်သဘောကျတယ်။ လေ့လာရေး လုပ်ခဲ့တယ်။ အင်ဒိုနီးရှားလို ကျင့်သုံးနိုင်ဖို့ ကြိုးစားတယ်။ အဲဒီတော့ ကြိုးစားတဲ့ အခါကျတော့ အင်ဒိုနီးရှားနဲ့ တူတာရှိတယ်။ ကွာတဲ့အပိုင်းတွေ ရှိတယ်။ တူတဲ့အပိုင်းက ဘာလဲဆိုရင် စစ်တပ်မှာ နိုင်ငံရေးက ဦးဆောင်ပြီးသွားမယ် ဆိုတဲ့အပိုင်းက ကွက်တိ လုပ်ချင်တယ်။ ကွာတဲ့အပိုင်းက အင်ဒိုနီးရှားမှာ ကျတော့ ဖွဲ့စည်းပုံထဲမှာ ထည့်သွင်းပြီး စစ်တပ် အုပ်ချုပ်မှုကို အသက်သွင်းတယ် ဆိုတာမျိုးက နည်းပါတယ်။ တချက်ပဲ ပြောပါရစေ။ အင်ဒိုနီးရှား ပါလီမန်မှာ လွှတ်တော် ကိုယ်စားလှယ် တထောင်ကျော် ရှိတဲ့အနက် ဆယ်ဂဏန်းတခု စစ်ဗိုလ်ယူထားတယ်။ အခုမရှိတော့ဘူး။ ကျင့်သုံးလို့ မအောင်မြင်ဘူး။ ပျက်သွားပြီ။ အဲဒီတချက်ပဲ ကျနော် ပြောပါရစေ။ ဒါနဲ့ ပြောင်းပြန်ပဲ စစ်အုပ်စုက ဖွဲ့စည်းပုံ အခြေခံဥပဒေမှာပဲ ဖွဲ့စည်းပုံထဲမှာပဲ စစ်အာဏာရှင်စနစ် အမြစ်တွယ်အောင် လုပ်တဲ့ နေရာမှကျတော့ အင်ဒိုနီးရှားထက် အဆပေါင်းများစွာ သာတယ်။ ဥပဒေပြုတဲ့ကိစ္စ၊ အုပ်ချုပ်တဲ့ကိစ္စ၊ တရားစီရင်တဲ့ကိစ္စမှာ အစကနေအဆုံး ဗဟိုအဆင့်ကနေ အောက်ခြေအဆင့်ထိ စစ်အာဏာရှင်စနစ်ကို စနစ်တကျ သွတ်သွင်းတဲ့ နေရာမှာ အင်ဒိုနီးရှားထက် ပိုစနစ်ကျတယ်။ ပိုပြီး ခိုင်ခိုင်မာမာ လုပ်ဖို့ ကြိုးစားနေတယ်။

မေး။ ။ အာဏာကြီး သုံးရပ်ပေါ့လေ။ အပြန်အလှန် ထိန်းချုပ်မှု ရှိရမယ်။ လွတ်လပ်မှု ရှိရမယ်ဆိုတာပေါ့။ ဒီဖွဲ့စည်း ပုံမှာ ဘယ်လိုလွတ်လပ်ပြီး အပြန်အလှန် ထိန်းချုပ်မှုရှိအောင် စီစဉ်ထားတာမျိုး တွေ့ရလဲခင်ဗျ။

ဖြေ။ ။ အပြန်အလှန် Check and Balance စနစ် လုံးဝကို မရှိဘူး။ ဘာကြောင့် ပြောလို့ရလဲဆိုရင် တိုင်းပြည်တွေမှာ အုပ်ချုပ်မှုအာဏာနဲ့ ဥပဒေပြုအာဏာက အပြန်အလှန် Check and Balance လုပ်လို့ရတာက ဘယ်လို လုပ်လို့ရလဲဆိုတော့ ဝန်ကြီးချုပ် ဦးဆောင်တဲ့ ပါလီမန်စနစ် ကျင့်သုံးတဲ့ နိုင်ငံတွေ။ အိန္ဒိယတို့၊ အင်္ဂလန်တို့၊ ထိုင်းတို့ အစိုးရအဖွဲ့ဟာ ပါလီမန်ထဲမှာပဲ ပါတယ်။ ပါလီမန်ထဲမှာ ရွေးကောက် တင်မြောက်ခံရတဲ့ အနိုင်ရ ပါတီအစိုးရအဖွဲ့က တိုင်းပြည် အုပ်ချုပ်တာ ဖြစ်တယ်။ ဒါကြောင့် အစိုးရအဖွဲ့ဟာ ပါလီမန် အထက်မှာ မရှိဘူး။ ပါလီမန်ကနေပြီးတော့ အစိုးရအဖွဲ့ကို အယုံအကြည်မရှိ အဆိုတင်ပြီး အချိန်မရွေး ဖြုတ်ချလို့ ရတယ်။ နအဖ ဖွဲ့စည်းပုံက သမတစနစ်ကို ကျင့်သုံးထားတဲ့အတွက် သမတစနစ်ရဲ့ သဘောအရ ပါလီမန်နဲ့ သမတက လုံးဝ တခြားစီ ဖြစ်တယ်။ ဥပမာ အမေရိကန် ပြည်ထောင်စုမှာ။ သမတစနစ် ကျင့်သုံးပေမယ့်လည်း Check and Balance စနစ်ကို လက်တွေ့ ကျင့်သုံးတာ ဖြစ်တယ်။ အဲဒါက ဘာလဲဆိုရင် တရား စီရင်ရေးကို လွတ်လပ် အားကောင်းအောင် လုပ်ထားတယ်။ ဒါကြောင့် သမတစနစ် ကျင့်သုံးတဲ့ နိုင်ငံမှာ တရားစီရင်ရေး စနစ်ကို အားကောင်းရင် အားကောင်းသလောက် သမတစနစ်ကို Check and Balance လုပ်နိုင်သလောက် အကျိုးရှိတယ်။ ထိပ်ဆုံးကတော့ အမေရိကန် ပြည်ထောင်စုပေါ့။ အနီးစပ်ဆုံး တိုင်းပြည်ကတော့ စစ်ဗိုလ်ချုပ်ကြီးသမတ အုပ်ချုပ်ခဲ့တဲ့ ကာလမှာတောင် တရားစီရင်ရေးစနစ် အားကောင်းခဲ့လို့ တောင်ကိုရီးယား ပြည်သူတွေ အကျိုးရှိခဲ့တဲ့ သာဓကရှိတယ်။ နအဖ ဖွဲ့စည်းပုံမှာကျတော့ တရားစီရင်ရေးကလည်း အုပ်ချုပ်ရေးအောက် ရောက်သွားတယ်။ တရားစီရင်ရေးမှာ ဘာပါဝါမှ မရှိတော့ဘူး။ ဘာကြောင့်လဲဆိုင်ရင် တရားသူကြီးချုပ်ကို ခန့်ပိုင်၊ ဖြုတ်ပိုင်ခွင့်က သမတလက်ထဲ လုံးဝ ရောက်သွားတယ်။

မေး။ ။ မဆွေးနွေးရသေးတဲ့ ကိစ္စပါ။ စီးပွားရေး ဝန်းကျင်ကောင်းတရပ် ဖြစ်လာဖို့ ဖွဲ့စည်းပုံအရ ဘယ်လောက် အာမခံထားသလဲ ဆိုတာ ဆွေးနွေးပေးပါ။

ဖြေ။ ။ အဓိကအားဖြင့် ပြောချင်တာက ကုမ္ပဏီတွေက သိပ်ကြီးလာရင် တချို့ ကုမ္ပဏီတွေပဲ အမြတ် ကြီးကြီးမားမားရပြီး ကုမ္ပဏီငယ်တွေက ပြုတ်သွားတာ ရှိတယ်။ ဒါ ဈေးကွက်စီးပွားစနစ်မှာ ဖြစ်လေ့ဖြစ်ထ ရှိတယ်။ အဲလို မဖြစ်အောင် သက်ဆိုင်ရာ တိုင်းပြည်တွေက ဥပဒေပြဌာန်းရတယ်။ မြန်မာပြည်မှာ အဲဒီ ပြဿနာတွေ ဖြစ်မယ်။ ဥပမာ ထူးကုမ္ပဏီတို့ ဘာညာ။ တချို့လောက်က ကျိကျိတက် ဖြစ်သွားမယ်။ အများစုက ပျက်စီးသွားမယ်။ အဲ့ဒါမျိုး မဖြစ်အောင် ထိန်းလို့ရတဲ့ ဥပဒေတွေ မရှိဘူး။ ဖွဲ့စည်းပုံကလည်း ဘာမှ အာမခံချက် ထားတာမရှိဘူး။ နောက်တခုက ဖွဲ့စည်းပုံက ကျနော်တို့ တိုင်းပြည်မှာ ဖြစ်နေတဲ့ ပြဿနာတွေကို ထင်ဟပ်ရတယ်။ ဘာကြောင့် တိုင်းပြည်မှာ ချွတ်ခြုံကျနေလဲဆိုရင် တိုင်းပြည်မှာ ဖြစ်နေတဲ့ စီးပွားရေး ပြဿနာတွေကို အစိုးရက ချယ်လှယ်တဲ့ ကိစ္စတွေ ဖြစ်တယ်။ ဒီကိစ္စတွေ နောက်မဖြစ်အောင် သဘာဝ သယံဇာတနဲ့ ပတ်သတ်လို့ ရှင်းရှင်းလင်းလင်းဖြစ်အောင် ဘယ်လို လုပ်သင့်တယ် ဆိုတဲ့ ပြဌာန်းချက်တွေ ဖွဲ့စည်းပုံမှာ လုံးဝမပါဘူး။ တချိန်တည်းမှာ အရေးကြီးတဲ့ အကြောင်းတရပ်ဟာ တိုင်းပြည်မှာ သုံးနေတဲ့ ပါဝါတွေ အားလုံးဟာ။ သယ်ယူပို့ဆောင်ရေး၊ လမ်းပန်းဆက်သွယ်ရေး၊ လျှပ်စစ်၊ ရေအား၊ အားလုံးဟာ လူထုလုပ်ငန်းတွေ၊ စီးပွားရေး လုပ်ငန်းတွေကို သွားရမယ်။ အဲ့လို မသွားဘဲနဲ့ အာဏာပိုင်တွေက သူရဲ့ မြို့တော် တည်ဆောက်ရေး၊ စစ်တပ် တိုးချဲ့ရေးတို့မှာ သုံးတော့ လူထုလုပ်ငန်းတွေ ပျက်စီးတယ်။ အခု ပုဂ္ဂိကဆေးခန်း ဥပဒေ ပေါ်လာတယ်။ ဆေးခန်းဥပဒေမှာ ဘာရေးထားလဲဆိုတော့ ဆေးခန်း ပိုင်ရှင်တွေကို (၂၄) နာရီ လျှပ်စစ်မီးရအောင် လုပ်ပေးရမယ်။ တိုင်းပြည်က လူထုတရပ်လုံးကို (၂၄) နာရီ မီးရအောင် လုပ်မပေးနိုင်ဘဲ၊ ရန်ကုန်မှာတောင် မီးပျက်နေတဲ့ အခြေအနေမှာ ပုဂ္ဂလိကဆေးခန်းကို (၂၄) နာရီ မီးရအောင် လုပ်ရမယ်ဆိုတဲ့ မဟုတ်က ဟုတ်က ပြဌာန်းချက်တွေ ဖြစ်လာတယ်။ အဲဒီလို ကမောက်ကမ မဖြစ်အောင် တိုင်းပြည်ကသုံးတဲ့ အရင်းအမြစ်တွေ၊ ပါဝါတွေကို လျှပ်စစ်တို့၊ လမ်းပမ်းဆက်သွယ်ရေးတို့၊ ရေအားတို့ အဲဒါတွေကို ဘယ်လို သုံးစွဲသင့်တယ်ဆိုတာမျိုး၊ နောင်မဖြစ်အောင် ကာကွယ်တဲ့ ပြဌာန်းချက်တွေ မပါဘူး။ ဒါကြောင့် နအဖ ဖွဲ့စည်းပုံ အောက်မှာ စီးပွားရေး တိုးတက်ဖို့ အလားအလာ မရှိဘူးလို့ ပြောချင်တယ်။

မေး။ ။ ပညာရေးနဲ့ပတ်သက်လို့ရော နောက်ထပ် ကောင်းမွန်လာမယ့် အခြေအနေတွေအတွက် ဖွဲ့စည်းပုံမှာ အာမခံထားတာ ရှိသလား။

ဖြေ။ ။ ပညာရေးက နှစ်ပိုင်းရှိတယ်။ Social Democrat မှာ ပညာရေးကို နိုင်ငံတော်က တာဝန်ယူရတာ ရှိတယ်။ နိုင်ငံတော်က တာဝန် ယူနိုင်သလောက် ဖွဲ့စည်းပုံက ပြဌာန်း ပေးထားရတယ်။ ဘယ်လောက် အတိုင်းအတာအထိ အခမဲ့ ပညာသင်ကြားခွင့် ရှိတယ်ဆိုတာ ပြဌာန်းပေးထားတယ်။ လက်တွေ့မှာ တိုင်းပြည်က တတ်နိုင်တာနဲ့ ဆိုင်တယ်။ ကျနော်တို့ တိုင်းပြည်က ဘာတခုမှ တတ်နိုင်တဲ့ အနေအထားမရှိတော့ ပညာရေးနဲ့ ပတ်သက်ပြီးတော့ နိုင်ငံသားတိုင်းဟာ နိုင်ငံတော်က ချမှတ်ထားတဲ့ ပညာရေးဆိုင်ရာ မူဝါဒများနဲ့အညီ ပညာသင်ကြားပိုင်ခွင့် ရှိသည်။ ဒါပဲ။ ဘာမ မရေရာတဲ့ကိစ္စ။ နောက်တခုက ပညာသင်ကြားခွင့်ကို တိုင်းပြည်က တာဝန် မယူနိုင်ဘူးဆိုရင် တာဝန်ယူမယ့် Institution တွေ ပေါ်လာအောင် လမ်းဖွင့်ပေးဖို့လိုတယ်။ ဆိုလိုတာက ပညာသင်ကြားရေးကို ဇောက်ချလုပ်မယ့် အသင်းတွေ၊ လွတ်လပ်တဲ့ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေ တည်ထောင်ခွင့်ကို အာမခံရမယ်။ အဲဒီအခါမှာ အသင်းအဖွဲ့တွေ၊ တက္ကသိုလ်တွေ၊ စာသင်ကျောင်းတွေက သူဘာသာ ရပ်တည်၊ သူဘာသာ ငွေရှာ၊ ပညာရေးကို တိုးတက်အောင် လုပ်သွားနိုင်တဲ့ အနေအထားတွေ ရှိသွားနိုင်တယ်။ ဒါပေမယ့် နအဖ ဖွဲ့စည်းပုံမှာ အဲဒီ အာမခံချက် ဘာမှ ပေးမထားဘူး။ ချုပ်ပြောမယ်ဆိုရင် တိုင်းပြည်ကလည်း တာဝန်ခံပြီး ပညာရေးကို မြှင့်တင်ပေးဖို့ အာမခံချက် ဘာမှမရှိဘူး။ လွတ်လပ်တဲ့ အသင်းအဖွဲ့တွေ၊ တက္ကသိုလ်ကျောင်းတွေ၊ ပုဂ္ဂလိက ကျောင်းတွေ ဖွဲ့စည်းတည်ထောင်ခွင့် ပေးခြင်းဖြင့် ပညာရေးကို တိုးမြှင့်ခွင့်ပေးမယ့် အာမခံချက်လည်း ဘာမှ မရှိဘူးလို့ ပြောချင်တယ်။

မေး။ ။ နောက်ဆုံးတချက်ပါ။ မီဒီယာ လွတ်လပ်ခွင့်၊ တနည်းပြောရရင် လူထုတွေရဲ့ လွတ်လပ်စွာ ဆန္ဒဖော်ထုတ်ခွင့်ပေါ့။ အဲဒါတွေအတွက် ဖွဲ့စည်းပုံမှာ ဘယ်လောက် ပေးထားလဲ။

ဖြေ။ ။ ပုဒ်မ (၃၅၄) မှာ ဖော်ပြထားတာ ရှိတယ်။ ၁၉၄၇ မှာ ဖော်ပြထားတဲ့ ပုံစံမျိုးကို ပုံတူကူးချတဲ့ သဘောရှိတယ်။ ဒါပေမယ့် လုံးဝ ကွာခြားတဲ့ အချက်က ၁၉၄၇ ဖွဲ့စည်းမှာ ဖော်ပြထားတဲ့ ကန့်သတ်ချက်တွေက သဘာဝကျတဲ့ ကန့်သတ်ချက်တွေ ဖြစ်တယ်။ သူ့ရဲ့ ဖွဲ့စည်းပုံက ကန့်သတ်ချက်က အောက်မှာ အခွင့်အရေးတော့ ပေးထားတယ်။ မိမိယုံကြည်ချက်၊ ထင်မြင် ယူဆချက်များကို လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ရေးသားခွင့်၊ ဖြန့်ဝေခွင့်၊ အသင်းအဖွဲ့ ဖွဲ့စည်းခွင့် စသည်ဖြင့် ပေးထားတယ်။ ကန့်သတ်ချက်က ဘာလဲဆိုရင် နိုင်ငံသားတိုင်းဟာ နိုင်ငံတော် လုံခြုံရေး အကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ မဆန့်ကျင်လျှင်ဆိုပြီး ပြဌာန်းထားတယ်။ ခုနကပြောသလို ပေးထားတဲ့ အခွင့်အရေးတွေဟာ ကြီးမားတဲ့ အကန့်အသတ် အောက်မှာ ရှိနေတယ်။ နိုင်ငံတော် လုံခြုံရေး အကျိုးငှာ ပြဌားန်ထားတဲ့ ဥပဒေများနှင့် မဆန့်ကျင်လျှင်ဆိုတော့ တခြား ဥပဒေတွေ အများကြီး ရှိနေတယ်။ ဥပမာ ဆိုကြပါစို့။ ၁၉၆၂ ပုံနှိပ် ထုတ်ဝေသူများ ဥပဒေ ဆိုကြပါစို့။ အဲဒီ ဥပဒေက လွတ်လပ်စွာ ထုတ်ဝေခွင့်ကို အကြီးအကျယ် ကန့်သတ်ထားတယ်။ ၁၉၅ဝ အရေးပေါ်ဥပဒေ ရှိတယ်။ အဲဒါလည်း လွတ်လပ်စွာ ထုတ်ဖော်ခွင့်ကို အကြီးအကျယ် ကန့်သတ်ထားတယ်။ နောက်ဆုံး ပြောမယ်ဆိုရင် အမျိုးသား ညီလာခံကို ကာကွယ်တဲ့ ဥပဒေ။ အဲဒါတွေက တည်ရှိနေပြီး။ အဲဒီ ဥပဒေတွေက လွတ်လပ်စွာ ရေးသားခွင့်၊ ပြောဆိုခွင့်တို့ကို ကန့်သတ်ထားပြီးသား ဖြစ်တယ်။ အဲဒါတွေနဲ့ မဆန့်ကျင်ဘဲ လွတ်လပ်စွာ ထုတ်ဖော်ခွင့် ရှိတယ်ဆိုတော့ မပြောနဲ့၊ မရေးနဲ့လို့ ပြောတာနဲ့ အတူတူပဲ။

မေး။ ။ ခဏက ပြောတဲ့ ဥပဒေတွေက ဆက်ရှိနေတဲ့ သဘောလား။

ဖြေ။ ။ ဒီဥပဒေတွေက ဆက်ရှိတဲ့ အပြင်ကို ဒီထက်ဆိုးတာ အချိန်မရွေး ထွက်ပေါ်လာမယ်။ သူက ပြဌာန်းထားပြီးသားပဲ။ နိုင်ငံတော် လုံခြုံရေးအကျိုးငှာ ပြဌာန်းထားသော ဥပဒေနဲ့ မဆန့်ကျင်လျှင်ဆိုတော့ ဆက်လည်း ပြဌာန်းဦးမှာပဲ။ ဘယ်လောက် ဆိုးလာမလဲဆိုတာ ပြောလို့မရဘူး။ စဉ်းစားကြည့်လို့ ရတယ်။ ၁၉၈၈ အသင်းအဖွဲ့ ဖွဲ့စည်းခွင့်ဥပဒေ ရှိတယ်။ ဦးခွန်ထွန်းဦးနဲ့ ရှမ်းခေါင်းဆောင်များဟာ ရှမ်းပြည်နယ် ပညာရှင်များ အတိုင်ပင်ခံအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားရုံဘဲ ရှိသေးတယ်။ တရားဝင်တောင် မဖွဲ့ရသေး။ ဘာမှ အတိအကျ မရှိသေးဘူး။ ဒါတောင် အကြောင်းအမျိုးမျိုးပြပြီး နောက်ဆုံးမှာ ထောင်ဒဏ် (၇၅) နှစ်ကနေ (၁ဝ၆) နှစ်အထိ ချမှတ်ခံလိုက်ရတာ အားလုံးအသိပဲ ဖြစ်တယ်။ အခြေခံကတော့ လွတ်လပ်စွာ အသင်းအဖွဲ့ ဖွဲ့စည်းဖို့ ကြိုးစားတဲ့ အခြေခံ ဖြစ်တယ်။ ဒီအခြေအနေမှာတောင် ထောင်ဒဏ် (၇၅) နှစ်ကနေ (၁ဝ၆) နှစ်အထိ ကျခံရတယ်ဆိုရင် အတည်ဖြစ်သွားရင် ခဏကပြောတဲ့ Concept နိုင်ငံသားတိုင်းဟာ နိုင်ငံတော် လုံခြုံရေး အကျိုးငှာ ပြဌာန်းထားတဲ့ ဥပဒေနဲ့ မဆန့်ကျင်လျှင်ဆိုတာ အားကောင်းသွားရင် အခု (၇၅) နှစ်ဆိုရင် နောက်နှစ်ပေါင်း (၃ဝဝ) လောက် ကြာသွားမယ်လို့ ပြောချင်တယ်။
mizzima

Read More...

ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ မြန်မာများ ရှုပ်ထွေးနေဆဲဟု သဘောထားစစ်တမ်းက ပြဆို

24-04 -2008
နယူးဒေလီ။ ။ ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းကို အတည်ပြုမည့် ဆန္ဒခံယူပွဲ ကျင်းပရန် ရက်သတ္တ ၃ ပတ်ပင် မလိုတော့သည့် အချိန်တွင် မြန်မာနိုင်ငံသား အများစုကြီးမှာ မည်သို့ ဆန္ဒပြုရမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရှုပ်ထွေးနေဆဲ ရှိသည်။ ဤသို့ ဖြစ်နေသော်လည်း မြန်မာစစ်အစိုးရ၏ ထောက်ခံဆန္ဒမဲ ပေးကြရန် စည်းရုံးလှုံ့ဆော်မှု လုပ်ငန်းများမှာမူ အရှိန်ရလျက် ရှိသည်။

လာမည့် ဆန္ဒခံယူပွဲနှင့် ပတ်သက်၍ မဇ္ဈိမက ကျဘမ်း သဘောထားစစ်တမ်း တရပ် ကောက်ယူခဲ့ရာ ဖြေဆိုသူ အများစုက ဆန္ဒခံယူပွဲတွင် မည်သို့ မဲပေးရမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရှိသည်ဟု ဖြေကြားခဲ့ကြသည်။

မြန်မာနိုင်ငံတဝှမ်း အဓိကမြို့ကြီးများတွင် တယ်လီဖုန်းနှင့် ကျဘမ်း ခေါ်ဆိုမေးမြန်းမှု ၂၂၆ ခု ပြုလုပ်ခဲ့ရာ၂၄ ဦးက ဆန္ဒခံယူပွဲတွင် မဲပေးမည် မဟုတ်ဟု ဖြေကြားခဲ့ကြပြီး ၅၅ ဦးက မဲပေးရမည်၊ မပေးရမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရှိသည်ဟု ဖြေကြားခဲ့ကြသည်။

ယခု စစ်တမ်း ကောက်ယူမှုသည် ပိုမိုကြီးမားသည့် စစ်တမ်း ကောက်ယူမှု၏ အစိတ်အပိုင်း တရပ်ဖြစ်ပြီး အစိုးရဝန်ထမ်းများ၊ လမ်းဘေးဈေးသည်များ၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် ကုန်သည်များ၊ အိမ်ရှင်မများ၊ ပညာရှင်များ၊ တပ်မတော် တပ်ဖွဲ့ဝင်များနှင့် အငြိမ်းစားများ အပါအဝင် မြန်မာနိုင်ငံတဝှမ်း မြန်မာလူ့အဖွဲ့အစည်း တရပ်လုံးကို ကျယ်ပြန့်စွာ ဆက်သွယ် မေးမြန်းခဲ့ခြင်း ဖြစ်သည်။

မဲပေးမည်ဟု ဖြေဆိုခဲ့သူ ၁၄၇ ဦးအနက် ၅၅.၁ % ဖြစ်သော ၈၁ ဦးက မည်သည့်ဘက်သို့ မဲပေးရမည်ကို မဆုံးဖြတ်နိုင်သေးဘဲ ရှုပ်ထွေးနေဆဲ ဖြစ်သည်ဟု ဆိုသည်။ ၄၆ ဦးကမူ စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို ထောက်ခံမဲ ပေးမည်ဟု ဖြေဆိုခဲ့ပြီး ၂ဝ ဦးကမူ ကန့်ကွက်မဲပေး ပယ်ချမည်ဟု ဖြေဆိုခဲ့သည်။
ရန်ကုန်

ရန်ကုန်မြို့ရှိဖြေဆိုသူ ၄၅ ဦးအနက် ၅၇.၇ % ဖြစ်သော ၂၆ ဦးက ဆန္ဒခံယူပွဲတွင် မဲပေးမည်ဟု ဖြေဆိုခဲ့ပြီး ၁ဝ ဦးကမူ မဲမပေးဘဲ ကြားနေမည်ဟု ဖြေဆိုခဲ့သည်။

သို့သော် ၉ ဦးကမူ မဲပေးသင့်သလား သို့တည်းမဟုတ် ဤဖြစ်စဉ် တရပ်လုံးနှင့် မပတ်သက်ဘဲ ဝေးဝေး နေသင့်သလား ဆိုသည်ကို ရှုပ်ထွေးနေဆဲပင် ဖြစ်သည်ဟု ဆိုသည်။

ဤဖြေဆိုသူများထဲမှ မြန်မာ့ ရေတပ်မတော် အရာရှိတဦးတည်းကသာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ရှုပြီး ဖြစ်သည်ဟု ဖြေဆိုခဲ့ပြီး ကျန်ဖြေဆိုသူ အားလုံးက မဖတ်ရှုရသေးကြောင်းနှင့် မည်သည့် အကြောင်းအရာများ ပါဝင်သည်ကို မသိရှိကြောင်း ဖြေဆိုခဲ့ကြသည်။

မဲပေးမည်ဟု ဖြေဆိုခဲ့သူများထဲမှ ဌာနအသီးသီးရှိ အစိုးရ ဝန်ထမ်းများချည်း ဖြစ်သော ဝန်ထမ်း ၆ ဦးက ဖွဲ့စည်းပုံ ဥပဒေကို ထောက်ခံမဲ ပေးမည်ဟု ဖြေဆိုခဲ့ပြီး ၉ ဦးကမူ ကန့်ကွက်မဲပေး ဆန့်ကျင် ပယ်ချမည်ဟု ဖြေဆိုခဲ့သည်။ ထက်ဝက်ကျော် ဖြစ်သည့် ၁၇ ဦးကမူ မဆုံးဖြတ်ရသေးကြောင်း ဖြေကြားခဲ့သည်။


မန္တလေး

မြန်မာနိုင်ငံ၏ ဒုတိယအကြီးဆုံး မြို့တော်ဖြစ်သည့် မန္တလေးက ၃၂ ဦးဖြေဆိုခဲ့ပြီး ၆၈.၇၅ % ဖြစ်သည့် ၂၂ ဦးက မေလ ဆန္ဒခံယူပွဲတွင် မဲပေးမည်ဟု ဖြေကြားခဲ့ပြီး ကျန် ၁ဝ ဦးကမူ မဲပေးရမည်၊ မပေးရမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောဆိုခဲ့သည်။

မဲပေးမည်ဟု ဖြေဆိုခဲ့သည့်သူများအနက် ၅၉ % ဖြစ်သည့် ၁၃ ဦးက မည်သည့်ဘက်သို့ မဲပေးရမည်ကို ဆုံးဖြတ်ခြင်း မပြုမီ ဖြစ်စဉ် တရပ်လုံးကို ဆက်လက် စောင့်ကြည့်သွားမည်ဟု ပြောဆိုသွားသည်။

လမ်းဘေးဈေးသည်၊ ကောလိပ်ကျောင်းသားနှင့် ကုမ္ပဏီ မန်နေဂျာတို့ ဖြစ်ကြသော ၃ ဦးကမူ ဖွဲ့စည်းပုံ ဥပဒေကို ထောက်ခံမဲပေးမည်ဟု ဖြေကြားခဲ့ပြီး ၃ ဦးကမူ ကန့်ကွက်မဲပေး ပယ်ချမည်ဟု ဖြေဆိုခဲ့သည်။

သို့သော် ဖြေဆိုသူ ၃၂ ဦးလုံးထဲမှ ၂၂ ဦးက ဖွဲ့စည်းပုံ အခြခံဥပဒေကို မဖတ်ရှုရသေးဟု ပြောဆိုခဲ့ပြီး ၁ဝ ဦးကသာ မြင်ဖူးကြောင်း၊ ဖတ်ပြီးကြောင်းနှင့် ဤဖွဲ့စည်းပုံဥပဒေကို အကြမ်းဖျဉ်း နားလည်ကြောင်း ပြောဆိုသွားသည်။


မကွေးတိုင်း

မြန်မာပြည်အလယ်ပိုင်း မကွေးတိုင်းအတွင်း မကွေး၊ ပခုက္ကူနှင့် ရေနံချောင်း မြို့များသို့ ကျဘမ်းခေါ်ဆို မေးမြန်းခဲ့ရာ စုစုပေါင်း ၃၉ ဦးအနက် ၆၁.၅ % ဖြစ်သည့် ၂၄ ဦးက မေလ ဆန္ဒခံယူပွဲတွင် မဲပေးမည်ဟု ဖြေကြားခဲ့သည်။

ဖြေဆိုသူ ၁၂ ဦးက မဆုံးဖြတ်ရသေးကြောင်း ဖြေဆိုခဲ့ပြီး၊ ၃ ဦးကမူ စစ်အစိုးရ၏ ဤဖြစ်စဉ် တရပ်လုံးနှင့် ဝေးဝေးသာ နေလိုကြောင်း ဖြေကြားသွားကြသည်။

မဲပေးမည်ဟု ဖြေဆိုခဲ့သော ၂၄ ဦးအနက် ၅ ဦးက စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေကို ထောက်ခံမည်ဟု ဖြေဆိုခဲ့ပြီး၊ အခြား ၅ ဦးက ဖွဲ့စည်းပုံ ဥပဒေကို သိရှိခြင်း မရှိသဖြင့် ကန့်ကွက်မဲ ပေးမည်ဟု ဖြေဆိုသွားသည်။ ကျန် ၁၄ ဦးကမူ မဲပေးမည် ဖြစ်သော်လည်း မဆုံးဖြတ်ရသေးကြောင်းနှင့် နောင်မှ ဆုံးဖြစ်မည် ဖြစ်ကြောင်း ပြောဆိုသွားသည်။

ဖြေဆိုသူအားလုံး ၃၉ ဦးထဲမှ ၃ ဦးထဲကသာ ဖွဲ့စည်းပုံဥပဒေကို ကြည့်ခွင့်ရခဲ့ကြောင်းနှင့် ကျန်သူများက မမြင်ဖူးသေးကြောင်း ဖြေကြားသွားကြသည်။


ပဲခူးတိုင်း

ပဲခူးတိုင်းအတွင်းရှိ ပဲခူး၊ ပြည်၊ ဇီးကုန်းနှင့် သာယာဝတီ မြို့များရှိ ၉၂ ဦးကို ကျဘမ်းခေါ်ယူ ဆက်သွယ်ခဲ့ရာ ၃ဝ ဦးက သာ လက်ခံ ဖြေဆိုခဲ့သည်။ အများစုက မဇ္ဈိမသတင်းဌာနက လာမည့် ဆန္ဒခံယူပွဲတွင် မည်သို့ မဲပေးကြမည်ကို ဆက်သွယ် မေးမြန်းခြင်း ဖြစ်ပါကြောင်း ပြောဆိုလိုက်သည်နှင့် ဖုန်းများ ချပစ်လိုက်ကြသည်။

လက်ခံဖြေဆိုခဲ့သူ ၃ဝ ဦးအနက် ၈၆ % ဖြစ်သော ၂၆ ဦးက ဆန္ဒခံယူပွဲတွင် မဲပေးမည်ဟု ဖြေဆိုခဲ့ပြီး၊ ၃ ဦးက မဆုံးဖြတ်ရသေးကြောင်း ဖြေကြားသွားကာ တဦးကမူ ဤဖြစ်စဉ် တရပ်လုံးနှင့် မပတ်သက်ဘဲ နေလိုပြီး မဲပေးမည် မဟုတ်ဟု ပြောကြားသွားသည်။

ပြည်၊ သာယာဝတီနှင့် ဇီးကုန်းမြို့များမှ ဖြေဆိုသူ ၁၁ ဦးက မြန်မာနိုင်ငံတွင် ဖွဲ့စည်းပုံတရပ် ရှိရန် အရေးကြီးသည့်အတွက် ထောက်ခံမဲ ပေးမည်ဟု ဖြေဆိုခဲ့ပြီး၊ အခြား ၁၁ ဦးကမူ ထောက်ခံမဲ ပေးမည်၊ ကန့်ကွက်မဲ ပေးမည်ကို မဆုံးဖြတ်ရသေးကြောင်း ပြောဆို ဖြေကြားသွားကြသည်။

သို့သော် ၄ ဦးကမူ ဖွဲ့စည်းပုံ ဥပဒေကို ကန့်ကွက်မဲပေး ပယ်ချမည် ဖြစ်ကြောင်း ဖြေဆိုသွားသည်။

သာယာဝတီမြို့မှ အသက် ၅ဝ ခန့်ရှိ ပညာတတ် ပုဂ္ဂိုလ်တဦးက “ကျနော် မမြင်ဖူးသေးတဲ့ဟာကို သဘောမတူနိုင်ဘူးဗျ” ဟု ဖြေဆိုသွားပြီး ဖွဲ့စည်းပုံ အခြေခံဥပဒေ မူကြမ်းသည် သူတို့မြို့သို့ မကြာမီကမှသာ ရောက်ရှိလာခဲ့ကြောင်း ညည်းညူ ပြောဆိုသွားသည်။

ပဲခူးတိုင်းအတွင်းရှိ ဖြေဆိုသူ ၃ဝ အနက် ၅ ဦးကသာ ဖွဲ့စည်းပုံ အခြေခံဥပဒေကို ဖတ်ရှုပြီးကြောင်းနှင့် အကြမ်းဖျဉ်း နားလည်ကြောင်း ဖြေကြားသွားသည်။


ဧရာဝတီတိုင်း

မြန်မာနိုင်ငံ မြစ်ဝကျွန်းပေါ်ဒေသ ဖြစ်သည့် ဧရာဝတီတိုင်းအတွင်း ဟင်္သာတ၊ မအူပင်၊ ပုသိမ်၊ ငပုတော၊ မြောင်းမြနှင့် လပွတ္တာမြို့များရှိ လူ ၆ဝ ဦးကို မဇ္ဈိမက ဆက်သွယ် မေးမြန်းခဲ့ရာ ၆၆.၆ % ဖြစ်သော ၄ဝ ဦးက ဆန္ဒခံယူပွဲတွင် မဲပေးရန် ဆုံးဖြတ်ပြီးကြောင်း ဖြေဆိုသွားသည်။

၎ ဦးကမူ ဖွဲ့စည်းပုံ အခြခံဥပဒေထဲတွင် ဘာတွေ ရေးထားကြောင်း မသိရှိရသဖြင့် မဲပေးရန် ဆန္ဒမရှိကြောင်း ပြောဆိုသွားပြီး၊ ၂၈.၃ % ဖြစ်သည့် ၁၇ ဦးက ဖြစ်စဉ်ကို ဆက်လက် စောင့်ကြည့်ပြီး နောက်မှ ဆုံးဖြတ်မည် ဖြစ်ကြောင်း ဖြေဆိုသွားသည်။

စိတ်ဝင်စားစရာ ကောင်းသည်မှာ ၃၄ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မမြင်ဖူးသေးကြောင်းနှင့် မည်သည့် အကြောင်းအရာများ ပါဝင်သည်ကို မသိရှိကြောင်း ဖြေဆိုသွားပြီး၊ စီးပွားရေး လုပ်ငန်းရှင်များနှင့် အစိုးရအမှုထမ်း အများစုဖြစ်ကြသော ၂၆ ဦးက ဖွဲ့စည်းပုံ အခြေခံဥပဒေကို မြင်တွေ့ပြီးကြောင်းနှင့် ပါဝင်သည့် အကြောင်းအရာများကို အတော်အသင့် နားလည် သဘောပေါက်ကြောင်း ဖြေဆိုသွားကြသည်။


စစ်ကိုင်းတိုင်း

စစ်ကိုင်းတိုင်းအတွင်း ကလေးမြို့နှင့် မုံရွာမြို့များရှိ လူ ၂ဝ ဦးကို ဆက်သွယ် မေးမြန်းခဲ့ရာ ၉ ဦးက မဲပေးရန် အသင့်ဖြစ်ကြောင်းနှင့် ၅ ဦးက မဆုံးဖြတ်ရသေးကြောင်း ဖြေဆိုသွားသည်။

အခြား ၆ ဦးကမူ ဤဖြစ်စဉ် တရပ်လုံးနှင့် မပတ်သက်ဘဲ နေမည်ဖြစ်ပြီး စစ်အစိုးရကို သပိတ်မှောက်သည့် အနေဖြင့် မဲမပေးဘဲ နေကြမည်ဟု ဖြေဆိုသွားကြသည်။

မုံရွာမြို့မှ အငြိမ်းစား စစ်မှုထမ်းဟောင်း၊ (စစ်အစိုးရ ကျောထောက်နောက်ခံ ပြုထားသည့် အရပ်သား အသင်းအဖွဲ့) ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေး အဖွဲ့ဝင်တဦးနှင့် ကြည်းတပ် ဗိုလ်မှူးတို့ကမူ မိမိတို့သည် စစ်အစိုးရ၏ အမှုထမ်းများ ဖြစ်ကြသဖြင့် အခြားရွေးချယ်စရာ မရှိ၊ ထောက်ခံရမည်သာ ဖြစ်ကြောင်း ဖြေဆိုသွားသည်။

ဖြေဆိုခဲ့သူ ၂ဝ အနက် ၁၅ ဦးက ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို မမြင်ဖူးသေးဘဲ မည်သည့် အကြောင်းအရာများ ရေးသားထားသည်ကိုလည်း မသိရှိကြောင်း ဖြေဆိုသွားပြီး၊ အခြား ၅ ဦးကသာ စစ်အစိုးရ၏ ဖွဲ့စည်းပုံ ဥပဒေမူကြမ်းကို မြင်ဖူးကြောင်း ပြောကြားသွားကြသည်။
မဇ္ဈိမသတင်းဌာန

ဖော်ပြပါသတင်းအရ အကြံပြုအပ်ပါသည်
်မြန်မာပြည်တွင်းရှိလူတန်းစားအသီးအသီး၏ မဲထည့်မှု/မထည့်မှုအမြင်ကို အထက်ပါသတင်းဖတ်ရှုသူတိုင်းသိနိုင်ပါသည်။ ထို့ကြောင့် ပြည်တွင်း/ပြည်ပရှိ နိုင်ငံရေးလှုပ်ရှားသူများက ၄င်းတို့အား အခြေခံဥပဒေနဲ့ပတ်သက်သောအကြောင်းအရာများကိုသဘောပေါက်နားလည်သိရှိစေရန် အထူးလိုအပ်ပါသည်။ ယခုပြည်တွင်း/ပြည်ပရှိနိုင်ငံရေးလှုပ်ရှားသူများက အခြေခံဥပဒေမူကြမ်းနှင့်ပတ်သက်သော အကြောင်းအရာများကို မြန်မာပြည်သူများအားသိရှိစေရန် နည်းအမျိုးမျိုးဖြင့် အသိပေးပြီးသော်လည်း ထိရောက်မှုနည်းသေးသည်ဟု ဖော်ပြပါသတင်းအရ သိနိင်ပါသည်။ ထို့ကြောင့် မြန်မာပြည်သူများ သိရှိစေရန် နည်းအမျိုးမျိုးဖြင့် ဖြန့်ဝေကြဖို့ အထူးအကြံပြု တိုက်တွန်းအပ်သည်။

Read More...

သာသနဥသျှောင် -အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ် ( I.B.M.O ) မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်

24-04-2008

Read More...

Wednesday, April 23, 2008

ခြင်္သေ့ကျွန်းမှ သံရုံးနှင့် သိကောင်းစရာ

24-04-2008
စင်္ကာပူနိုင်ငံရှိ မြန်မာ့အရေးတက်ကြွသူများသည် မကြာခင်ကျင်းပတော့မည့် ဆန္ဒခံယူပွဲအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား ဖတ်ရှုလေ့လာနိုင်ရန် ယနေ့ ဗုဒ္ဓဟူးနေ့၊ နေ့လည် ၂ နာရီခန့်က စင်္ကာပူနိုင်ငံသံရုံးသို့ သွားရောက်ခဲ့ကြကြောင်းသတင်းရရှိပါတယ်။

သံရုံးသို့ရောက်ရှိချိန် နေ့လည် ၂ နာရီ ခန့်မှာ သံရုံးဝန်ထမ်းများ အစည်းအဝေးလုပ်နေသောကြောင့် နေ့လည် ၂ နာရီ ၃၀ ခန့်မှာ အလုပ်ပြန်လည်စတင်ခဲ့ပါတယ်။ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်းအား မည်သို့မည်ပုံ မဲပေးကြရမည်ဆိုသည့် စာများကို သံရုံးနံရံများမှာ ကပ်ထားတာတယ်လို့လဲသတင်းရရှိပါတယ်။


သံရုံးရှိ ဒုတိယအတွင်းဝန် ဦးမြင့်ထွန်းအား မဲပေးရမည့်ပုံစံ မဲရုံနဲ့ပတ်သက်သော အသေးစိတ်အချက်အလက်များကို မျက်နှာချင်းဆိုင် တွေ့ဆုံမေးမြန်းဖို့ကြိုးစားခဲ့ပေမယ့်လည်း အောင်မြင်မှုမရရှိခဲ့ပါဘူး။သို့သော်လည်း ကြိုတင်ဆန္ဒမဲပေးရေးနှင့်ပတ်သက်ပြီး ဦးမြင့်ထွန်းအား ၂၃ ရက်နေ့ ဗုဒ္ဓဟူးနေ့ နံနက် ၁၀ နာရီ ခန့်တွင် တယ်လီဖုန်းဖြင့် ဆက်သွယ်မေးမြန်းခွင့် ရရှိခဲ့ပါတယ်။

ဦးမြင့်ထွန်းမှပြောကြားရာမှာ - အခြေခံဥပဒေမူကြမ်းစာအုပ်များဖတ်ရှုလေ့လာနိုင်ရန် သံရုံး၌ ထားရှိကြောင်းနှင့် စင်္ကာပူနိုင်ငံ မြန်မာသံရုံးအနေနှင့် မဲရုံမှူးများလမ်းညွန် အတိုင်း မဲပေးမည့်သူများကို လျို့ဝှက်မဲပေးနိုင်ရန် စီစဉ်ထားကြောင်း ဖြေကြားခဲ့ပါတယ်။

ကြိုတင်ဆန္ဒမဲပေးရန်လာရောက်သူများ အနေနှင့် သံရုံးမှ ပေးသော လျှောက်လွှာကို ဖြည့်စွက်ပြီး၊ မဲပြားနှင့် စာအိတ်ကို ရယူရမှာဖြစ်ကြောင်း၊ မိမိပေးလိုသောဆန္ဒအတိုင်း လွတ်လွတ်လပ်လပ် လျှို့ဝက်မဲပေးနိုင်ရန် သံရုံးမှ စီစဉ်ပေးထားမည်ဖြစ်ကြောင်းပြောပြခဲ့ပါတယ်။ ယနေ့မြန်မာသံရုံးတွင် ခွန်လာရောက်ပေးဆောင်နေကြသူများနှင့် အခြားသံရုံးနှင့်ပတ်သက်သော ကိစ္စများအတွက် ရောက်ရှိနေသူများ အားလုံး စုစုပေါင်း လူဦးရေ ၁၂၀ ကျော်ဝန်းကျင်ခန့် ရှိနိုင်တယ်လို့သတင်းရရှိပါတယ်။

မြန်မာအရေးတက်ကြွသူများအနေနှင့် ဦးမြင့်ထွန်း၏ လမ်းညွန်မှုကြောင့် အခြေခံဥပဒေမူကြမ်းစားအုပ်ကို ဖတ်ရှုရန် Consular Section မြန်မာသံရုံးအခေါ် ကောင်စစ်ဌာနတွင် တောင်းဆိုခဲ့ပေမယ့်လည်း မြန်မာသံရုံးဝန်ထမ်းများမှ အထက်အရာရှိသို့ အဆင်ဆင့်တင်ပြကာ အချိန်ဆွဲထားခဲ့တယ်လို့သိရပါတယ်၊ ညနေ ၃နာရီ ခွဲ နောက်ပိုင်းမှသာ အခြေခံဥပဒေမူကြမ်းစာအုပ်ကို ဖတ်ခွင့်ရခဲ့ပါတယ်။

၂၀၀၈ အခြေခံဥပဒေမူကြမ်းစာအုပ်နှင့်အတူ (၁၉၄၇ ခုနှစ် ၁၉၇၄ ခုနှစ် ၂၀၀၈ခုနှစ် ဖွဲ့စည်းပုံအခြေခံဥပဒေ နှိုင်းယှဉ်ချက်များ စာအုပ်ငယ်) ၊ (၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေ အကျဉ်းချုပ်ရှင်းလင်းတင်ပြချက် စာအုပ်ငယ်) တို့ကို ရယူရန် သက်သေခံအဖြစ် စင်္ကာပူနိုင်ငံမှ မိမိအား တရားဝင်ထုတ်ပေးထား အိုင်စီ ကဒ်ပြားကို ကောင်စစ်ဌာနမှာ အပေါင်းထားပြီးမှ ဖတ်ခွင့်ရတယ်လို့ သတင်းရရှိပါတယ်။

သံရုံးတွင်ဖတ်ရှုနိုင်သော အခြေခံဥပဒေမူကြမ်းစာအုပ်၊ အခန်း(၁၂) ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ခြင်း အခန်း အပိုဒ် ၄၃၆။(က) တွင်ဖေါ်ပြထားသော "ပြဌာန်းချက်များကို ပြင်ဆင်လိုလျှင် ပြည်ထောင်စုလွှတ်တော် ကိုယ်စားလှယ် အားလုံး၏ ၇၅ ရာခိုင်နှုန်းကျော်က ပြင်ဆင်ရန် သဘောတူလက်ခံပြီးနောက် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲ ကျင်းပ၍ ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။

ဆိုတဲ့နေရာမှာ လက်ရေးဖြင့် ဆန္ဒမဲပေးပိုင်ခွင့်ရှိသူအားလုံး၏ (ထက်ဝက်ကျော်) ဆန္ဒမဲဖြင့်သာ ပြင်ဆင်ရမည်။ (ထက်ဝက်ကျော်) ကိုလက်ရေးမူဖြင့် ပြင်ဆင်ရေးသားထားသည် ကိုဖတ်ရှုကြရတယ်လို့သတင်းရရှိပါတယ်။ ၄င်းကိစ္စနှင့်စပ်လျဉ်းပြီး ဖတ်ရှုသူများမှ သံရုံးဝန်ထမ်းများကို မေးမြန်းခဲ့ရာမှာ သံရုံးဝန်ထမ်းများအနေနဲ့ သိပ်နားမလည်ကြောင်း စာအုပ်ထဲတွင်ဖေါ်ပြထားသော အရာများအားလုံးမှာ အမှန်ဖြစ်ကြောင်း ဖြေကြားပေးခဲ့ပါတယ်။

ထူးဆန်းတာကတော့ မြန်မာ့အရေးလှုတ်ရှားသူများ မြန်မာသံရုံးသို့ရောက်ရှိချိန်တွင် စင်္ကာပူနိုင်ငံမီးသတ်မှ မြန်မာသံရုံးမှာ မီးလောင်ကြောင်းသတင်းပေးလာသောကြောင့် မီးငြိမ်းသတ်ရန် ရောက်ရှိလာကြောင်းကို သံရုံးသို့ယနေ့ရောက်ရှိခဲ့သူ မျက်မြင်သက်သေများပြောပြချက်အရ သိရှိခဲ့ရပါတယ်။ တယ်လီဖုန်း Message ရရှိသူများလဲ ထိုသတင်းအား ဖတ်မိကြမယ်ထင်ကြောင်းနှင့် မည်သူ့လက်ချက်ဖြစ်တယ်ဆိုတာကိုတော့ အတည်ပြုပြောကြားနိုင်တာမျိုးမရှိသေးပါဘူး။

မြန်မာ့အရေးတက်ကြွသူများအနေနဲ့လည်း လာမည့် (၂၇) ရက်နေ့ တနင်္ဂနွေနေ့ မှာအားလုံးပြိုင်တူ မြန်မာသံရုံးကို မဲသွားရောက်ပေးကြမယ်ဆိုတဲ့ သတင်းတွေလည်း ရရှိနေပါတယ်။ သံရုံးမှ ပေးပို့ထားသောစာများမှာ အရေအတွက်အားဖြင့် ၁၃၀၀၀ ခန့်ရှိပြီး စာတိုက်မှ သံရုံးသို့ အကြောင်းအမျိုးမျိုးကြောင့် ပြန်လည်ရောက်ရှိလာသော စာများမှာ အစောင်၄၀၀ခန့်ရှိကြောင်းသတင်းရရှိပါတယ်။

သံရုံးသို့ဆန္ဒမဲပေးရန်လာရောက်သူများကို သံရုံးမှပေးပို့ထားသော စာရင်းနှင့်တိုက်ကာ မဲပေးခွင့်ပြုမှာဖြစ်ကြောင်းနှင့် သံရုံးနှင့်ဆက်သွယ်ထားဖူးသူများဖြစ်သော်ငြားလည်း ဖိတ်ကြားစာမရရှိသူများအတွက်ကိုမူ သံရုံးမှ မှတ်တမ်းများပြုစုရယူထားပြီး နောက်ရက်များမှာ လာရောက်မဲပေးနိုင်ရန် စီစဉ်ပေးမည်လို့ ဦးမြင့်ထွန်းကိုယ်တိုင် ဖုန်းမှတဆင့် ဖြေကြားပေးထားပါတယ်။


ကြိုတင်ဆန္ဒမဲပေးရေးနှင့်ပတ်သက်ပြီး အရေးပေါ် ကျန်းမာရေးဝန်ဆောင်မှုများ သံရုံးဖက်မှ ကြိုတင်ပြင်ဆင်ထားခြင်း ရှိပါသလားလို့ မေးမြန်းခဲ့တာကိုတော့ ကျန်းမာရေးနှင့်ပတ်သက်တဲ့ ၀န်ဆောင်မှုများ ပေးနိုင်လောက်အောင် ပြင်ဆင်ထားခြင်းမရှိပေမယ့်လည်း မြန်မာသံရုံးမှ စင်္ကာပူနိုင်ငံအာဏာပိုင်များ အကူအညီဖြင့် သံရုံးလုံခြုံရေးများစီစဉ်ထားကြောင်းကိုတော့ ဦးမြင့်ထွန်းမှ ရှင်းလင်း ပြောကြားသွားကြောင်း သတင်းရရှိပါတယ်။

(၂၄) ကြာသပတေးနေ့မှ စတင်ကာ စင်္ကာပူနိုင်ငံမြန်မာသံရုံးမှ နေ့စဉ်လုပ်ဆောင်လျှက်ရှိသော အခွန်အကောက်လုပ်ငန်းများနှင့် သံရုံးနှင့်သက်ဆိုင်သော အခြားလုပ်ငန်းများ အားလုံးကို ရန်တန့်ထားမည်ဖြစ်ပြီး ဆန္ဒမဲပေးရန် အတွက် လိုအပ်သည်များကိုသာ စတင်ပြင်ဆင်ကြမည်ဖြစ်ကြောင်း ဦးမြင့်ထွန်းမှပြောပြသွားကြောင်း စုပေါင်းတင်ပြလိုက်ရပါတယ်။

ဂျေမိုး

Read More...

စစ်အစိုးရ အတိုက်အခံနှင့် ဆွေးနွေးရေး လုံခြုံရေးကောင်စီ ဥက္ကဋ္ဌ ကြေညာချက် ထုတ်နိုင်

24-04-2008
ထိန်းသိမ်းခံထားရတဲ့ မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံဆွေးနွေးဖို့ မြန်မာစစ်အစိုးရကို တိုက်တွန်းထားတဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် မူကြမ်းကို ဗုဒ္ဓဟူးနေ့က အဖွဲ့ဝင်နိုင်ငံတွေကြား ဖြန့်ဝေလိုက်ပါတယ်။ ဒီမူကြမ်းကို ဒီကနေ့ လုံခြုံရေး ကောင်စီမှာ တရားဝင်တင်သွင်းမယ်လို့လည်း ဆိုပါတယ်။ ကိုကျော်ကျော်သိန်း က အပြည့်အစုံ တင်ပြထားပါတယ်။

လုံခြုံရေးကောင်စီဥက္ကဋ္ဌရဲ့ ထုတ်ပြန်ချက် ဒီတကြိမ်မှာ တကယ်ထွက်လာမှာလား ဆိုတာကတော့ ခုချိန်မှာ တိတိကျကျ မပြောနိုင်သေးပါဘူး။ အခုဖြန့်ဝေထားတဲ့ မူကြမ်းကို အမေရိကန်ပြည်ထောင်စု၊ ဗြိတိန်နဲ့ ပြင်သစ်နိုင်ငံတို့က ကမကထပြု ရေးဆွဲထားပါတယ်။ ဧပြီလအစောပိုင်းတုန်းက ဖြန့်ဝေခဲ့တဲ့ ကနဦးမူကြမ်းကို တရုတ်က ကန့်ကွက်ခဲ့ပြီးတဲ့နောက် ပြန်ပြင်ဆင်ထားတဲ့ မူကြမ်းကို အခုတကြိမ် ထပ်ပြီး ဖြန့်ဝေပြန်တာပါ။

မြန်မာနိုင်ငံမှာ အခြေခံဥပဒေမူကြမ်းကို လူထုဆန္ဒခံယူပွဲ လုပ်မယ်ဆိုတာဟာ ယုံကြည်ရလောက်တဲ့ လုပ်ငန်းစဉ်မဟုတ်ဘူး ဆိုတာကိုပြနေတဲ့ စိတ်ပျက်ဖွယ် အခြေအနေတွေကြောင့် အခုလို ထုတ်ပြန်ချက် မူကြမ်းကို ပြန်တင်သွင်းဖို့ လုပ်ရတာဖြစ်ကြောင်း အမေရိကန် ပြည်ထောင်စုရဲ့ ကုလသမဂ္ဂဆိုင်ရာ သံအမတ် ဇယ်လ်မေး ခါလီဇက်ဒ် (Zalmay Khalilzad) က ဗုဒ္ဓဟူးနေ့မှာ သတင်းထောက်တွေကို ပြောခဲ့ပါတယ်။

“ဆန္ဒခံယူပွဲနဲ့ ရွေးကောက်ပွဲတွေကျင်းပဖို့ ကြေညာထားတာအရ ဒီလုပ်ငန်းစဉ် ဟာ ယုံကြည်ရဖို့၊ အများလက်ခံရှိဖို့ လိုအပ်တယ်ဆိုတာ လုံခြုံရေးကောင်စီ အနေနဲ့ အားကောင်းကောင်း ရှင်းရှင်းလင်းလင်း ပြောဖို့လိုပါတယ်။”

မြန်မာအစိုးရက ထုတ်ပြန်ထားတဲ့ အခြေခံဥပဒေမူကြမ်းမှာ အထိန်းသိမ်းခံထား ရတဲ့ မြန်မာ့ ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ရွေးကောက်ပွဲ ၀င်နိုင်မယ့် အခွင့်အရေးကို ပိတ်ပင်ကန့်သတ်ထားတဲ့အချက်တွေ ပါဝင်နေသလို စစ်ခေါင်းဆောင်တွေကပဲ ပုံသဏ္ဌာန်အသစ်နဲ့ အာဏာကို ဆက်ပြီးချုပ်ကိုင်ထား မယ့် ပြဌာန်းချက်တွေပါဝင်နေတာကြောင့် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ကရော နိုင်ငံတကာကပါ ၀ိုင်းပြီး ဝေဖန်နေကြတာပါ။ မြန်မာ့အရေး လှုပ်ရှားသူတွေ ကတော့ ပြည်သူလူထုအနေနဲ့ ဒီဆန္ဒခံယူပွဲကို သွားပြီး ကန့်ကွက် မဲပေးကြဖို့ လှုံ့ဆော် တိုက်တွန်း နေကြပါတယ်။ တဘက်မှာ လည်း မြန်မာစစ်အစိုးရက အခြေခံဥပဒေကို ထောက်ခံမှသာ ဒီမိုကရေစီရမယ်၊ အခြေခံဥပဒေကို ကန့်ကွက်တဲ့သူတွေဟာ နယ်ချဲ့သြဇာခံ တွေဖြစ်တယ်ဆိုတဲ့ထိ အဓိပ္ပါယ်ရောက်တဲ့ ၀ါဒဖြန့်တာတွေကို အစိုးရပိုင် သတင်း မီဒီယာတွေကနေ ကျယ်ကျယ်ပြန့်ပြန့် ဖြန့်ဝေနေပါတယ်။

အမေရိကန်သံအမတ်ကတော့ မြန်မာ့အရေးဟာ မြန်မာပြည်သူတွေ အတွက်တင် အရေးကြီးတာ မဟုတ်ဘူးလို့ဆိုပါတယ်။

“မြန်မာလူထုအနေနဲ့ ကုလသမဂ္ဂလုံခြုံရေးကောင်စီနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်း ရဲ့ ထောက်ခံမှုကို ရရှိထိုက်ပါတယ်။ မြန်မာပြည်မှာ ဖြစ်ပျက်တာတွေဟာ မြန်မာ လူထုနဲ့ ဒီမိုကရေစီရေး လှုပ်ရှားသူတွေ အတွက်တင် အရေးကြီးတာမဟုတ်ဘဲ ဒေသတွင်းနဲ့ ကမ္ဘာအတွက်ပါ အရေးကြီးပါတယ်။”

ဧပြီလက တင်သွင်းခဲ့တဲ့ ထုတ်ပြန်ချက်မူကြမ်းကို တရုတ်နိုင်ငံက ကန့်ကွက်ခဲ့တဲ့ အတွက် ဒီတကြိမ်မှာ ရော တရုတ်တို့က ထောက်ခံပါ့မလားလို့ သတင်းထောက် တယောက်က မေးခဲ့ပါတယ်။

ယုံကြည်ရလောက်တဲ့ လုပ်ငန်းစဉ်တခုဖြစ်ဖို့ လိုအပ်တဲ့အဆင့်တွေ မြန်မာစစ် အစိုးရက လုပ်လာ မလားလို့ အဲဒီအချိန်ကတည်းက အဖွဲ့ဝင်နိုင်ငံတွေကနေ စောင့်ကြည့်ခဲ့ကြောင်း၊ အဲဒီအဆင့်တွေကို မြန်မာစစ်အစိုးရက မလုပ်ခဲ့တာ ကြောင့် လုံခြုံရေးကောင်စီအနေနဲ့ မြန်မာစစ်အစိုးရကိုရော၊ မြန်မာလူထုဆီကို ရော၊ နိုင်ငံတကာကိုပါ အားကောင်းကောင်း ပြောဖို့လိုအပ်လာကြောင်း မစ္စတာခါလီဇက်ဒ်က ပြန်ဖြေခဲ့ပါတယ်။
VOA

Read More...

Friday, April 11, 2008

ကျနော်တို့ အမျိုးသားရေးလုပ်တယ်

11-04-2008
•ကိုယ့်ထမင်းဖိုးထဲက ငွေကိုထုတ်
ငုတ်တုတ်အိပ်နေသူ တွေကိုလိုက်နှိုး
လူအမျိုးမျိုး စိတ်အထွေထွေ
သူခိုး ယိုးခံရတဲ့ အခါတွေတောင်ရှိတယ်
ဒါပေမဲ့ …………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။
•ရမ်ဘိုကို ဂုဏ်ပြုဖို့
လွတ်လပ်ရေး သူရဲကောင်းတွေကိုဂုဏ်ပြုဖို့
ရုပ်ရှင်ရုံကို လေလံဆွဲ
ပင်နီဆူလာ ထဲလက်မှတ်ရောင်းတော့
မင်းတို့ဟာက ဈေးရင်းအတိုင်း ဟုတ်လို့လားတဲ့..
ဒါပေမဲ့………………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။


•သံဃာတွေ ခွေးဆွဲတော့
ကပ်ပေါက်ထဲက ကြောက်ကြောက်နဲ့ချောင်းကြည့်
ကဲကြည့်….. ဒီဘုန်းကြီး နဲ့ ဒီလူတွေ
ကိုယ့်ထမင်းကို အေးအေးစားနေတာ မဟုတ်ဘူးတဲ့
ဒါပေမဲ့……………………………..
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။

•မိန်းမက ပီအာ
ယောင်္ကျားက စီတီဇင်
ဒီမိုကရေစီရရင် ရွှာပြန်ချင်သတဲ့
အိပ်မွှေ့ချခံထားရတဲ့ မင်းလောင်းကို အိပ်ရင်းနဲ့ထိုင်စောင့်ကြ
ဒါပေမဲ့…………………………….
ကျနော်တို့ အမျိုးသားရေးလုပ်တယ် ။

•မဖမ်းမိသေးတော့ တောလား ၊ လျှိုလား
ဖမ်းမိတော့ အင်းစိန်လား ၊ အိုးဘိုလား
သေသွားမလား ၊ မသေမရှင်လား
တို့သေသွားရင်တောင်
တို့မသာကိုလိုက်မပို့ရဲတဲ့
တို့ ချစ်သူကြီးတွေရှိတယ်
ဒါပေမဲ့………………………….
ကျနော်တို့ အမျိုးသားရေးလုပ်တယ်

•လွတ်လပ်ရေးဟာ တန်ဖိုးကြီးတယ်
ကိုယ့်နံရိုးကို ဆွဲထုတ်
ပုလွေလိုလည်း မှုတ်ရဲမှ
ဘီလူးစောင့်တဲ့ ညောင်ပင်
ဓားထမ်းပြီးလည်း ၀င်ရဲမှ

•ငါတို့လက်ဖျံရိုးတွေ ကိုစီး
ငါတို့ အကြောတွေနဲ့သီပြီး
ပြည်တော်ဝင်သီချင်းတီးခတ်နိုင်ဖို့
ကျနော်တို့ အမျိုးသားရေးဆက်လုပ်မယ် ။

ဇင်ဝေသော်

Read More...

Monks in Myanmar Protest BBC News (25 Sept 07)

11-04-2008

Read More...

Thursday, April 10, 2008

လူ့အခွင့်အရေးကော်မတီ ကြားနာပွဲ စစ်အစိုးရ ဖွဲ့စည်းပုံကို ကန့်ကွက်ဖို့ သံဃာတော်တွေ မိန့်ကြား

11-04-2008

မန်မာစစ်အစိုးရဟာ ပြည်သူလူထုရဲ့ အသက်ရှင်ရပ်တည်ရေးနဲ့ စားဝတ်နေရေးအရ ရပ်တည်နိုင်မှုတွေကိုပါ ထိခိုက်အောင် လုပ်နေတယ်လို့ အမေရိကန် အရာရှိတွေက ပြောဆိုလိုက်ပါတယ်။ ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ သံဃာတော်သုံးပါးက အမေရိကန် အထက်လွှတ်တော် လူ့အခွင့်ရေးရာကော်မတီရဲ့ ကြားနာပွဲမှာ သူတို့ရဲ့အတွေ့အကြုံတွေကို မနေ့က ထွက်ဆိုခဲ့ကြပြီး အမေရိကန် အရာရှိတွေက အခုလို ပြောဆိုလိုက်တာ ဖြစ်ပါတယ်။ စစ်အစိုးရက ရေးဆွဲနေတဲ့
ဖွဲ့စည်းပုံကို ဆန့်ကျင်ကန့်ကွက်ဖို့လည်း သံဃာတော်တွေက တိုက်တွန်းလိုက်ပါတယ်။ အသေးစိတ်ကို ဗွီအိုအေသတင်းထောက် ဆင်ဒီ ဆိန်း (Cindy Saine) သတင်းပေးပို့ထားတာကိုကိုသိန်းထိုက်ဦးက တင်ပြပေးထားပါတယ်။

သံဃာတော်တွေ ဦးဆောင်ခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေး ခြောက်လကျော်ကြာလာ
တဲ့အချိန် မနေ့က အမေရိကန် ကွန်ဂရက်စ်လွှတ်တော် လူ့အခွင့်ရေးရာအဖွဲ့ရှေ့မှောက်
ကြားနာပွဲမှာ ဆရာတော် ဦးကောဝိဋ္ဌ၊ ဦးဂေါသိတနဲ့၊ ဦးပညာသီရိတို့ မနေ့က သက်သေထွက်ဆိုပါတယ်။ စစ်အစိုးရ ရေးဆွဲနေတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေကို ဆန့်ကျင်ကန့်ကွက်တဲ့အကြောင်း မိန့်ကြားခဲ့တာပါ။

ဒီမိုကရက်ပါတီက ကွန်ဂရက်စ်လွှတ်တော်အမတ် ဒန်းနစ် ကူဆင်နစ်ရှ် (Dennis
Kucinich) က မြန်မာစစ်အစိုးရဟာ သာမန်ပြည်သူတွေရဲ့ အသက်ရှင် ရပ်တည်နေထိုင်
နိုင်မှုကိုပါ ထိခိုက်အောင်လုပ်နေတယ်လို့ ပြောပါတယ်။

“မြန်မာနိုင်ငံအတွင်း ပြီးခဲ့တဲ့နှစ်က ဓာတ်ဆီ၊ လောင်စာဆီဈေးတွေ အဆမတန်တက်ခဲ့
တာ ကျနော်တို့ တွေ့ရပါတယ်။ သဘာဝဓာတ်ငွေ့ လောင်စာတွေ ဈေးတွေ အဆမတန်
တက်ခဲ့တာပါ။ မြန်မာပြည်သူတွေကို စစ်အစိုးရက ငွေကြေးအရရော၊ စီးပွားရေးအရ
ရပ်တည်နိုင်တဲ့ အနေအထားတွေကိုပါ ထိခိုက်အောင်လုပ်နေခဲ့တာပါ။”

လူ့အခွင့်အရေး ကြားနာပွဲမှာ သက်သေထွက်ဆိုတဲ့ သံဃာတော်တွေက မြန်မာပြည်သူ
တွေဟာ စီးပွားရေးအကျပ်အတည်းတွေအပြင် စစ်အစိုးရရဲ့ ဖိနှိပ်မှုဒဏ်တွေကိုပါ
ဆိုးဆိုးဝါးဝါး ခါးဆီးခံနေရတယ်လို့ ပြောဆိုပါတယ်။ သက်သေထွက်ဆိုတဲ့ ဆရာတော်
ဦးဂေါသိတက ပြီးခဲ့တဲ့နှစ် စက်တင်ဘာ သံဃာ့လှုပ်ရှားမှုကြီးအတွင်းမှာ သံဃာတော်
အပါး ၂၀၀ လောက် အသတ်ခံခဲ့ရတဲ့အကြောင်းနဲ့ ၇၀၀၀ လောက် ဖမ်းဆီးခံခဲ့ရတဲ့
အကြောင်း ဆရာတော်က လူ့အခွင့်အရေးကော်မရှင် ရှေ့မှောက်မှာ မိန့်ကြားသွားတာ
ပါ။ သူကိုယ်တိုင် သူ့ခေါင်းမှာ လုံခြုံရေးတပ်ဖွဲ့ဝင်တွေ ရိုက်တာကို ခံခဲ့ရတယ်လို့ ပြောပါ
တယ်။ သံဃာတော်တွေက အမေရိကန်ပြည်ထောင်စုအနေနဲ့ မြန်မာစစ်အစိုးရအပေါ် လက်ရှိအနေအထားထက် ပိုပြီးပြင်းထန်တဲ့ အရေးယူမှုတွေ ပြဋ္ဌာန်းဖို့လည်း တိုက်တွန်း
ခဲ့ပါတယ်။

Read More...

Tuesday, April 8, 2008

ရှေ့တိုးလည်း ထမ်းပိုး၊ နောက်ဆုတ်လည်း လှည်းတုတ်

ကျော်စွာမိုး |April 07 ၊ 2008
မြန်မာ စစ်အစိုးရခေါင်းဆောင်များသည် စိတ်ဓါတ်စစ်ဆင်ရေး ၀ိဇ္ဇာများ ဖြစ်ကြသည်။ ဤကိစ္စများနှင့် ပတ်သက်၍ ယခင်က အောင်မြင်မှုရခဲ့သည့်အပေါ်လည်း ဂုဏ်ယူနေကြသည်ဟုပြောလျှင် ရနိုင်သည်။ လူထုဆက်ဆံရေးနှင့် စိတ်ဓါတ်စစ်ဆင်ရေး ညွှန်ကြားမှုဦးစီးဌာနကို တိုးချဲ့ဆောင်ရွက်နေသည်ဟု ဆိုလျှင်သင် မည်သည့်နိုင်ငံတွင် ကြားဖူးပါသနည်း။
ပြည်တွင်းနှင့် နိုင်ငံတကာအမြင်များကို လှည့်ဖျားအသုံးချနိုင်ရန် သူတို့ဆောင်ရွက်နေပုံက ခေတ်ပေါ် ဈေးကွက်ထိုး ဖောက်ရေး ဗျူဟာများထက်စာလျှင်၊ ယခင်ကိုလိုနီ ခေတ်ဟောင်း "သွေးခွဲအုပ်ချုပ်ရေး" ပုံစံမျိုးနှင့် ပို၍ တူနေပါသည်။

ဖွဲ့စည်းအုပ်ချုပ်ပုံ (မူကြမ်း) အပေါ် ပြည်သူ့ဆန္ဒခံယူပွဲတရပ် ကျင်းပမည်ဟု ကြေညာခဲ့ပြီးသည့်နောက်တွင် စစ်အစိုးရက ရွေးချယ်စရာ သိပ်မရှိလှသည့် ကျမ်းရိုးပုံစံ နည်းဟောင်းတခုကို မြန်မာပြည်သူများနှင့် ကမ္ဘာသို့ ချပြခဲ့ပါသည်။

တင်ပြခဲ့သည့်အပေါ်တွင် ရုတ်တရက်ကြည့်လျှင် ရွေးချယ်ရန် ကိစ္စမှာ လွယ်ကူရိုးရှင်းလှပါသည်။ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံ ဥပဒေသစ်ကို "ထောက်ခံ" မည်လား၊ "ကန့်ကွက်" မည်လား ဟူ၍ ရွေးချယ်ရန်ပင် ဖြစ်ပါသည်။ သို့သော်လည်း အမှန် တကယ် ရွေးချယ်ရမည့် ကိစ္စမှာ ဤသို့ ရှင်းရှင်းလင်းလင်း မရှိလှပါ။ ပြောရလျှင် မြန်မာစစ်ဗိုလ်ချုပ်များက မောပန်းနွမ်းနယ် နေကြပြီ ဖြစ်သည့် မြန်မာပြည်သူများကို အောက်ဖော်ပြပါ အခြေအနေ ၂-ခု အနက်မှ တခုရွေးချယ်ရန် စေခိုင်းလိုက်ခြင်းပင် ဖြစ်သည်။

အကယ်၍ "ထောက်ခံမဲ" ပေးခဲ့လျှင် စစ်တပ်အုပ်ချုပ်ရေး နှင့် ရာသက်ပန် စခန်းသွားရဖွယ်ရှိနေပြီး၊ စစ်တပ်မဟုတ်သည့်ူ နိုင်ငံသားအချို့အတွက် အာမခံချက် မခိုင်မာ လှသည့် ပါဝင်ဆောင်ရွက်ခွင့် တစုံတရာ ရကောင်းရလာနိုင်ပါသည်။

အကယ်၍ "ကန့်ကွက်မဲ" ပေးခဲ့လျှင် စစ်အုပ်ချုပ်ရေးကို အကန့်အသတ်မရှိ ဆက်လက်ထိန်းချုပ်သွားဖွယ် ရှိပြီး၊ စစ်တပ်ကို နောက်ဆုံးဖြိုချနိုင်ရန်အတွက် အတိုက်အခံအဖွဲ့ အစည်းများ အားကောင်းလာမည့် တနေ့နေ့ တချိန်ချိန်ကိုသာ မျှော်တ လင့်လင့် စောင့်နေရဖွယ် ရှိပါသည်။

သေချာစိစစ်ကြည့်လျှင် ရွေးချယ်ပေးရမည့် ဤအခြေအနေ ၂-ရပ်က မတူညီနေပါသလော။ တူညီနေပါသည်။ အမှန်တွင် စစ်အစိုးရက ရွေးချယ်ပေးရမည့် အခြေအနေ ၂-ရပ်ကို လှည့်စားဖန်တီး ပေးခဲ့ခြင်းသာ ဖြစ်သည်။ ဤကိစ္စသည် ရွေးချယ်ရန် အခြေအနေပေးခြင်း လုံးဝမဟုတ်ကြောင်း၊ ထင်ယောင်ထင်မှား အခြေအနေတရပ်ကို ဖန်တီးပေးလိုက်ခြင်းသာ ဖြစ်ကြောင်း ထိုသူများက ရယ်သွမ်းသွေး၍ ၀န်ခံ ဖော်ပြကြမည် ဖြစ်ပါသည်။

နာမည်ကြီး အချိုရည် ၂-ခု ဖြစ်သည့် ကုက်နှင့် ပက်ပ်စီ ဥပမာကို ကြည့်ပါ။ တခုခုကို ရွေးချယ်၍ ကျေနပ်သွားကြရသည့်ပုံ မှာ အခြားအခြေအနေတရပ် ရွေးစရာ ရှိနေသောကြောင့်သာ ဖြစ်ပါသည်။ တခုကို မရွေးလျှင်လည်း ကျန်တခုသာ ရွေးဖို့ အကြောင်း ရှိနေပါသည်။ မည်သည့်ကိစ္စကို ရွေးရွေး သင့်အတွက် ထူး၍ မကောင်းလှပါ။

အကယ်၍ ပြည်သူ့ဆန္ဒခံယူပွဲတွင် "ထောက်ခံ" အတည်ပြုလိုက်ပြီ ဆိုပါစို့။ အောက်ဖော်ပြပါ အခြေအနေများ ဖြစ်လာမည် ဟု တွက်ဆထားနိုင်ပါသည်။

* စစ်တပ်က နိုင်ငံရေးတွင် ဦးဆောင်မှုအခန်းကဏ္ဍ ရနေမည်။ ရေးထားသည့် ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းအရ တပ်မတော်ကာကွယ်ရေးဦးစီးချုပ်က အမတ်နေရာ ၄၄၀ ရှိမည့် ပြည်သူ့လွှတ်တော်တွင် ကိုယ်စားလှယ် ၁၁၀ ကို စစ်တပ်မှ အရာရှိများဖြင့် ခန့်အပ်ခွင့် ရှိမည်ဖြစ်သည်။ ထိုမျှမက ကာကွယ်ရေးဦးစီးချုပ်က ဒု-သမတ ၂ ဦးနှင့် တူညီသည့် အဆင့်နေရာမျိုး ရဦးမည် ဖြစ်သည်။ စစ်တပ်က အချိန်မရွေး ထ၍ ကြေညာနိုင်မည့် "နိုင်ငံတော် အရေးပေါ် အခြေအနေ" မျိုးတွင် ကာကွယ်ရေးဦးစီးချုပ်ဆိုသူက ဥပဒေပြုရေး၊ အုပ်ချုပ်ရေး၊ တရားစီရင်ရေး အာဏာ ၃ ရပ်လုံးကိုလည်း ချုပ်ကိုင်ခွင့် ရှိလိမ့်မည် ဖြစ်သည်။

* တိုင်းရင်းသား အဖွဲ့အစည်းများအတွက် အခန်းကဏ္ဍမှာလည်း များစွာ အကန့်အသတ် ရှိပါသည်။ ၂၀၁၀ ခုနှစ် တွင် ကျင်းပမည်ဟု ကြေညာထားသည့် ရွေးကောက်ပွဲတွင် ယခု စစ်အစိုးရနှင့် အပစ်အခတ်ရပ်စဲရေးပြုထား သည့် တိုင်းရင်းသားအဖွဲ့ (၁၇) ခုတို့က ပါဝင်ယှဉ်ပြိုင်လိုသည် ဆိုပါက သူတို့ကိုင်ဆောင်ထားသည့် လက်နက် များကို အပြီးပိုင် စွန့်ကြရလိမ့်မည်ဖြစ်ပါသည်။ ဤဖွဲ့စည်းပုံအတည်ဖြစ်လာသည်နှင့် ၎င်းအဖွဲ့များ၏ အပစ်အခတ် ရပ်စဲရေးသည်လည်း နိဂုံးချုပ်သွားဖွယ် အနေအထား ရှိနေပါသည်။

* အတိုက်အခံ အဖွဲ့များအတွက်ဆိုလျှင် ပို၍ပင် ကန့်သတ်ချက် ကြီးနေပါသေးသည်။ တိုင်းရင်းသား စည်းလုံးညီ ညွတ်ရေးကို ပျက်စီးစေမည်ဟု ယူဆသည့် လုပ်ဆောင်မှုများအားလုံးကိုလည်း တင်းကျပ်စွာ ကန့်သတ်ချက်များ ချမှတ်ထားပါသည်။ လွှတ်တော်အတွင်း အတိုက်အခံနိုင်ငံရေးပါတီအဖြစ် ပုံမှန် လှုပ်ရှားမှုများကို ဆောင်ရွက်ကြ မည့် သူများလည်း ဤကန့်သတ်မှုတွင် အကျုံးဝင်ပါသည်။ အရပ်သားများက လွှတ်တော်တွင်းတွင် အရွေးချယ်ခံ ပိုင်ခွင့် ရှိကြမည် ဖြစ်သော်လည်း သူတို့ကို ပေးထားသည့် နေရာကို သိမှသာ ဤအခွင့်အရေးမျိုး ရကြမည်ဖြစ်ပါ သည်။

* ဒေါ်အောင်ဆန်းစုကြည်၏ အခန်းကဏ္ဍကို လုံးဝထည့်သွင်းစဉ်းစားထားခြင်း မရှိပါ။ အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ်၏ လူထုထောက်ခံမှု အရဆုံး ခေါင်းဆောင်ကို အနာဂတ်ဦးဆောင်မှု အခန်းကဏ္ဍတွင် ပါဝင်နိုင်ခွင့်ကို ပြောင် ငြင်းပယ်ထားပါသည်။

"နိုင်ငံတော် သမတသည် သမတအဖြစ် ရွေးချယ်တင်မြှောက်ခံရသည့် အချိန်နှင့် တဆက်တည်း အနည်းဆုံး အနှစ် (၂၀) နိုင်ငံတော်တွင် အခြေချနေထိုင်ခဲ့သူ ဖြစ်ရမည်။ နိုင်ငံတော် သမတသည် မိမိကိုယ်တိုင်သော်လည်းကောင်း၊ မိမိ၏ မိဘ တပါးပါးသော်လည်းကောင်း၊ မိမိ၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင် သားသမီးတဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီးတဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြား အစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ၊ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူ၊ သို့မဟုတ် တိုင်းတပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ။ ထိုသူများသည် နိုင်ငံခြား အစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတပါး ၏ နိုင်ငံသားသော်လည်းကောင်း၊ ခံစားရသော အခွင့်အရေးများနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့် ရှိသူများ မဖြစ်စေ ရ" ဟု ဖော်ပြထားပါသည်။

ကွယ်လွန်သူ ဗြိတိသျှလူမျိုး ပညာရှင် မိုက်ကယ်အဲရစ်၏ ဇနီးဖြစ်ခဲ့သူ၊ မြန်မာနိုင်ငံသား မဟုတ်သူ သား ၂ ဦး၏ မိခင်ဖြစ်သူ ဒေါ်အောင်ဆန်းစုကြည်အတွက် ဤဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေအရ ဆိုလျှင် မြန်မာနိုင်ငံကို ဦးဆောင်ခွင့် မရှိပါ။ အလားတူပင် ဤအပိုဒ်က မြန်မာပြည် ပြင်ပတွင် လှုပ်ရှားနေကြသည့် အတိုက်အခံအများစုအတွက်လည်း တားမြစ်ထား ပြန်ပါသည်။ သူတို့အများစုမှာ ၁၉၈၈ ခုနှစ်ကစ၍ မြန်မာပြည် ပြင်ပတွင်နေထိုင်၍ နိုင်ငံရေးလှုပ်ရှားနေခဲ့ကြသူများ ဖြစ်ပါ သည်။

အကယ်၍ ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံအတိုင်း စစ်အစိုးရက ရှေ့ဆက်နိုင်ပြီ ဆိုပါက၊ ဒေါ်အောင်ဆန်းစုကြည်ကလည်း နှုတ်ကို စောင့်စည်းနိုင်မည်ဆိုပါက၊ ကံကောင်းထောက်မလျှင် နိုင်ငံရေး အကျဉ်းသားများကို ချွင်းချက်နှင့် လွတ်ငြိမ်း ချမ်းသာခွင့် ပေးသည့် အခါမျိုးတွင် သူ ပြန်လွတ်လာနိုင်ပါသည်။ ဒေါ်အောင်ဆန်းစုကြည်နှင့် စစ်အစိုးရအကြား တွေ့ဆုံ ဆွေးနွေးကြရန် နိုင်ငံတကာက တိုက်တွန်းပြောဆိုနေမှုများသည်လည်း ဤအခြေအနေအရဆိုလျှင် အငြင်းပွားဖွယ် ဖြစ်လာပါတော့မည်။ ဤသို့ နောက်နောင် နိုင်ငံတကာအသိုင်းအ၀ိုင်းက တောင်းဆိုလာလျှင်လည်း တုံ့ပြန်ဖြေရှင်းနေစရာ လိုတော့မည် မဟုတ်ပါ။ အင်အားစု ပေါင်းစုံပါသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးမှုများ ဆိုသည်ကိုလည်း မေ့ထား၍ ရပါပြီ။

* ဖွဲ့စည်းအုပ်ချုပ်ပုံ အခြေခံဥပဒေကလည်း ရေးသားသူ စစ်အစိုးရကဲ့သို့ပင် ပြောင်းလွယ် ပြင်လွယ် မရှိလှပါ။ ဖွဲ့စည်းပုံသာ အတည်ဖြစ်ခဲ့ပါက တစုံတဦးက တစုံတရာ ပြုပြင်ပြောင်းလဲရေးသားလိုသော် "ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ပြင်ဆင်ခြင်း" အခန်း၏ အပိုဒ် ၄ (က) တွင်၊ ဤသို့ ဆောင်ရွက်နိုင်ခြေကို လုံးဝမဖြစ်နိုင်အောင် ပိတ်ပင် ထားပါသည်။ ဒီမိုကရေစီ လိုလားသည့် အတိုက်အခံပါတီဖြစ်သော အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ် (NLD) ကဲ့သို့ သော ပါတီမျိုးက စစ်တပ်ကခန့်အပ်ထားသူများ မဟုတ်သည့် လွှတ်တော်ကိုယ်စားလှယ် နေရာ အကုန်လုံးကို ရွေးချယ်ခံရ၍ ကိုယ်စားလှယ် အပြည့် ရရှိလျှင်သော်မှ၊ ဤသို့ ပြင်ဆင်မှုမျိုး လုပ်ရန် မဖြစ်နိုင်ပါ။ ဤအပိုဒ်၏ ဖော်ပြချက်အရဆိုလျှင် လွှတ်တော်ကိုယ်စားလှယ်များ အားလုံး၏ ၇၅% က အတည်ပြုရန် လိုအပ်ပါသည်။

အကယ်၍ ပြည်သူများက "ကန့်ကွက်မဲ" ပေး၍ ပယ်ချခဲ့ပါက မြန်မာနိုင်ငံ အခြေအနေက အောက်ပါအတိုင်း ဖြစ်လာနိုင်ပါ သည်။

* ဤဖွဲ့စည်းပုံ အခြေခံဥပဒေက နိဂုံးချုပ်သွားလိမ့်မည် မဟုတ်ပါ။ ယခုတကြိမ် သူတို့ရှုံးပါက၊ စစ်ဗိုလ်ချုပ်များက နောက်ထပ် အကြိကြိမ် ကြိုးပမ်းကြလိမ့်မည် ဖြစ်သည်။ နောက်ဆုံး သူတို့အလိုကျဖြစ်လာသည်အထိ နောက် ထပ်၊ နောက်ထပ် ပြည်သူ့ ဆန္ဒခံယူပွဲများကိုသာ မျှော်လင့်ထားရန် ရှိနေပါသည်။ ဖွဲ့စည်းပုံ အခြေခံဥပဒေကို အနည်းငယ် မွမ်းမံမှု လုပ်ပါလိမ့်မည်။ မြန်မာ့နိုင်ငံရေး၏ တဖက်ကို တဖက် အပြုတ်ရှင်း စစ်ပွဲတွင် ဤဖွဲ့စည်းပုံ အခြေခံဥပဒေ လောက် ကောင်းသည့်လက်နက် မရှိပါ။ ၎င်းကို ပို၍ ထက်မြက်အောင် မွမ်းမံလိမ့်ဦးမည် ဖြစ်သည်။

* စစ်အစိုးရကလည်း ထွက်သွားလိမ့်မည် မဟုတ်ပါ။ အာဏာကို အနှစ် ၂၀ ကြာ ထိန်းချုပ်လာပြီးသည့်နောက်၊ စစ်အစိုးရအဖို့ နောက်ထပ် မျိုးဆက်တဆက်၊ နှစ်ဆက်စာ ဆက်လက်၍ ဖက်တွယ် မထားရန် အကြောင်း မရှိပါ။

* နိုင်ငံတကာ အသိုင်းအ၀ိုင်းက ဤသို့ဖြစ်ပေါ်နေမှုများအားလုံးကို အဆုံးသတ်စေလိုလှပါပြီ။ သို့သော်လည်း ကုလ သမဂ္ဂနှင့် အနောက်တိုင်းနိုင်ငံ အချို့က မြန်မာနိုင်ငံတွင် အပြောင်းအလဲများ ဖြစ်ပေါ်လာစေရေးအတွက် သူတို့၏ သံတမန်ရေး ဆောင်ရွက်နိုင်စွမ်း ရှိသမျှကို အသုံးချခဲ့ကြပြီ ဖြစ်သည်။ စစ်အစိုးရအပေါ် ဖိအားများ ပိုပေးလာဖွယ် လည်း မျှော်လင့်ထားရန် ရှိပါသည်။ သူတို့အပေါ် ချထားခဲ့ကြသည့် ပြစ်ဒဏ်ခတ်ပိတ်ဆို့မှုများနှင့် ပြင်းထန်သည့် ပြစ်တင်ဝေဖန်သံ စကားများကိုလည်း စစ်အစိုးရက ခံနိုင်ရည် ရှိနေပြီ ဖြစ်ပါသည်။

* ပို၍ ပို၍ ဆန္ဒပြပွဲများနှင့် နိုင်ငံရေးအကျဉ်းသားများလည်း တိုးလာဖွယ် ရှိပါသည်။ လူအများ၏ စိတ်ပျက်ဒေါသ ကြောင့် နောက်တကြိမ်ထိပ်တိုက်တွေ့ရဖွယ်လည်း ရှိပါသည်။ စစ်အစိုးရကလည်း တုံ့ပြန်ပြုမှုနေကြအတိုင်း ဆန္ဒ ပြသူများအပေါ် ခပ်ကြမ်းကြမ်း ဖိနှိပ်ဖွယ်ရှိနေပါသေးသည်။ "ပြဿနာရှာသူ" များကိုလည်း နှစ်ရှည်လများ ထောင်သွင်း အကျဉ်းချထားရပါဦးမည်။

လာမည့် ပြည်သူ့ဆန္ဒခံယူပွဲတွင် မည်သို့သောရလဒ်ထွက်ပေါ်လာသည် ဖြစ်စေ၊ နောက်ပိုင်းတွင် စိတ်အလိုမကျဖွယ် အခြေ အနေများသာ ကြုံတွေ့ခံစားရဖွယ် ရှိနေသည်။ မြန်မာလူထုများက အလိုရှိနေကြသည်မှာ "ဆင်းရဲမွဲတေမှုနှင့် အကြမ်းဖက်မှု သံသရာကပ်ဆိုးများမှ လွတ်လပ်ခွင့်" ပင် ဖြစ်ပါသည်။ ဤကပ်ဒုက္ခများကြုံတွေ့ နေခဲ့ရသည့် စစ်အစိုးရ၏ လွဲမှားသည့် အုပ်ချုပ်ရေးသက်တမ်းမှာ ၄၅ နှစ်တာ တိုင်လာခဲ့ပြီ ဖြစ်ပါသည်။ သူတို့၏ အလိုဆန္ဒ အာသီသကို ဒီမိုကရေစီ ကျောက်စက် ရည်ဖြင့်သာ ကျေနပ်စေပါလိမ့်မည်။

The Irrawaddy

Read More...