ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Friday, June 20, 2008

စွမ်းအားရှင် ပြန်လာပြီ

20-06-2008

NLD ရုံးတွင် အကြမ်းဖက်သည့် စွမ်းအားရှင်များ
နာဂစ် မုန်တိုင်း တိုက်ခတ်ပြီးနောက်ပိုင်း ရန်ကုန်မြို့ရှိ လမ်းများတွင် ပိတ်ဆို့နေသည့် အမှိုက်သရိုက်များကို ရှင်းလင်းနေစဉ် ကနှင့် ကယ်ဆယ်ရေးလုပ်ငန်းများတွင် စစ်အစိုးရ လက်ကိုင်တုတ်များဖြစ်ကြသည့် စွမ်းအားရှင်များကို အရိပ်အယောင်မျှပင် မတွေ့ရသော်လည်း ဒီမိုကရေစီဘက်တော်သားတို့အား အကြမ်းဖက်ရန် စွမ်းအားရှင်များ လမ်းပေါ်သို့ ပြန်ထွက်လာပြီဟု ရန်ကုန်မြို့နေလူထုက ပြစ်တင်ဝေဖန်နေကြသည်။

ယမန်နေ့က ရန်ကုန်မြို့ရှိ အန်အယ်လ်ဒီပါတီ ဌာနချုပ် တွင် မြန်မာ့ဒီမိုကရေစီခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ ၆၃ နှစ်ပြည့်မွေးနေ့ကျင်းပစဉ် စွမ်းအားရှင် ၃၀၀ ခန့် ဒိုင်နာကားများဖြင့်ရောက်လာပြီး သံဃာတော် တပါးအပါအ၀င် ၁၀ ဦးထက်မနည်းသည့် အန်အယ်လ်ဒီ ပါတီဝင်များကို အကြမ်းဖက်ဝင်ရောက် ဖမ်းဆီးသွား သည့်အပေါ် ပြည်သူလူထုက ပြစ်တင်ဝေဖန်ကြခြင်း ဖြစ်သည်။

“စွမ်းအားရှင်တွေက ပြည်သူ့အကျိုးပြုတဲ့နေရာတွေမှာ မပါဘဲ အခုလို လူမိုက်ဆန်ဆန် ဆွဲရမ်းရိုက်ပုတ်တဲ့အခါ နေရာတိုင်းမှာတွေ့နေရတယ်။ နာဂစ်ဖြစ်တုန်းကတော့ လမ်းတွေမှာ မတွေ့ရဘူး၊ အကျိုးပြုလုပ်ငန်းလုပ်တာတွေ မတွေ့မိဘူး” ဟု ရန်ကုန်မြို့ခံတဦးက ပြောသည်။

ယနေ့နံနက်ပိုင်းတွင်လည်း ရန်ကုန်ရှိ အန်အယ်လ်ဒီ ဌာနချုပ် ပတ်ဝန်းကျင်းတွင် စွမ်းအားရှင်များနှင့် လုံထိန်းရဲများကို တွေ့ခဲ့သည်ဟု အဆိုပါ ရန်ကုန်မြို့ခံက ပြောသည်။

စွမ်းအားရှင်များ အကြမ်းဖက်ခံရခြင်းနှင့်ပတ်သက်၍ အရေးယူဆောင်ရွက်မှုများပြုလုပ်ရန် အန်အယ်လ်ဒီပါတီ ဌာနချုပ်တွင် ဗဟိုကော်မတီဝင်များ ဆွေးနွေးကြမည်ဟု ပြန်ကြားရေးအဖွဲ့ဝင်တဦးဖြစ်သည့် ဒေါက်တာဝင်းနိုင်က ဧရာဝတီကို ပြောသည်။

ကမ္ဘာ့ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီကထုတ်ပြန်သည့် အစီရင်ခံစာတစောင်တွင် မြန်မာနိုင်ငံရှိ ကြံ့ဖွံ့နှင့် စွမ်းအားရှင် များသည် အစိုးရဆန့်ကျင်ရေးဆန္ဒပြပွဲများကို အကြမ်းဖက်နှိမ်နင်းရန် ဖွဲ့စည်းထားသည်ဟု ဖော်ပြထားသည်။

စစ်အစိုးရက မြို့နယ်ရပ်ကွက်များရှိ အလုပ်လက်မဲ့ ဆိုးသွမ်းတေလေနေသူများအား တနေ့လျှင် ကျပ် ၂၀၀၀၊ ကျပ် ၃၀၀၀ စသဖြင့် နေ့ကြေးပေး ငှားရမ်းကာ စွမ်းအားရှင်များဟု အမည်တပ်ပြီး ဒီမိုကရေစီရေး ကြိုးပမ်းသူများ၏ လှုပ်ရှားများကို ဟန့်တားနှောင့်ယှက်ခြင်း၊ အကြမ်းဖက်နှိမ်နင်းခြင်းများကို စေခိုင်းလေ့ရှိသည်။

ရန်ကုန်မြို့ရှိ စီးပွားရေးလုပ်ငန်းရှင်တဦးက “စက်တင်ဘာအရေးအခင်းပြီးကတည်းက စီးပွားရေးနဲ့ဆိုင်တဲ့ အစည်းအဝေး တွေမှာ ကြံ့ဖွံ့နဲ့ စွမ်းအားရှင်ဟာ မတူဘူး၊ သီးခြားအဖွဲ့တွေဖြစ်တယ်ဆိုတာကို အာဏာပိုင်တွေက ရှင်းပြလေ့ ရှိတယ်” ဟု ပြောသည်။
၂၀၀၇ ခုနှစ် သြဂုတ်လနှင့် စက်တင်ဘာလအတွင်း ပေါ်ပေါက်ခဲ့သည့် လောင်စာဆီနှင့် ကုန်ဈေးနှုန်းကျဆင်းရေး လမ်းလျှောက်ဆန္ဒပြပွဲများကို စစ်အစိုးရက ကြံ့ဖွံ့၊ စွမ်းအားရှင်နှင့် လက်နက်ကိုင်တပ်သားများကိုအသုံးပြု၍ အကြမ်းဖက် ဖြိုးခွင်းခဲ့သည်။

0 comments: