ဘင်္ဂလား ပင်လယ်အော်အတွင်း ဖြစ်ပေါ်နေသော အားကောင်းသော ဆိုင်ကလုံး မုန်တိုင်းကြီးသည် မြန်မာနိုင်ငံတွင်းသို့ ဖြတ်သန်း ဝင်ရောက်မှာ ဖြစ်သည်။
မုန်တိုင်းသည် ပုသိမ်မြို့ အနောက်တောင်ဖက်ယွန်းယွန်း မိုင် ၄၈ဝ ခန့်အကွာ ပင်လယ်ပြင်ကို ဗဟိုပြု ဖြစ်ထွန်းနေပြီး နောက် ၁၂ နာရီအတွင်း အရှေ့မြောက်စူးစူးသို့ ဆက်လက်ရွှေ့လျားမည်ဟု မိုးလေဝသနှင့် ဇလဗေဒဌာနက ခန့်မှန်းထားသည်။
မုန်တိုင်းကြောင့် ဧရာဝတီတိုင်း၊ ရန်ကုန်တိုင်း၊ ပဲခူးတိုင်း၊ ရခိုင်ပြည်နယ်၊ မွန်ပြည်နယ်၊ ကရင်ပြည်နယ်၊ ကယားပြည်နယ်တို့တွင် နေရာအနှံ့အပြား မိုးရွာမှာဖြစ်ပြီး တင်္နသာရီတိုင်းနှင့် ရှမ်းပြည်နယ်တို့တွင် နေရာကျဲကျဲမှ နေရာစိပ်စိပ် မိုးရွာမည် ဖြစ်သည်။
မြန်မာ့ ကမ်းရိုးတန်းတလျောက်နှင့် ကမ်းလွန်ပင်လယ်ပြင်တို့တွင် တခါတရံ မိုးသက်လေပြင်း ကျရောက်ပြီး လှိုင်းကြီးနိုင်သည်။
မိုးသက်လေပြင်း ကျစဉ် ရေပြင် မြေပြင်လေသည် တနာရီ မိုင် ၄ဝ မှ ၄၅ မိုင်အထိ တိုက်ခတ်နိုင်ပါသည်။
မြန်မာနိုင်ငံတွင်းသို့ ၀င်ရောက်မည့် ဆိုင်ကလုံး နာဂစ် ၊ ထိုမုန်တိုင်းသည် သောကြာနေ့ မွန်းလွဲမှသည် စနေနေ့ မွန်းလွဲပိုင်းအတွင်း ရန်ကုန်မြို့၏ အနောက်ဘက် သို့မဟုတ် အနောက်မြောက်ဘက်သို့ ၀င်ရောက်မည် ဖြစ်သည်။
Thursday, May 1, 2008
ဆိုင်ကလုံး မုန်တိုင်းကြီး မြန်မာပြည်တွင်း ဝင်ရောက်မည်
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment