ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Thursday, July 24, 2008

ထိုင်း၊ ကမ္ဘောဒီးယား ဘုရားကျောင်းအရေး နှင့် အမျိုးသားရေး စိတ်အကဲဆတ်မှု

24-07-2008
ဓါတ်ပုံ ၀ီကီပီဒီးယား

ပြဿနာ ဖြစ်ပွားနေသော ပရစ်ခ်ျ ဗီဟီယား ဘုရားကျောင်း

မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံ တခုဖြစ်သော ထိုင်းနိုင်ငံသည် ၄င်း၏နယ်စပ် ဆီဆာခက်ပြည်နယ် နှင့် ကပ်ရက် ကမ္ဘောဒီးယားနိုင်ငံ ပရစ်ခ်ျ ဗီဟီးယား ပြည်နယ်၊ အမြင့် မီတာ ၅၂၅ မီတာရှိ ဒဲန်ဂရပ်တောင်ပေါ် အကျယ်အ၀န်း မီတာ ၈၀၀ ရှိသော ပရစ်ခ်ျ ဗီဟီးယား ဘုရားကျောင်းအား ပြီးခဲ့သည့် ဂျူလိုင်လ (၈)ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီ (ယူနက်စကို)မှ ကမ္ဘာ့ပေါ်တွင် အဖိုးမဖြတ်နိုင်သော သမိုင်းဝင်နယ်မြေ အဖြစ်သတ်မှတ် လိုက်ရာမှ

ထိုင်းနိုင်ငံတွင်း အစိုးရအားဖိအားပေးလျှက် ထိုင်းပြည်သူနှင့် နိုင်ငံရေးသမားများ အမျိုးသားရေး စိတ်အကဲဆတ်မှုများ နေ့တဓူဝ ဆင့်ကဲဖြစ်ပွားလျှက် ရှိသည်ဟု သိရှိရသည်။

ယင်းဘုရားကျောင်း ပြဿနာမှာ ထိုင်းအမည်ရ ခိုရ် ဖရာ့် ဗီဟန် ဘုရားကျောင်းမှာ ၁၉၀၄ခုနှစ်က ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ (ပြင်သစ်ကိုလိုနီလက်အောက်ခံ ဘ၀က) နယ်ခြားမျဉ်းရေးဆွဲရာမှ ပြဿနာစတင်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှ ယုံကြည်ထားသည်မှာ ယင်းနယ်ခြားမျဉ်း မရေးဆွဲခင်က ပရစ် ဗီဟီးယား ဘုရားကျောင်းမှာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ပါဝင်သော်လည်း ၁၉၀၇ခုနှစ် ကမ္ဘောဒီးယား၏ ပြင်သစ်ကိုလိုနီမှာ နယ်ခြားမျဉ်းရေးဆွဲပြီးမှ ၄င်းနယ်မြေမပါဝင်ခဲ့၍ ယင်းပြဿနာ အထွတ်အထိပ်သို့ တက်ရောက် လာခြင်းဖြစ်သည်ဟု ထိုင်းပြည်သူများက ယုံကြည်ထားကြသည်။


ကျူးကျော်သူ ထိုင်းစစ်သားများ ၁၉၆၂ခုနှစ်က ဒဲန်ဂရပ်တောင်ပေါ်တွင် တွေ့မြင်ရစဉ်

ဓါတ်ပုံ ( ထိုင်းသတင်းစာ မန်နေဂျာ )

၁၉၅၄ခုနှစ် ကမ္ဘောဒီးယားနိုင်ငံမှ ပြင်သစ်ကိုလိုနီများ နိုင်ငံမှ ထွက်သွားချိန်မှာပင် ထိုင်းနိုင်ငံမှ ထိုဒေသသို့ ၀င်ရောက် သိမ်းပိုက်ခဲ့သဖြင့် ကမ္ဘောဒီယားအစိုးရမှ ၁၉၅၉ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တိုင်ကြားခဲ့ရာ ၁၉၆၂ခုနှစ် ဂျွန်လ (၁၅)ရက်တွင် အပြည်ပြည်ဆိုင်ရာ သည်ဟိဒ် တရားရုံးမှ နိုင်ငံတကာဆိုင်ရာ ဥပဒေ အပိုဒ်၉ နှင့် ၃ အရ ထိုဒေသမှာ ကမ္ဘောဒီးယားနိုင်ငံမှ ပိုင်ဆိုင်ကြောင်း မဲခွဲစနစ် (၇)မဲ (၅)မဲ ဖြင့် ဆုံးဖြတ်ကာ၊ ထို့အပြင် ထိုင်းနိုင်ငံမှ ယူဆောင်သွားသော ထိုဘုရားကျောင်း၏ အနုပညာလက်ရာများ၊ သမိုင်း အမွေအနှစ်ဆိုင်ရာ ပစ္စည်းများပါ ပြန်လည်အပ်နှံရန် ကမ္ဘာတရားရုံးမှ ဆုံးဖြတ်ခဲ့သည်။

၁၉၆၃ခုနှစ် ဇန္န၀ါရီလတွင် ထိုဘုရားကျောင်း ဧရိယာမှ ထိုင်းနိုင်ငံမှာ အပြီးသတ်ဆုတ်ခွာသွားပြီး ထိုအခမ်းအနားအား ထောင်သောင်းချီသော ကမ္ဘောဒီယားပြည်သူများ၊ ဘုန်းတော်ကြီးများ၊ မင်းသားကြီးသီဟာနူး စသောပုဂ္ဂိုလ်များ တက်ရောက် အသိအမှတ်ပြုခဲ့ကြသည်။

ထိုဘုရားကျောင်းမှာ ၆ရာစု နှစ်များဆီက ခမာအင်ပါယာ ကြီးစိုးစဉ်က ဟိန္ဒူဟန် လက်ရာနွယ်သော ဘုရားကျောင်း ဖြစ်သည်ဟု သိရှိရသည်။ ထိုကျောင်းတော်မှာ ဆူရာဗါမန် (၁){ ၁၀၀၂ မှ ၁၀၅၀ } နှင့် ဆူရဗါမန် (၂) { ၁၁၁၃ - ၁၁၅၀ } လက်ထက်က အင်ပါယာအောင်မြင်မှု အထိမ်းအမှတ်အဖြစ် စိတ်ဓါတ် ၀ိညာဉ်များဖြင့် တည်ဆောက်ခဲ့ပြီး တောင် - မြောက် ၀င်ရိုးစွန်း ထွက်ပေါက်ဖြစ်သည်ဟု ယူဆကာ အရှေ့တိုင်းရိုးရာ၏ ထွက်ရပ်ပေါက်နေရာ ဖြစ်သည်ဟု ခမာပြည်သူအများ ယုံကြည်ကြသည်။

ယခုနှစ် ဇူလိုင်(၂၀) ရက်နေ့က ထိုင်းအစိုးရမှ ပြုလုပ်သော အပါတ်စဉ် ရုပ်သံမိန့်ခွန်း အစီအစဉ်မှတဆင့် ပရစ်ခ်ျ ဗီဟီးယားဘုရားကျောင်းကို ကုလသမဂ္ဂဆိုင်ရာ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီက ယူနက်စကို သမိုင်းအမွေ စာရင်းဝင်ကျောင်းအဖြစ် ဆုံးဖြတ်နေခဲ့မှုကို တိုက်ခိုက်ဝေဖန် ပြောဆိုနေမှုများ ထိုင်းနိုင်ငံ အစိုးရနှင့် အတိုက်အခံကြား ဖြစ်ပွားနေရာမှ ထိုင်းပြည်တွင်းရေး ချွတ်ချုံကျနေမှု၊ ထိုင်းနှင့် ကမ္ဘောဒီးယား တင်းမာမှု အသစ်ဖြစ်ပွားစေလာကာ၊ လက်ရှိဝန်ကြီးချုပ် စမတ် ဆန်ဒရာဝတ် ခေါင်းဆောင်မှု အရည် အသွေးများအား ချိန်ထိုး၍ နိုင်ငံတကာ အသိုင်းဝိုင်းမှ ထောက်ပြစရာများ ဖြစ်လာခဲ့ကြကာ၊ ၀န်ကြီးချုပ်စမတ် ဘာလဲ? ဘယ်လဲ ? ပြည်သူများအနေဖြင့် မေးမြန်းစရာ မေးခွန်းသစ်များ နေ့စဉ်နှင့် အမျှ ဖြစ်ပေါ်လာနေခဲ့သည်။

သတင်း - ကာတွန်းသားငယ်

သတင်းကိုးကား ထိုင်းသတင်းစာများ

0 comments: