ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Saturday, June 21, 2008

နာဂစ်ရဲ့ အနိတ်

21-06-2008
အကြီးအကဲ (၁) ဟေ့ကောင်။
အကြီးအကဲ (၂) ဘာတုန်း အဘရ.. အလန့်တကြား။
အကြီးအကဲ (၁) ငါတို့ လေဘေးသင့်တဲ့သူတွေ…သွားမကြည့်သင့်ဘူးလား။
အကြီးအကဲ (၂) မကြည့်ပါနဲ့ တော်နေကြာ ခေါင်းဖြတ်ခံ ထိနေပါဦးမယ်…အဘရာ။
အကြီးအကဲ (၁) ဒါဆို မင်းကဘာလုပ်နေမှာလဲ။
အကြီးအကဲ (၂) အာ …ဒါ ပူစရာလား… အဘကလဲ ရှာကြံပူနေတယ်၊ ဟိုကောင်တွေ ခံပါလိမ့်မယ်။
အကြီးအကဲ (၁) ငါက အကြီးဆုံးကွ၊ ဘယ်ကောင်းမလဲ။
အကြီးအကဲ (၂) ကောင်းပါတယ်အဘရယ် တသက်လုံး ဒီလိုနေလာတာ အခုမှ ပျော့ မနေနဲ့တော့…
အဘကတော်လည်း ကြိုက်မှာ မဟုတ်ဘူး။
အကြီးအကဲ (၁) အင်းးးး
အကြီးအကဲ (၂) အဘရာ တွေးပူမနေနဲ့ လာ ဂျော်နီလမ်းလျှောက်ရှိတယ်… အဲ…အဲ…ခနနေဦးး ကလေးမလေးတွေ လှမ်းခေါ်လိုက်ဦးမယ်…
ဘာမှ ပူမနေနဲ့ အဘရာ.. ယယကတွေ.. မယကတွေ အကုန်လုံး ကျနော်
အမိန့်ပေးထားတယ်… ဘယ်ကလှူလှူ …ဂိုထောင်ထဲသာ အကုန်ထည့်ထားလို့…
အနိတ်ဗျ ဒီနာဂစ်ကတော့…။
@@@@@@@@@@


ရုံးမသွားချင်ဘူး

ကြိုင်ကြိုင် ။ ။ "ထ … ထ ကသန်းရွှေ ဒီအချိန်ရုံးသွားတော့"
သန်းရွှေ ။ ။ "ဘာဖြစ်လို့လဲအကြိုင်ရဲ့ ရွှေ ရုံးမသွားချင်ဘူး"
ကြိုင်ကြိုင် ။ ။ "ဘာပြောတယ် ကသန်းရွှေ၊ ရှင်မသွားချင်ဘူးဆိုရင် ခိုင်လုံတဲ့အကြောင်းပြချက် နှစ်ခုပေး"
ဒါပဲ။
သန်းရွှေ ။ ။ "အင်း … နံပါတ်တစ် တတိုင်းတပြည်လုံးက ငါ့ကိုမုန်းတယ်။ နံပါတ်နှစ်
လုပ်ဖော်ကိုင်ဖက်တွေကလည်း ငါ့ကိုမုန်းကြတယ်"
ကြိုင်ကြိုင် ။ ။ "အန်မယ် ဒါများ အကြောင်းပြစရာလား … ရှင် သွားကိုသွားရမယ် .. ထ"
သန်းရွှေ ။ ။ "ဒါဆို အကြိုင် ကရွှေကို ဘာလို့ရုံးကိုသွားရမလဲဆိုတာ ခိုင်လုံတဲ့
အကြောင်းပြချက်နှစ်ခုပေးရမယ်"
ကြိုင်ကြိုင် ။ ။ "ဟုတ်ကဲ့ပါရှင်။
နံပါတ်တစ် ရှင်ဟာ အသက် (၇၄) နှစ်ရှိပြီ၊ သေခါနီးပြီဆိုတာ သိထားသင့်တယ်။
နံပါတ်နှစ် ရနိုင်သမျှ ဒေါ်လာခွင်တွေ ငမောင်အေးတို့ ယူကုန်မှာစိုးလို့ရှင့် သိပလား။ ။



တံဆိပ်တော်ခေါင်း ကော်မကပ်ရခြင်းအကြောင်း

မြန်မာစစ်အစိုးရက ထိပ်တန်း အကောင်းစား တံဆိပ်ခေါင်း အသစ်တမျိုး ထုတ်လိုက်ပါတယ်။ နအဖ ခေါင်းဆောင် တပ်ချုပ်ကြီးသန်းရွှေရဲ့ ပုံနဲ့ပါ။တံဆိပ်ခေါင်းသစ်ဟာ စာအိတ်မှာ မကပ်ဘူးဖြစ်နေတဲ့သတင်း ရွှေနားတော် ပေါက်ကြားတော်မူလို့ တပ်ချုပ်ကြီးက အမျက်မာန် ရှတော်မူတာကြောင့်အရေးယူတော်မူဖို့ စစ်ဆေးစေလို့ အမိန့်တော် ချမှတ်လိုက်ပါတယ်။အဲဒါနဲ့ အထူးစုံစမ်းရေးက်ာမရှင်ဖွဲ့စည်းပြီးဆက်သွယ်ရေး၊ စာတိုက်နှင့်ကြေးနန်းဝန်ကြီး ဗိုလ်မှူးချုပ်သိန်းဇော် ကိုယ်တိုင်ဦးစီးကာ စာတိုက်ကြီးကို ရောက်ချလာပြီး တံဆိပ်တော်ခေါင်း ကော်မကပ်ရတဲ့ အကြောင်းရင်းမြစ်ကို စစ်ဆေးတော်မူပါသတဲ့။တလတိတိ ကြာအောင် စုံစမ်းစစ်ဆေးပြီးတဲ့ အခါမှာတော့ အထူးစုံစမ်းရေးကော်မရှင်က တံဆိပ်တော်ခေါင်း ကော်မကပ်ရတဲ့ အကြောင်းရင်း ရှာဖွေတွေ့ရှိချက်ကို အောက်ပါအတိုင်း အစီရင်ခံတင်ပြပါတယ်။
(၁) တံဆိပ်ခေါင်းတော်ဟာ တံဆိပ်ခေါင်းအင်္ဂါနဲ့ ပြည့်စုံတယ်။
(၂) ကော်ရှိရ ကပ်ရမယ့် ဘက်မှာလည်း ပြည့်စုံကောင်းမွန်တယ်။
ဒါပေမယ့် …
(၃) တံဆိပ်ခေါင်း သုံးသူများက ကော်သုတ်တဲ့ ဘက်ကို တံတွေးမဆွတ်ဘဲ မျက်နှာစာဘက်ကို
တံတွေးထွေးနေတယ် … တဲ့။


နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ
မနေ့က သတင်းစာ ဖတ်ဖြစ်လားလို့ တယောက်က စကားစတယ်။ ဘာလဲလို့ မေးတော့ ကျေးရွာတွေမှာ လျှပ်စစ်ထုတ်သုံးနိုင်ဖို့ လူတယောက်ရဲ့ တီထွင်မှုအကြောင်း ဆောင်းပါး ရေးထားတာတဲ့။ဆောင်းပါးရေးသူက ရွှန်းရွှန်းဝေအောင် ချီးမွမ်းထားတာပဲတဲ့။အဲဒီ တီထွင်သူ ဓာတ်ပုံလည်း ပါတယ်လို့ ပြောတယ်။ ၂၀၀၀ ခုနှစ် ကတည်းက စမ်းသပ်ခဲ့တာ အခု ၂၀၀၇ကုန်မှ အောင်မြင်တာတဲ့။ လျှပ်စစ် ဘယ်လိုထုတ်တာလဲလို့ မေးတော့ ဒိုင်နမိုမော်တာကို အလယ်မှာ ထောင်ထားပြီး ၀ါးလုံးတွေနဲ့ ပေ ၇၀လောက်ရှိတဲ့ လှည်းဘီးပုံကြီးလုပ်လို့ နွားတွေနဲ့ လှည့်ခိုင်းတာတဲ့။ နွား ၆ ကောင် ၆ နာရီ မနားတမ်းလှည့်ရင် မီးချောင်း အချောင်း ၂၀၀ လင်းတယ်တဲ့။
၆နာရီလှည့်တာ ဘယ်နှစ်နာရီ လင်းသလဲလို့ ထပ်မေးတော့ ၆နာရီလင်းတာပေါ့လို့ ပြောပြတဲ့ လူက စိတ်မရှည်သလိုပြန်ဖြေတယ်။ပြီးတော့ သူက ပြောသေးတယ်။ အဲဒီ လျှပ်စစ်ထုတ်တဲ့ ဒိုင်နမိုကို
ကွန်ပြူတာနဲ့လည်း ချိတ်ဆက်ပြီး ထိန်းချုပ်ထားတာဆိုပဲ။ မီးအား အသုံး၊ အတက်အကျတွေကို ကွန်ပြူတာနဲ့ ထိန်းထားတာတဲ့။ အဲဒီ ကွန်ပြူတာကို ဘယ်မီးနဲ့ ဖွင့်သလဲဆိုတော့ ပြန်မဖြေဘူး။
ဘုကြည့် ပြန်ကြည့်တယ်။
ကျနော်လည်း ဆက်မမေးတော့ဘဲ စဉ်းစားကြည့်မိတယ်။ ၆နာရီ မီးလင်းဖို့ နွား ၆ကောင်က ၆နာရီလမ်းလျှောက်ရမယ်။ နွားလဲတယ်ဆိုရင်တော့ အနည်းဆုံး ၃ဆိုင်း လဲရမယ်။
၆ ကောင်တွဲ ၃ဆိုင်းဆိုရင် ၁၈ကောင် လိုမယ်။ ပေ၇၀ လှည်းဘီးဆိုတော့ ပေရှစ်ဆယ် ပတ်လည်လောက် ကွင်းကျယ်ကျယ်တခု လိုမယ်။ မြေပြန့်လည်း ဖြစ်ရမယ်။
မီးကြိုးတွေ သွယ်ဖို့လည်း သိပ်မဝေးရဘူး။ အဲဒီ အလယ်ကောင်မှာ ဒိုင်နမိုကြီးချပြီး နွားတွေနဲ့ လှည့်တာ။ နွားတွေက တနေကုန် အိပ်နေတဲ့ ကောင်တွေ မဟုတ်ဘူး။ အလုပ်က လုပ်ထားရတာ။
လင်းမယ့် မီးက မီးချောင်း။ ပြီးတော့ မိုးရွာရင် အဲဒီ ပေ ၇၀ အကျယ်ကြီးကို အမိုး မိုးပေးရဦးမယ်။ လောင်စာကို ချွေတာတာတော့ ချွေတာတာပေါ့လေ။ ဒီ အရူးပရောဂျက်ကြီးကို စဉ်းစားတဲ့ လူက
၇နှစ် အကုန်ခံပြီး စဉ်းစားလုပ်တယ်။ ချီးမွမ်းတဲ့ လူက သတင်းစာကနေကို တိုင်းပြည် အခုချက်ချင်း တိုးတက်တော့မယ်လို့ ရေးပြီး ချီးမွမ်းတယ်။ ကောင်းကြသေးရဲ့လား အရပ်ကတို့ရယ်။
တီထွင်တဲ့ လူကြီး နောက်ဘ၀ နွားမဖြစ်ပါစေနဲ့ လို့တော့ စိတ်ထဲကနေ ဆုတောင်းပေးလိုက်သေးရဲ့။ ။

မှတ်ချက် ။ ။ ကြက်ဆူပင်တွေတော့ လမ်းဘေး ၀ဲယာအနှံ့(တပြည်လုံး)မှာ စိုက်ပြီးပြီ။ ခုတော့ တပြည်လုံး နွားမွေးရမယ့် အခြေအနေ ရောက်လာပြီ။ အားလုံး မွေးပြီးတဲ့အခါ
ကျနော်တို့တိုင်းပြည်ကြီးလည်း နွားတိုင်းပြည်ကြီးဖြစ်လို့ "နွားခေတ်ကိုတော့ ရောက်ရမည်မှာ မလွဲပါ" ဆိုရတော့မယ်။ စကားမစပ် နေပြည်တော် ၀န်းကျင်ကို မြန်မာပြည်မှာ
အကြီးကျယ်ဆုံး နွားမွေးမြူရေး ဧရိယာအဖြစ် သတ်မှတ်ဖေါ်ဆောင်နေတယ် သတင်းကြားရတယ်။ ဒီသတင်းမှန်ရင်/ တကယ် အကောင်အထည်ပေါ်ရင် နေပြည်တော်က
အရင် နွားနေပြည်တော် ဖြစ်မှာ …။

@@@@@@@@@@@

0 comments: