ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Monday, June 2, 2008

မြန်မာစစ်အစိုးရ နိုင်ငံတကာ ရာဇ၀တ်ခုံရုံး ဖြေရှင်းရသည့် အခြေအနေရောက်နိုင်

02/06/2008

မန်မာစစ်အစိုးရအနေဖြင့် နိုင်ငံတကာ ကယ်ဆယ်ရေးအကူအညီများကို နှောင့်နှေးကြန့်ကြာအောင် ဆက်လုပ်နေမည်ဆိုပါက နိုင်ငံတကာ ရာဇ၀တ်ခုံရုံးမှာ ဖြေရှင်းရသည့် အခြေအနေ ဆိုက်သွားနိုင်သည်ဟု ဗြိတိသျှ အတိုက်အခံပါတီခေါင်းဆောင်က သတိပေးလိုက်သည်။

တနင်္ဂနွေနေ့ လန်ဒန်မြို့ထုတ် The Independent သတင်းစာပါ ဆောင်းပါးတွင် ဗြိတိသျှ အတိုက်အခံ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် David Cameron က မြန်မာစစ်အစိုးရအား ယခုကဲ့သို့ သတိပေးလိုက်ခြင်းဖြစ်သည်။ နိုင်ငံတကာ ရာဇ၀တ်ခုံရုံးကို ၂၀၀၂ ခုနှစ်က စတင် ဖွဲ့စည်းခဲ့ပြီး နယ်သာလန်နိုင်ငံ The Hague မြို့၌ ရုံးစိုက်သည်။

အမေရိကန်နိုင်ငံက ဇွန်လတွင် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ အလှည့်ကျ ဥက္ကဋ္ဌ တာဝန်ယူ မည် ဖြစ်ပြီး မြန်မာ့အရေး လုံခြုံရေးကောင်စီ ဆွေးနွေးမည့်ကိစ္စတွင် ပါဝင်ရမည်ဟုပါ Mr Cameron က သူ့ဆောင်းပါးတွင် ဖော်ပြထားသည်။

နာဂစ်မုန်တိုင်းတလပြည့်သည့်အချိန်တွင် ပထမဆုံး အကဲစမ်းသည့်ကိစ္စမှာ မြန်မာကိစ္စ သတင်း များတွင် ပါနေရမည်၊ မုန်တိုင်းဒုက္ခသည်များ အသက်ရှင်အောင်ကြိုးပမ်းနေမှုကို နိုင်ငံတကာက အာရုံစိုက်နေအောင် လုပ်ရမည်ဆိုသည်မှာ ရှင်းပါသည်ဟု David Cameron က ထောက်ပြသည်။

မုန်တိုင်းပြီးမှ လူများ ထပ်သေရဦးမည်ဆိုလျှင် စစ်အစိုးရမှာ လုံးဝတာဝန်ရှိသည်၊ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ ကုလအတွင်းရေးမှူးချုပ် ဘန်ကီမွန်းကို ပေးခဲ့သည့် ကတိတည် မတည်သိရန်အတွက် ဘန်ကီမွန်းကိုယ်တိုင် နောက်ထပ် မြန်မာနိုင်ငံသွားရန်လိုသည်ဟုပါ တိုက်တွန်းထားသည်။

ကမ္ဘာကပေးသည့် အကူအညီများ နှောင့်နှေးကြန့်ကြာအောင် လုပ်နေသည့် မြန်မာစစ်အစိုးရကို နိုင်ငံတကာက စစ်အင်အားသုံးဝင်ပြီး မြန်မာဒုက္ခသည်များကို ကူညီသင့်သည်ဆိုသည့်ဘက်က ထောက်ခံပြောဆိုသူများထဲတွင် ဗြိတိသျှအတိုက်အခံ ကွန်ဆာဗေးတစ်ပါတီခေါင်းဆောင် David Cameron လည်း ပါဝင်သည်။ ။

0 comments: