ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Wednesday, May 7, 2008

နာဂစ်မုန်တိုင်းနဲ့ပတ်သက်ပြီး ပီနန်ဆရာတော်ဘုရားကြီးရဲ့ မိန့်ကြားချက်

07-05-2008

မေလ ၃ ရက်နေ့က တနာရီ မိုင် ၁၂၀ နှုန်း လေပြင်းနှင့် မြန်မာနိုင်ငံကို
ဖြတ်ကျော် တိုက်ခတ်သွားသော နာဂစ်စ်မုန်တိုင်းကြောင့်
လောလောဆယ် ရရှိသောသတင်းများအရ မြန်မာပြည်သူ နှစ်သောင်း
ကျော် သေဆုံးကာ လေးသောင်းကျော် ပျောက်ဆုံးနေပြီး ပြည်သူ ၁၄
သန်းကျော် ဒုက္ခရောက် နေကြောင်း သိရပါတယ်။
အခုလို ကျရောက်တဲ့ သဘာဝ ဘေးအန္တရာယ် ကပ်ဆိုးနဲ့ ပတ်သက်ပြီး
သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များအဖွဲ့ချုပ်ရဲ့
ဥက္ကဋ္ဌဆရာတော် ပီနန်ဆရာတော်ဘုရားကြီး ဦးပညာဝံသကို
ဘားမားတူဒေးမှာ တွေ့ဆုံ မေးမြန်းခွင့် ရခဲ့ပါတယ်။
သောင်းချီပြီးတော့ လူတွေ သေသွားတယ်။ သန်းပေါင်းများစွာ
ဆုံးရှုံးသွားတယ်။ လူတွေ ဒုက္ခတွေ အကြီးအကျယ် ရောက်နေပြီ
ကြားတော့ ဘုန်းကြီးတို့ သာသနာ့ ဥသျှောင်အဖွဲ့အနေနဲ့တကွ ဒါယိကာ
ဒါယိကာမများက တော်တော် စိတ်မကောင်း ဖြစ်ကြပါတယ်။

အဲဒီလို စိတ်မကောင်း ဖြစ်ကြတဲ့အတွက် ကမ္ဘာ့ခေါင်းဆောင်တွေနဲ့တကွ
အသင်းအဖွဲ့အစည်းတွေကို အတတ်နိုင်ဆုံး အကူအညီပေးဖို့ ဘုန်းကြီးတို့ သာသနာ့ဥသျှောင်အဖွဲ့က မေတ္တာရပ်ခံထားပါတယ်။ အဲဒီအပြင်
ဘုန်းကြီးတို့ သာသနာ့ဥသျှောင် - အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ အနေနဲ့လည်း အတတ်နိုင်ဆုံး ဒါယိကာ ဒါယိကာမတွေနဲ့
တိုင်ပင်ပြီး အလှူငွေ ကောက်ခံပြီးတော့ အမြန်ဆုံး ပံ့ပိုး ထောက်ပံ့ ကူညီသွားကြဖို့လည်း စီစဉ်နေပြီဖြစ်ကြောင်း ပြည်တွင်းက ဘေးဒုက္ခ
ရောက်နေကြတဲ့ ဒါယိကာ ဒါယိကာမများကို အကြောင်းကြားလိုပါတယ်။
အခုလို ပြည်ပရောက် သံဃာတော်တွေ မြန်မာပြည်သူတွေနဲ့ နိုင်ငံတကာ အသိုင်းအ၀ိုင်းက ပူပင်ကြောင့်ကြနေကြသော်လည်း မြန်မာ
စစ်အစိုးရအနေနဲ့ အပြည်ပြည်ဆိုင်ရာ အကူအညီတွေကို လက်ခံမယ် လက်မခံဘူးဆိုတာကို တိတိကျကျ ပြောတာမျိုး တပည့်တော်များ
အနေနဲ့ မကြားရသေးပါဘူး ဘုရား။ အဲဒီတော့ မြန်မာစစ်အစိုးရကို အခုကျရောက်နေတဲ့ ဘေးဒုက္ခနဲ့ ပတ်သက်ပြီးတော့ ဘယ်လိုစကားမျိုး
မိန့်ကြားလိုပါသလဲ ဘုရား။
အဲဒီတော့ အုပ်ချုပ်နေတဲ့ အစိုးရတွေ အနေနဲ့က ဒီလို တိုင်းပြည်မှာ အခုလို ရာသီဥတုဒဏ်ကြောင့် ဒုက္ခရောက်နေတဲ့ လူအတွက်
နိုင်ငံတကာက ပေးတဲ့ အကူအညီတွေကို ပိတ်ပင်တာတွေ မလုပ်ပါနဲ့။ ကိုယ်ကိုယ်တိုင်ကလည်း မထောက်ပံ့နိုင်ဘဲနဲ့ ထောက်ပံ့နိုင်သူတွေ
ထောက်ပံ့တာကို ပိတ်ပင် တားမြစ်မယ်ဆိုရင် ဗုဒ္ဓဘာသာအနေနဲ့ ပြောရင် အင်မတန် ကြီးလေးတဲ့ အပြစ် ဖြစ်နေတဲ့အတွက် ဒါ့ကြောင့်မို့လို့
ခင်ဗျားတို့တတွေက နေရာတကာမှာ သေသေချာချာ စဉ်းစားပါ။ ဗုဒ္ဓဘာသာအလုပ်ကို လုပ်ပြီးတော့ မြန်မာပြည်မှာ အုပ်ချုပ်နေတဲ့
အစိုးရအနေနဲ့ ပြည်သူပြည်သားတွေ အပေါ်မှာ ရင်ဝယ်သားကဲ့သို့ သနားရမယ်ဆိုတာ ဗုဒ္ဓဘာသာမှာ ရှိပါတယ်။ အပြည်ပြည်ဆိုင်ရာမှာလည်း
ဒီလိုသဘောမျိုး ရှိပါတယ်။
အဲဒါကြောင့်မို့လို့ ဒီနေ့ အချိန်အခါမျိုးမှာ စိတ်ကောင်းတွေထားပြီး တွေးခေါ်မြှော်မြင်ပြီး လုပ်ကြမယ်ဆိုလို့ရှိရင် အပြည်ပြည်ဆိုင်ရာကပဲ ကူညီ
ကူညီ၊ ဘယ်သူကပဲ ကူညီ ကူညီ လက်ခံပြီးတော့ လုပ်။ အတတ်နိုင်ဆုံး အဘက်ဘက်ကနေပြီး ကူညီ ပံ့ပိုးသွားပါလို့ ဘုန်းကြီးက
လေးနက်စွာ မေတ္တာရပ်ခံချင်ပါတယ်၊ တိုင်းပြည် အုပ်ချုပ်နေသူတွေကို။
ရှေးအခါက သီဟိုဠ်ပြည်မှာ ရဟန္တာတပါးကို ဘုရင်က သတ်ဖြတ်တဲ့အတွက်ကြောင့် တပတ်ခန့်အကြာ ဘေးဒုက္ခတွေ ရောက်ကြရတယ်လို့
ကြားဘူးပါတယ် ဘုရား။ ဒါ့ကြောင့် အခုလို တပည့်တော်တို့သမိုင်းမှာ အဆိုးရွားဆုံး မုန်တိုင်းဒဏ်ခံရတာကလည်း ၂၀၀၇ ခုနှစ်
စက်တင်ဘာလက မြန်မာစစ်အစိုးရအနေနဲ့ သံဃာတော်တွေကို သတ်ဖြတ်ခဲ့တဲ့အတွက် ဘေးဒုက္ခ ဖြစ်ကြရတာလို့ တပည့်တော်တို့
ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ သုံးသပ်တာရှိပါတယ် ဘုရား။ အဲဒီလို သုံးသပ်တာနဲ့ ပတ်သက်လို့ ဆရာတော်ဘုရားရဲ့ အမြင်ကို သိပါရစေ ဘုရား။
မြတ်စွာဘုရား ကိုယ်တိုင် ဟောထားတယ်။ အကုသလ သာဝဇ္ဇ ဒုက္ခ ၀ိပါက တဲ့။ မကောင်းတာတွေ လုပ်တဲ့သူတွေဟာ - ဘယ်သူပဲ ဖြစ်ဖြစ်၊
အုပ်ချုပ်တဲ့သူပဲ ဖြစ်ဖြစ်၊ ရိုးရိုးလူပဲ ဖြစ်ဖြစ်၊ ကုန်သည်ပဲ ဖြစ်ဖြစ် ပွဲစားပဲ ဖြစ်ဖြစ် မကောင်းတဲ့သူတွေဟာ အနှေးနဲ့ အမြန် အပြစ်နဲ့ တကွ
မကောင်းတဲ့အကျိုးကို ပေးနိုင်တယ် ဆိုပြီး မြတ်စွာဘုရား ဟောထားတယ်။ တိက မာတိကာမှာ ဟောထားတယ်။ ထိုနည်း လည်းကောင်းပဲ
အကုသိုလ် လုပ်သူတွေဟာ မကောင်းတာတွေကို ကြုံရသလို ကောင်းတာလုပ်သူတွေလည်းပဲ ကောင်းတဲ့ ချမ်းသာမှုကို ချက်ခြင်း လက်ငင်း
ခံစားနိုင်တယ်ဆိုပြီး တိက မာတိကာမှာ ဟောထားပါတယ်။
အဲဒါတွေကို ဗုဒ္ဓဘာသာဝင်တွေအနေနဲ့ နားလည်ဖို့ ကောင်းပါတယ်။ ပြောစရာ အထောက်အထားတွေ အများကြီးရှိတဲ့အနက် အကျဉ်းချုံး
ပြီးတော့ ဘုန်းကြီး ပြောတာပါ။
မှန်ပါဘုရား။ မြန်မာပြည်သူတွေအနေနဲ့ အခက်အခဲတွေ မျိုးစုံနဲ့ ရင်ဆိုင်နေကြရသလို အခုဆိုရင်လည်း သဘာဝဘေးနဲ့ ပတ်သက်ပြီး
ပြည်သူတွေ သောကရောက်နေကြပါတယ်၊ ဘုရား။ ဒါ့ကြောင့် သောကရောက်နေတဲ့ မြန်မာပြည်သူတွေကို ဆရာတော်ဘုရားကြီးအနေနဲ့
ဘယ်လိုမျိုး အားပေးစကား ပြောချင်ပါသလဲ ဘုရား။
အခုလို မုန်တိုင်းဒဏ်ကြောင့် ဒုက္ခတွေ အမျိုးမျိုးရောက်နေတဲ့ မြန်မာပြည်သူတွေအတွက် ဘုန်းကြီးတို့ကနေပြီးတော့ မေတ္တာတွေ ပို့ပြီးတော့
အမြန်ဆုံးပဲ ဒီ ဘေးဒဏ်အပေါင်းမှ ကင်းကြပါစေ။ ကိုယ်၏ ချမ်းသာခြင်း၊ စိတ်၏ ချမ်းသာခြင်း ရပြီးတော့ ဘေးဒုက္ခအပေါင်းမှ လွတ်ကြပါစေ
ဆိုပြီးတော့ ဘုန်းကြီးတို့က မေတ္တာတွေ ပို့ကြပါတယ်။
အဲဒီလို မေတ္တာတွေ ပို့ပြီးတော့ အဲဒီလို ဘေးဒုက္ခကျရောက်နေကြတဲ့ ဒါယိကာ ဒါယိကာမများကိုလည်း ဘုန်းကြီးတို့က ကိုယ်ချင်းစာနာ
မိပါတယ်။ ကိုယ်သာ ရှိမယ်ဆိုရင်လည်း ဘယ်လောက် ဒုက္ခရောက်ကြမလဲ။ အားလုံးက အားကိုးရာမဲ့ဘ၀ကို ရောက်နေတယ်။ အဲဒါကြောင့်
မို့လို့ ခင်ဗျားတို့နဲ့ ထပ်တူထပ်မျှ ဘုန်းကြီးတို့လည်း ခံစားနေရပါတယ်။
ဘုန်းကြီးတို့က ၀တ္ထု အလှူငွေအားဖြင့်လည်းကောင်း၊ စေတနာစိတ်ထားအားဖြင့်လည်းကောင်း ထောက်ပံ့သွားဖို့ ကြိုးပမ်းသွားပါ့မယ်။
ဒါ့ကြောင့်မို့လို့ မိမိတို့ ဖြစ်နေတာတွေကို အားမငယ်ပါနဲ့။ ဘုန်းကြီးတို့နဲ့တကွ ကမ္ဘာတခုလုံးက ပံ့ပိုးသွားဖို့ရာ ရှိတယ်ဆိုတာ ဒုက္ခရောက်နေသူအားပေးစကားပြောကြားလိုက်ပါတယ်။
Burma Today

0 comments: