စင်္ကာပူနိုင်ငံရှိ လမ်းပြကြယ်စာကြည့်တိုက်မှ မြန်မာလေဘေးဒုက္ခသည်များအတွက် အလှုငွေ ၄၁၅ သိန်းနှင့် ကုန်ပစ္စည်း ၆တန်ကို နာရေးကူညီမှုအသင်းကြီး မှတဆင့်လှုဒါန်းခဲ့ပြီး ကုန်ကစ္စည်းလက်ကျန် (၇) တန်ကို လေယာဉ်ခရီးစဉ်ဖြင့် ဆက်လက်ပို့ဆောင်မည်ဟု သိရသည်။
ပြည်ပရောက် မျိုးချစ်မြန်မာများ အဖွဲ့မှလည်း ယနေ့ထိ ကောက်ခံရရှိငွေ ဒေါ်လာ တစ်သိန်းနှစ်သောင်းကျော် လက်ခံရရှိပြီး ခြောင်သောင်းကျော်ကို မြန်မာပြည်ရှိ လေဘေးဒုက္ခသည်များအား လှုဒါန်းပြီးဖြစ်သည်။ နာရေးကူညီမှုအသင်းကြီးတွင်လည်း ဒေါ်လာတစ်သောင်းကျော်တန်ဘိုးရှိ ဆန်အိတ် ငါးရာ လှုဒါန်းခဲ့သည်။ အလှုငွေကောက်ခံသောလုပ်ငန်းကို လာမည့် မေလ(၁၉)ရက်နေ့အထိ နောက်ဆုံးထားကောက်ခံမည်ဖြစ်ပြီး ကျန်ရှိနေသော အလှုငွေများကို ကယ်ဆယ်ရေးအဖွဲ့များ အလွယ်တကူ မဝင်ရောက်နိုင်သော လမ်းပမ်းဆက်သွယ်ရေးခက်ခဲသော နေရာများကို ရွေးချယ်လှုဒါန်းသွားမည်ဟု မျိုးချစ်မြန်မာအဖွဲ့ လူငယ်တစ်ဦး၏ အဆိုအရ သိရသည်။
လမ်းပြကြယ်စာကြည့်တိုက်နှင့်ပတ်သက်၍ "နောက်ထပ် ကုန်ချိန်(၇)တန်လောက်ရှိဦးမယ် အခုငှားထားတဲ့ သိုလှောင်ရုံက အရမ်းပြည့်နေတယ် အဲဒါတွေကို အရင်ရှင်းလိုက်မယ် အဝတ်အစားအလှုခံတာတွေကိုတော့ ခဏရပ်ထားမယ် လက်ထဲမှာရှိနေသေးတဲ့ (၇)တန်ကို အရင်မြန်မာပြည်ကိုပို့ပြီးရင် လမ်းပြကြယ်ကနေ ပစ္စည်းတွေပြန်လက်ခံပါပြီဆိုတာကို ကြေညာမယ် အဲဒီအချိန်ဆိုရင် လာပို့လို့ရပြီ" နာရေးအသင်းကြီး ဆက်လက် အကူအညီပေးသွားနိုင်ဖို့ အလှုငွေတော့ လမ်းပြကြယ်အနေနဲ့ ဆက်လက်လက်ခံပေးဦးမယ်"
"လမ်းပြကြယ်မှာ အခုအမြဲတမ်းပါဝင်ကူညီနေသူတွေ လူဦးရေ ၂၅ ယောက်လောက်ရှိတယ် အလုပ်လုပ်နေသူရော ကျောင်းသားတွေရောပါတယ်" "လော်ရီကားတွေကလဲ လေး၊ ငါး၊ ခြောက်စီးလောက်ရှိတယ် ကားတွေကတော့ ဖုန်းနံပါတ်တွေပေးထားတယ် အကူအညီလိုတဲ့အချိန်မှာ ဖုန်းဆက်လိုက်ရင်လာပြီး ကူညီတာပဲ"
"ကိုယ့်ချွေးနဲစာထဲကနေလာလှုကြတဲ့သူတွေရဲ့ စေတနာကို အရမ်းလေးစားပါတယ် နာရေးကူညီမှုအသင်းကြီးကလဲ တစ်ဘက်မှာ အပင်ပမ်းခံပြီးလုပ်ပေးနေတယ်ဗျာ နောက်တစ်ခုက အစ္စရေးနိုင်ငံမှာရှိတဲ့ မြန်မာ လူဦးရေ ခုနှစ်ရာလောက်ကနေ နာရေးကူညီမှုအသင်းကြီးကို သိန်းငါးဆယ်လှုပေးပါဆိုလို့ လူပေးလိုက်သေးတယ်" ပုံမှန်အားဖြင့် လမ်းပြကြယ်စာကြည့်တိုက်အနေနဲ့ တနေ့ကောက်ခံရရှိတဲ့ငွေကို တနေ့ချင်းလွှဲပြောင်းပေးတဲ့အခါကျတော့ နာရေးအသင်းကြီးအနေနဲ့ စီမံခန့်ခွဲရတာလွယ်ကူသလို အလှုရှင်တွေကိုယ်၌ကလည်း ကိုယ်လှုလိုက်တဲ့ ပိုက်ဆံ ဒုက္ခသည်တွေဆီကို ချက်ချင်းရောက်သွားတယ်ဆိုတာ ချက်ချင်းသိနိုင်တယ်လေ" ဟု လမ်းပြကြယ်မှ ကိုစိုင်း
16-05-2008
ကပြောပြပါသည်။
ပင်နီဇူလပလာဇာရှိ တာဝန်ရှိသူများမှလည်း အလှုခံပစ္စည်းများ သိမ်းစည်းနိုင်ရန် လမ်းပြကြယ် စာကြည့်တိုက်အတွက် အသင့်အတင့် ကျယ်ဝန်းသည့် အခန်းတစ်ခန်း စီစဉ်ပေးထားကြောင်းသိရသည်။
စင်္ကာပူနိုင်ငံရှိ မြန်မာ့အရေးတက်ကြွသူများမှ နာဂစ်မုန်တိုင်းဒဏ်ကြောင့် သေဆုံးသွားသူများနှင့် ကျန်ရစ်သူမိသားစုများအား ရည်စူး၍ စင်္ကာပူနိုင်ငံသံရုံးရှေ့တွင် စနေနေ့ညနေ (၇)နာရီမှစတင်ပြီး ဖရောင်းတိုင်များထွန်းညှိကာ ဆုတောင်းမေတ္တာပို့သကြမည်ဟု သိရသည်။
လူသားချင်း စာနာထောက်ထားပြီး ကြားဝင် ဆောင်ရွက်မှုများ အမြန်ဆုံး ဆောင်ရွက်ပေးရန် စင်္ကာပူနိုင်ငံရှိ မြန်မာနှစ်ထောင်ခန့်မှ လက်မှတ်များရေးထိုးပြီး အမေရိကန်၊ဗြိတိန်နှင့် ပြင်သစ်နိုင်ငံ သံအမတ်ကြီးများသို့ ပေးအပ်ပြီးဖြစ်သည်။ ၄င်းလက်မှတ်များကို ကုလသမဂ္ဂ နှင့် တခြားနိုင်ငံများသို့လည်း အလားတူ
ပေးပို့ပြီးကြောင်းသိရှိရပါသည်။
Friday, May 16, 2008
ဖြူစင်သောအလှုငွေ၊ မွန်မြတ်သောစိတ်ထားနှင့် နာရေးကူညီမှုအသင်းကြီး
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment