ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Sunday, June 22, 2008

လူမသိသေးသော မြန်မာနိုင်ငံတွင်း ရင်ဆိုင်နေရသော အခြားသဘာဝ ဘေးအန္တရာယ် တစ်ခု

22-06-2008

ကြွက်များကို ဆွဲဆောင်သော ဝါးပွင့် (သို့) ဝါးသီး

ဝါးပင်ပေါ်တွင် ယခုလို တွေ့ရ

ကြွက်များ ရွာများတွင် များပြားနေပုံ
ချင်းပြည်နယ် တောင်ပိုင်းရှိ ဝါးတောများတွင် ဒေသခံများ၏ ပြောပြချက်အရ အနှစ် ၅၀ လျှင် တခါအပွင့် ပွင့်၍ ထိုဝါးပွင့်များသည် ကြွက်များကို ဆွဲဆောင်သောကြောင့် ကြွက်အမြောက်အများက ထိုဝါးပွင့်များကို လာရောက် စားသောက်ကြသည်။ ၄င်းအပြင် ထိုကြွက်များသည် ဝါးပွင့်များသာမက ဒေသခံများ၏ တောင်ယာခင်းများကိုပါ ဝင်ရောက်ဖျက်ဆီး စားသောက်ကြသဖြင့် ဒေသခံ ချင်းလူမျိုးများ အစားအစာ အခက်အခဲ အလွန်ဖြစ်နေကြသည်။ အချို့ရွာများတွင် စားနပ်ရိက္ခာများ ပြတ်နေကြသည်။

လမ်းပန်းဆက်သွယ်ရေး ခက်ခဲသဖြင့် အခြားဒေသများမှ အစား ရိက္ခာများ အလွယ်အတကူ မရနိုင်ခြင်း၊ ဝယ်ယူစရာ ငွေကြေးအခက်အခဲ ရှိခြင်းတို့ကြောင့် ဒေသခံ တိုင်းရင်းသား ချင်းလူမျိုးများ စားသောက်စရာ အတော်ခက်ခဲနေကြပါသည်။

အာဏာပိုင် နအဖက ဘာမှ မလုပ်ပေး၊ ပြည်ပကူညီရေး အဖွဲ့ အစည်းများက သတင်း မသိသောကြောင့် အရေးပေါ် အခက်အခဲများကို ဖြေရှင်းနိုင်ခြင်းလုံးဝ မရှိသေးပါ။

ယခု နောက်ဆက်တွဲအဖြစ် ကြွက်များကြောင့် ကပ်ရောဂါ တမျိုးဖြစ်သည့် ပလိပ်ရောဂါ ဖြစ်နိုင်ချေများရှိလာပါသည်။ ဧရာဝတီတိုင်း မုန်တိုင်းဒုက္ခသည်များ အပြင် မြန်မာပြည်တွင်အခြား တိုင်းရင်းသားများလည်း သေးဘေးနှင့် ရင်ဆိုင်နေရသည့် အခြား သဘာဝ ဘေးဒုက္ခများ ရှိနေကြောင်း သတိထားမိရန် တင်ပြလိုက်ပါသည်။

အဆိုပါ ဒုက္ခရောက်နေသော ချင်း တိုင်းရင်းသားများကိုလည်း တတ်နိုင်သမျှ ကူညီနိုင်ရန် မိမိနှင့် နီးစပ်ရာ အခြား ချင်းလူမျိုးများကို မေးမြန်း ဆက်သွယ်ကူညီ ပေးကြပါရန် နှိုးဆော် အပ်ပါသည်။

လေးစားစွာဖြင့်
ကိုထိုက်

0 comments: