ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Wednesday, May 7, 2008

သန်း ၄၀ နီးပါး လှူလိုသူများ အဆင်သင့်ဖြစ်၊ စစ်အစိုးရ လက်မခံသေး

နေသွင်
ဗုဒ္ဓဟူးနေ့၊ မေလ 07 2008 17:30 - မြန်မာစံတော်ချိန်

ချင်းမိုင်။ ။ နာဂစ်မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရသော မြန်မာပြည်သူများကို အမေရိကန်ဒေါ်လာ သန်း (၄၀) နီးပါး ထောက်ပံ့ရန် နိုင်ငံပေါင်း (၂၀) ကျော်က အဆင့်သင့် ရှိနေကြသော်လည်း အများစုမှာ စစ်အစိုးရထံမှ တုံ့ပြန်ချက်ကို စောင့်နေကြသည်။

အခြား နိုင်ငံများဖြစ်သော အမေရိကန်၊ အီးယူ၊ သြစသြေလျ၊ ဆွီဒင်၊ ကနေဒါ၊ နော်ဝေး၊ တရုတ်နှင့် အင်ဒိုနီးရှားတို့ကလည်း အမေရိကန်ဒေါ်လာ သန်းချီ ထောက်ပံ့ရန် အဆင်သင့် ရှိနေသည်။

ယခုအချိန်အထိ အကူအညီပေးရန် ကြေညာထားသော နိုင်ငံများအနက် ဗြိတိန်နိုင်ငံမှ အကူအညီသည် အများဆုံးဖြစ်ပြီး အမေရိကန်ဒေါ်လာ (၁၀) သန်း ထောက်ပံ့သွားမည် ဖြစ်သည်။

အမေရိကန်နှင့် အီးယူ နိုင်ငံများသည် စစ်အစိုးရ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများကြောင့် မြန်မာပြည်ကို နှစ်အတန်ကြာ ကတည်းက ဆက်ဆံရေး ဖြတ်တောက်ထားသော နိုင်ငံများ ဖြစ်သည်။

အမေရိကန် ပြည်ထောင်စုက ဒေါ်လာ ၃ သန်း ထောက်ပံ့ရန် ရည်ရွယ်ထားပြီး အကူအညီကို လက်ခံရန်နှင့် အမေရိကန် ရေတပ်ကို ကယ်ဆယ်ရေး လုပ်ငန်းများတွင် ၀င်ရောက် လုပ်ဆောင်ခွင့် ပေးရန် အမေရိကန် သမတ ကိုယ်တိုင် စစ်အစိုးရ ခေါင်းဆောင်များထံ ယမန်နေ့က တောင်းဆိုထားသည်။

ပြင်သစ်အစိုးရကလည်း အမေရိကန်ဒေါ်လာ (၃)သိန်း ထောက်ပံ့ရန် ရည်ရွယ်ထားသော်လည်း စစ်အစိုးရက မှန်မှန်ကန်ကန် အသုံးမပြုမည်ကို စိုးရိမ်နေသည်။

ဂျာမဏီ။ စပိန်။ ဆွစ်ဇာလန်။ ထိုင်း။ ပြင်သစ်။ နယ်သာလန်။ ဂျပန်။ စင်ကာပူ။ ဂရိ။ ချက်ပြည်ထောင်စု။ ဒိန်းမတ်။ တောင်ကိုးရီးယား စသော နိုင်ငံများကလည်း လူသားချင်းစာနာသည့် အကူအညီအဖြစ် အမေရိကန်ဒေါ်လာ သိန်းပေါင်းများစွာ ထောက်ပံ့သွားမည်ဟု ကတိပြုကြသည်။

မဇ္ဈိမက စာရင်းပြုစုထားသော လောလောဆယ် ကိန်းဂဏန်းများအရ ကုလသမဂ္ဂ အပါအ၀င် နိုင်ငံတကာမှ မြန်မာနိုင်ငံသို့ အကူအညီပေးရန် ရည်ရွယ်ထားသော ပမာဏမှာ အမေရိကန်ဒေါ်လာ (၃၇) သန်း ကျော်သည်။

၎င်းပမာဏတွင် ငွေသားအပြင်။ အရေးပေါ် အစားအသောက်။ သောက်သုံးရေ။ ယာယီ အမိုးအကာများ။ ဆေးဝါး အထောက်အပံ့များ ပါဝင်သည်၊

အထီးကျန်ဆန်သော မြန်မာနိုင်ငံသို့ အစောဆုံး ရောက်ရှိသွားသော နိုင်ငံမှာ ထိုင်းနိုင်ငံ ဖြစ်ပြီး အမေရိကန်ငွေ တသိန်းအပြင် အမေရိကန်ဒေါ်လာ ၅ သိန်းနှင့် ညီမျှသော အစားအစာ။ သောက်သုံးရေနှင့် ဆေးဝါးများကို အင်္ဂါနေ့က စစ်လေယာဉ်ဖြင့် ပေးပို့နိုင်ခဲ့သည်။

မြန်မာ စစ်ဗိုလ်ချုပ်များနှင့် ဆက်ဆံမှုများသော အိန္ဒိယကလည်း အစားအစာ။ ခြုံစောင်။ အ၀တ်အစားနှင့် ယာယီအိမ်များကို ရေတပ်လမ်းကြောင်းမှ တဆင့် ပေးပို့ခဲ့သည်ဟု သိရသည်။

တရုတ်နိုင်ငံကလည်း အရေးပေါ် အကူအညီ ဒေါ်လာ (၁)သန်း။ ဒေါ်လာ ၅ သန်းနှင့် ညီမျှသော ကယ်ဆယ်ရေး ပစ္စည်းများ ထောက်ပံ့ထားသည်၊

ကုလသမဂ္ဂ အေဂျင်စီဖြစ်သော ကမ္ဘာစားနပ်ရိက္ခာ အစီအစဉ်၏ ရန်ကုန်ရုံးတွင် အရန် ထားရှိသော ရိက္ခာ မက်ထရစ်တန် ၈၀၀ ရှိသည့် အနက်မှာ အချို့ကို ဧရာဝတီတိုင်းရှိ လပွတ္တာသို့ ယနေ့နှောင်းပိုင်းတွင် အရေးပေါ် ပေးပို့သွားမည် ဖြစ်သည်။

ယခုအခါ မြန်မာပြည်သို့ နိုင်ငံတကာ အကူအညီများ စတင်ဝင်ရောက်နေပြီ ဖြစ်သော်လည်း မုန်တိုင်းဒဏ် ဆိုးဆိုးရွားရွား ခံခဲ့ရသော ဧရာဝတီ မြစ်ဝကျွန်းပေါ် ဒေသကို သဘာဝ ကပ်ဆိုး ဆိုးဆိုးရွားရွား ကျရောက်သော ဇုံအဖြစ် ကုလလူသားချင်း စာနာမှု အကူအညီပေးရေးဌာနမှ ယနေ့ ကြေညာထားသည်။

ကုလဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီးရုံးမှလည်း ပလက်စတစ် ယာယီတဲများကို မြန်မာပြည်မှ လူ ၁ သောင်းစာအတွက် အချိန်မီ အမြန်ပေးပို့ရန် ကြိုးပမ်းနေသည်။

ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေအဖွဲ့ (UNICEF)။ နိုင်ငံတကာ ကြက်ခြေနီနှင့် လခြမ်းနီ အဖွဲ့ချုပ်တို့မှ ကယ်ဆယ်ရေး ၀န်ထမ်းများသည် မြန်မာပြည်သို့ ပြည်ဝင်ခွင့် ဗီဇာရရန် စောင့်မျှော်နေကြသည်။

ပြင်ပမှ မြန်မာနိုင်ငံသို့ ရှားရှားပါးပါး ၀င်ရောက်ခွင့်ရသော Save the Children အဖွဲ့မှ Andrew Kirkwood က မြစ်ဝကျွန်းပေါ် ဒေသတွင် လူသေအလောင်းကောင်များ ရေပေါ်တွင် ပေါလောမျောနေဆဲ ဖြစ်သည်ဟု ကိုယ်တိုင် မြင်တွေ့ခဲ့ရသော ကယ်ဆယ်ရေး ၀န်ထမ်းများကို ကိုးကား၍ ပြောသည်။

၎င်းက "အကူအညီတွေ မရောက်သေးဘူး၊ သူတို့ သေကြတော့မယ်" ဟုပြောသည်၊ အစိုးရက ပျောက်ဆုံးစာရင်းတွင် ထည့်ထားသော လူ (၄၁၀၀၀) သည်လည်း အခြား အတည်ပြုပြီးသော သေဆုံးသူ (၂၂၀၀၀) နှင့်အတူ သေဆုံးကုန်ပြီဟု သူက ယူဆနေသည်။

"သန်းချီပြီး အိုးမဲ့အိမ်မဲ့ ဖြစ်နေတယ်၊ ဘယ်နှစ်သန်းမှန်းတော့ ကျနော်တို့ မသိနိုင်ဘူး" ဟု သူက ဆိုသည်။

ကုလသမဂ္ဂ အစားအစာနှင့် စိုက်ပျိုးရေး အဖွဲ့ကြီးက နာဂစ် မုန်တိုင်းဒဏ်ခံရသော ဒေသ (၅) ခုသည် မြန်မာပြည်၏ အဓိက ရိက္ခာ ထုတ်လုပ်သော ဒေသများ ဖြစ်သဖြင့် အစားအစာ ရှားပါးမှုသည် တနှစ်မှ နှစ်နှစ်အတွင် နလံထနိုင်ဦးမည် မဟုတ်ဟု သတိပေးသည်။

အဆိုပါ ဒေသများသည် တပြည်လုံး၏ ဆန်စပါး (၆၅) ရာခိုင်နှုန်း ထုတ်လုပ်ရာ။ ရေထွက်ပစ္စည်း (၈၀) ရာခိုင်နှုန်းနှင့် သားငါး ၅၀ ရာခိုင်နှုန်း ထွက်ရှိရာ ဒေသများ ဖြစ်သည်ဟု ဆိုသည်။

စစ်အစိုးရပိုင် MRTV 4 တွင် ရန်ကုန်မြို့တွင် ရှင်းလင်းရေး လုပ်ငန်းများ။ ဧရာဝတီတိုင်းအတွင်းရှိ မြို့နယ်တချို့တွင် ကယ်ဆယ်ရေး လုပ်ငန်းများ လုပ်ဆောင်နေမှုများကို မပြတ် ထုတ်လွှင့်ပြသလျက် ရှိသည်။

0 comments: