ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Friday, April 25, 2008

ကန့်ကွက်မဲပေးပြီး ရင် ဘာလုပ်မလဲ?

25-04-2008

He who thinks he leads, but has no followers, is only talking a walk.

If you see a disparity between who's leading the meeting and who's leading the people, then the person running the meeting is not the real leader.

The real test of leadership isn’t where you start out. It’s where you end up.

ဆွေးနွေးတင်ပြသူ- (ms)

မေလ ၁၀ ရက် မှာ န၀တစစ်အစိုးရအလိုကျရေးဆွဲခဲ့တဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေ မူကြမ်းကို တတိုင်းပြည်လုံးက ဆန္ဒမဲပေးဆုံးဖြတ်ကြတော့မယ်။ စစ်ကျွန်ဘ၀ မရောက်ချင်သူဒီမိုကရေစီ အတိုက်အခံအင်အားစုတွေအားလုံး ကတော့ စစ်အစိုးရ ရေးဆွဲထားသော အခြေခံဥပဒေ မူကြမ်းကို ကန့်ကွက်မဲပေးရန် တိုင်းပြည်သို့ တိုက်တွန်း ပြောဆိုထားပါတယ်။နိုင်ငံအသီးသီးမှာ ရောက်နေတဲ့ မြန်မာနိုင်ငံသားအားလုံး ကလည်း ကန့်ကွက် မဲ ပေးဘို့ ပြောနေ ကြပါတယ်။ ကျွန်တော်တို့ပြည်သူတွေကလည်း ကန့်ကွက်မဲပေးကြတော့မှာပါ။

အဲဒီတော့ ကန့်ကွက်မဲပေးပြီး ရင် ဘာလုပ်မလဲ။ လေလှိုင်းပေါ်မှာ မကြာခဏ ကြားနေ ရတဲ့ တချို့ ပြည်ပအတိုက်အခံ နိုင်ငံရေးခေါင်းဆောင် ဆိုသူတွေ ကလည်း ဒီ ဖွဲ့စည်းပုံ အခြေခံ ဥပဒေ ဆန္ဒခံယူပွဲဟာ တရားမျှတမူ့မရှိဘူး၊ လွတ်လပ်မူ့မရှိဘူး ဆိုတာကို ဖော်ထုတ်ကြ မယ်။ ဒါကိုနိုင်ငံ တကာသိအောင် ဖော်ထုတ် ကြဘို့ “ မဟာဗျူဟာ ကြီးတခုအနေနဲ့ ပြင်ဆင် နေကြ တယ်။” ဒီလိုလုပ်ဖို့ကို မဟာဗျူဟာ ကြီးတခု လို့ မြင်နေရင် ဒီ ပြည်ပအတိုက် အခံ နိုင်ငံရေးခေါင်းဆောင်တွေကို ကျွန်တော် လူညံ့ တွေလို့ဘဲ မြင်တယ်။ ဒါဟာရန်သူကို ရန်သူလိုမမြင်တက်သေးတဲ့ ညံ့ဖျင်းတဲ့ အတိုက်အခံနိုင်ငံရေးခေါင်းဆောင် တွေ ဘဲလို့ဘဲ ကျွန်တော်ပြော ချင်တော့တယ်။

ဒီနေ့ ကျွန်တော်တို့တိုင်းပြည် မှာအုပ်ချူပ်နေတဲ့ န၀တစစ်အစိုးရဟာ ရက်ရက်စက်စက် အစုလိုက်အပြုံလိုက် လူသတ်ခဲ့တဲ့ ခေမာနီကွန်မြူနစ် အစိုးရဟောင်း၊ အာဖဂန်နိုင်ငံက တာလီဘန်အကြမ်း ဖက်အစိုးရဟောင်း အဆင့်လောက်သာရှိတဲ့ စစ်အစိုးရဆိုတာ မြန်မာ ပြည်သူတွေကကော၊နိုင်ငံတကာကကောသိနေကြပါပြီ။

န၀တစစ်အစိုးရဟာ အဖြူ ကို အမဲ၊ လူကောင်းကိုလူဆိုး၊ လူသတ်သမား ကိုတိုင်ပြည် ကယ်တင်သူ၊ ပြောင်းပြန်ကိုပက်လက် လုပ်တက်တဲ့ အစိုးရ မျိုးပါ။ ဖွဲ့စည်းပုံအခြေခံ ဥပဒေ မရှိဘဲနဲ့ လည်း တိုင်းပြည် အုပ်ချုပ် ပြီးသွားပြီ၊ ဖွဲ့စည်းပုံအခြေခံ ဥပဒေမရှိဘဲနဲ့ လည်း နောင်အ နှစ် ၅၀အုပ်ချုပ် ဖို့ လည်း ၀န်လေးမည့် သူတွေမ ဟုတ်ပါဘူး။ သူတို့ရဲ့ ကောက်ကျစ် စဉ်းလဲယုတ်မာမူ့ ကို မြန်မာ ပြည်သူ တွေကကော၊ နိုင်ငံတကာက ကော သိနေကြပါပြီ။ ဒီအချိန်ဟာ ဖော်ထုတ်ကြရမဲ့ အချိန်မဟုတ်ဘူး၊ တိုက်ပွဲကိုဖော်ဆောင်ရမည့်အချိန်ပါ။ မြန်မာနိုင်ငံမှာရှိတဲ့ တိုက်ပွဲဟာ ဓမ္မနှင့်အဓမ္မတိုက်ပွဲ ဆိုတာလူတိုင်းသိနေကြပါပြီ။

အဲဒီ တရားမျှတမူ့မရှိဘူး၊ လွတ်လပ်မူ့မရှိဘူး ဆိုတာ ဖော်ထုတ်ကြမှာကို “ မဟာဗျူဟာ ကြီးတခု” အနေနဲ့ မသတ်မှတ်ကြပါနဲ့၊ ဒါဟာ နည်း ဗျူဟာတခုသက်သက်သာသာဖြစ်တယ်။ စောင့် ကြည့်ကြတာတို့ ၊ ဖော်ထုတ်ကြတာတို့ဆိုတာ ပြည်သူ တွေလည်း လုပ်နေတဲ့၊ လုပ်နိုင်တဲ့ အလုပ်ပါ။ ဒီအချိန်ဟာလူထုဆန္ဒ ခံယူပွဲကနေလူထုတိုက်ပွဲ ကိုဖော်ဆောင်ဖို့ အတွက် အချိန်ဖြစ်တယ်။ ပြည်သူနောက်က လိုက်လုပ်နေတဲ့ သူဟာ လေလှိုင်း ပေါ်က အော်နေတဲ့ လေလှိုင်းခေါင်းဆောင်ဘဲ ဖြစ်မယ်၊ လူထုခေါင်းဆောင်တော့ ဖြစ်မှာမဟုတ်ဘူး။ လူထုကရွေးချယ်တင်မြောက် ခံထားရတဲ့လူထုခေါင်းဆောင်ပါလို့ ကိုယ့်ကိုကိုယ် လေလှိုင်း ပေါ်ကဟစ်ကြွေး နေကြယင်၊ လူထုကိုဦးဆောင်ပြီး တိုက်ပွဲဝင်ပါ။ လူထုရှေ့ ကထွက်ပါ။ မီးဖိုချောင်နိုင်ငံရေး ကို လေလှိုင်းပေါ်က လုပ်နေလို့ကတော့ မီးဖိုချောင်ထဲကခေါင်းဆောင်ဘဲ ဖြစ်နေပါလိမ့်မယ်။

ပြီးခဲ့တဲ့ ရွှေဝါရောင်တော်လှန်ရေးမှာ ၈၈ ကျောင်းသားခေါင်းဆောင်တွေ၊ ရဟန်းတော်တွေဟာလူထုကို ဦးဆောင် ခဲ့ပြီးပြီ။ အကျဉ်းထောင်တွေထဲမှာရောက်နေကြပြီ။ အခုအချိန်ဟာ လူထုခေါင်းဆောင်တွေပါလို့ လေလှိုင်းပေါ်မှာဟစ်ကြွေးနေကြတဲ့ ပြည်တွင်း၊ ပြည်ပခေါင်းဆောင်တွေရဲ့ ခေါင်းဆောင်မူ့ ကိုစမ်းသပ်မဲ့ အရည်အချင်းစမ်းသပ်ပွဲတခုလို့ဘဲ ကျွန်တော်မြင်ပါတယ်။

ပြည်ပ မှာ ကိုယ်ရောက်နေတဲ့ နိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေ၊ လူအခွင့်အရေးအဖွဲ့အစည်း တွေကို အဲဒီ ဆန္ဒခံယူပွဲ ရလာဒ် ကျေညာမဲ့နေ့မှာ မြန်မာ သံရုံး ရှေ့ရောက်အောင်လှူံ ဆော်စည်းရုံးပါ။ နိုင်ငံမှာရှိတဲ့ နိုင်ငံသားတွေဆို သည်မှာ ထိုင်း၊မလေးရှား၊ ဂျပန်၊ စင်္ကာပူ၊ အနောက် နိုင်ငံသား တွေနှင့် ဒေသတွင်း လူအခွင့်အရေး အဖွဲ့အစည်း တွေကိုဆိုလိုပါသည်။ ဒီလိုပြုလုပ် ခဲ့မူ့ကြောင့် လည်း တီဗက်လူမျိုးတွေရဲ့ အိုလံပစ် ဆန့်ကျင်ရေး လှုပ်ရှားမူ့ အောင်မြင်နေပါတယ်။ လုပ်ကြံ သတ်ဖြတ်ခြင်းခံခဲ့ ရ သော ပါကစ္စတန်ဝန်ကြီးချူပ် ဟောင်း မစ်စ် ဘူတိုလိုခေါင်းဆောင်မျိုးနှင့် သူမပါတီရဲ့ခေါင်းဆောင်တွေလို မြန်မာပြည်တွင်း ၌ လုထုကိုဦးဆောင်ပြီး တိုက်ပွဲဝင်မည့်၊ လူထုတိုက်ပွဲဖော်ဆောင်မည့်ခေါင်းဆောင် ကောင်းများလိုပါသည်။

ပါကစ္စတန်မှာ အတိုက်အခံ နိုင်ငံရေးခေါင်းဆောင်တွေဟာ ပြည်သူတွေကိုဦးဆောင်ပြီး တိုက်ပွဲဝင်ခဲ့လို့ ပြောင်းလဲမူ့တခုကိုခံစားနေ ကြရပါပြီ။ န၀တစစ်အစိုးရက တဖက်သက် ရေးဆွဲထားတဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေရဲ့ ဆန္ဒခံယူပွဲ ရလာဒ် ကျေညာမဲ့ရက်မှာ လူထုတိုက်ပွဲ ကို ပြည်တွင်းပြည်ပမှာ အတိုက်အခံ နိုင်ငံရေး ခေါင်းဆောင်တွေကဦးဆောင်ပြီး တနေ့တည်းတချိန်တည်း ဖော်ဆောင်ဖို့၊ အသင့်ပြင်ကြပါလို့ တိုက်တွန်းယင်း၊..............တိုက်ရဲသူ၊အောင်ပွဲခံရမည်။

မိုးသီးဇွန်

0 comments: