ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Sunday, May 18, 2008

လေဘေးဒုက္ခသည်တွေဆီ အမှန်တကယ်ရောက်ရှိဖို့ အကူအညီများအမြန်ဆုံးလိုအပ်နေ

19-05-2008

လေဘေးဒဏ်ခံခဲ့ရသော လှိုင်သာယာမြို့ဘက် တွံတေးတံတားအနီးမှ ကွမ်းခြံကုန်း၊ ကော့မှူး၊ ဒေးဒရဲအစရှိသော လမ်းတစ်လျှောက်ရှိ မြို့၊ ရွာများ၏ လမ်းမထက်တွင် ဒုက္ခသည် သုံးသောင်းနီးပါး ရှိသည်။

နိုင်ငံတကာမှ လှူဒါန်းထားသည် ဆိုသော အရာများမှာလည်း လုံးဝမတွေ့ရှိရပါ။ ရွက်ဖျဉ်တဲများကို လမ်းတလျှောက်တွင် အနည်းငယ်သာတွေ့ရှိရပြီး မုန်တိုင်းဒဏ်ခံစားနေရသော တချို့ သက်ကြီး ရွယ်အိုများပင် လမ်းမဘေးတွင်ပင် အိပ်ရရှာသည်ကို တွေ့ရပါသည်။

ဆေးဝါးများလည်း မရရှိပါ။ သောက်ရေသန့်ဘူးများကိုလည်း လုံးဝချထားပေးခြင်းမရှိပါ။ ထို့အတွက်ကြောင့် ၀မ်းပျက်၊ ၀မ်းလျှောရောဂါများ မကြာမီ ပိုမိုဖြစ်ပွား လာနိုင်ပြီး အနံ့အသက်များမှာလည်း လွန်စွာ ဆိုးရွားစွာ ခံစားနေရပါသည်။

ပုဂလိက စေတနာရှင်များက လှူဒါန်းသော်လည်း ဘဲအုပ်က တစ်ရာနှစ်ရာ မဗေဒါက တစ်ပင်တည်းဆိုသကဲ့သို့ ဖြစ်နေရပါသည်။

လေမုန်တိုင်းဒဏ်ခံရရှာသော ကွမ်းခြံကုန်းမှ အမယ်အိုတစ်ဦးရဲ့ ရင်ဖွင့်သံကတော့
သားရယ်… အမေတို့ဆီကို တာဝန်ရှိသူတွေ လှူတယ်ဆိုတာ တစ်ခါမှလည်း မရှိပါဘူး၊ ရလည်း မရပါဘူး၊ တချို့ရက်တွေကဆိုရင် ဟောဒီလမ်းဘေးမှာဘဲ အဖီထိုးပြီး နေရတယ်၊ ခုတော့ အဘွားတို့ကို လူငယ်တစ်စုက ဘုန်းကြီးကျောင်းမှာ နေရာချထားပေးပါတယ်။

0 comments: