ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Wednesday, June 25, 2008

နာဂစ်ဒဏ်ခံရသည့် ဘောလုံးကွင်းများပြန်ပြင်ရန် ဖီဖာက ဒေါ်လာ (၁) သိန်းကူညီမည်

25-06-2008
နာဂစ်မုန်တိုင်းဒဏ်ခံရပြီး ပျက်စီးသွားသည့် ဘောလုံးကွင်းများနှင့် အဆောက်အအုံများကို ပြုပြင်ရန် ကမ္ဘာ့ဘောလုံးအဖွဲ့ချုပ် (ဖီဖာ) က မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ (၁) သိန်း အကူအညီပေးသွားမည်ဟု ဖီဖာတာဝန်ရှိသူတဦးက ပြောသည်။

ဖီဖာမှ ဖွံ့ဖြိုးရေးအရာရှိ မစ္စတာ ၀င်ဆာပေါလ်ဂျွန်က “ဆိုင်ကလုန်းကြောင့် ပျက်စီးခဲ့ရတဲ့ ဘောလုံး ကွင်းတွေနဲ့ ဆက်စပ်နေတဲ့ အဆောက်အအုံတွေကို ပြန်လည်ပြုပြင်တည်ဆောက်ဖို့ ဖီဖာက အမေရိကန်ဒေါ်လာ (၁) သိန်း အကူအညီပေးမှာ ဖြစ်ပါတယ်။ မြန်မာဘောလုံးအဖွဲ့ချုပ်ဆီက အပျက်အစီးနဲ့ ပတ်သက်တဲ့ အစီရင်ခံစာ ကျနော်တို့ ရရှိထားပါတယ်။ ရန်ကုန်မှာရှိတဲ့ ဘောလုံး လေ့ကျင့်ရေးကွင်း၊ အဆောက်အအုံနဲ့ အားကစားပစ္စည်းတွေ ရေလျှံပြီး ပျက်စီးဆုံးရှုံးမှုရှိပါတယ်။ ပျက်စီးမှုတွေ ဘယ်နေရာမှာ ရှိသလဲဆိုတာ ကျနော်တို့ သွားကြည့်မယ်။ ပြီးတော့ ဘယ်ဒေသက ဘယ်ကွင်းတွေမှာ အဓိက ပြင်ဆင်ဖို့လိုအပ်သလဲဆိုတာကြည့်ပြီး ပြုပြင်ဖို့ အစီအစဉ်တွေ လုပ်သွားမယ်” ဟု ခေတ်ပြိုင်သို့ ပြောသည်။

လာမည့် ဇူလိုင်လတွင် မြန်မာနိုင်ငံသို့ သွားရောက်၍ ဘောလုံးကွင်း အပျက်စီးများကို ကိုယ်တိုင် သွားရောက် ကြည့်ရှုလေ့လာမည်ဖြစ်ကြောင်း၊ အကူငွေ ဒေါ်လာ (၁) သိန်းကို မြန်မာဘောလုံး အဖွဲ့ချုပ်ကို တိုက်ရိုက်ပေးမည်မဟုတ်ဘဲ အပျက်စီးများပြင်ဆင်ရန် ကန်ထရိုက်ငှား၍ ကန်ထရိုက် ကို ပေးအပ်သွားမည်ဖြစ်ကြောင်း မစ္စတာ ၀င်ဆာပေါလ်ဂျွန်က ပြောသည်။

အလားတူ တောင်ကိုရီးယား ဘောလုံးအဖွဲ့ချုပ်ကလည်း လေဘေးဒဏ်ခံရသည့် ဘောလုံး ကွင်းများပြုပြင်ရန် မြန်မာဘောလုံးအဖွဲ့ချုပ်ကို အမေရိကန်ဒေါ်လာ (၃) သောင်း ကူညီထောက်ပံ့ မည်ဟုသိရသည်။

ဖီဖာက မြန်မာ့ဘောလုံး အဆင့်အတန်း တိုးတက်ရန် ဘောလုံးသမားများ နေထိုင်သည့် အဆောင်များ၊ လေ့ကျင့်ရေး ဘောလုံးကွင်း၊ ရုံးခန်းစသည့် အဆောက်အအုံများကို ဂိုးစီမံကိန်းများ ချမှတ်၍ ကူညီထားကြောင်း၊ မုန်တိုင်းကြောင့် ၎င်းတို့ဆောက်ပေးထားသည့် အဆောက်အအုံ အချို့ပျက်စီးခဲ့ကြောင်းနှင့် သုဝဏ္ဏရှိ မိုးလုံလေလုံ အားကစားကွင်း၌လည်း အမိုးများလန်ကာ ပျက်စီးမှုအချို့ရှိခဲ့ကြောင်း မြန်မာနိုင်ငံဘောလုံးအဖွဲ့ချုပ်ရုံးမှ ၀န်ထမ်းတဦးက ပြောသည်။

မေလဆန်းက တိုက်ခတ်ခဲ့သည့် နာဂစ်ဆိုင်ကလုန်းမုန်တိုင်းကြောင့် ရန်ကုန်နှင့် ဧရာဝတီတိုင်းတွင် လူနေအိမ်၊ ကျောင်း၊ ဆေးရုံနှင့် အားကစားကွင်းများအပါအ၀င် အခြေခံအဆောက်အအုံ အမြောက် အမြား ပျက်စီးဆုံးရှုံးခဲ့သည်။ ။

0 comments: