08-07-2008
ကျယ်ပြောလှတဲ့ ဟော့ဒီကမ္ဘာ
ဘ၀တွေက စုံလှတယ်၊
အ၀င်၊ အထွက်
အသွား၊ အပြန်
တွေ့ဆုံ၊ ခွဲခွါ….
ဘ၀ရဲ့ သဘာဝတွေက
အဲဒီလို ရိုးရှင်းလွန်းလှတယ်။
ဘ၀ရဲ့ ဒီလို အခြေအနေတွေကြားမှာ
လူသားဟာ သူ့သဘာဝနဲ့သူ စီးဆင်းလို့။
ဘယ်လောက်ထိ ပျော်ခဲ့ကြသလဲ၊
ဘယ်လောက်ထိ ရင်ဘတ်တွေ နီးခဲ့ကြသလဲ။
ဘ၀ရဲ့ ဘက်ပေါင်းစုံထဲက
ငါတို့ဟာ
ဘယ်ဘက်မှာ ရပ်တည်ခဲ့ကြသလဲ။
အမှန်တရား၊ အမှောက်တရား…
အောင်မြင်မှု၊ ရှုံးနိမ့်မှု…
ဒါတွေကို ဘယ်လို စံတွေနဲ့ တိုင်းတာခဲ့ကြဖူးသလဲ။
ဒီလို မေးခွန်းတွေ ထုတ်နေချိန်မှာ
သမိုင်းက သူ့အလုပ်သူ လုပ်သွားခဲ့တယ်။
(ငါတို့ကတော့ ကိုယ့်အတ္တ ကိုယ် ပွေ့ပိုက်လို့)
ငါတို့ သွေးထဲသားထဲမှာ
“မြန်မာ”ဆိုတဲ့ ၀ိညာဏ်ရှိနေသရွေ့
ငါတို့ အပြုံးတွေ ထပ်တူကျနေအုံးမယ်။
ငါတို့ ………
ရင်ခုန်သံတွေ အတက်အကျမှာ
စည်းချက်တွေ ညီနေအုံးမယ်။
သွားကြမယ်……….ငါတို့………
ဟိုး…….အဝေးကြီးထိ သွားကြမယ်။
ငါတို့လက်တွေ မဖြုတ်စတမ်း။
ငါတို့ ရင်ဘတ်တွေ မခွါစတမ်း။
ဒေသတွေ ဘယ်လောက်ခြားနားနေမလဲ။
ခြား…....စမ်း။
မိုင်တိုင်တွေ ဘယ်လောက် ဝေးနေမလဲ။
ဝေး…….စမ်း။
ခရီးတွေ ဘယ်လောက်ကြမ်းနေမလဲ။
ကြမ်း…..စမ်း။
နောက်မဆုတ်တမ်း…
သွားကြမယ်..
ဟိုး…..အဝေးကြီးထိ သွားကြမယ်။
ပန်းတိုင်အထိ လှမ်းကြမယ်။
သွားကြမယ်…လျှောက်ကြမယ်။
(နိုင်ငံနှင့်လူမျိုးအတွက် တတ်စွမ်းသမျှ အားထုတ်ပြီး တစ်နေရာသို့ ရွက်လွှင့်သွားမယ့် ခေါင်းဆောင် နောင်တော်ကြီးနှင့်တကွ ရင်ဘက်ချင်းနီးကြသူများအတွက် အမှတ်တရ ကောက်ခြစ်ထားတာပါ။)
လွင်ပြင်ရိုင်း
Tuesday, July 8, 2008
ရင်ဘက်ချင်းနီးကြသူများ
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment