ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Friday, May 9, 2008

နိုင်ငံတကာကူညီထောက်ပံ့မှုအရေးပေါ်လိုအပ်၊ ဆန္ဒခံယူပွဲဆိုင်းငံ့ရန်ထားသင့်

09-05-2008

ဘိုကလေးတွင် ခရီးသွားကားများထံမှ အစားအစာတောင်းခံနေသည့် ကလေးငယ်များ
(Photo: AFP)
စစ်အစိုးရ၏ ဖွဲ့စည်းပုံအခြေခံဥပဒေအတည်ပြုရေး ဆန္ဒခံယူပွဲအား ဆက်လက်ကျင်းပ နေမည့်အစား အရေးပေါ်လိုအပ် နေသည့် နိုင်ငံတကာအကူအညီများကိုလက်ခံလိုက်ခြင်းသည် နာဂစ် ဆိုင်ကလုန်းမုန်တိုင်းကြောင့် သိန်းချီကာဘေးဒုက္ခ ရောက်နေကြသူများ၏ အသက်အိုးအိမ်များကို ကယ်ဆယ်ရာရောက်သည်ဟု ပြည်တွင်းပြည်ပအဖွဲ့အစည်းများက ပြောဆိုကြသည်။

မြန်မာစစ်အစိုးရ အနေဖြင့် မနက်ဖန်ပြုလုပ်မည့် ဆန္ဒခံယူပွဲကို ဆိုင်းငံ့ထားရန်နှင့် နိုင်ငံတကာကယ်ဆယ်ရေး အဖွဲ့များအား ပိတ်ဆို့မှုများဆက်လက်မပြုလုပ်ရန် လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ယနေ့သတင်းထုတ်ပြန်သည်။

0 comments: