ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Saturday, May 3, 2008

ရဲရဲ ယုံသည်

3-05-2008
လာမဲ့ မေလ (၁၀) ရက်နေ့တွင် ကျင်းပမယ့် န အ ဖ-စစ်အာဏာရှင်တွေရဲ့ “ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံ ဥပဒေမူကြမ်း ဆန္ဒခံယူပွဲကား နီးသထက် နီးလာပေပြီ..။ ပြည်သူတွေကြားမှာလဲ အချို့မှာ ပြတ်သားတဲ့ အမြင်ရှိကြသလို အချို့လဲ တွေဝေနေဟန်တွေ့ရပါတယ်။ ဒါ့ကြောင့် အခြေခံဥပဒေအကြောင်းကို အများ ကြီး မပြောတော့ပဲ ဥပဒေမူကြမ်းနှစ်ခုမှ လိုရင်းတခုစီကို ထုတ်နှုတ်တင်ပြပါ့မယ်.. အထူးသဖြင့် “နိုင်ငံတော်” ဆိုတဲ့ စကားလုံး အဓိပ္ပါယ်ဖွင့်ဆိုချက်ကို န အ ဖ-အလိုကျ ဖွဲ့စည်း အုပ်ချုပ်ပုံ အခြေခံဥပဒေမူကြမ်းမှာ ဒီလိုဆိုထားပါတယ်..

“၄၇။ ဤအခန်းပါအခြေခံမူများနှင့် အခန်း (၈)၊ နိုင်ငံသား၊ နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့်တာဝန်များ အခန်းတွင် ပါရှိသော “နိုင်ငံတော်” ဆိုသည်မှာ ရှေ့နောက် စကားရပ်တို့၏ အဓိပ္ပာယ်ကိုထောက်၍ ဤ ဖွဲ့စည်းပုံအခြေခံဥပဒေအရ ဥပဒေပြုမှုအခွင့်အာဏာကိုသော်လည်းကောင်း၊ အုပ်ချုပ်မှုအခွင့်အာဏာကို သော်လည်းကောင်း ကျင့်သုံးသောအဖွဲ့အစည်း သို့မဟုတ် ပုဂ္ဂိုလ်ကို ဆိုလိုသည်။” (နှာ-၁၂)

အထက်ပါ ဥပဒေ ပုဒ်မ ၄၇-အရ “နိုင်ငံတော်” ဆိုတာ အာဏာရအဖွဲ့ (အစိုးရ) ဒါမှမဟုတ် လူပုဂ္ဂိုလ်ကို ဆိုလိုကြောင်း ထင်ရှားလှပါတယ်။ ကနေ့ န အ ဖ-ပြောပြောနေတဲ့ နိုင်ငံတော် ဆိုတာ “နိုင်ငံတော် အေးချမ်း သာယာရေး”“ပြည်သူတွေ အေးချမ်းသာယာရေး မဟုတ်” ကြောင်း သိသာပါတယ်။ အဲဒီအချက်ကို သူတို့ရဲ့ လုပ်ရပ်တွေက သက်သေခံလျှက်ရှိတယ်-ဆိုတာ ပြည်သူတွေ ပိုမို သဘောပေါက်ကြတယ်-လို့ ယုံကြည်ပါတယ်။
တခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ရဲ့ ဖွဲ့စည်းပုံအခြေခံဥပဒေမူကြမ်း (၁၉၉၀) မှာတော့..

“ပုဒ်မ ၅။ ။ ဤအခန်းနှင့် အခန်း (၃)၊ အခန်း (၄) တို့တွင် “နိုင်ငံတော်” ဟူသောစကား၏ ဆိုလိုရင်း မှာ ရှေ့နောက်စကားတို့၏ အဓိပ္ပါယ်ကိုထောက်ဆ၍ ပြည်ထောင်စုနိုင်ငံ၏ သို့တည်းမဟုတ် သက်ဆိုင်ရာ ပြည်ထောင်စုအဖွဲ့ဝင်၏ အုပ်ချုပ်မှု အခွင့်အာဏာကိုသော်၎င်း၊ ဥပဒေပြုမှု အာဏာကိုသော်၎င်း ဆိုလို သည်။” (နှာ-၆)

လို့ အတိအလင်း ဖော်ပြထားတဲ့အတွက် “နိုင်ငံတော်” ဆိုတာ အဖွဲ့အစည်းတခု၊ လူပုဂ္ဂိုလ်တဦးတယောက် ကို မရည်ညွှန်းပဲ “ဥပဒေ” ကိုသာ ရည်ညွှန်းကြောင်း ဒါမှမဟုတ် ပြည်သူလူထုက တရားဝင် ဥပဒေနဲ့ တင် မြှောက်ပေးထားတဲ့ အစိုးရမျိုးကိုသာ ရည်ညွှန်းကြောင်း သိသာထင်ရှားလှပါတယ်။

အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်ရဲ့ ဥပဒေအရ “No one is above the law.” “ဥပဒေအထက်မှာ ဘယ်သူမှ မရှိ” ဆိုတဲ့ သဘောကို ဆောင်ပါတယ်။ န အ ဖ-ရဲ့ ဥပဒေမူကြမ်းအရကတော့ “No (Number) one is above the law.” “နံပါတ်တစ်ကြီးဟာ ဥပဒေရဲ့ အထက်မှာ ရှိသည်” လို့ ဆိုထားကြောင်း အထူး ရှင်းပြဖို့ လိုမယ်မထင်ပါဘူး။

ဒါ့ကြောင့်မို့ မြန်မာပြည်သူတွေအနေနဲ့ ကိုယ့်ကြမ္မာကို ကိုယ်တိုင်ဖန်တီးနိုင်ဖို့၊ န အ ဖ-စစ်အာဏာ ရှင်တို့ ရဲ့ စစ်ဖိနပ်အောက်က လွတ်မြောက်ဖို့ ဆန္ဒခံယူပွဲကို ပြတ်သားစွာ ဆန့်ကျင်မဲပေးကြဖို့ တိုက်တွန်းပါ ကြောင်းနဲ့ ဆန့်ကျင်မဲပေးကြမယ်-လို့ ရဲရဲယုံကြည်ပါကြောင်း…

နီသွေး
MSMA

0 comments: