02/06/2008
နန်းချခံရပြီးဖြစ်သော နီပေါဘုရင်၏ ဘိုးဘွားပိုင်အိမ်အား ပြည်သူပိုင်ပြတိုက်အဖြစ် ဖွင့်လှစ်လိုက်ပြီဖြစ်ကြောင်း နီပေါတာဝန်ရှိသူများက ပြောသည်။မို့တော်ကတ်မန်ဒူ၏ အနောက်ဖက် (၁၂၀) ကီလိုမီတာအကွာရှိ ဂေါ်ရခါးခရိုင်မှ ဘုရင်ဟောင်း မစ္စတာဂျန်နန်ဒရာ၏ ဘိုးဘွားစဉ်ဆက်ပိုင် တောင်ပေါ်နန်းတော်အား ယင်းသို့ ပြတိုက်အဖြစ် ဖွင့်လှစ်လိုက်ခြင်းဖြစ်သည်။ မစ္စတာဂျန်နန်ဒရာသည် အဆိုပါ အိမ်တွင် နေထိုင်ခြင်းမရှိသော်လည်း ဘာသာရေးအခမ်းအနားများပြုလုပ်ရန် နှစ်စဉ်လည်ပတ်လေ့ရှိသည်။
ယခင်လရွေးကောက်ပွဲ၌ နေရာအများစုရရှိပြီး အစိုးအသစ်ကို ဦးဆောင်မည့် မော်ဝါဒီနီပေါကွန်မြူနစ်ပါတီခေါင်းဆောင်များနှင့် အစိုးရအဆင့်မြင့်အရာရှိများ ဂေါ်ရခါးခရိုင်သို့ ယမန်နေ့တွင် ရောက်ရှိလာပြီး နန်းတော်အားပြတိုက်အဖြစ်ဖွင့်လှစ်ကြောင်း ကြေညာခြင်းဖြစ်သည်။
မော်ဝါဒီနီပေါကွန်မြူနစ်ပါတီခေါင်းဆောင် ပရာချန်ဒါက ပြတိုက်ဖွင့်ပွဲအခမ်းအနားကို ယမန်နေ့တွင် ဖွင့်လှစ်ပေးခဲ့ကြောင်း ဂေါ်ရခါးခရိုင်ရဲချုပ် ဂီးတာ အူပရက်တီကပြောသည်။
မစ္စတာဂျန်နန်ဒရာ၏ နန်းသက်အား ယခင်လ (၂၈) ရက်က ကျင်းပခဲ့သော ကွန်ကရက်အသစ်အစည်းအဝေးက တရားဝင် ဖျက်သိမ်းခဲ့ခြင်းဖြစ်သည်။ ၎င်းအနေဖြင့် နရာယန်ဟီတီနန်းတော်မှ (၁၅) အတွင်း ထွက်ခွာပေးရန် နီပေါအစိုးရက အမိန့်ထုတ် ပြန်ထားသည်။
မစ္စတာဂျန်န်ဒရာအနေဖြင့် မည်သည့်အချိန်၌ နန်းတော်မှ ထွက်ခွာပေးမည်ဆိုသည်မှာ မသေချာသေးသော်လည်း ထွက်ခွာရန် အကောင်းဆုံးအချိန် ရွေးချယ်ရန် ၎င်းသည် အခါတော်ပေးပုဂ္ဂိုလ်များနှင့် တိုင်ပင်နေသည့် သတင်းများ ဖြစ်ပေါ်ခဲ့သည်။
နီပေါဘုရင်မင်းဆက်သည် နှစ်ပေါင်း (၂၄၀) ရှိပြီဖြစ်ပြီး (၂၀၀၁) ခုတွင် အကြိုဖစ်သူ ဘုရင် ဘီရန်ဒရာ နန်းတွင်းလုပ်ကြံမှုခံရပြီးနောက် မစ္စတာဂျန်နန်ဒရာ အာဏာရလာခြင်းဖြစ်သည်။
Monday, June 2, 2008
နီပေါ ဘုရင့်နန်းတော်အား ပြတိုက်အဖြစ်ဖွင့်လှစ်
Posted by koyinaw at 3:40 AM
Labels: news. photo
Subscribe to:
Post Comments (Atom)
0 comments:
Post a Comment