06-05-2008
စာရေးသူ စင်ကာပူ ၂၇-၀၂-၂၀၀၇ ရောက်ခဲ့ စဉ်က ဆရာတော်ကြီး၏ သြ၀ါဒ ကို အခုလိုမှတ်သားမိပါသည်။ အခုတော့ကပ်ကြီးသုံးဟာတကယ်ရောက်ရှိ ပြီ
မြန်မာနိုင်ငံသူ နိုင်ငံသားအားလုံဟာ ကပ်ကြီးသုံးပါးကိုခံစားနေ ကြရပြီ။
၂၇-၀၃-၂၀၀၈ နေ့တွင်ကျင်းပပြုလုပ်ခဲ့တဲ့ တော်လှန်ရေးနေ့အခမ်းအနားမှာ နအဖ စစ်တပ်ခေါင်းဆောင်က………..တပ်မတော်ဟာ အာဏာကို မက်မော်ခြင်းမရှိဘဲ မိမိတာဝန်ယူရတဲ့အခိုက်မှာ နိုင်ငံတော်ဖွံ့ဖြိုးတိုးတက်အောင်၊ တာဝန်လစ်ဟင်းခြင်းမရှိအောင် မနားမနေ အပင်ပန်းခံပြီး ကြိုးပမ်းထမ်းဆောင်နေခဲ့တာဖြစ်တယ်…… ဟု ပြောသွားကြောင်းသိရပါတယ်။
သို့ရာတွင် ပီနန်ဆရာတော်ကမူကား စစ်အစိုးရအဆက်ဆက်တို့၏ ဖိနှိပ်အုပ်ချုပ်မူများကြောင့် မြန်မာပြည်သူတို့ ဆင်းရဲမွဲတေ နေကြပြီး ယခုအခါ မြန်မာနိုင်ငံတွင် ကပ်ကြီးသုံးပါး ဆိုက်ရောက်နေပြီးဖြစ်သည်ဟု အမိန့်ရှိပါတယ်။
(၁) ဒုဗ္ဘိက္ခန္တရကပ်ဆိုတာ အစိုးရလုပ်တဲ့စီးပွားရေးစီမံကိန်းညံ့ဖျင်းမူကြောင့် ပြည်သူများ စားဝတ်နေရေးစသည်တို့ မပြည့် မစုံ မလုံမလောက် နေ့စဉ်ကြုံနေရတာ။
(၂ ) ရောဂန္တရကပ်တိုတာ ဆေးဝါးတွေ မပြည့် မစုံဖြစ်ပြီး ကျန်းမာရေး ကာကွယ်စောင့်ရှောက်မှူစနစ် ပျက်သုဉ်းတာကြောင့် ရောဂါသစ်များ ဖြစ်ပွားပြီး ရောဂါဟောင်းများ မကုသနိုင်တာ။
(၃) သတ္ထန္တရကပ်ဆိုတာ တန်ခိုးအာဏာ တံစိုးလက်ဆောင်များနှင့် ဖြားယောင်းပြီး သံဃာတော်အချင်းချင်း၊ ပြည်သူအချင်းချင်း အိမ်ကြက်ချင်း အိုးမည်းသုတ်၍ သွေးထိုးရန်တိုက်ပေးတာ။
အဲဒီကပ်သုံးပါဟာ(၁၉၆၂)ခုနှစ် ကစပြီး(၄၅)နှစ်တာ ကာလပတ်လုံး မြန်မာပြည်မှာ ဖြစ်ပေါ်ခံစားနေရတယ်။
စာမျက်နှာ(ဂ)မှကောက်နှုတ်ချက်
Lankaမြေ
Tuesday, May 6, 2008
နအဖရဲ့ ယုံတမ်းစကား
Posted by koyinaw at 4:13 AM
Labels: news. photo
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment