ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Tuesday, June 10, 2008

ဧရာဝတီတိုင်းမှာ မိုးစပါးမစိုက်နိုင်တော့ နောက်တနှစ်ထိ ရိက္ခာထောက်ပံ့ရန်လို

10-06-2008
ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ပြောခွင့်ရပုဂ္ဂိုလ် Mr Paul Risley

ဧရာဝတီတိုင်းတွင် မုန်တိုင်းဒဏ်ကြောင့် ပျက်ကုန်သည့် လယ်များ၌ ယခုနှစ် မိုးစပါးစိုက်ပျိုးရန် မဖြစ်နိုင်တော့ သည့်အတွက် နောက်တနှစ်ထိ စားနပ်ရိက္ခာ အကူအညီ လိုမည်ဟု ကုလသမဂ္ဂအဖွဲ့က သတိပေးလိုက်သည်။

ဧရာဝတီတိုင်း စပါးစိုက်ဧက (၃) သန်းကျော်အနက် မုန်တိုင်းကြောင့် ဆိုးဆိုးရွားရွားပျက်စီးသည့် စပါးစိုက်ဧက (၅) သိန်းကျော်ရှိပြီး ယခုနှစ် မိုးစပါးအမီ စပါးစိုက်ရန် မဖြစ်နိုင်တော့ကြောင်း ကမ္ဘာ့စားနပ်ရိက္ခာအဖွဲ့ (FAO) က ပြောသည်။

ဧရာဝတီတိုင်းတွင် အနည်းဆုံး နောက်နှစ် နွေစပါးပေါ်သည်အထိ စားနပ်ရိက္ခာ အကူအညီ လိုမည် ဟု ကမ္ဘာ့စားနပ်ရိက္ခာအစီအစဉ် (WFP) ပြောခွင့်ရပုဂ္ဂိုလ် Paul Risley ကလည်း ပြောသည်။
ဧရာဝတီတိုင်းတွင် ယခုနှစ် မိုးစပါးရာသီ လွတ်မသွားအောင် စပါးအတန်အသင့် စိုက်နိုင်ရန် FAO အဖွဲ့က ကြိုးပမ်းကူညီပေးနေသည်။ သို့သော် လယ်သမားအများစုအတွက် ဆုံးရှုံးသွားသည့် ရိက္ခာပြန်လည် ဖြည့်တင်းနိုင်ရန် နောက်ထပ် အနည်းဆုံး (၆) လခန့် လိုဦးမည်ဟု Mr Risley က ပြောသည်။

ဇူလိုင်လကုန်အထိ စပါးပျိုးထောင်မှု ပြီးပြတ်အောင် မလုပ်နိုင်ပါက ဆန်အထွက် အကြီးအကျယ် ထိခိုက်ပြီး နောက်ဆုံး မြန်မာနိုင်ငံ၏ ဆန်ဖူလုံမှုပြဿနာကိုပါ တဖြည်းဖြည်း ထိခိုက်စေမှာ ဖြစ်သည် ဟု ဘန်ကောက်အခြေစိုက် FAO ဒေသဆိုင်ရာ ဒုတိယဌာနေကိုယ်စားလှယ် Hiroyuki Konuma က သတိပေးထားသည်။ မုန်တိုင်းကြောင့် လယ်ယာမြေ အထိအခိုက်နည်းသည့် လယ်သမားများမှာ လည်း လယ်လုပ်ကိရိယာများ ဆုံးရှုံးသွားသည့်အတွက် အခက်အခဲဖြစ်နေသည်ဟု Mr Konuma က ဆက်ပြောသည်။

ယခုနှစ် မိုးစပါးစိုက်နိုင်သည့် လယ်သမားများမှာ ထိုစပါးပေါ်မည့် နောက် (၆) လလုံးလုံး စားစရာ မရှိဖြစ်နေကဲ့သို့ ယခုနှစ် မိုးစပါး မစိုက်လိုက်ရသည့် လယ်သမားများမှာလည်း နောက်နှစ်ထိ စပါး မရှိဖြစ်နေမည်ဟု WFP ပြောခွင့်ရပုဂ္ဂိုလ် Paul Risley က ထောက်ပြသည်။

0 comments: