ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Friday, May 2, 2008

ယုဇနပလာဇာရှေ့မှ ဆန္ဒခံယူပွဲဝါဒဖြန့် ဆိုင်းဘုတ်

2-05-2008

ရန်ကုန်မြိုတွင် စစ်အစိုးရက ဆန္ဒခံယူပွဲအတွက် လက်ကမ်းစာစောင်များလိုက်လံဝေနေပြီး လူစည်ကားရာနေရာများနှင့် အခြေခံပညာ အထက်တန်း ကျောင်းများတွင် ဆန္ဒခံယူပွဲအတွက် လှုံ့ဆော်ရေးပိုစတာများစိုက်ထူထားပြီး ဆန္ဒခံယူပွဲပြုလုပ်ရန် လျာထားသောကျောင်းများတွင် စစ်သားများလုံခြုံရေး ချထားလိုက်ပါပြီ။ ၂၀၀၈ ခုနှစ်၊ မေလ ၂ ရက်နေ့မှ စတင်၍ ရန်ကုန်မြို့၊ လှိုင်မြို့နယ်အတွင်းရှိ Fresher, A-21, Spider, Madonna , Rose City, အစရှိသော အလှပြင်ဆိုင်နှင့် အနှိပ်ခန်းများ အားလုံးရှိ ပိုင်ရှင်နှင့် ၀န်ထမ်းများ အားလုံးကို ကြိုတင်ထောက်ခံမဲများ ထည့်ရမည်ဟု သက်ဆိုင်ရာ ရဲတပ်ဖွဲ့အကြီးအကဲမှ ညွှန်ကြားထားကြောင်း သိရှိရပါသည်။ ၎င်းရဲတပ်ဖွဲ့အကြီးအကဲမှ ဤမြို့နယ်အတွင်းရှိ အနှိပ်ခန်းများမှ ထောက်ခံမဲများ အပြည့်အ၀ရလျှင် ၎င်းလည်း ရာထူးတက်မည်။ ၎င်းရာထူးတက်လျှင် ဤဆိုင်များကိုလည်း စောင့်ရှောက်နိုင်မည်ဟု ပြောကြောင်း၊ ဆိုင်ပိုင်ရှင်များမှလည်း နင်တို့ ဒီအလုပ်မှာ မြဲချင်ရင် ထောက်ခံမဲပေးကြဖို့ အကျပ်ကိုင် အမိန့်ပေးနေကြောင်း သိရှိရပါသည်။

ဆန္ဒခံယူပွဲကို ပြည်သူအများစုကတော့ no ပဲလို့ ပြောနေကြပါတယ်။ ဒါပေမယ့် သူတို့စိတ်ထဲမှာ ပူပန်နေတာ တစ်ခုတော့ ရှိနေတယ်။ No(X)လိုက်လို့မယ်ဆိုရင် စစ်အစိုးရက ဘာများလုပ်မလဲလို့ ပူပန်နေကြပါသည်။ စစ်အစိုးရက လက်နက်အားကိုးနဲ့ လူစိတ်ရှိတဲ့ကောင်တွေ မဟုတ်ဘူး။ အသိဥာဏ်မရှိတဲ့အကောင်တွေဆိုတော့ စိုးရိမ်နေကြတယ်။ ဒါပေမယ့် ရန်ကုန်တိုင်း ဆန္ဒခံယူပွဲကော်မရှင်က လူကြီးတစ်ယောက် ကတော့ "ကျနော်က မလွဲရှောင်သာလို့သာ လုပ်နေတာပါ။ ကျွန်တော့်ကို ဘာပေးရမလဲလို့ လာမေးရင်တော့ အားလုံးကိုပြောမှာပဲ ခင်ဗျားတို့က ဘာလို့လဲလို့ မေးရင် ရှင်းရှင်းလေးပါပဲ”ဟု ပြောကြားသည်။

ပြည်သူတွေ စိုးရိမ်နေကြသည့် ကိစ္စနဲ့ပတ်သက်လို့ ရန်ကုန်အရှေ့ပိုင်းခရိုင်မျိုးဆက်သစ် ကျောင်းသားများကလည်း ဆနခံယူပွဲနဲ့ပတ်သက်တဲ့ စိုးရိမ်မူတွေ မရှိဖို့ No လုပ်ရင် စစ်အစိုးရက ဖမ်းမည်ဆိုသည်မှာ စစ်အစိုးရက သတင်းလွှင့်ခြင်းသာဖြစ်ကြောင်းကို နီးစပ်ရာပြည်သူလူထုသို့ ပြောဆိုဆွေးနွေးမူများ ပြုလုပ်ပေးလျက် ရှိပါသည်။

0 comments: