ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Monday, June 30, 2008

မြန်မာတပ်မတော်ရဲ့ လက်ချက်ကြောင့်ဒုက္ခပင်လယ်ဝေခဲ့ရသောကရင်တိုင်းရင်းသားများ

30-06-2008
မြန်မာစစ်တပ်က မီးရှို့ဖျက်စီးလိုက်သော ကရင်ကျေးရွာများ (ဓာတ်ပုံများ


ကရင်ပြည်နယ်အတွင်း မြန်မာတပ်မတော်၏ ထိုးစစ်ဆင်နွဲမှုကြောင့် အပြစ်မဲ့ ရွာသူ၊ရွာသားပေါင်းများစွာ သေကျေပျက်စီးရသလို အိုးမဲ့အိမ်မဲ့ရတဲ့ ပြည်သူအပေါင်းလည်း မနည်းလှပါ။ အချို့သော မြန်မာတပ်မတော်များသည် (အထူးအားဖြင့် ကရင်ပြည်နယ်တွင် ထိုးစစ်စင်နေသော တပ်မ -၄၄-၊ ၆၆၊ ၂၂ တို့သည် ) အင်မတန်ရက်စက်သော တပ်မတော်များဟုကရင်ပြည်သူများ နားလည်ထားကြပါသည်။

ထိုတပ်မများသည် ကရင်ပြည်နယ်တွင် အများဆုံး ထိုးစစ်စင်ကြပြီး ရက်စက်မှုသရဖူအပေါင်းလည်း ဆောင်းခဲ့ကြပါသည်။ ထိုတပ်များကိုကရင်ပြည်နယ်သားများက ကြင်နာသနားမှုကင်းမဲ့သူ၊ မေတ္တာတရားခေါင်းပါးသူ၊ မည့်သည့်ဘာသာမှ မယုံကြည်သူများလို့ ယူဆကြပါသည်။ ကရင်ပြည်နယ်သားအများစုတွင် မြန်မာတပ်မတော်များအတွက် မြန်မာရုပ်မြင်သံကြား၊ ရေဒီယိုတွေမှာ စစ်တပ်ကောင်းတဲ့အကြောင်း ဘယ်လိုပင်ထုတ်လွင့်ပါစေ သူတို့မယုံတာကတော့ အမှန်ပင်ရှိခဲ့ပါသည်။ပုံပြင်တော့ မဟုတ်ပါ။ (ကရုဏာတရား၊ ကိုယ်ချင်းစားတရားရှိတဲ့ တပ်မတော်သားများ
ဆိုရင်လည်း ကရင်ပြည်နယ်မှ အခြားတနေရာသို့ နေရာပြောင်းခံရမှာသေချာသည်)။ ဘာကြောင့်နည်း......








0 comments: