ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Saturday, July 26, 2008

ကိုလိုနီခေတ် တိုက်ပွဲဝင်သတင်းစာ

27-07-2008

Read this document on Scribd: wanna23

Read More...

Quarter of aid to Myanmar 'lost'

26-07-2008

Myanmar's Irrawaddy Delta was the worst affected area [AFP]

A quarter of cyclone relief aid in Myanmar is being lost because of the military government's foreign exchange system, a UN official has said.

Dan Baker, the UN humanitarian co-ordinator for Myanmar, said he was concerned the losses could upset donors who have already shown a reluctance to fund the relief effort after Cyclone Nargis hit at the beginning of May.

"This is a big issue. This is a big concern," Baker said. "The donors aren't going to give us money if they know they will [lose] a percentage of that.

"This is not an issue we can let go by," Baker said on Friday.

Myanmar, formerly known as Burma, requires foreign aid money to be converted first into foreign exchange certificates at a fixed price and then into the country's national currency, the kyat.

Devaluation

These certificates have been valued at as much as 25 per cent less than the market value of an equivalent number of US dollars.

Jody Williams, Nobel Peace Laureate and co-founder of the Nobel Women's Initiative, told Al Jazeera that the complicated currency exchange system shows that Myanmar's military government is still hampering aid efforts.

"It's a very clear example of why we are concerned. We were able to meet Myanmarese along the Thai-Myanmar border and their stories of aid not reaching them are really alarming, to put it mildly.

"I hope this will inspire governments to have aid go directly to agencies which work directly with people and not to the junta, who steal the money and the aid," she said.

"They don't have a very impressive record over the years," she added.

Despite currency losses, John Holmes, the UN's humanitarian affairs chief, said he was encouraged by signs of recovery, such as house repairs and field ploughing in the disaster zone.

He did, however, underline the urgent need for more aid, and said survivors will be dependent on aid for at least another six months.

Holmes visited the Irrawaddy Delta area this week and said he had told General Thein Sein, Myanmar's prime minister, that greater collaboration was essential to help rebuild.

"We were discussing how much progress we have made in the last two months. What I was arguing was that we needed to go on with this kind of spirit of working together ... on the humanitarian side, in a non-political way."

Raised appeal

Earlier this month, the UN raised its appeal for the first year of relief operations to $481m , up from $201m.

An assessment released this week by the UN and the Association of Southeast Asian Nations (Asean) estimates that the combined cost of rebuilding houses, schools, and other infrastructure, as well as providing food aid and other essential services, is about $1bn over three years.

The assessment comes a week after the UN said it was ending aid flights to Myanmar at the beginning of August.

The UN said it was a routine step as the country shifts to rebuilding homes, buildings and schools destroyed by Nargis.

The May cyclone devastated much of the region south of Yangon, killing 85,000 people and leaving 50,000 missing.


Myanmar's children

The UN-Asean report said more than 4,000 schools were damaged or destroyed [EPA]
Unicef, the UN's children fund, said on Friday that about 700,000 children were in need of long-term aid in Myanmar due to the devastating effects of Nargis.

Ramesh Shrestha, Unicef's Myanmar representative, said: "While we have observed a gradual improvement in the situation for children, and have avoided the emergence of major epidemics, we must maintain our efforts."

Unicef's appeal after the cyclone was for $90m for aid operations up to April 2009. To date, it has raised less than half of that sum.

In the crucial days after the cyclone hit, Myanmar authorities blocked access for foreign relief workers, raising fears that thousands more people would die.

The authorities eased their stance after a visit and pledge by Ban Ki-moon, the UN secretary-general, but aid groups have said access to the worst-hit southern delta is frequently prohibited.

In May, Burmese authorities said the number of dead and missing from the cyclone was about 140,000 people.

Major findings from the UN-Asean report revealed the about 700,000 homes, 75 per cent of health facilities, and more than 4,000 schools were damaged or destroyed.

Nargis flooded more than 600,000 hectares of agricultural land, killing up to 50 per cent of livestock in the affected areas, and destroying fishing boats, food stocks and agricultural implements.

According to the UN-Asean report, damages and losses amount to $4bn.

Read More...

ပြည်သူ့ကိုယ်စားလှယ်များမှ ကုလသမဂ္ဂသို့ အိတ်ဖွင့်ပေးစာ

26-07-2008
ရွေးကောက်ခံပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
ပြည်ထောင်စုမြန်မာနိုင်ငံတော်
၂၀၀၈ ဇူလိုင် ၂၁ ရက်။

မစ္စတာဘန်ကီမွန်း
အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ

အမြဲတန်းကိုယ်စားလှယ်များ
လုံခြုံရေးကောင်စီဝင်နိုင်ငံများ၊ ကုလသမဂ္ဂ

ရည်ညွှန်း။ ။ အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက် မြန်မာနိုင်ငံ၌ ကုလသမဂ္ဂ၏ အခန်းကဏ္ဍ

ဂုဏ်သရေရှိလူကြီးမင်းများခင်ဗျား
ကုလသမဂ္ဂလုံခြုံရေးကောင်စီသည် ဇူလိုင်လကုန်တွင် မြန်မာနိုင်ငံနှင့်ပတ်သက်၍ ဆွေးနွေးမှုတရပ် ပြုလုပ်မည် ဟု မီဒီယာများမှတဆင့် ကျွန်ုပ်တို့ကြားသိရပါသည်။ ထို့အပြင် အတွင်းရေးမှူးချုပ်၏ ကြားဝင်အကျိုးဆောင်အခန်းကို ဆက် လက်ဆောင်ရွက်နိုင်ရန် ကုလအထူးတမန် မစ္စတာအီဘရာဟင်ဂမ်ဘာရီသည် သြဂုတ်လလယ်တွင် ကျွန်ုပ်တို့နိုင်ငံကို ထပ်မံလာရောက်မည်ဟုလည်း ကြားသိရပါသည်။ သို့ပါ၍ ကျွန်ုပ်တို့သည် မြန်မာနိုင်ငံအခြေအနေနှင့်ပတ်သက်၍ ကျွန်ုပ်တို့ရပ်တည်ချက်ကိုလည်းကောင်း၊ ကုလသမဂ္ဂထံမှ ကျွန်ုပ်တို့မျှော်လင့်မှုများကိုလည်းကောင်း ဖော်ပြနိုင်ရန် ဤစာ ကို ရေးသားပေးပို့လိုက်ရပါသည်။


ကုလသမဂ္ဂသည် မြန်မာနိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအား ကူညီ ထောက်ကူပေးနိုင်ရန် နှစ်ပေါင်းများစွာ လုပ်ကိုင်ဆောင်ရွက်နေခဲ့ပါသည်။ ၁၉၉၅ ခုမှစ၍ အတွင်းရေးမှူးချုပ်သည် ကုလ အထွေထွေညီလာခံ၏ အခွင့်အာဏာဖြင့် အထူးတမန်တယောက်ကိုခန့်အပ်ခဲ့ပြီး မြန်မာနိုင်ငံသို့ အကြိမ်ပေါင်းများစွာ စေလွှတ်၍ အာဏာရစစ်အစိုးရဖြစ်သော နိုင်ငံတော်အေးချမ်းသာယာရေးနှင့်ဖွံ့ဖြိုးရေးအဖွဲ့(နအဖ) နှင့် ၁၉၉၀ ရွေးကောက် ပွဲတွင် တခဲနက်အနိုင်ရခဲ့သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(အဲန်အယ်လ်ဒီ)၊ တိုင်းရင်းသားကိုယ်စားလှယ်များအကြား အဓိပ္ပာယ်ရှိသည့် နိုင်ငံရေးတွေ့ဆုံဆွေးနွေးပွဲဖြစ်ပေါ်လာရန် တွန်းဆော်ပေးခဲ့ပါသည်။ နောက်ပိုင်း ၂၀၀၃ ခုနှစ်တွင် အတွင်းရေးမှူးချုပ်က ၎င်း၏ကြားဝင်အကျိုးဆောင်လုပ်ငန်းတာဝန်ကို ပြောင်းလဲပစ်လိုက်ပြီး နအဖမှ တီထွင်ဖန်တီးထား သော အဆင့်(၇)ဆင့်လမ်းပြမြေပုံလုပ်ငန်းစဉ်အား ကျယ်ပြန့်၍ အားလုံးပါဝင်နိုင်ဖို့နှင့် ပွင့်လင်းမြင်သာဖြစ်ဖို့ တွန်းအားပေး ခဲ့ပါသည်။ မြန်မာနိုင်ငံသို့လာရောက်ခဲ့သည့် ကုလအထူးတမန်အားလုံးက အဲန်အယ်လ်ဒီနှင့် တိုင်းရင်းသားကိုယ်စားလှယ် များကို (၇)ဆင့်လမ်းပြမြေပုံထဲ ပါဝင်ဆောင်ရွက်ရန် အကြံပြုခဲ့ကြပြီး၊ နအဖကိုလည်း ယင်းလုပ်ငန်းစဉ်တွင် ပါတီအားလုံး ပါဝင်နိုင်အောင်နှင့် ကျယ်ပြန့်ပြီး ပွင့်လင်းမြင်သာအောင်လုပ်ဖို့ တွန်းအားပေးခဲ့ပါသည်။
ကျွန်ုပ်တို့သည် အတွင်းရေးမှူးချုပ်ကိုလည်းကောင်း၊ ၎င်း၏ ကြားဝင်အကျိုးဆောင်အခန်းကဏ္ဍကိုလည်းကောင်း၊ ၎င်း၏အထူးတမန်ကိုလည်းကောင်း ယုံကြည်ခဲ့ကြပြီး၊ လမ်းပြမြေပုံလုပ်ငန်းစဉ် စိတ်ချယုံကြည်နိုင်စရာဖြစ်စေရန်နှင့် အဲန် အယ်လ်ဒီနှင့် တိုင်းရင်းသားကိုယ်စားလှယ်များ ပါဝင်နိုင်စေရန်အတွက် အတွင်းရေးမှူးချုပ်သည် လုံခြုံရေးကောင်စီ၏ ထောက်ခံမှုဖြင့် နအဖကို ဖြောင်းဖြနားချနိုင်လိမ့်မည်ဟု မျှော်လင့်မိခဲ့ကြပါသည်။ အတွင်းရေးမှူးချုပ်နှင့် ၎င်း၏အထူးတမန် တို့၏ ပံ့ပိုးစောင်မမှုဖြင့် (၇)ဆင့်လမ်းပြမြေပုံသည် အဓိပ္ပာယ်ရှိသော နိုင်ငံရေးစေ့စပ်ဆွေးနွေးပွဲ ပြုလုပ်ရာစခန်းဖြစ်လာ၍ ပါတီအားလုံး အကျုံးဝင်သည့်လုပ်ငန်းစဉ် ဖြစ်လာလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ခဲ့ကြပါသည်။ သို့အတွက် ကျွန်ုပ်တို့သည် အတွင်းရေးမှူးချုပ်၏ လုပ်ငန်းဆောင်တာကို ထောက်ခံအားပေးရန် သဘောတူခဲ့ကြပြီး (၇)ဆင့်လမ်းပြမြေပုံဘောင်အတွင်း နအဖနှင့်အတူ လက်တွဲအလုပ်လုပ်ရန် မိမိတို့ဘက်မှပြင်ဆင်ခဲ့ကြပါသည်။
သို့သော်လည်း နအဖက လမ်းပြမြေပုံ၏အဆင့်လေးဆင့်ကို တဖက်သတ်လုပ်ဆောင် ပြီးစီးစေခဲ့သည်။ လမ်းပြ မြေပုံပထမဆင့်ဖြစ်သော အမျိုးသားညီလာခံကို (၁၄)နှစ်အကြာတွင် နအဖမှခေါင်းခေါက်ရွေးထားသည့် ကိုယ်စားလှယ် များဖြင့် အဆုံးသတ်ခဲ့သည်။ အခြေခံဥပဒေမူကြမ်းကိုလည်း နအဖစိတ်ကြိုက်ပုဂ္ဂိုလ်များနှင့် ရေးဆွဲခဲ့ပြန်သည်။ ယင်းမူ ကြမ်းက ဒေါ်အောင်ဆန်းစုကြည်ကို မြန်မာ့နိုင်ငံရေးလုပ်ငန်းစဉ်မှ အသေအချာဖယ်ထုတ်ထားသည်။ ပြည်သူပြည်သား သန်းပေါင်းများစွာ အကြီးအကျယ်ဘေးဒုက္ခဆိုက် အားကိုးရာမဲ့ဖြစ်ခဲ့ရသော နာဂစ်မုန်တိုင်းတိုက်ခတ်သွားပြီးစအချိန်တွင် အခြေခံဥပဒေမူကြမ်းကိုအတည်ပြုရန် နအဖ က ပြည်လုံးကျွတ်ဆန္ဒခံယူပွဲကို ကျင်းပခဲ့သည်။ မဲဆန္ဒပေးခြင်းလုပ်ငန်းစဉ်၌ မသမာမှု၊ ညစ်ပတ်မှုနှင့် ခြိမ်းခြောက်မှုများ အလျှံပယ်ဖြစ်ပွားခဲ့သည်။ အခြေခံဥပဒေကို မဲဆန္ဒရှင် (၉၂)ရာခိုင်နှုန်းက ထောက်ခံအတည်ပြုခဲ့သည်ဟု နအဖကဆိုခဲ့သည်။ ဤသို့ နအဖက တဖက်သတ်အောင်ပွဲကို ကြေညာနေပြီး ယင်း၏ တဇွတ်ထိုးလုပ်ရပ်များကို ဆက်လုပ်နေချိန်တွင် ကုလသမဂ္ဂမှာမူ မိမိ၏ရည်ညွှန်းစံများမှ လျှောကျလာကာ၊ နအဖ အနေ ဖြင့် အရေးယူမခံရဘဲ မသမာမှုများအကောင်အထည်ဖော်နိုင်ရန် ခွင့်ပြုလိုက်လျောခဲ့သည်ကို ကျွန်ုပ်တို့တွေ့ရှိရပါသည်။ တချိန်တည်းတွင် အဲန်အယ်လ်ဒီ နှင့် တိုင်းရင်းသားကိုယ်စားလှယ်များကို လမ်းပြမြေပုံလက်ခံစေရန်လည်း ကုလသမဂ္ဂက ဖိအားပေးလာပါသည်။
ကျွန်ုပ်တို့၏နိုင်ငံ၌ အပြောင်းအလဲဖြစ်ပေါ်စေရန် တခုတည်းသောတာဝန်ရှိသူမှာ မြန်မာပြည်သူများသာ ဖြစ်သည် ကို ကျွန်ုပ်တို့ အပြည့်အဝနားလည်သဘောပေါက်ပါသည်။ သို့ရာတွင် မည်သို့သောငြိမ်းချမ်းစွာလှုပ်ရှားမှုကိုဆို ရက်စက် ကြမ်းကြုတ်စွာ အင်အားအလွန်အကျွံသုံး ချေမှုန်းနှိမ်နင်းပစ်ရန် မည်သည့်အခါကမှလက်မတွန့်ခဲ့သော စစ်အစိုးရကို ကျွန်ုပ် တို့ရင်ဆိုင်နေရချိန်တွင် ကုလသမဂ္ဂအနေဖြင့် နအဖ၏သွေးဆာသောအကျင့်အကြံများကို သံတမန်နည်းဖြင့်လည်းကောင်း၊ ဖိအားဖြင့်လည်းကောင်း ပြောင်းလဲပေးနိုင်လေမလားဟု ကျွန်ုပ်တို့မျှော်လင့်ခဲ့မိပါသည်။ အနိမ့်ဆုံးအားဖြင့် ကျွန်ုပ်တို့သည် ကုလသမဂ္ဂက အာဏာရှင်များဘက်လိုက်ကာ မြန်မာပြည်သူတို့ကို အကာကွယ်မဲ့အနေအထားသို့ တွန်းပို့သည်ကို မလို လားပါ။
ကျွန်ုပ်တို့သည် မိမိတို့၏ဥပဒေကြောင်းညီမှုကို စွန့်လွှတ်မည်မဟုတ်ပါ။ ထို့ကြောင့် ကျွန်ုပ်တို့၏ရပ်တည်ချက် အနေအထားကို ရှင်းရှင်းလင်းလင်းဖော်ပြလိုပါသည်။ ကျွန်ုပ်တို့သည် မိမိတို့တိုင်းပြည်၏အနာဂတ်ကိုဆုံးဖြတ်မည့်သူများ ဖြစ်သည့်အားလျော်စွာ အခြေခံဥပဒေကို အသိအမှတ်မပြုရန်နှင့် နအဖ၏လုပ်ငန်းစဉ်၌ မပါဝင်ရန် ကျွန်ုပ်တို့ဆုံးဖြတ်ခဲ့ သည်။ စစ်အစိုးရ၏(၇)ဆင့်လမ်းပြမြေပုံသည် အကျိုးမရှိ မဆီလျော်တော့၊ ဆန္ဒခံယူပွဲသည် အတုအယောင်ဖြစ်သည်၊ အခြေခံဥပဒေသည် ဥပဒေနှင့်မညီညွတ်ဘဲ၊ ကျွန်ုပ်တို့အနေဖြင့် နအဖကို အဲန်အယ်လ်ဒီ၊ တိုင်းရင်းသားလူမျိုးစုများနှင့် အဓိပ္ပာယ်ရှိ၍ အချိန်ဇယားသတ်မှတ်ထားသော စေ့စပ်ဆွေးနွေးမှု ထူထောင်ရန် ဆက်လက်တောင်းဆိုပါသည်။ ကျွန်ုပ်တို့ သည် မြန်မာနိုင်ငံတွင် အဓိကအရေးအရာပါဝင်သူများဖြစ်ပြီး ကျွန်ုပ်တို့နိုင်ငံတွင် အမျိုးသားပြန်လည်သင့်မြတ်ရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေးအတွက်လုပ်ဆောင်ရန် ကျွန်ုပ်တို့ရပ်တည်ချက်မှာ အထူးတလည်ရှင်းလင်းနေပြီးဖြစ်ပါသည်။
စစ်အစိုးရ၏ဆန္ဒခံယူပွဲသည် ဇင်ဘာဘွေမှ ဒုတိယပြန်ကျော့ရွေးကောက်ပွဲနှင့် အလားတူပါသည်။ အတွင်းရေးမှူး ချုပ်က ၂၀၀၈ ခု ဇွန် (၃၀)ရက်တွင် ဇင်ဘာဘွေနိုင်ငံနှင့်ပတ်သက်၍ ပြင်းထန်သည့်ကြေညာချက်တရပ် ထုတ်ပြန်ခဲ့ရာ "(ဒုတိယပြန်ကျော့ သမတရွေးကောက်ပွဲ) ရလဒ်သည် ဇင်ဘာဘွေပြည်သူတို့၏ စစ်မှန်သည့်ဆန္ဒသဘောထားကို အမှန် တကယ်ထင်ဟပ်ခြင်းမရှိသလို ဥပဒေနှင့်ညီညွတ်သည့်ရလဒ်ကိုလည်း မထွက်ပေါ်စေခဲ့" ဟု ဆိုခဲ့သည်။ ကျွန်ုပ်တို့သည် အတွင်းရေးမှူးချုပ်၏သတ္တိနှင့် "ဇင်ဘာဘွေပြည်သူတို့မှ လွတ်လပ်၍တရားမျှတသော ရွေးကောက်ပွဲတွင် ဥပဒေနှင့်ညီသည့် အစိုးရတရပ်ကို ရွေးချယ်နိုင်ခွင့်အား ကာကွယ်ပေးသည့်" အတွင်းရေးမှူးချုပ်၏ လူ့ကျင့်ဝတ်ရေးရာအာဏာပိုင်မှု ဖော်ပြ ချက်တို့ကို သြဘာပေးထောက်ခံအပ်ပါသည်။ အတွင်းရေးမှူးချုပ်သည် နအဖမှပြုလုပ်ခဲ့သည့် ဆန္ဒခံယူပွဲတွင် မိမိတို့၏ အစစ်အမှန်မျှော်လင့်ချက်များ ထုတ်ဖော်ပြသခွင့်မရခဲ့ကြသော မြန်မာပြည်သူတို့၏အခွင့်အရေးများအတွက်လည်း ရပ် တည်ပေးလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါသည်။
ယခုအခါ ကုလသမဂ္ဂအနေဖြင့် နအဖ၏(၇)ဆင့်လမ်းပြမြေပုံသည် မဆီလျော် အရာမရောက်တော့ကြောင်းနှင့် အခြေခံဥပဒေသည် ဥပဒေနှင့်မညီ တရားမဝင်ကြောင်း ကြေညာဖို့အချိန် ကျရောက်နေပြီဖြစ်ပါသည်။ အတွင်းရေးမှူးချုပ် နှင့် ကုလလုံခြုံရေးကောင်စီသည် နအဖကို ၎င်း၏လမ်းပြမြေပုံစွန့်လွှတ်၍ တိတိကျကျသတ်မှတ်ထားသည့် အချိန်ဇယား အတွင်း နိုင်ငံရေးအဖြေတခု စေ့စပ်ဆွေးနွေးယူနိုင်ဖို့အတွက် အဲန်အယ်လ်ဒီ၊ တိုင်းရင်းသားကိုယ်စားလှယ်များနှင့် ချက်ခြင်းစတင်ဆွေးနွေးရန် မလိုက်နာမနေရဆုံးဖြတ်ချက်တခုချမှတ် ညွှန်ကြားပေးခြင်းအားဖြင့် မြန်မာပြည်သူတို့အား နှစ်ဆတိုးအားထုတ် ကူညီပေးလိမ့်မည်ဟု ကျွန်ုပ်တို့မျှော်လင့်ပါကြောင်း။

လေးစားစွာဖြင့်

ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်များ
ပြည်ထောင်စုမြန်မာနိုင်ငံတော်


ဆက်သွယ်ရန်ပုဂ္ဂိုလ်များ

အမည်၊ မဲဆန္ဒနယ်နှင့် ပါတီ
ပူကျင့်ရှင်းထန်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ တီးတိန်-၂ မဲဆန္ဒနယ်၊ ချင်းပြည်
ဥက္ကဋ္ဌ၊ ဇိုမီးအမျိုးသားကွန်ဂရက်
အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ
အဖွဲ့ဝင်၊ ညီညွတ်သောတိုင်းရင်းသားလူမျိုးများမဟာမိတ်အဖွဲ့

ဦးသိန်းဖေ
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကန့်ဘလူမြို့နယ်(၁) မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်း
တသီးပုဂ္ဂလ
အဖွဲ့ဝင်၊ ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီ

ဒေါက်တာမြင့်နိုင်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ကန့်ဘလူမြို့နယ်(၂) မဲဆန္ဒနယ်၊ စစ်ကိုင်းတိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဦးညီပု
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ဂွမြို့နယ် မဲဆန္ဒနယ်၊ ရခိုင်ပြည်
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

ဒေါက်တာတင်မင်းထွဋ်
ပြည်သူ့လွှတ်တော်ကိုယ်စားလှယ်၊ ပန်းတနော်မြို့နယ်(၁) မဲဆန္ဒနယ်၊ ဧရာဝတီတိုင်း
အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်

မိတ္တူကို။ ။
ဒေါက်တာကွန်ဒိုလီဇာရိုက်စ်၊ နိုင်ငံခြားရေးဝန်ကြီး၊ အမေရိကန်ပြည်ထောင်စု
မစ္စတာလင်းပါ့စကိုး၊ လက်ထောက်အတွင်းရေးမှူးချုပ်၊ ကုလသမဂ္ဂ
မစ္စတာအီဘရာဟင်ဂမ်ဘာရီ၊ အတွင်းရေးမှူးချုပ်၏ မြန်မာ့ရေးရာအထူးအကြံပေးပုဂ္ဂိုလ်
ဒေါ်အောင်ဆန်းစုကြည်၊ အထွေထွေအတွင်းရေးမှူး၊ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်
မစ္စစ်လော်ရာဘွတ်ရှ်၊ အမေရိကန်သမတကတော်

Read More...

Thursday, July 24, 2008

သို့မဟုတ်လျှင်

24-07-2008

ညီညွတ်ကြပါ။စကားကအလွန်ရိုးရှင်းပါတယ်။ ယင်းစကားကို ၂၀ .၇ .၂၀၀၈ နေ့က သာသနမောဠိအဖွဲ့ခွဲ သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များ အဖွဲ့ (MSMA)နှင့် NCGUB မှအမတ်တဦးတို့ တွေ့ဆုံနှီးနှောဖလှယ်ပွဲတွင် MSMA တွဲဖက် အတွင်းရေးမှုးဆရာတော်မှ မိန့််ကြားခဲ့ခြင်းဖြစ်ပါသည်။ ယင်းအစည်းအဝေးတွင် ဆရာတော်က “နိုင်ငံရေးအဖွဲ့အစည်းတွေအားလုံးညီညွတ်ကြပါ။ အချင်းချင်း ညီညွတ်ကြမယ်ဆိုရင် အားလုံးက၀ိုင်းညွတ်လာပါလိမ့်မယ်။’’ ဟု ရိုးရှင်းစွာအသိပေး စကားမိန့်ကြားခဲ့ပါသည်။ စကားလုံး အရေအတွက်အားဖြင့်” ညီညွတ် ’’ ဟု နှစ်လုံး တည်းဖြစ်သော်လည်း စကားလုံးခွန်အားကား အလွန်ပင်လေးနက်လှ၏။

ကျွုန်ုပ်တို့အမိမြန်မာနိုင်ငံတော်ကြီးဟာ လွတ်လပ်မှုကိုလုယူဖျက်ဆီးခံနေရတာနဲ့ အလွန်အကျည်းတန်ရုပ်ဆိုးလှပါပြီ။ အင်္ဂလိပ်ကိုလိုနီခေတ်မှာ နှစ်ပေါင်း(၁၀၀)ကျော် ဖျက်ဆီးခံခဲ့ရပြီ။ သူတို့ဆီကလွတ်လပ်မှုကို အသက် ၊သွေး ၊ ချွေးတွေနဲ့ လှယ်လဲပြီး ရလာတဲ့ လွတ်လပ်ရေးကြပြန်တော့လည်း အိပ်မက်လို ပြည်သူတွေခံစားခဲ့ကြရတယ်။ အဲ့ဒီနောက် မဆလအစိုးရ လုယူဖျက်ဆီးခဲ့တာက နှစ်ပေါင်း(၄၀)ကျော် ။ယခု န.အ.ဖ အစိုးရက နှစ်(၂၀)ကျော်လာပြီ။ ယနေ့အထိ လွတ်လပ်မှုကို အဓမ္မကျင့်ခံနေရဆဲ။ မဆလ ခေတ် နှစ်(၂၆)ကျော်အတွင်း တော်လှန်ရေးစာမျက်နှာတွေကို ကျွူန်ုပ်မမှီ လိုက်၍ခဏပိတ်ထားခဲ့ပါမည်။ မျက်မှောက်ခေတ်မှာ န.အ.ဖ ကိုတော်လှန်နေတာ နှစ်ပေါင်း(၂၀)ကျော်လာပြီ။ ၄င်းကာလတွင်း တော်လှန်ရေးစာမျက်နှာမှာ အဓိက (ပြည်ပ)နှိုင်ငံရေးအဖွဲ့အစည်းတွေ များစွာပေါ်ပေါက်ခဲ့၏။ ယင်းအဖွဲ့အစည်းတွေ တော်လှန်ရေးကာလအတွင်း တွေ့ကြုံခဲ့ရတဲ့ ဗဟုသုတတွေ၊ အားနည်းချက် အားသာချက်တွေဟာ အလွန်ပင်များမည်ထင်ပါ၏။ ယင်းသို့ကြုံတွေ့ရတဲ့ ဗဟုသုတတွေ အားနည်းချက် အားသာချက်တွေကို ပြုပြင်စုရုံး၍ တော်လှန်ရေး တိုက်ပွဲကို အဘယ့်ကြောင့် ထိရောက်စွာအသုံးမချနိုင်ခဲ့ကြပါနည်း။ အဖြေက “ကြောင့်” ပေါင်းများစွာဖြစ်ကောင်း ဖြစ်မည်။ သို့သော် (၂၀)ရက်နေ့အစည်းအဝေးမှာ NCGUB မှ အမတ်တစ်ဦးပြောသွားတဲ့ စကားထဲမှာ အဖြေကထင်းရှားလွန်းပါတယ်။ ၄င်းအမတ်က “တပည့်တော်တို့နိုင်ငံရေး အဖွဲ့အစည်းတွေ နှစ်ပေါင်း (၂၀)လုံး မညီညွတ်ခဲ့ကြဘူး ဘုရား ” တဲ့ ။ မညီညွတ်လို့မအောင်မြင်ဘူးဆိုတာထင်ရှားပါတယ်။ အလျဉ်းသင့်လို့ ဒီနေရာမှာပြောချင်ပါတယ်။ ပြည်ပမှာနိုင်ငံရေးလုပ်ရှားနေတာနှစ်(၂၀)ကျော်ပြီ ခွန်အား သိပ်မရှိဘူး။ ခွန်အား အကောင်းဆုံးဟာပြည်တွင်းမှာရှိတယ်ဆိုတာ ယင်းအမတ်ရဲ့ စကားအရ အသိပေးရာ ရောက်ပါတယ်။ ၄င်းအမတ်က ဆက်ပြီး “၂၀၀၇ စက်တင်ဘာ ရွှေဝါရောင်တော်လှန်ရေး နောက်ပိုင်း ရဟန်းသံဃာတော်တွေရဲ့ ဦးဆောင်မှု အခန်း ကဏ္ဍပါဝင်လာမှ နိုင်ငံရေးအဖွဲ့အစည်းတွေ ညီညွတ်သင့်သလောက်ညီညွတ် လာကြောင်း ” သံဃာတော်တွေရဲ့ဦးဆောင်မှုအခန်းကဏ္ဍကို မီးမောင်းထိုးပြောဆို ဆွေးနွေးသွားပါတယ်။ အဖွဲ့အစည်းအားလုံး နှစ်(၂၀)ကျော်ကာလအတွင်း မညီမညွတ် ဖြစ်ခဲ့မှုတွေဟာ အဘယ့်ကြောင့် အခုသံဃာတော်တွေ ဦးဆောင်မှုရှိလာမှ ညီညွတ်စပြုလာရတာလဲ။ ဒါဟာမေးစရာမေးခွန်းတစ်ခုပါ။ ကျွုန်ုပ်ရိုးရိုးလေးဖြေကြည့်စမ်းချင်ပါဘိ။” နိုင်ငံရေးကြောင့် အသက်ရှင်သန်သူတွေ များလွန်းလို့” ဟု ဖြေချင်ပါသည်။ အနူးအညွတ် တောင်းပန်တိုက်တွန်းပါတယ်။ အဖွဲ့အစည်းအားလုံးရှိ ပုဂ္ဂိုလ်အားလုံး နိုင်ငံရေးကြောင့် အသက်မရှင်သန်ဘဲ အသက်ရှင်သန်နေတုန်း မိမိနိုင်ငံတော်အတွက် နိုင်ငံအရေးကို ညီညီညွတ်ညွတ် လုပ်ဆောင်ကြပါ လို့တိုက်တွန်းချင်ပါတယ်။
နိုင်ငံရေးဆိုတာ နိုင်ငံတော်ရဲ့အရေးကိစ္စပါ။ နိုင်ငံနှင့်လူမျိုးဆိုတာ ကင်းလို့ရသောအရာမဟုတ်ပါဘူး။ ဒါကြောင့် အဲ့ဒီနိုင်ငံမှာ မှီတင်းနေထိုင်နေကြတဲ့ နိုင်ငံသားပြည်သူအားလုံးအပေါ် တာဝန်ရှိပါတယ်။”တာဝန်သိရင် တာဝန်ရှိတယ်” ဆိုတဲ့ မင်းကွန်းတိပိဋကဆရာတော်ဘုရားကြီးရဲ့သြ၀ါဒအတိုင်း ကိုယ့်နိုင်ငံအရေးမှာ တာဝန်သိသူတိုင်း တာဝန်ရှိရှိလုပ်ဆောင်နိုင်ပါတယ်။ အမိနိုင်ငံတော် လွတ်လပ်ဖို့ ဆောင်ရွတ်တဲ့နေရာမှာ (သို့) နိုင်ငံရေးအလုပ်ကိုဆောင်ရွတ်တဲ့နေရာမှာ အဖွဲ့အစည်း တစ်ခုခုအပေါ်မှာသာ မူတည်ပြီးလုပ်လို့ရနိုင်တဲ့ အလုပ်မျိုးမဟုတ်ပါဘူး။ မိမိကျရောက်တဲ့နေရာမှာ မိမိကျရာအခန်းကဏ္ဍက ပါဝင်ပြီးဆောင်ရွတ်နိုင်ဖို့က ပိုပြီးအရေးကြီးပါတယ်။ နောက်ပြီး နိုင်ငံရေးအလုပ်ဆိုတာ အခြေအနေရ လုပ်ဆောင် ရတဲ့အလုပ်မျိုးလည်း မဟုတ်ပါဘူး။ မိမိမှီခိုတဲ့ မိမိနိုင်ငံတော်အရေးကိစ္စကို နိုင်ငံသားတစ်ယောက် အနေနဲ့ မဖြစ်မနေဆောင်ရွတ်လုပ်ဆောင်ရမည့် အရေးကိစ္စပါ။
ဒါကြောင့် နိဂုံးချုပ်အနေနဲ့ တိုက်တွန်းပါရစေ။ အို…ဓမ္မဘက်မှရပ်တည်ကြသော၊ လူ့အခွင့်အရေးကိုတန်ဘိုးထားကြသော ၊တိုင်းပြည်ကို ချစ်မြတ်နိုးကြသော နိုင်ငံရေးအဖွဲ့အစည်း အသီးသီးမှ ပုဂ္ဂိုလ်အပေါင်းတို့ “ညီညွတ်” ကြပါ။“ညီ” လျှင် သင်တို့အပေါ် ပြည်သူအပေါင်းတို့က” ညွတ်” လာပါလိမ့်မည်။ ဖွဲ့အစည်းအားလုံး ညီညွတ်ကြလျှင် အားလုံးမျှော်မှန်းထားတဲ့ လွတ်လပ်ရေးပန်းတိုင်ဆီသို့ အရောက်လှမ်း နိုင်မည်ဖြစ်သတည်း ။ သို့မဟုတ်လျှင်………။

ထုဆစ် (MSMA)

Read More...

ထိုင်း၊ ကမ္ဘောဒီးယား ဘုရားကျောင်းအရေး နှင့် အမျိုးသားရေး စိတ်အကဲဆတ်မှု

24-07-2008
ဓါတ်ပုံ ၀ီကီပီဒီးယား

ပြဿနာ ဖြစ်ပွားနေသော ပရစ်ခ်ျ ဗီဟီယား ဘုရားကျောင်း

မြန်မာနိုင်ငံ နှင့် အိမ်နီးချင်းနိုင်ငံ တခုဖြစ်သော ထိုင်းနိုင်ငံသည် ၄င်း၏နယ်စပ် ဆီဆာခက်ပြည်နယ် နှင့် ကပ်ရက် ကမ္ဘောဒီးယားနိုင်ငံ ပရစ်ခ်ျ ဗီဟီးယား ပြည်နယ်၊ အမြင့် မီတာ ၅၂၅ မီတာရှိ ဒဲန်ဂရပ်တောင်ပေါ် အကျယ်အ၀န်း မီတာ ၈၀၀ ရှိသော ပရစ်ခ်ျ ဗီဟီးယား ဘုရားကျောင်းအား ပြီးခဲ့သည့် ဂျူလိုင်လ (၈)ရက်နေ့က ကမ္ဘာ့ကုလသမဂ္ဂ လက်အောက်ခံ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီ (ယူနက်စကို)မှ ကမ္ဘာ့ပေါ်တွင် အဖိုးမဖြတ်နိုင်သော သမိုင်းဝင်နယ်မြေ အဖြစ်သတ်မှတ် လိုက်ရာမှ

ထိုင်းနိုင်ငံတွင်း အစိုးရအားဖိအားပေးလျှက် ထိုင်းပြည်သူနှင့် နိုင်ငံရေးသမားများ အမျိုးသားရေး စိတ်အကဲဆတ်မှုများ နေ့တဓူဝ ဆင့်ကဲဖြစ်ပွားလျှက် ရှိသည်ဟု သိရှိရသည်။

ယင်းဘုရားကျောင်း ပြဿနာမှာ ထိုင်းအမည်ရ ခိုရ် ဖရာ့် ဗီဟန် ဘုရားကျောင်းမှာ ၁၉၀၄ခုနှစ်က ထိုင်းနိုင်ငံနှင့် ကမ္ဘောဒီးယားနိုင်ငံ (ပြင်သစ်ကိုလိုနီလက်အောက်ခံ ဘ၀က) နယ်ခြားမျဉ်းရေးဆွဲရာမှ ပြဿနာစတင်ခဲ့ခြင်း ဖြစ်သည်။ ထိုင်းနိုင်ငံမှ ယုံကြည်ထားသည်မှာ ယင်းနယ်ခြားမျဉ်း မရေးဆွဲခင်က ပရစ် ဗီဟီးယား ဘုရားကျောင်းမှာ ထိုင်းနိုင်ငံ နယ်နိမိတ်အတွင်း ပါဝင်သော်လည်း ၁၉၀၇ခုနှစ် ကမ္ဘောဒီးယား၏ ပြင်သစ်ကိုလိုနီမှာ နယ်ခြားမျဉ်းရေးဆွဲပြီးမှ ၄င်းနယ်မြေမပါဝင်ခဲ့၍ ယင်းပြဿနာ အထွတ်အထိပ်သို့ တက်ရောက် လာခြင်းဖြစ်သည်ဟု ထိုင်းပြည်သူများက ယုံကြည်ထားကြသည်။


ကျူးကျော်သူ ထိုင်းစစ်သားများ ၁၉၆၂ခုနှစ်က ဒဲန်ဂရပ်တောင်ပေါ်တွင် တွေ့မြင်ရစဉ်

ဓါတ်ပုံ ( ထိုင်းသတင်းစာ မန်နေဂျာ )

၁၉၅၄ခုနှစ် ကမ္ဘောဒီးယားနိုင်ငံမှ ပြင်သစ်ကိုလိုနီများ နိုင်ငံမှ ထွက်သွားချိန်မှာပင် ထိုင်းနိုင်ငံမှ ထိုဒေသသို့ ၀င်ရောက် သိမ်းပိုက်ခဲ့သဖြင့် ကမ္ဘောဒီယားအစိုးရမှ ၁၉၅၉ခုနှစ်တွင် အပြည်ပြည်ဆိုင်ရာ တရားရုံးသို့ တိုင်ကြားခဲ့ရာ ၁၉၆၂ခုနှစ် ဂျွန်လ (၁၅)ရက်တွင် အပြည်ပြည်ဆိုင်ရာ သည်ဟိဒ် တရားရုံးမှ နိုင်ငံတကာဆိုင်ရာ ဥပဒေ အပိုဒ်၉ နှင့် ၃ အရ ထိုဒေသမှာ ကမ္ဘောဒီးယားနိုင်ငံမှ ပိုင်ဆိုင်ကြောင်း မဲခွဲစနစ် (၇)မဲ (၅)မဲ ဖြင့် ဆုံးဖြတ်ကာ၊ ထို့အပြင် ထိုင်းနိုင်ငံမှ ယူဆောင်သွားသော ထိုဘုရားကျောင်း၏ အနုပညာလက်ရာများ၊ သမိုင်း အမွေအနှစ်ဆိုင်ရာ ပစ္စည်းများပါ ပြန်လည်အပ်နှံရန် ကမ္ဘာတရားရုံးမှ ဆုံးဖြတ်ခဲ့သည်။

၁၉၆၃ခုနှစ် ဇန္န၀ါရီလတွင် ထိုဘုရားကျောင်း ဧရိယာမှ ထိုင်းနိုင်ငံမှာ အပြီးသတ်ဆုတ်ခွာသွားပြီး ထိုအခမ်းအနားအား ထောင်သောင်းချီသော ကမ္ဘောဒီယားပြည်သူများ၊ ဘုန်းတော်ကြီးများ၊ မင်းသားကြီးသီဟာနူး စသောပုဂ္ဂိုလ်များ တက်ရောက် အသိအမှတ်ပြုခဲ့ကြသည်။

ထိုဘုရားကျောင်းမှာ ၆ရာစု နှစ်များဆီက ခမာအင်ပါယာ ကြီးစိုးစဉ်က ဟိန္ဒူဟန် လက်ရာနွယ်သော ဘုရားကျောင်း ဖြစ်သည်ဟု သိရှိရသည်။ ထိုကျောင်းတော်မှာ ဆူရာဗါမန် (၁){ ၁၀၀၂ မှ ၁၀၅၀ } နှင့် ဆူရဗါမန် (၂) { ၁၁၁၃ - ၁၁၅၀ } လက်ထက်က အင်ပါယာအောင်မြင်မှု အထိမ်းအမှတ်အဖြစ် စိတ်ဓါတ် ၀ိညာဉ်များဖြင့် တည်ဆောက်ခဲ့ပြီး တောင် - မြောက် ၀င်ရိုးစွန်း ထွက်ပေါက်ဖြစ်သည်ဟု ယူဆကာ အရှေ့တိုင်းရိုးရာ၏ ထွက်ရပ်ပေါက်နေရာ ဖြစ်သည်ဟု ခမာပြည်သူအများ ယုံကြည်ကြသည်။

ယခုနှစ် ဇူလိုင်(၂၀) ရက်နေ့က ထိုင်းအစိုးရမှ ပြုလုပ်သော အပါတ်စဉ် ရုပ်သံမိန့်ခွန်း အစီအစဉ်မှတဆင့် ပရစ်ခ်ျ ဗီဟီးယားဘုရားကျောင်းကို ကုလသမဂ္ဂဆိုင်ရာ ကမ္ဘာ့အမွေအနှစ် ထိန်းသိမ်းရေး ကော်မတီက ယူနက်စကို သမိုင်းအမွေ စာရင်းဝင်ကျောင်းအဖြစ် ဆုံးဖြတ်နေခဲ့မှုကို တိုက်ခိုက်ဝေဖန် ပြောဆိုနေမှုများ ထိုင်းနိုင်ငံ အစိုးရနှင့် အတိုက်အခံကြား ဖြစ်ပွားနေရာမှ ထိုင်းပြည်တွင်းရေး ချွတ်ချုံကျနေမှု၊ ထိုင်းနှင့် ကမ္ဘောဒီးယား တင်းမာမှု အသစ်ဖြစ်ပွားစေလာကာ၊ လက်ရှိဝန်ကြီးချုပ် စမတ် ဆန်ဒရာဝတ် ခေါင်းဆောင်မှု အရည် အသွေးများအား ချိန်ထိုး၍ နိုင်ငံတကာ အသိုင်းဝိုင်းမှ ထောက်ပြစရာများ ဖြစ်လာခဲ့ကြကာ၊ ၀န်ကြီးချုပ်စမတ် ဘာလဲ? ဘယ်လဲ ? ပြည်သူများအနေဖြင့် မေးမြန်းစရာ မေးခွန်းသစ်များ နေ့စဉ်နှင့် အမျှ ဖြစ်ပေါ်လာနေခဲ့သည်။

သတင်း - ကာတွန်းသားငယ်

သတင်းကိုးကား ထိုင်းသတင်းစာများ

Read More...

ဦးနေ၀င်း၏ ပြာတဆုပ်

24-07-2008

Read this document on Scribd: wanna23

Read More...

Sunday, July 20, 2008

သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့(MSMA)နှင့် ဒေါက်တာတင့်ဆွေ(NCGUB)တို့ အသိပညာနှီးနှောဖလှယ်ပွဲ

20-07-2008




အပတ်စဉ်ပြုလုပ်နေကျဆုတောင်းပွဲအပြီးတွင် သီရိလင်္ကာရောက်မြန်မာကျောင်းသားရဟန်းတော်များအဖွဲ့ (MSMA) နှင့် NCGUB အဖွဲ့မှ ဒေါက်တာတင့်ဆွေတို့ တွေ့ဆုံ၍ မြန်မာနိုင်ငံရေးကိစ္စများနှင့်စပ်လျဉ်း၍ အပြန် အလှန် ဆွေးနွေးခဲ့ကြသည်။ လက်ရှိလုပ်ဆောင်နေသော အခြေအနေနှင့် ရှေ့ဆက်လုပ်ဆောင်သင့်သော အခြေအနေများကို ပွင့်ပွင့်လင်းလင်း နှီးနှောဖလှယ်ခဲ့ကြသည်။ စည်းဝေးပွဲတွင် သီရိလင်္ကာရောက်မြန်မာ ကျောင်းသားရဟန်းတော်များ (MSMA)အဖွဲ့မှ ပြည်တွင်းပြည်ပရှိ ဒီမိုကရေစီအင်အားစုများအားလုံး မိမိတို့၏ ဦးတည်ချက်ကို မျက်ခြေ မပျက်စေဘဲ ညီညီညွတ်ညွတ်ဖြင့် စုပေါင်းလုပ်ဆောင်ကြရန် တိုက်တွန်းနှိုးဆော်ရင်း အစည်းအဝေးကို ညနေ ၆-နာရီတွင် အောင်မြင်စွာ ရုပ်သိမ်းခဲ့ပါသည်။

Read More...

Friday, July 18, 2008

တချက်လေးသာ ညီညွတ်ပါ

19-07-2008

ရန်ကုန်မြို့၊ ဗိုလ်အောင်ကျော်လမ်းရှိ အုဌ်ရိုးနီနီ ထုထည်ကြီးကြီး ထည်ဝါပြီးခန့်ငြားတဲ့ အတွင်းဝန် ရုံးကြီးဟာ ၁၉၄၇-ခုနှစ် ဇူလိုင်လရဲ့ မိုးဖွဲဖွဲအောက်ဝယ် အထင်းသား..။ ရုံးချိန်အတွင်းဖြစ်လေတော့ သက်ဝင်လှုပ်ရှားလျှက်..။ အထူးသဖြင့်တော့ လွတ်လပ်ရေး..၊ ဟုတ်တယ်.. ဗမာပြည်လွတ်လပ် ရေးအတွက် သူတို့တတွေ တိုင်ပင်ညှိနှိုင်းနေကြ.. ဆွေးနွေးနေကြတာဖြစ်လို့ သူတို့နှလုံးသားများ သည် ပိုမို လှုပ်ရှားလျှက်ရှိမည်မှာ ဧကန်ပင်..။ မကြာတော့တဲ့ အနာဂတ်တွင်…

အတွင်းဝန်ရုံးထဲက ဂငယ်ပုံ စားပွဲကြီးထိပ်မှာတော့ ဘန်ကောက်လုံချည်၊ ပိုးသားပျော့ ရင်ဖုံး၊ ပန်းနုရောင် ခေါင်းပေါင်းနဲ့
ထိုင်နေသူတစ်ယောက်..။ သူကား အခြားမဟုတ်..၊ စကားကို တစ်တစ်ခွခွ.. အားရပါးရပြောတတ်တဲ့ဗိုလ်ချုပ်အောင်ဆန်း
-လို့ ပြည်သူတွေ သိထားကြတဲ့ သခင် အောင်ဆန်း..။

လက်ဝဲဘက်မှာတော့ သခင်မြ..၊ ဦးဘ၀င်း.. စတဲ့ ၀န်ကြီးတွေ..။ လက်ယာဘက်မှာတော့ ၀န်ကြီး ဦးဘဂျမ်း..၊ ပျော်ဘွယ် ဦးမြ စသူတို့က ထိုင်လျှက်..။ အချို့ကား တိုင်းပြည်အတွက် တာဝန်နဲ့ ခရီးထွက်နေကြရတဲ့အတွက် ရုံးမတက်ရောက်နိုင်..။ သို့တစေ တိုင်းပြည် လွတ်လပ်ရေး.. ဆိုတဲ့ ခေါင်းစီးအောက်မှာ တစိတ်ထဲရှိကြသဖြင့် အကြောင်းမဟုတ်..။ ဒါ့ကြောင့် လုပ်စရာကိစ္စ တွေကို ဆက်လက်လုပ်ကိုင်ကြသည်..။

အစည်းအဝေးတွင် အတွင်းဝန် ဦးအုန်းမောင်ကား ဌာနတွင်းအစီရင်ခံစာကို ဖတ်ပြ တင် သွင်းနေသည်..။ အချိန်ကား ၁၀း ၃၅ မိနစ်ခန့်..။ မထင်မှတ်ပဲ အစည်းအဝေးခန်းမထဲသို့ စစ်သား လေးယောက် လက်နက်ကိုယ်စီနဲ့ စားပွဲထိပ်တွင် ထိုင်နေသည့် ဗိုလ်ချုပ်ဆီဦးတည်ဝင်လာသည်..။ အမှန်မှာ အစည်းအဝေးခန်းမတွင်းသို့ မည်သူမှ လက်နက်ကိုင်ဆောင်ခွင့်မရှိ..။

ထို့ကြောင့် ဗိုလ်ချုပ် အောင်ဆန်း-က ထ၍တားမည်အပြု..။ စကားသံပင် မသဲကွဲလိုက်..။ “ပစ်” ဆိုတဲ့ အမိန့်နဲ့အတူ..။ ရုံးခန်းတခုလုံး ရုတ်သဲသဲဖြစ်ကာ.. ယမ်းငွေ့.. ယမ်းနံ့.. သွေးညှီနဲ့တို့ ဖြင့် လွှမ်းမိုးသွားလေတော့သည်..။ ဗိုလ်ချုပ်ကား ထိုင်နေသော ခုံမှ ကျသွားသည်..။ ဗိုလ်ချုပ် ထိုင်သည့် ထိုင်ခုံမှ ကဒေါင်းလည်း ကျည်ထိသဖြင့် ပဲ့ထွက်သွားသည်..။ အားလုံး သွေးအိုင်ထဲတွင် မြင်မကောင်းရှုမသာ..။ လုံခြုံရေးတာဝန်ကျ ရဲဘော်ကိုထွေး-လဲ သေနတ်သံကြားသဖြင့် ပြေးတက် လာရာ.. လမ်းမှာတင် ခွေကျသွားရှာသည်..။ မိနစ်ပိုင်းလေးအတွင်းမှာပင်.. အခြေအနေတွေက မယုံကြည်နိုင်စရာ..။

အဆုံးမှာတော့ ဗိုလ်ချုပ်အောင်ဆန်း၊ ဦးဘဝင်း၊ မန်းဘခိုင်၊ စပ်စံထွန်း၊ ဦးရာဇတ်၊ ဒီးဒုတ် ဦးဘချို၊ သခင်မြ၊ ဦးအုန်းမောင်နှင့် ရဲဘော်ကိုထွေး တို့ ကျဆုံးခဲ့ရသည်..။ ၁၉၄၇-ခုနှစ်၊ ဇူလိုင်လ (၁၉) ရက်၊ နံနက် ၁၀း ၃၇ မိနစ်အချိန်..။ ဗမာတပြည်လုံး ကြိမ်မီးအုံး ဖြစ်ခဲ့ရသည်..။ ထို့ကြောင့် ၁၉၄၈-ခုနှစ်၊ ဇန်န၀ါရီလ (၄) ရက်နေ့ ဗမာပြည်လွတ်လပ်ရေးရပြီးသည့်အချိန်မှစပြီး ဇူလိုင်လ (၁၉) ရက်ကို “အာဇာနည်နေ့” အဖြစ် အသိအမှတ်ပြုကာ ကျင်းပခဲ့ကြသည်..။

ဗိုလ်ချုပ်တို့လိုမျိုး ပထမတန်းစားခေါင်းဆောင်တွေ ကျဆုံးခဲ့ရလို့ ဦးနု-တို့လိုမျိုး ဒုတိယ တန်းစား ခေါင်းဆောင်တွေနဲ့ တိုင်းပြည်ကိုလည်ပတ်ရတဲ့အခါ ၀င်သင့်တဲ့ နိုင်ငံတကာ အသိုင်း အ၀ိုင်းသို့ မ၀င်ခြင်း.. (ဓနသဟာယအဖွဲ့မ၀င်ခြင်းကို ဆိုလိုပါသည်။)၊ တိုင်းရင်းသားအရေးကို မှန်ကန်စွာ မဖြေရှင်းပေးနိုင်သဖြင့် ပြည်တွင်းစစ်ကို အဆုံးမသတ်နိုင်ခြင်း..၊ ၁၉၅၈-ခုနှစ်တွင် ပါလီမန်အတွင်းမှာ အတိုက်အခံတွေ တားမြစ်နေတဲ့ကြားက ဥပဒေကိုပြင်ကာ တိုင်းပြည်ကို စစ်တပ်အတွင်း ထိုးအပ်ခြင်း.. စတဲ့ ပြင်လို့မရတဲ့ အမှားတွေကို ကျူးလွန်ခဲ့ပါတယ်..။

အကျိုးဆက်ကတော့ အမျိုးသားဖက်ဆစ် စစ်အာဏာရှင်တို့၏ လက်ထဲသို့ တိုင်းပြည်ကျ ရောက်ကာ သယံဇာတ ပေါကြွယ်ဝတဲ့ တိုင်းပြည်မှသည် ကမ္ဘာ့အဆင်းရဲဆုံး..၊ လူ့အခွင့်အရေး အချိုးဖောက်ဆုံး..၊ သတင်းလွတ်လပ်ခွင့် မရှိဆုံး..၊ ဘိန်းအထွက်ဆုံး.. ဆိုတဲ့ဂုဏ်ထူးတွေနဲ့ ပြည့် နှက်နေရခြင်းပါပဲ..။ ဒါ့အပြင် ယနေ့အခါမှာတော့ “အာဇာနည်နေ့” ကို ခန်းနားစွာ ကျင်းပရမဲ့အစား ဖက်ဆစ်ပီသစွာ အာဇာနည်နေ့ကိုပင် ဖျောက်ပစ်နေပါပြီ..။

ပြည်သူတွေလဲ ပင်ပန်းလှပါပြီ..၊ ငတ်လှပါပြီ..။ ဖက်ဆစ်စစ်တပ်ရဲ့ သဘောထားမှန်ကို ပြည်သူပြည်သားတွေရော..၊ ပြည်တွင်းပြည်ပ အတိုက်အခံအင်အားစုတွေရော နားလည်သဘော ပေါက်ကြမယ်-လို့တော့ ထင်ပါတယ်..။
ဒါ့ကြောင့် အတိုက်အခံ အင်အားစုများအနေနဲ့ ညီညွတ်ကြပါ..၊ အာဏာ တနေ့ရနိုး..၊ လွှဲနိုးနဲ့ မျှော်ကိုးမှုတွေကို ရပ်တန်းက ရပ်ကြပါတော့..။ အိန္ဒိယနိုင်ငံမှာ ဂန္ဓီ-က အကြမ်းမဖက်ရေး လမ်းစဉ်ကျင့် သုံးသလို ချန်ဒရာ ဘော့ရှ်-တို့လို ပြတ်သားတဲ့ ခေါင်းဆောင်တွေကြောင့် လွတ်လပ် ရေး ရတယ်-ဆိုတာကိုလဲ မမေ့ကြပါနဲ့..။

တဘက်က ဒေါ်အောင်ဆန်းစုကြည်က အကြမ်းမဖက်ရေးလမ်းစဉ်ကို လျှောက်လှမ်းသလို.. တဘက်ကလည်း လုပ်သင့်လုပ်ထိုက်သည်များကို ပြတ်ပြတ်သားသား လုပ်ကိုင်ဖို့ လိုအပ်ပါတယ်-လို့ အသိပေးတိုက်တွန်းရင်း.. “တချက်လေးသာ ညီညွတ်ပါ” ဆိုတဲ့ ဆောင်းပါးဖြင့် “အာဇာ နည်နေ့” ကို ဂုဏ်ပြု မှတ်တမ်းတင်ပါကြောင်း…

နီသွေး
ဇူလိုင် (၁၈) ရက်၊ ၂၀၀၈
(အာဇည်နည်ခေါင်းဆောင်ကြီးများအား အလေးထားဦးညွတ်ပါ၏)
(၀န်ခံချက်- ဟိုဟိုဒီဒီ ဖတ်ဖူးသမျှလေးတွေကို မှီးကာ ရေးသားခြင်းဖြစ်ပါကြောင်း..)

Read More...

အာဇာနည်နေ့ အမှတ်တရ

19-07-2008

သူငယ်ချင်းတွေက မေးလာတယ်။ `ဇူလိုင် ၁၉´အတွက် စာမရေးတော့ဘူးလား´တဲ့။ စိတ်ကူးထဲမှာ ဘာရေးရယ်ဆိုတဲ့ အကောင်အထည်က မရှိဘူး။ ရေးချင်တဲ့စိတ်နဲ့ ကွန်ပြူတာရှေ့ထိုင်လိုက်တာနဲ့ အာရုံတွေက ၀ါးသွားတယ်။ အာဇာနည်တွေရဲ့အကြောင်းက တွေးရုံနဲ့ ရင်ထဲမှာ ဆို့နင့်လာတယ်။ အာဇာနည်တွေ အကြောင်း ကို ကျွန်တော့်ရင်ဘက်က အတွေးမခံဘူး။ မျက်ရည်တွေပဲ ဝေ့ဝေ့လာတယ်။ ၁၉၄၇-ခုနှစ်၊ ၄-လပိုင်း၊ ၁၉-ရက်နေ့၊ ၁၀-နာရီ ၄၇-မိနစ်က စပြီး ပြည်သူတွေ ငိုကြွေးလာခဲ့ကြရတာ။ ယနေ့အချိန်ထိ အာဇာနည်တွေ ဖောက်ခဲ့တဲ့လမ်းကနေ ငါတို့တွေ မလျှောက်လှမ်းကြရသေးဘူး။ ပြည်သူတွေ လျှောက်လှမ်းခွင့် မကြုံသေးဘူး။ အဲဒါတွေပါ ထည့်တွက်လိုက်တော့ အာဇာနည်နေ့မှာ မျက်ရည်တွေ တိုးလာခဲ့ရတယ်။

အာဇာနည်နေ့။ ဒီနေ့ဟာ တစ်တိုင်းပြည်လုံး ငိုကြွေးခဲ့ရတဲ့နေ့။ ကြေကွဲခဲ့ရတဲ့နေ့။ အိမ်မက်တွေ ပျောက် ဆုံးခဲ့ရတဲ့နေ့။ လက်ထဲရောက်လာတဲ့ ကောင်းကင်ဘုံကို ပုတ်ချခံခဲ့ရတဲ့နေ့။ ……နေ့။ ဒီနေ့ကို စာဖွဲ့ဖို့ စဉ်းစား ကြည့်တော့ သေနတ်ဒဏ်ရာတွေ ဗရဗွနဲ့ သွေးအိုင်ထဲ လဲနေတဲ့ အာဇာနည်များကို မြင်ယောင်တယ်။ လူယုတ် မာသေနတ်သမားကို လက်ကလေး ကာနေတဲ့ ငါတို့ရဲ့နိုင်ငံရဲ့ ကျေးဇူးရှင် ဗိုလ်ချုပ်အောင်ဆန်းကို မြင်ယောင် လာတယ်။
အာဏာရူး ငစောဟာ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို သတ်ရင် သူဘုရင်ဖြစ်မယ်လို့ ထင်ခဲ့တယ်။ ဒါကြောင့် ယုတ်မာစွာ အပြတ်ရှင်းခဲ့တယ်။ ဒါပေမယ့် ဗိုလ်ချုပ်နဲ့အာဇာနည်တွေဟာ သတ်ရုံနဲ့သေမယ့်သူတွေ မဟုတ်ဘူးဆိုတာ ငစော ညာဏ်မမီခဲ့ဘူး။ ဗိုလ်ချုပ်မသေသေးပါဘူး။ ယနေ့အချိန်မှာတောင် သူ့စကားတွေက ရှင်သန်ခန့်ခန့် တည်နေသေးတယ်။
လာပြန်ပြီ။ အာဏာရူးတွေ။ ကလိမ်ကကျစ်ညာဏ်တွေနဲ့ ဗိုလ်ချုပ်နဲ့အာဇာနည်တွေကို သတ်ဖို့ ကြိုးစား နေပြန်ပြီ။ ဗိုလ်ချုပ်နဲ့အာဇာနည်တွေဟာ သတ်ရုံနဲ့သေမယ့်သူတွေ မဟုတ်ဘူးဆိုတာ ငသန်းရွှေတို့၊ ငမောင် အေးတို့လဲ သိကြပုံမပေါ်ဘူး။ သူတို့လဲ ငစောလမ်းစဉ်အတိုင်း နိဂုံးချုပ်ချင်ကြပြီနဲ့ တူပါတယ်။
`ကျွန်တော့်အမြင်အရတော့ မြန်မာတွေ ဗိုလ်ချုပ်ကို လေးစားတာဟာ လေးစားမှုအဆင့်ထက်ပိုပြီး ကိုးကွယ်မှုအဆင့်တောင် ရောက်နေပြီလား အောက်မေ့ရတယ်´။ နိုင်ငံခြားက ဆရာကြီးတစ်ယောက် သုံးသပ် ပြခဲ့တာပါ။ ဘယ်လောက်ထိတောင် သူဟာ လေးစားဖွယ်ကောင်းခဲ့သလဲ။ ကြည်ညိုဖွယ်ကောင်းခဲ့သလဲ။ ဗိုလ် ချုပ် ပြောသွားတဲ့စကားလေးအနည်းငယ်ကို ဖတ်ရုံမျှနဲ့ သိနိုင်ပါတယ်။ အာဇာနည်နေ့ကို ဂုဏ်ပြုတဲ့အနေနဲ့ ကျွန် တော့်မှတ်စုထဲက ဗိုလ်ချုပ်စကားလေးတွေကို ဝေငှလိုက်ပါတယ်။
“ရဲဘော်တို့ မေးစရာ စကားရှိတယ်။ တကယ်လို့ အကြီးအမှူးတွေထဲက ဘယ်သူဖြစ်ဖြစ် ကိုယ်ကျိုးငဲ့ပြီး လူမျိုးရဲ့အကျိုးနဲ့ ကိုယ့်နိုင်ငံ ဆန့်ကျင်တဲ့ အကြီးအမှူးတွေဟာ ကြာကြာမနေနိုင်ပါဘူး။ အချိန်တန်တဲ့အခါ ပြုတ်ကျမှာပဲ။ ရာဇ၀င်မှာ ကြည့်လိုရှိယင် ဘယ်လောက်ကြီးတဲ့လူဖြစ်ဖြစ် မတရားလုပ်တဲ့အခါ ပြုတ်ကျတာ ချည်းပဲ။ ဒီလို မတရားတဲ့ အကြီးအမှူးတွေရှိယင် ရဲဘော်တို့ အပေါ်မှာလဲ တည်တယ်။ ဥပမာ မတရားတဲ့ အကြီးအမှူးတစ်ယောက်က ၀တ္တရားနှင့်မဆိုင်တဲ့ နိုင်ငံနှင့်လူမျိုးအကျိုးနဲ့ မပတ်သတ်တဲ့ အမိန့်မျိုးပေးတဲ့အခါ အမိန့်ဟာ နည်းကျ၊ မကျ၊ တရား၊ မတရား နိုင်ငံနှင့်လူမျိုးမှာ အကျိုးရှိမရှိ ကြည့်ရမယ်။ အဲသလို ကြည့်တဲ့အခါ ကိုယ့်စိတ်ထဲမှာ မရှင်းယင် သူ့ထက်ကြီးတဲ့ အကြီးအမှူးကို ဖြစ်စေ၊ တစ်ခြား အကြီးအမှူးတစ်ယောက်ဖြစ်ဖြစ် သွားမေးရမယ်။ ဒီအခါမှာ ရဲဘော်တို့ဟာ ဘယ်ဒင်း မှန်တယ်၊ မှားတယ် သိနိုင်မယ်။”
“လက်ဖွဲ့အနေနဲ့ဆောင်ပြီး သတ္တိနှင့် သစ္စာရှိလျှင် မောင်တို့ ခြေချရာအရပ်များသည် အောင်မြေချည်း ဖြစ်ရလိမ့်မည်။”
“ကျုပ်အဖို့ ပြောရယင် ရဲဘော်တို့ထဲကပဲဖြစ်ဖြစ်၊ အခု တပ်ထဲမှာရှိတဲ့ စစ်သားကလေးကစပြီး အားလုံး ရဲဘော်တွေထဲကပဲဖြစ်ဖြစ် ကျုပ်ထက် အရည်အချင်း၊ အကျင့်စာရိတ္တ၊ အလုပ်အကိုင်၊ နိုင်ငံချစ်စိတ်၊ အမျှော် အမြင်ရှိတယ်လို့ တွေ့တာနဲ့တစ်ပြိုင်နက် ကျုပ်ဟာ အဲဒီလို တော်တဲ့လူကို ထိုးတင်ပြီး နောက်လိုက်လုပ်ဖို့ အသင့်ရှိတယ်။ ဒါကြောင့် ရဲဘော်တို့အားလုံး ကြိုးစားကြပါ၊ တော်အောင် ကြိုးစားကြပါ။”
“တစ်ခြား မှာကြားလိုတဲ့အချက်ကတော့ ပြောနေကျ စကားပဲ။ ဒါပေမယ့် ထပ်ပြီး အဓိပ္ပါယ်လေးနက် အောင် ပြောပြလိုက်အုံးမယ်။ ငါတို့စစ်တပ်ဟာ နိုင်ငံသူ နိုင်ငံသားတွေကို ညှဉ်းဖို့ မဟုတ်။ လက်နက်အားကို တန်ခိုးပြဖို့ မဟုတ်။ စစ်တပ်ဟာ နိုင်ငံရဲ့ အစေခံဖြစ်ရမယ်။ နိုင်ငံဟာ စစ်တပ်ရဲ့ အစေခံ မဖြစ်ရဘူး။ ဒါက စကားရိုင်းရိုင်းနှင့် နားလည်အောင် ပြောပြတာပဲ။ ဒီစကားကို ကျုပ်ပြောတာဟာ စစ်တပ်ကို ကျုပ် ပြန်နှိပ်ချင်တဲ့ သဘောနဲ့ ပြောတာ မဟုတ်ဘူး။ ငါတို့ဟာ လက်နက်ကိုင် လူတွေဖြစ်ကြသော်လဲ မတရားမလုပ်။ နိုင်ငံရဲ့ ရန်သူ တွေ မဟုတ်။ နိုင်ငံရဲ့ မိတ်ဆွေတွေ ဖြစ်တယ်ဆိုတာ အားလုံးသဘောပေါက်အောင် ပြောပြခြင်းပဲ။”
“အမှန်ပြောရယင် လူတွေဟာ ပုထုဇဉ်တွေပဲ။ အားရှိတဲ့အခါ အားနည်းတဲ့လူတွေကို ညှဉ်းချင်တဲ့ စိတ်ရှိတယ်။ အားနည်းတဲ့လူတွေကလဲ အားနည်းတဲ့အခါတုန်းကတော့ အားကြီးနေတဲ့လူတွေကို လက်နက် အားကို အာဏာအားကို လုပ်ချင်တယ် ပြောကြတယ်။ မိမိတို့ကိုယ်တိုင် အားကြီးတဲ့နေရာ အာဏာရှိတဲ့နေရာ ရောက်တဲ့အခါကျတော့ အရင်တုန်းက ပြောတာတွေ မေ့ပြီး တစ်မျိုးလုပ်ကြတာပဲ။ ဒါ ထုံးစံအတိုင်းပဲ။ ငါတို့က ဒီလို မဟုတ်။ အားနည်းတဲ့အခါလဲ အားကြီးတဲ့လူကို မတရားယင် မကြောက်၊ အားကြီးတဲ့အခါလဲ အားငယ်တဲ့ လူကို မတရားမလုပ် ဆိုတဲ့အတိုင်း လုပ်ချင်တယ်၊ ပြချင်တယ်။ အဲဒါကြောင့် စစ်တပ်ဟာ နိုင်ငံရဲ့ အခြေခံဖြစ် တယ်လို့ ပြောတာပဲ။”
“ငါတို့တတွေဟာ မှားပြီးတာတွေကို ထပ်မမှားကြရဘူး။ ငါတို့ဟာ အမှန်နဲ့အတူ ဟုတ်တာနှင့် မဟုတ် တာ ခွဲခြားသိရမယ်။”
“ဇာတိမာန် ကောင်းကောင်း ထားတတ်ကြရအောင် လုပ်ကြပါ။ ကိုယ့်နိုင်ငံကို ချစ်ပါ။ ဗမာတွေဟာ လူဖျင်းတွေ၊ လူကြောက်တွေ၊ လူပိုတွေ၊ လူရိုင်းတွေ၊ လူ့ဂွစာတွေ၊ လူ့မတရားတွေလို့ ဒီကမ္ဘာက အထင်ခံရ အောင် မလုပ်ကြပါနှင့်။ ဗမာတွေဟာ ဒီလို မဟုတ်ဘူးဆိုတာ အလုပ်လုပ်ပြီး ဂုဏ်ယူကြပါ။ အဲဒါ ကျုပ် လူမျိုး ရေးတရားနှင့်ပတ်သတ်ပြီး မှာချင်တာပဲ။”
“နောက်ဆုံး တစ်ခုမှာချင်တာက ငါတို့သာ နိုင်ငံချစ်တယ်ဆိုတဲ့ စိတ်ဓာတ်မထားကြဖို့ပဲ။ ဒီနိုင်ငံမှာ ဖြစ်ဖြစ်၊ ဒီပြင်နိုင်ငံတွေမှာဖြစ်ဖြစ် စစ်သားတွေချည်း နိုင်ငံချစ်ကြတာ မဟုတ်ဘူး။ တစ်ခြား စစ်သားမဟုတ်ပေ မယ့် နိုင်ငံအတွက် အမျိုးမျိုး အနစ်နာခံ၊ အမျိုးမျိုး စွန့်စားလုပ်ကြတဲ့လူတွေလည်း ရှိတယ်။ အဲဒါကြောင့် စစ်သားမှစစ်သားဆိုတဲ့ စိတ်ဓာတ်သဘောထားကို ပြောင်းကြရမယ်။ သို့ပေမယ့် တစ်ခု နားလည်စေချင်တယ်။ ကျုပ်ဟာ စစ်တပ်ကို မတရားနှိမ်မယ်။ လူလည်လုပ်မယ်။ စစ်တပ်ရဲ့အခွင့်အရေးကို မတရားချိုးဖျက်မယ်ဆိုယင် ကျုပ် အစွမ်းကုန် ကြိုးစားတိုက်ဖျက်မယ်ဆိုတာ ရဲဘော်တို့ သိစေချင်တယ်။ ယနေ့ ဒီမှာ ပြောတာတွေအားလုံး စစ်သားတွေ သိပါစေ။ သိအောင် ပြောပြကြပါ။ အဲဒါ နောက်ဆုံးမှာကြားခြင်းပဲ။”
“ကျုပ်တို့ တိုင်းသူပြည်သားတွေဟာ သိပ်စိတ်ပျက်နေစရာ မလိုပါဘူး။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီး ရှိပါသေးတယ်။ နောက်ထပ် စိတ်ပျက်စရာတွေ အများကြီးရှိတယ်ဆိုပေမယ့် နောက်ဆုံးကျတော့ အောင်ဖို့ပါပဲ။”
“ကျွန်တော် သိပ်သဘောကျတာပဲ။ ဘုန်းကြီးတွေတောင် ခေတ်ပညာအတတ်တွေ တစ်ချို့သင်ကြား နေတယ်လို့ ကြားရတယ်။ ဘယ်ထိအောင် တော်တယ်၊ မတော်တယ်လို့တော့ မသိဘူး။ ဒီအတိုင်းသာ မှန်လို့ရှိ ယင် ဘုန်းကြီးများဟာ မိမိဘာသာရေးနဲ့လဲ မဆန့်ကျင်၊ တိုင်းပြည်အကျိုးရှိရာ ရှိကြောင်းအလုပ်တွေကို လုပ်ပေး ကြမယ်ဆိုယင် ဗမာပြည်ဟာ တိုးတက်ဖို့ နိမိတ်ပဲ။”
“နောက်ပြီးတော့ ပြည်သူတွေရဲ့အကျိုးကို တကယ်ကာကွယ်မယ့်သူတွေဟာ ပြည်သူတွေပဲ။ သည့်ပြင် လူတွေဆိုတာ ဒီလောက် မဖြစ်နိုင်ဘူး။”
“အဲဒါကြောင့် တိုင်းသူပြည်သားလူအများ၊ ခေါင်းဆောင်ဆိုတဲ့လူတွေကို ပြောလိုတာကတော့ တကယ် ကျွန် မဖြစ်ချင်ယင် ကျွန်မဖြစ်တဲ့နည်းလမ်းတွေ ရှာပြီးတော့ တကယ့်စွန့်စားမှုနှင့် တကယ့်အလုပ်တွေကို လုပ်ပြ ကြပါ။ အချောင်သမားအလုပ်တွေ၊ တပွဲထိုးဝါဒတွေ၊ ဒါမျိုးတွေနှင့် လုပ်မယ်ဆိုယင်တော့ ဗမာပြည် မစွန်နိုင်ဘူး ဆိုတာ တထစ်ချမှတ်ထားပါ။”
“ကျုပ်တို့ဟာ တိုင်းပြည်အကျိုးကို ရှေးရှုရမယ်။ လူတယောက်တလေ၊ တဖွဲ့တပါတီ၊ မုန်းရုံနဲ့ ကိုယ်ထင် တာကို လုပ်လို့ မဖြစ်ဘူး။ တိုင်းပြည်နာမှာကို ကြည့်ရမယ်။ ရာထူးတွေ သိပ်မလိုချင်နဲ့အုံး။ ဆာနေတဲ့လူတွေကို သိပ်မငြူစူကြပါနဲ့။ စားကြပါစေ။ သို့သော် သူတို့စားသလို ကိုယ်လိုက်စားချင်တာလဲ ခေါင်းဆောင်အစစ် မဟုတ် ဘူး။ ကိုယ့်ကိုယ်ကို တန်ဖိုးမထားတဲ့ လူညာခေါင်းဆောင်တွေပဲ။ ဘယ်သူဖြစ်ဖြစ် ခေါင်းဆောင်ဖြစ်ချင်ယင် ခေါင်းဆောင်လုပ်နိုင်တဲ့ အရည်အချင်းနဲ့ ပြည့်စုံပြီး လက်ရှိခေါင်းဆောင်တွေထက် တိုင်းပြည်ကောင်းအောင် ရွပ်ရွပ်ချွံချွံ လုပ်ကြပါ။”
“သူများနှာခေါင်းနဲ့အသက်ရှုပြီး တန်တန် မတန်တန် ရာထူး မလိုချင်ကြပါနဲ့။ ကိုယ့်ကိုယ်ကို တန်ဖိုးထား ကြပါ။ တိုင်းပြည်က အသိအမှတ်ပြုပြီး လိုက်လာတဲ့ ခေါင်းဆောင်မျိုး ဖြစ်အောင် လုပ်ကြပါ။ အရည်အချင်းလဲ မရှိ။ ဘယ်သူကမှ အသိအမှတ်ပြုလောက်အောင် စွန့်စားချက်လဲ မရှိ။ ကြီးကျယ်ချင်တဲ့လူတွေဟာ ဘယ်တော့ မှ ခေါင်းဆောင်မဖြစ်နိုင်ဘူး။ အဲဒီလူမျိုးတွေကိုတော့ ကျုပ်သဘောပြောမယ်ဆိုယင် ဘယ်တော့မှ လျှော့ဖယ် မပေးဘူး။ မညှာတန်း ကျုပ်တိုက်ဖျက်ပစ်မှာပဲ။ သို့သော်လဲ ကျုပ်ထက်သာတယ်လို့ ပြနိုင်တဲ့လူပေါ်ယင် ကျုပ်တို့တော့ ကိုယ့်ကိုယ်ကို တသက်လုံးခေါင်းဆောင်ဖြစ်အောင် ဘုရားသခင် ဖန်းဆင်းထားတယ်လို့ ယုံတဲ့လူ မဟုတ်ဘူး။ အဲဒီလို သာတဲ့လူကို ဖယ်ပေးဖို့ အသင့်ပဲ။ အဲဒါ နောက်ဆုံးစကားပဲ။”
တင်ပြသူ
လွင်ပြင်ရိုင်း

Read More...

မမေ့နိုင်သော ဇူလိုက်(၁၉)

19-07-2008

ငါတို့အတွက် ဘ၀တွေစတေးသွားရင်း
အာဇာနည်တွေ ကွယ်ပျောက်ခဲ့ပြီ။
စနစ်ဆိုးရဲ့ ၀ပ်ကျင်းထဲက ဘယ်လိုထွက်မြောက်နိုင်မှာလဲ
သွေးဆာနေတဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့လက်တွေ
သန်မာထွားကြိုင်းနေခဲ့တယ်။
ဖိနှိပ်ခံ ဘ၀များရဲ့မျှော်လင့်ခြင်းအလင်းအတွက်
လွတ်မြောက်မှုရဲ့ အန္တိမမျှော်လင့်ချက်
ကျိန်စာသင့်ဘ၀များရဲ့ နောက်ဆုံးထွက်သက်
ဆာလောင်သံများရဲ့ အလိုအပ်ဆုံးမေ့ဆေး
ဒီအတွက် တိုက်ပွဲတွေဝင်နေကြတယ်။
ဗိုလ်ချုပ်တို့ဟာ ပြည်ပရန်ကာကွယ်လို့
ငါတို့ဟာ ပြည်တွင်းရန်ကိုခုခံနေဆဲ
မင့်ကိုမေ့ဖျောက်ဖို့ ကြိုးစားနေတဲ့
လူယုတ်မာတွေရဲ့ စနစ်ဆိုးကိုတွန်းလှန်ဖို့
ငါတို့လက်တွေ ရဲရဲနီခဲ့ပြီ။


ကမ္ဘာမြေတည်သရွေ့
မင့်ရဲ့နာမည်ဟာ ဘယ်တော့မှမသေဘူး
မင်းအတွက်လူသားစစ်မှန်တဲ့လူတွေ
အသက်တွေ ယဇ်ပူဇော်လို့
လမ်းတွေလျှောက်ခဲ့ကြတယ်
လမ်းတွေဖောက်နေကြတယ်
အာဇာနည်နေ့
မင်းဟာငါတို့ရဲ့နေ့ထူးနေ့မြတ်
လူမဆန်တဲ့ မိစ္ဆာနတ်ဆိုးတွေရဲ့ ယုတ်မာပက်စက်မှုအောက်
ဘ၀တွေပြားပြားမှောက်နေကြပေမဲ့
စိတ်ဓာတ်တွေ သံမဏိလိုမာကြောတယ်။
ကမ္ဘာတုန်ဟီးခဲ့တဲ့ ဥသြဆွဲသံတွေ
တိတ်ဆိတ်လို့
ဝမ်းနည်းခြင်းအထိမ်းအမှတ်တင်တဲ့ အလံတော်ဟာ
နာဂစ်နဲ့အတူ ကျေမွဆုတ်ပျက်ခဲ့ပြီ။
ဒါပေမဲ့
ငါတို့ဒီနေ့ကို ဘယ်လိုမှမေ့မရဘူး
ဖာနိုင်ငံ ဆိုတှဲ့ဗိုလ်ချုပ်ရဲ့မိန့်ခွန်းလို
အခု
ငှက်ကလေးတွေ အိပ်တန်းမပျံနိုင်ခဲ့ကြဘူး။
စစ်မြေပြင်ဖြစ်နေတဲ့ ၀တ္တမြေတွေ
သွေးစိမ်းနဲ့ ရဲသွေးနီနှီစွန်းထင်လို့
ရဟန်းတော်များရဲ့ စာအံသံတွေ တိတ်ဆိတ်ခဲ့ပြီ။
အရွယ်မရောက်ကလေးတွေ
စားပွဲထိုးလို့၊စစ်ထဲဆွဲသွင်းလို့၊အမှိုက်ကောက်လို့
ဆာလောင်မှုရဲ့အသံတွေနဲ့ အော်ဟစ်ရင်း ၀ရုန်းသုန်းကားပြေးလွှား
လူတွေဟာလူနဲ့မတူတော့ဘူး။
လွတ်လပ်ရေးအတွက် ပေးဆပ်ခဲ့တဲ့ အာဇာနည်တွေ
သင်တို့လမ်းအတိုင်း ဘ၀ကိုစတေးရင်း
ဆာလောင်နေတဲ့ လွတ်မြောက်မှုဆီကိုလျှောက်နေကြရင်း
ငါတို့ ဘယ်လိုမှမေံမရပါဘူး။

ရာဇာစိုး၊ရန်ကုန်။

Read More...

မိုးကောင်ကင် မျက်ရည်ကျတဲ့နေ့

19-07-2008

မိုးကောင်ကင် မျက်ရည်ကျတဲ့နေ့
ထင်မှတ်မထားခဲ့ဘူး
ဒီနေ့ရောက်တိုင်း
ကောင်းကင်ကြီးငိုကြွေးမယ်ဆိုတာ။
အလင်းတန်းတွေဖြန့်ဝေပြီး
အနာဂတ်ကမ္ဘာကို တည်ဆောက်ဖို့
ဦးခေါင်းတွေ ဖလှယ်နေတုန်း
နတ်ဆိုးထိုးသံ ၁၃ချက်
ပစ်မှတ်ဆီထိုးဆင်းခဲ့။
ထိချက်က ပြင်းထန်တယ်
ပစ်မှတ်ကို ဖောက်ထွက်
သန်းလေးဆယ်ကျော် ပြည်သူဆီ
တည့်တည့်ထိမှန်ခဲ့။


အဲ့ဒီနေ့မှာ….
မိုးတိမ်တွေ မျက်ရည်ကျကြ
ပြည်သူတွေ ငိုကြွေးကြ
စက်ရုံ အလုပ်ရုံတွေ သင်္ဘောတွေ
အော်အော်ငိုကြ။
ယမမင်းရဲ့ကလေးချော့တီးလုံးလို
လူမပီသသူတွေရဲ့ အငိုတိတ်တေးသွားဟာ
ကောင်းကင်ကြီးအတွက် အငိုတိတ်တေးသွားမဖြစ်ခဲ့ဘူး။
မငိုပါနဲ့ ကောင်းကင်ကြီးရယ်
အိပ်တန်းတက် တန်ပြန်ဝါဒတွေ
ပြန်လာတော့မှာပါ…….။
ထုဆစ် (MSMA)

Read More...

အဖ

19-07-2008

ဦးဆောင်ရှေ့သွား
မေ့ကာထား၍
အားငယ်မိတယ် အဖေရယ်။
အပြည့်စုံတိုင်း
ဒုက္ခ၀ိုင်း၍
နိုင်မဲ့လွမ်းတယ် အဖေရယ်။
ထင်သေးလေရိုင်း
ဝေ့ခတ်တိုင်းလဲ
တိုင်တမ်းမိတယ် အဖေရယ်။
ဒုက္ခမိုးစိုး
အမေငိုတိုင်း
ငိုလွမ်းမိတယ် အဖေရယ်။
လင်္ကာဒီပအရှင်

Read More...

Tuesday, July 15, 2008

ဘလော့ဂ်ဖြင့် တုံ့ပြန်ရန် ဝန်ကြီးဌာနများကို တိုက်တွန်း

15-07-2008

နယူးဒေလီ။ ။ ပြည်ပ သတင်းမီဒီယာများအား တုံ့ပြန်ချေပမည့် ဘလောဂ့်များ ဖန်တီးရေးသားမှု အားမြှင့်လုပ်ဆောင်ရန် စစ်အစိုးရက ဝန်ကြီးဌာနများအား တိုက်တွန်းထားသည်။

ဝန်ကြီးဌာနတိုင်းတွင် “Blog လုပ်ငန်း ကြီးကြပ်မှု ကော်မတီ” က အရာရှိ ကြီးငယ်မဟူ စိတ်ပါဝင်စားသူ မည်သူမဆို ပြည်ပအခြေစိုက် မီဒီယာများ၏ ထုတ်လွှင့် ရေးသားချက်များအား လက်တုံ့ပြန် ရေးသားတင်ပြရန် စီစဉ်ထားခြင်း ဖြစ်သည်၊။ ယခင် နှစ်ကုန်ပိုင်းက စတင်ခဲ့သည့် ပရောဂျက်ကို ပြန်လည် တွန်းအားပေး အသက်သွင်းမှု ယခုပြုလုပ်လာခြင်း ဖြစ်သည်။

“ဝန်ကြီးဌာနတွေက မလုပ်မနေရဆိုပြီး အတင်းတိုက်တွန်း လုပ်တာတော့ မရှိပါဘူး။ နိုင်ငံတော်အဆင့် လုပ်တာ မဟုတ်ဘူးဗျ။ ကိုယ့်အသိုင်းအဝိုင်းထဲမှာ ကိုယ်လုပ်တာလေ။ ကိုယ့်ဌာနနဲ့ ကိုယ် လုပ်တာပါ။ အဲလို အကြီးအကျယ် လုပ်တာမဟုတ်ဘူး။ ကျနော်တို့ လှုပ်ရှားမှု တခုအနေနဲ့ပဲ ဆောင်ရွက်တာပါ” ဟု နေပြည်တော်ရှိ “စီးပွား၊ ကူးသန်း ဝန်ကြီးဌာန ကုန်သွယ်ရေး ဦးစီးဌာန” ညွန်ကြားရေးမှူး ဦးမင်းမင်း က မဇ္ဈိမကို ပြောသည်။

ဆက်သွယ်ရေး၊ ကုန်သွယ်ရေးနှင့် လယ်ယာ စိုက်ပျိုးရေး ဝန်ကြီးဌာနများတွင် ဘလော့ဂ် ကြီးကြပ်ရေး ကော်မတီများ ထားရှိပြီ ဖြစ်သည်။ ကော်မတီများတွင် သက်ဆိုင်ရာဝန်ကြီးက နာယကအဖြစ် တာဝန်ယူပြီး ဒုဝန်ကြီးများ ဦးဆောင်ညွန်ကြားရေးမှူးများ ပါဝင် လုပ်ဆောင်နေရသည်။

“ဘလော့ဂ်ကတော့ ကျနော်တို့ ဌာနတွေက ဝန်ထမ်းတွေအနေနဲ့ ICT (Information, Communication and Technology) လုပ်ငန်း လုပ်နေရတဲ့ အခါကျတော့ ICT နဲ့ ပတ်သက်ပြီးတော့ ပိုပြီး လုပ်နိုင်အောင်လို့၊ ဌာနအလိုက် ကိုယ်လုပ်နေတဲ့ တကယ့်လက်ရှိ အရှိလေးတွေကို ဘလော့ဂ်မှာ ရေးနိုင်အောင် ကျနော်တို့ သင်ထားပေးတာပါ” ဟု ဦးမင်းမင်းက ထပ်ပြောသည်။

Myanmar Today (http://myanmartodayblog.blogspot.com) ၊ ရွှေရောင်ခံစားမှု (http://testgolden.blogspot.com) တို့သည် အစိုးရ စီမံကိန်းအောက်မှ ရေးသားလာသော ဘလော့ဂ်များတွင် ပါဝင်သည်။

ဘလော့ဂ်ဒီဇိုင်း၊ တည်ဆောက်ရာတွင် တုံ့ပြန်ရေးသားမည့် သတင်း အကြောင်းအရာ၊ ကိုးကားသည့် အချက်၊ မှတ်တမ်းများ ခိုင်မာကောင်းမွန်မှု ရှိ၊ မရှိ၊ တဖက် စွပ်စွဲချက်ကို ပြန်လည် ချေပနိုင်မှုအပြင် အခြား အချက်အလက်များကိုပါ ထည့်သွင်း အမှတ်ပေးထားကာ အကောင်းဆုံး ရေးသား တင်ပြနိုင်သူကို ဆုပေးမည်ဟု ကော်မတီတခုက ကြေညာထားသည်။

ယခု ပရောဂျက်အောက် ပါဝင်ရေးသားသူများကလည်း ဘီဘီစီ၊ ဗီအိုအေ၊ အာအက်အေ၊ ဒီဗီဘီနှင့် အင်တာနက် ဝဘ်ဆိုဒ် သတင်းဌာနများမှ အသံထုတ်လွင့်ချက်များ၊ ဖော်ပြ ရေးသားချက်များအပေါ် ဖြစ်သည့် သတင်းဆောင်းပါးများအပေါ် သူတို့၏ အမြင်ဖြင့် တုံ့ပြန်ညွန်းဆို ရေးသား ဝေဖန်ထားကြသည်။

မြန်မာ ဘလော့ဂ်များ ဖြစ်ပေါ်တိုးတက်မှုနှင့် ပတ်သက်၍ စောင့်ကြည့် လေ့လာနေသူတဦးက ပြည်တွင်းဘလော့ဂ်ဂါတဦးက ယခုဘလော့ဂ်များသည် စစ်အစိုးရ၏ မီဒီယာကို မီဒီယာနှင့် တိုက်ဖျက်သွားမည့် ဝါဒဖြန့်ချီရေး စီမံကိန်း၏ တစိတ်တဒေသဟု ပြောသည်။

သို့သော် ဦးမင်းမင်းကမူ ဝါဒဖြန့် စစ်ဆင်ရေး မဟုတ်ပါဟု ငြင်းဆိုလိုက်ပြီး အိုင်တီနှင့်အကျွမ်းတဝင် ဖြစ်ရေးအတွက်သာဟု ပြောဆိုသွားသည်။

Read More...

မုန်တိုင်းကြောင့် ရေလုပ်သား အသေအပျောက် (၂၇,၀၀၀) ကျော်ရှိ

15-07-2008
နာဂစ်မုန်တိုင်းကြောင့် ငါးဖမ်းလုပ်သားပေါင်း (၂၇, ၀၀၀) ကျော် သေဆုံးနှင့် ပျောက်ဆုံးသွားခဲ့ ကြသည်ဟု ကုလသမဂ္ဂ လူသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းဆောင်ရွက်ရေးရုံး (OCHA) ၏ ယမန် နေ့ထုတ် အစီရင်ခံစာအရ သိရသည်။

မုန်တိုင်းကြောင့် ကမ်းဝေးနှင့် ကမ်းနီး ငါးဖမ်းစက်လှေ (၃၄,၆၈၆) အနက် အစီး (၂,၀၀၀) ကျော် ဆုံးရှုံးခဲ့ပြီး မုန်တိုင်းဒဏ်ခံရသည့် မြို့နယ်တခုစီ၌ ပျမ်းမျှလှေငယ်အစီး (၁,၀၀၀) ခန့် ပျက်စီး သွားသည်ဟု အစီရင်ခံစာ၌ ဖော်ပြသည်။ အအေးခန်းစက်ရုံ (၅၅) ခု ပျက်စီးသွားသည်ဟုလည်း သိရသည်။

ငါးဖမ်းလုပ်သား အများအပြား မုန်တိုင်းအတွင်း သေကျေပျက်စီးခဲ့ရသော်လည်း ငါးဖမ်းလုပ်ငန်း ထိခိုက်မှုမရှိဘဲ အစားထိုး လုပ်ကိုင်နိုင်မည်ဟု ယူဆကြောင်း ငါးလုပ်ငန်း ဦးစီးဌာန ညွှန်ကြားရေး မှူး ဦးဝင်းသိန်းဦးက ခေတ်ပြိုင်သို့ ပြောကြားသည်။

၎င်းက “ဒီမှာ လက်တွေ့တွေ့ရတာတော့ အဖေသေသွားမယ်၊ သူ့သားကျန်မယ်။ သား သေသွား မယ်၊ အဖေ ကျန်တာရှိမယ်။ အဲဒီအခါကျတော့ လုပ်ငန်းခွင်မှာတော့ သူတို့မိသားစုက ပြန်ပြီးတော့ အစားထိုးလုပ်နိုင်ပါတယ်။ နောက်တခုက သေဆုံးသွားတဲ့ အထဲမှာလည်း အကူလေးတွေ၊ ဘောက် သမားတွေ များတဲ့အခါကျတော့ ကျနော်တို့လုပ်ငန်းကို ပင်မထုတ်လုပ်ပေးနေသူတွေ သိပ်မပါဘူး ပေါ့။ ပါသွားလို့ရှိရင်လည်း မိသားစုတွေက အစားထိုးဝင်ရောက် လုပ်ကိုင်လာကြတယ်” ဟု ပြောသည်။

ရေလုပ်ငန်းကဏ္ဍ ပြန်လည်ထူထောင်ရန် အချိန်ကာလ (၃) လ သတ်မှတ်ထားပြီး ရေလုပ်သားများ အမြန်ဆုံး အလုပ်ခွင်ပြန်ဝင်နိုင်ရန် လိုအပ်သည့် ငါးဖမ်းလှေနှင့် ငါးဖမ်းပိုက်များ အပါအ၀င် ငါးဖမ်း ကိရိယာများလည်း ပံ့ပိုးပေးနေသည်ဟု ညွှန်ကြားရေးမှူး ဦးဝင်းသိန်းဦးက ဆက်လက်ပြောသည်။

ပျက်စီးသွားသည့် ငါးဖမ်းလှေပေါင်း အစီး(၇,၀၀၀) ခန့်ရှိကြောင်းနှင့် ပျက်စီးမှုကို အစားထိုးရန် စက်တပ် ငါးဖမ်းလှေငယ် အစီးရေ (၉,၅၀၀) ခန့် ထုတ်လုပ်လျက်ရှိကြောင်း ငါးလုပ်ငန်း ဦးစီးဌာန မှသိရသည်။ ထို ငါးဖမ်းလှေများအား ငါးဖမ်းလုပ်သားများကို ပေးအပ်၍ (၁) နှစ် အခမဲ့လုပ်ကိုင်ခွင့် ပြုမည်ဖြစ်ပြီး ကျသင့်ငွေ (၄) သိန်းကို ၂၀၀၉ ခု ဇူလိုင်လမှစ၍ (၄) ရစ်ခွဲ၍ ပြန်လည်ပေးဆပ်ရ မည်ဟု သိရသည်။

သေဆုံးသွားသည့် ငါးဖမ်းလုပ်သားများအတွက် သက်ဆိုင်ရာက နစ်နာကြေး တစုံတရာ ပေးအပ် ခြင်းမရှိကြောင်းနှင့် ငါးဖမ်းလှေများကိုလည်း ငါးဖမ်းလုပ်သားတိုင်း မရရှိဘဲ အာဏာပိုင်တို့နှင့် နီးစပ်သူများကိုသာ မျက်နှာပန်းလှရုံ ပေးအပ်နေခြင်းဖြစ်ကြောင်း ဘိုကလေးမြို့ခံတဦးက ပြောသည်။

နာဂစ်မုန်တိုင်းကြောင့် သေဆုံးသူ (၈၄,၅၃၇) ဦးနှင့် ပျောက်ဆုံးသူ (၅၃,၈၃၆) ဦးရှိကြောင်း စစ်အစိုးရက တရားဝင် ပြောကြားထားသည်။ ကုလသမဂ္ဂ အေဂျင်စီ (OCHA) က ပျောက်ဆုံးနှင့် သေဆုံးသူပေါင်း (၁၄၀,၀၀၀) ဦး ရှိပြီး (၅၅) ရာခိုင်နှုန်းသည် အမျိုးသမီးများဖြစ်သည်ဟု ယမန်နေ့ ထုတ်အစီရင်ခံစာ၌ ခန့်မှန်းသည်။ ။

Read More...

One killed, one injured in Myanmar bus blast

15-07-2008

YANGON (AFP) - One man was killed and another injured when a bomb went off aboard a passenger bus headed to Myanmar's main city, state-run media reported on Tuesday.
The explosion took place at 8:50 am (0220 GMT) on Monday, en route to the country's economic hub Yangon, according to the official The New Light of Myanmar newspaper.

"One passenger died and another was injured in an explosion on a bus en-route from Kyaukkyi to Yangon," the paper said, noting that authorities are investigating the blast.

The man who died was a 55-year-old named Khant, it said. A 46-year-old man named Pa Pa received a stomach injury in the blast which took place near Daik Oo town, 85 miles (135 kilometres) northeast of Yangon.

Authorities immediately blamed insurgents for the bombing.

"Insurgents have committed destructive acts to jeopardize the stability of the state, community peace and prevalence of law and order to cause panic among the people," the paper said.

The bus journey started in Kyaukkyi near the border of Karen state where ethnic rebels have battled for decades against the military regime, who have run Myanmar since 1962, for autonomy in their region.

Earlier this month a small bomb exploded at the offices of the pro-junta Union Solidarity and Development Association on the outskirts of Yangon, causing no injuries but blowing a hole in the wall of the building.

Myanmar faces scores of organised resistance groups. Such small explosions are usually blamed on ethnic rebels or exiled dissident groups.

Read More...

ဗိုလ်ချုပ်ပုံပါ ဂျာနယ် ရောင်းကောင်း

15-07-2008


ယမန်နေ့ထုတ် True news သစ္စာဂျာနယ်တွင် ဗိုလ်ချုပ်အောင်ဆန်းနှင့် အာဇာနည် ခေါင်းဆောင် ကြီးများ၏ ဓာတ်ပုံ၊ အချက်အလက်များ ပါရှိသည့်အတွက် အလွန်ရောင်းကောင်းကြောင်း ရန်ကုန် မြို့ရှိ ဂျာနယ်ရောင်းသူများက ပြောသည်။

ပန်းဆိုးတန်းလမ်းတွင် ဂျာနယ်ရောင်းသူတဦးက “ဒီဂျာနယ်ဟာ ထုတ်တာ သိပ်မကြာသေးဘူး။ အရင်အပတ်တွေက သိပ်မရောင်းရဘူး။ ခုတပတ်တော့ ဗိုလ်ချုပ်အောင်ဆန်းနဲ့ အာဇာနည်တွေရဲ့ ဓာတ်ပုံတွေ၊ ဗိုလ်ချုပ်အောင်ဆန်းရဲ့ဘ၀ နေ့စွဲတွေ စတာတွေပါတော့ တော်တော်လေး ရောင်း ကောင်းတယ်။ ဗိုလ်ချုပ်တို့ပုံက အချပ်ပို စာမျက်နှာမှာ ရောင်စုံနဲ့ပါတာ။ ကျနော်တို့က အဲဒါကို မျက်နှာဖုံးမှာတင်ပြီး ရောင်းတော့ ရောင်းကောင်းတာပေါ့” ဟု ပြောသည်။

အဆိုပါ ဂျာနယ်သည် ယမန်နေ့က လက်ကျန်မရှိအောင် ရောင်းကောင်းကြောင်း၊ ဂျာနယ်များ၏ ရောင်းအားသည် နာမည်ကြီးရင် ကြီးသကဲ့သို့ ရောင်းအားကောင်းပြီး စောင်ရေများကြောင်း၊ သို့ သော် တခါတရံ မျက်နှာဖုံးပါ သတင်းဖြစ်စေ၊ အခြား ထူးခြားသည့် သတင်းတခုခုဖြစ်စေ ပေါက် သွားပါက အထူးရောင်းရကြောင်း (၄၃) လမ်းနှင့် မဟာဗန္ဓုလလမ်းရှိ ဂျာနယ်ဖြန့်ချိသည့် အရောင်း ဆိုင်များထံမှ စုံစမ်းသိရသည်။

ပြီးခဲ့သည့်နှစ်က မစ္စတာဂမ်ဘာရီနှင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) တွေ့ဆုံကြ သည့် မျက်နှာဖုံးပါ ဂျာနယ်များ၊ ဒေါ်အောင်ဆန်းစုကြည်နှင့် မစ္စတာ ဂမ်ဘာရီ၊ ဒေါ်အောင်ဆန်း စုကြည်နှင့် ဦးအောင်ကြည် တွေ့ဆုံသည့် မျက်နှာဖုံးပါ ဂျာနယ်များ ရောင်းကောင်းခဲ့ကြောင်း၊ ပြီးခဲ့သည့် မေ (၅) ရက်ကလည်း မုန်တိုင်းတိုက်ပြီးပြီးချင်း ထွက်လာသည့် Weekly Eleven ဂျာနယ်သည် အလွန်ရောင်းကောင်းပြီး တစောင်ကို ကျပ် (၁,၀၀၀) ခန့်အထိ ဈေးတက်သွားခဲ့ ကြောင်း အဆိုပါ ဂျာနယ်ဖြန့်ချိသည့် အရောင်းဆိုင်များက ရှင်းပြသည်။

ရန်ကုန် မဟာဗန္ဓုလလမ်း၌ ဂိတ်ထိုးလေ့ရှိသည့် တက္ကစီသမားတယောက်က သူလည်း သစ္စာ ဂျာနယ်ကို ကြိုက်၍ ၀ယ်ထားကြောင်း၊ ဂျာနယ်ပါ ဗိုလ်ချုပ်အောင်ဆန်းပုံကို ပုံကြီးချဲ့ပြီး အိမ်တွင် ချိတ်ထားရန်ဖြစ်ကြောင်း ပြောသည်။

ဂျာနယ်အယ်ဒီတာတဦးက “စစ်အစိုးရ စာပေစိစစ်ရေးအနေနဲ့ ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဓာတ်ပုံ
အပါအ၀င် အကြောင်းအရာတွေနဲ့ ပတ်သက်လို့ ရေးသားဖော်ပြခွင့် တရားဝင် ပိတ်ပင်ထားတာ မရှိပေမယ့် ပေါ်လွင်ထင်ရှားအောင် ရေးသားဖော်ပြခြင်းမျိုးကိုတော့ ခွင့်ပြုလေ့ မရှိဘူး၊ ဥပမာ ဂျာနယ်၊ မဂ္ဂဇင်းမျက်နှာဖုံးတွေမှာ ဖော်ပြခွင့် မပြုတာမျိုးတွေပေါ့” ဟု ပြောသည်။

ရွှေတိဂုံဘုရားလမ်းရှိ နအဖစစ်အစိုးရ စစ်သမိုင်းပြတိုက်တွင်မူ ဗိုလ်ချုပ်အောင်ဆန်း၏ ပုံများကို တပ်မတော်၏ ဖခင်ကြီးအဖြစ် လေးစားဖွယ်ကောင်းအောင် ထင်ထင်ရှားရှား ပြသထားခြင်း မရှိသော်လည်း သမိုင်းဆိုင်ရာ ဓာတ်ပုံအခန်း၌ မထင်မရှား ပြသထားကြောင်း သိရသည်။ ။

Read More...

Saturday, July 12, 2008

Bogalay Area

12-07-2008
စေတီပုထိုးလည်း ပျက်

ဘုန်းကြီးကျောင်းလည်း ပြိုပျက်

လမ်းဘေးထွက် အလှူခံနေရပြီ



အံသြစရာစရာကောင်းတဲ့ ဗမာ့သဒ္ဓါတရား

နေစရာက အိမ်က အိမ်သာ သာသာ

ဒါက ဘိုကလေးမြို့ပေါ်က အရေးပေါ်သောက်ရေကန်အသစ်

အာဖရိကမဟုတ်ဘူး ဗမာရိက


Read More...

Wednesday, July 9, 2008

ဂျီ ၈ ခေါင်းဆောင်များက ဒေါ်စုကို လွှတ်ပေးရန် တောင်းဆို

နယူးဒေလီ။ ။ ယခု ဂျပန်နိုင်ငံတွင် ကျင်းပနေသည့် စက်မှုထိပ်သီး ၈ နိုင်ငံ အစည်းအဝေး တက်ရောက်လျက် ရှိကြသော ခေါင်းဆောင်များက နိုင်ငံရေး အကျဉ်းသားအားလုံး လွှတ်ပေးပြီး ဒီမိုကရေစီစနစ်သို့ ရှေးရှုသည့် နိုင်ငံရေး အသွင်ကူးပြောင်းမှုတရပ် ပြုလုပ်ပါရန် မြန်မာစစ်အစိုးရကို အင်္ဂါနေ့က တောင်းဆိုလိုက်သည်။

ဗြိတိန်၊ ကနေဒါ၊ ပြင်သစ်၊ ဂျာမဏီ၊ အီတလီ၊ ဂျပန်၊ ရုရှ နှင့် အမေရိကန်နိုင်ငံတို့ ပါဝင်သော စက်မှု ၈ နိုင်ငံ အစည်းအဝေးက ကြေညာချက်တရပ် ထုတ်ပြန်ပြီး “ဒေါ်အောင်ဆန်းစုကြည် အပါအဝင် နိုင်ငံရေး အကျဉ်းသား အားလုံးကို ချက်ချင်း လွှတ်ပေး၍ တရားဝင်မှုရှိပြီး ဒီမိုကရေစီ နည်းကျသည့် အရပ်သား အစိုးရ တရပ်သို့ အသွင်ကူးပြောင်းရေးကို အားပေးပါရန်” မြန်မာစစ်အစိုးရကို တောင်းဆိုလိုက်ကြသည်။

နိုင်ငံတကာ၏ တောင်းဆို ဖိအားပေးမှုများကို မသိကျိုးကျွန်ပြု၍ ဒေါ်အောင်ဆန်းစုကြည်၏ အကျယ်ချုပ် သက်တမ်းကို မေလအတွင်းက နောက်ထပ်သက်တမ်း ၁ နှစ် ထပ်မံ တိုးမြှင့်ခဲ့သည်။


ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၈ နှစ်အတွင်း ၁၂ ကျော်ကြာမျှ သူမ၏ ရန်ကုန်မြို့ အင်းယားကန် နံဘေး နေအိမ်တွင် တဦးတည်း အကျယ်ချုပ် ကျခံနေခဲ့ရသည်။

ဂျီ ၈ ဟု အတိုကောက် ခေါ်ဝေါ်ကြသည့် စက်မှုထိပ်သီး ၈ နိုင်ငံ၏ ခေါင်းဆောင်များ ထုတ်ပြန်လိုက်သော ကြေညာချက်တွင် မြန်မာနိုင်ငံ ရန်ကုန်တိုင်းနှင့် ဧရာဝတီတိုင်းတို့ကို မေလ ၂ ရက်နှင့် ၃ ရက်နေ့များက တိုက်ခတ် ဖျက်ဆီးသွားခဲ့သောကြောင့် ကျန်ရစ်ခဲ့သည့် နာဂစ် ဆိုင်ကလုံးမုန်တိုင်း ဒုက္ခသည်များထံ နိုင်ငံခြားသား အကူအညီပေးရေး လုပ်သားများ လွတ်လပ်စွာ သွားရောက်ကူညီ ခွင့်ပြုရန်လည်း တောင်းဆိုထားသည်။ ထိုမုန်တိုင်းကြောင့် လူပေါင်း ၁၃၈ဝဝဝ ကျော်သေဆုံး ပျောက်ဆုံးခဲ့ရသည်။

စက်မှုထိပ်သီး ၈ နိုင်ငံခေါင်းဆောင်များက “မိမိတို့သည် နာဂစ်ဆိုင်ကလုံး မုန်တိုင်းဒဏ် ခံခဲ့ရသည့် ဒုက္ခသည်များထံ အကူအညီများ အမှန်တကယ် ရောက်ရှိရေးအတွက် သံန္နိဌာန် ချမှတ်ထားကြောင်း၊ နိုင်ငံခြားသား အကူအညီပေးရေး လုပ်သားများအပေါ် ချမှတ်ထားသည့် ကျန်ရှိနေသေးသော အကန့်အသတ် အားလုံးကို ရုပ်သိမ်းပေးရန်လည်း မြန်မာ အာဏာပိုင်များကို တောင်းဆိုကြောင်း” အဆိုပါ ကြေညာချက်တွင် ဖေါ်ပြထားသည်။

သို့သော် မြန်မာနိုင်ငံ အစိုးရကမူ ဆိုင်ကလုံး ဒုက္ခသည်များကို လူသားချင်းစာနာသည့် အကူအညီများ ပေးအပ်ရန် နိုင်ငံခြားသား အကူအညီပေးရေး ကျွမ်းကျင်သူ ၁၅ဝဝ ကျော်ကို ဗီဇာများ ထုတ်ပေးခဲ့ပြီး ဖြစ်ကြောင်း အင်္ဂါနေ့က ထုတ်ဖေါ် ပြောဆိုသွားပါသည်။
09-07-2008
ကုလသမဂ္ဂ လူသားချင်း စာနာသည့် အကူအညီပေးရေး ညှိနှိုင်းရေးရုံး (UNOCHA) ၏ အဆိုအရ ဇူလိုင်လ (၇) ရက်နေ့ အထိ ကုလသမဂ္ဂဝန်ထမ်း (၃၁၇) ဦးသာဗီဇာ ရရှိသေးကြောင်း၊ ဗီဇာလျှောက်ထားမှု ၁၃ ခုမှာ စောင့်ဆိုင်းနေဆဲ ဖြစ်ကြောင်း သိရပါသည်။

“ယခုအခါ သုံးပွင့်ဆိုင် ပင်မအုပ်စု (TCG) သို့ တင်ပြလျှင် ဗီဇာ လျှောက်လွှာများကို ၂ ရက်၊ ၃ ရက်အတွင်း ထုတ်ပေးလျက် ရှိပါသည်။ ဗီဇာအများစုကို ကနဦး ရက်သတ္တ ၂ ပတ် ခွင့်ပြုချက်ဖြင့် တကြိမ်သာ ဝင်ရောက်ခွင့် ဗီဇာများအဖြစ် ထုတ်ပေးထားပါသည်” ဟု (UNOCHA) အဖွဲ့၏ အင်္ဂါနေ့က ထုတ်ပြန်ခဲ့သော “အခြေအနေ သုံးသပ်ချက်” အစီရင်ခံစာတွင် ရေးသား ဖေါ်ပြထားပါသည်။

ဆိုင်ကလုံး မုန်တိုင်းဒဏ်ခံ ဒေသများသို့ သွားရောက်ခွင့်ကို မြန်မာနိုင်ငံ လူမှုဝန်ထမ်း၊ ကယ်ဆယ်ရေးနှင့် ပြန်လည်နေရာ ချထားရေး ဝန်ကြီးဌာနသို့ တင်ပြ တောင်းခံရပြီး လျှောက်လွှာများ စိစစ်ခြင်းသည် ပျှမ်းမျှ ၄ ရက်မှ ၅ ရက်အထိ ကြာသည်ဟု သိရသည်။

Read More...

Tuesday, July 8, 2008

Cyclone Orphans Take Low-Paid Work to Survive

08-07-2008

Using a small oil lamp to seal the ends, a woman and two children pack cheroots in to plastic bags in a small factory in Pegu, 58 kilometers (36 miles) north of Rangoon. Sources said children orphaned by Cyclone Nargis had migrated to the cities to find work. (Photo: AFP)
Many children orphaned by Cyclone Nargis are being employed in low-paid jobs in the Irrawaddy delta and Rangoon, according to monks in the region.

Monasteries throughout the region opened their doors to orphans, but a monk in Mawlamyinegyunn Township said children who lost their parents in the storm often preferred to live with adult survivors in their own communities, where they found work in the paddy fields and fish farms.

Other children who had lost their parents had migrated to the cities to find work in tea shops, small businesses and households, often encouraged by family members, the monk said. Some were as young as 10.

A senior monk in Mawlamyinegyunn said his monastery had sent 20 orphaned children to Phaungdawoo monastery in Mandalay, where they were being educated.

“There are so many children who desperately need care, and we are now trying to collect information and data about orphans so we can help them,” he said.

The United Nations Children's Fund (UNICEF) said on Monday that 428 children had been separated from their parents by the cyclone. More than 50 centers had been established to help them, said UNICEF spokesman Zafrin Chowdhury.

According to government figures, more than 84,000 people died in the cyclone and 54,000 are missing. The most vulnerable victims of the disaster were children, UNICEF said.

The International Labour Organization has expressed concern about the possibility that children may be forced to help in reconstruction work, and has warned UN agencies and relief workers of “the increased risk of incidences of forced labor, child labor, human trafficking and migrant labor as the authorities and individuals come to grips with the sheer size of the tragedy.”

Rangoon-based journalist Aung Thet Wyine contributed to this report.

Read More...

ထိုင်းဝန်ကြီးချုပ်ဟောင်း တပ်ဆင် ကိုထောက်ခံသည့် စစ်တပ်အင်းအားတစ်စုအာဏာသိမ်းဖို.ပြင်ဆင်နေ ဟု ပြည်သူဒီမိုကရေစီမဟာမိတ်အဖွဲ. ထုတ်ပြော

08-07-2008

ဝန်ကြီးချုပ်ဟောင်း တပ်ဆင်အပေါ် စွတ်စွဲထားသော အမှုမှန်သမျှမှ ကယ်တင်နိုင်ရန်အတွက် တပ်ဆင်နဲ.နီးစပ်သော စစ်တပ်အင်းအားတစ်စုက အာဏာသိမ်းဖို.ပြင်ဆင်ခဲ့ကြောင်း ပြည်သူဒီမိုကရေစီမဟာမိတ်အဖွဲ.မှ ကိုဒီနေတာ (အဓိကလှုပ်ရှားနေသူ) စူရိယစိုင် က ထုတ်ဖော်ပြောကြားလိုက်သည်။

ဝန်ကြီးချုပ်ဟောင်းတပ်ဆင်အပေါ် စွဲထားသော အမှုအားလုံး တရားရုံးကနေ စဉ်းစားနေသည့်အတွက်ကြောင့် သူကို အာကာအကွယ်ပေးဖို.အာဏာသိမ်းခြင်းဖြစ်ပါသည်၊ ဟု သူကဆက်ပြောသည်။

အောက်တိုဘာလကျရင် စစ်တပ်ရာထူးအပြောင်းအလဲကို စစ်တက္ကသိုလ်အမှတ်(၁၀) ကျောင်းဆင်းသူများအတွက် အာဏာသိမ်းဖို. အခွင့်အလမ်းဖြစ်သွားနိုင်ကြောင်း၊ ယင်ကိစ္စကို လူထုအနေနဲ. မျက်ခြေမပြတ်စောင့်ကြည့်ကြပါရန် သူကဆက်ပြီးတောင်းဆိုပါသည်။

တပ်ဆင် အမှုကို အရေးမယူနိုင်ရန် ဘတ်ငွေသန်းပေါင်းများစွာသုံးပြီး ရှေ.နေချုပ်ရုံးကို ပေးပို.ခဲ့ကြောင်း သူကပြောသည်။

လက်ရှိ ဝန်ကြီးချုပ် ဆမက်စွန်ထရာဝစ် က ဘရူးနိုင် နိုင်ငံကအပြန် လေဆိပ်မှာ အဖမ်းခံခဲ့လိမ်မည် လို. လွန်ခဲ့သော အပတ်က သတင်းတွေထွက်ပေါ်ခဲ့ပါသည်။

ထို.သတင်းဟာ အခြေအမြစ်မရှိသော သတင်း မဟုတ်သည့်အကြောင်းကို လာဘ်ပေးလာဘ်ယူအရေးယူ ဌာနမှ အထွေထွေအတွင်းရေးမှူး ဝီရစွမ်ခဝန်းခေတ် ကအတည်ပြု ပြောပါသည်။

ထို.ကိစ္စနဲ. ပတ်သက်ပြီး စစ်တပ်အင်းအားတစ်စု၏ လှုပ်ရှားမှုကို စောင့်ကြည့်ဖို. လက်ရှိဝန်ကြီးချုပ် ဆမက်ကို သူတို.တောင်းဆိုပါသည်။

သို.သော်၊ ဗိုလ်ချုပ် ရောင်ရွတ် က ထို. သတင်းမမှန်ကြောင်း ငြင်းပယ်လိုက်ပြီး သူမှာ ထို.ကဲ့သို. အတွေးအခေါ်မရှိကြောင်းပြောကြားသည်။
Bangkok - The People’s Alliance for Democracy (PAD) coordinator Suriyasai Katasila revealed soldiers who have close relationship with the then-premier Thaksin Shinawatra planned to stage a coup to help free Thaksin from all accusations.

Suriyasai yesterday said the coup was to protect the former prime minister from all allegations as cases against him are considered by court.

He urged people to keep eye on the military transfer in October as it could be used to pave way for the 10th class of the Armed Forces Academies Preparatory School (AFAPS) to make a coup.

It was said several million baht were proposed to the Office of Attorney-General so that cases against Thaksin would not be prosecuted.

Prime Minister Samak Sundaravej last week gave news that he would be arrested at the airport when he came back from Brunei.

Veera Somkwamkid, secretary-general of the Anti-Corruption People’s Network, confirmed the news was not groundless.

Samak was urged to closely keep his eye on a group of soldiers who is making a movement -- Gen Ruangroj Mahasaranont, Gen Chaisit Shinawatra, Lt Gen Prin Suwannathat, Gen Trairong Suwannathat, Gen Pornchai Kranlert, Lt Gen Ruangsak Thongdee, ACM Sukampol Suwannathat, ACM Sumet Bhodimanee, ACM Pongsathorn Buasap and Air Vice Marshal Sarayuth Thepsitha.

But Gen Ruangroj denied the news, saying he did not have such an idea.

Read More...

မကြုံစဖူး ပြည်ပက ကျင်းပတဲ့ ရဟန်းခံရှင်ပြု၊ သိမ်ရေစက်ချ

08-07-2008

ဇူလိုင်လ (၄)ရက်နေ့က အမေရိကန်နိုင်ငံ၊ အင်ဒီယားနားပြည်နယ်၊ ဖို့တ်ဝိန်းမြို့တွင် သီလ ၀ိသောဓနိ ခဏ္ဍ သိမ်တော်ကြီး ဖွင့်ပွဲနှင့် စုပေါင်းရဟန်းခံ ရှင်ပြုအား ဖို့တ်ဝိန်းမြို့ ထေရ၀ါဒ ဗုဒ္ဓသာသနာ အဖွဲ့မှ ကြီးမှူး၍ ဓမ္မရက္ခိတ ကျောင်းတိုက်တွင် ကျင်းပပြုလုပ်ခဲ့သည်။

အမှတ် (၁၁၃၃) ဟာဇယ်လမ်းမ၊ ဖို့တ်ဝိန်း၊ အင်ဒီယားနား - ၄၆၈၁၆ ၌ ရှိသော ဓမ္မရက္ခိတ ကျောင်းတွင် အရုဏ်တက်၌ သံဃာတော်များအား အရုဏ်ဆွမ်းကပ်လှူကြကာ နံနက်ပိုင်းတွင် နိဗ္ဗာန်ဈေးရောင်းပွဲတော် ပြုလုပ်ကြကာ ရရှိသော အလှူတော်ငွေများအား ဓမ္မရက္ခိတကျောင်းအား ပြန်လည်လှူဒါန်းအမှု ပြုကြသည်၊ ညနေ (၄)နာရီတွင် ဓမ္မရက္ခိတ ကျောင်းတွင် စာရင်းပေး ရဟန်းလောင်း၊ ရှင်လောင်း ၄၀ ခန့်နှင့် သီလရှင် ၄ပါး အား ဒေ၀ါဝင်း၊ ရာဇာဝင်း ခင်းကာ မြင်းခင်းသဘင်နှင့် ပန်းရထား အစပြုသော အချွေအရံ စုံလင်စွာဖြင့် မြန်မာ့ရိုးရာ အစဉ်လာ မပျက် အဆင်အယင်များဖြင့် မှူးကြီးမတ်ရာ၊ ဘုရင်၊ မိဖုရား ချွေရံသင်ပင်း စုံလင်စွာဖြင့် မြန်မာ့ရိုးရာ တေးဂီတ၊ တခန်းရပ် အော်ပရာ၊ ခေတ်ပေါ်တေးဂီတ စသဖြင့် ကားအစင်းပေါင်း ရာနှင့်ချီကာ မြို့ခံ ယာဉ်ထိမ်းရဲများမှ ဦးဆောင်၍ လမ်းရှင်းပေးကာ မြို့တွင်းသို့ လှည့်လည်ကြသည်၊ ဇေတ၀န်ကျောင်းတော်သို့ သွားရောက်ကာ နတ်ဒေ၀ါများအား တိုင်တည် ပြသသော ပုံသဏ္ဍာန်အားဖြင့် သံဃာတော်များအား ကန်တော့ခြင်း အမှုများ ဆက်လက် ပြုလုပ်ကြသည်။

ဆံချနေစဉ် တွေ့မြင်ရပုံ

ယင်းအလှူပွဲတော် ဖြစ်မြောက်ရေးအတွက် လပေါင်း(၅)လခန့် ကြိုတင်စီစဉ်ရသည်ဟု ပွဲတော်ဖြစ်မြောက်ရေး ကော်မတီမှ လူထုအသံအား ဤသို့ ဆိုသည်၊ ၀င်းခင်းမည့် အ၀တ်အစားများအား မြန်မာပြည်မှ မှာယူရကာ ညီညွတ်မှုအနေဖြင့် ဖို့တ်ဝိန်းတမြို့လုံးးရှိ မြန်မာမိသာစုများမှ ပူပေါင်းပါဝင် ကူညီကြသည်၊ တဦးချင်းအနေဖြင့် ဦးသန်းအောင် (အာနန်) မိသားစုမှ လူ ၅၀၀ စားသောက်နိုင်မည့် ဒန်ပေါက်၊ ကိုသန်းဋ္ဌေး၊ မချိုမိသားစုမှ နေ့စဉ်အရုဏ်ဆွမ်း မုန်ဟင်းခါး၊ အခြားသော မိသားစုများမှလဲ ထမင်းနှင့် ဘဲသားဟင်း၊ စသော စားသောက်ဖွယ် စုံလင်စွာဖြင့် စီစဉ် ဆောင်ရွက်ထားသည်ဟု သိရှိရသည်။
အဆိုတော်ဒေါ်မာမာအေး နှင့် အလှူပွဲလာပရိသတ်

ထိုအလှူတော် မင်္ဂလာပွဲတော်သို့ အဆိုတော် ဒေါ်မာမာအေး၊ စန္ဒယား ခင်နုနု၊ ပါမောက္ခ ဦးမြတ်လှ၏ သမီး သဲသဲ တို့မှ အလှူတော်မင်္ဂလာ မြန်မာသံစဉ်တေးများဖြင့် သီဆိုကျူးရင့် ဂုဏ်ပြုအမှုပြုကြပြီး၊ စန္ဒယားသောင်းဟန်၊ ကုလားလေး ဇော်ဝင်း တို့၏ မြန်မာ့ဆိုင်းဝိုင်းများ၊ ဒေသခံများ၏ ခေတ်ပေါ်တေးဂီတ များဖြင့် ဖျော်ဖြေတင်ဆက်ကြသည်။ ရဟန်းလောင်းများအနေဖြင့် ၁၉၈၈ခုနှစ် လုပ်သားကောလိပ် ဥက္ကဋ္ဌ ကိုအောင်ကြည်ဦး၊ ကျောင်းသားတပ်မတော် ရဲဘော်ဟောင်းများ၊ အမျိုသား ဒီမိုကရေစီ အဖွဲ့ချုပ်မှ သူများ ပါဝင်ကာ ကျောင်ထိုင်ဆရာတော် ဦးဝိစက္ခဏ နှင့် ထိုကျောင်းတော်မှ ဥက္ကဋ္ဌ ဒေါက်တာ ခင်မာဦးနှင့် မြို့ခံများတက်ရောက်ကြကာ မြန်မာနိုင်ငံတွင်းမှ သံဃာတော် တပါးလဲ အထူးဖိတ်ကြားကာ တက်ရောက် သည်ဟု လူထုအသံမှ သိရှိရသည်။
ထိုနေ့က ဓမ္မရက္ခိတ ကျောင်းတိုက် အ၀င်အ၀မုဒ်ဦး


နောက်တနေ့တွင် နောက်ထပ် မြန်မာဘုန်တော်ကြီးကျောင်း ဖြစ်သော ဇေတ၀န်ကျောင်းတွင် သံဃာတော်များ အမှူးပြု၍ သိမ်သမုတ်ခြင်း နှင့် ပန္နက်ရိုက်ပွဲ ကျင်းပပြုလုပ်သည်ဟု သိရှိရသည်။ မြန်မာနိုင်ငံသား သောင်းဂဏန်းမျှရှိသော အင်ဒီယားနား၊ ဖို့တ်ဝိန်းမြို့တွင် ထေရ၀ါဒ မြန်မာ ဘုန်းတော်ကြီး ၂ကျောင်း၊ မွန်ဘုန်းတော်ကြီး ၂ကျောင်း၊ လာအို နှင့် သီရိလင်္ကာ ဘုန်တော်ကြီးကျောင်း ၁ကျောင်းစီ တည်ရှိနေပေသည်။

Read More...

လွတ်လပ်ခြင်း ခရီးသည်

08-07-2008

အိပ်မက်တွေ အတူတူ လွှင့်ခဲ့
ရင်ဘက်တွေ အတူတူ မီးခိုးအူခဲ့
ဦးနှောက်တွေ အတူတူ မီးညှိခဲ့
ဒီလိုနဲ့…….
ဖုန်းဆိုးတောမှာ
မေတ္တာအိမ်လေးတည်ဆောက်ဖို့
ငြိမ်းချမ်းရေးအလံစိုက်ဖို့
ချိုးဖြူငှက်လေးအိပ်တန်းဝင်ဖို့
သူ…………
ခဏ……..
ဓားသွေးထွက်သွားတယ်။
အရှေ့ဘက်က နေမင်း
အနောက်ဘက်ကို ခဏအလည်သွားတာပါ
မနက်ခင်းကျရင် ပြန်လာမှာပေါ့။
(ပိတ်ထားတဲ့ ပြတင်းတံခါးနောက်ကွယ်မှာ လွတ်လပ်ခြင်းတွေ သီကုံးလို့ ငြိမ်းချမ်းခြင်းတွေ ရွှဲနစ်နေတဲ့ နောင်တော်ကြီးကို ဆွေးဆွေးကြီး ငေးကြည့်ရင်း အော်ခေါ်ကြည့်တာပါ)
D.ကောင်းကင်

Read More...

ပြည်တွင်းမှာဖြန့်တဲ့ အိုးဝေဂျာနယ် (ခွပ်ဒေါင်းပျိုတို့ ကြွေးကြော်သံ)

08-07-2008

Read this document on Scribd: Oway Journal

Read More...

ရင်ဘက်ချင်းနီးကြသူများ

08-07-2008

ကျယ်ပြောလှတဲ့ ဟော့ဒီကမ္ဘာ
ဘ၀တွေက စုံလှတယ်၊
အ၀င်၊ အထွက်
အသွား၊ အပြန်
တွေ့ဆုံ၊ ခွဲခွါ….
ဘ၀ရဲ့ သဘာဝတွေက
အဲဒီလို ရိုးရှင်းလွန်းလှတယ်။
ဘ၀ရဲ့ ဒီလို အခြေအနေတွေကြားမှာ
လူသားဟာ သူ့သဘာဝနဲ့သူ စီးဆင်းလို့။
ဘယ်လောက်ထိ ပျော်ခဲ့ကြသလဲ၊
ဘယ်လောက်ထိ ရင်ဘတ်တွေ နီးခဲ့ကြသလဲ။

ဘ၀ရဲ့ ဘက်ပေါင်းစုံထဲက
ငါတို့ဟာ
ဘယ်ဘက်မှာ ရပ်တည်ခဲ့ကြသလဲ။
အမှန်တရား၊ အမှောက်တရား…
အောင်မြင်မှု၊ ရှုံးနိမ့်မှု…
ဒါတွေကို ဘယ်လို စံတွေနဲ့ တိုင်းတာခဲ့ကြဖူးသလဲ။
ဒီလို မေးခွန်းတွေ ထုတ်နေချိန်မှာ
သမိုင်းက သူ့အလုပ်သူ လုပ်သွားခဲ့တယ်။
(ငါတို့ကတော့ ကိုယ့်အတ္တ ကိုယ် ပွေ့ပိုက်လို့)
ငါတို့ သွေးထဲသားထဲမှာ
“မြန်မာ”ဆိုတဲ့ ၀ိညာဏ်ရှိနေသရွေ့
ငါတို့ အပြုံးတွေ ထပ်တူကျနေအုံးမယ်။
ငါတို့ ………
ရင်ခုန်သံတွေ အတက်အကျမှာ
စည်းချက်တွေ ညီနေအုံးမယ်။
သွားကြမယ်……….ငါတို့………
ဟိုး…….အဝေးကြီးထိ သွားကြမယ်။
ငါတို့လက်တွေ မဖြုတ်စတမ်း။
ငါတို့ ရင်ဘတ်တွေ မခွါစတမ်း။
ဒေသတွေ ဘယ်လောက်ခြားနားနေမလဲ။
ခြား…....စမ်း။
မိုင်တိုင်တွေ ဘယ်လောက် ဝေးနေမလဲ။
ဝေး…….စမ်း။
ခရီးတွေ ဘယ်လောက်ကြမ်းနေမလဲ။
ကြမ်း…..စမ်း။
နောက်မဆုတ်တမ်း…
သွားကြမယ်..
ဟိုး…..အဝေးကြီးထိ သွားကြမယ်။
ပန်းတိုင်အထိ လှမ်းကြမယ်။
သွားကြမယ်…လျှောက်ကြမယ်။
(နိုင်ငံနှင့်လူမျိုးအတွက် တတ်စွမ်းသမျှ အားထုတ်ပြီး တစ်နေရာသို့ ရွက်လွှင့်သွားမယ့် ခေါင်းဆောင် နောင်တော်ကြီးနှင့်တကွ ရင်ဘက်ချင်းနီးကြသူများအတွက် အမှတ်တရ ကောက်ခြစ်ထားတာပါ။)
လွင်ပြင်ရိုင်း

Read More...

Monday, July 7, 2008

ကချင်ပြည်နယ်ရှိ ဘာသာရေးခေါင်းဆောင်တွေကို စစ်အစိုးရတို. စည်းရုံးနေ

07-07-2008

A resident of Manhkring quarter in Myitkyina was presented a bottle of cooking oil in local Kachin Baptist Church by minister Thein Zaw
လူထုဆန္ဒခံယူပွဲကို ထောက်ခံခဲ့သဖြင့် ကျေးဇူးတင်ပြီး လာမည့် ၂၀၁၀ ရွှေကောက်ပွဲအတွက် အလာတူထောက်ခံမှုရရှိ ရန် လိုက်လံစည်းရုံးနေသည်။ ဆန်းအိတ် တစ်အိတ် နှစ်အိတ်တွေနဲ. စားသုံးဆီတစ်ပုလင် နှစ်ပုလင်ပေးပြီး လိုက်လံစည်းရုံးသည့် ပုံစံဟာ ဒီနေ.နိုင်ငံတကာ၏ နိုင်ငံရေးစံနှုန်းအရ အင်မတန်အောက်တန်ကြပါသည်။

ထို.အပြင်၊ ကြေးနန်.နှင့် ဆက်သွယ်ရေး ဝန်ကြီး သိန်းဇော်က လာမည့် နှစ်လအတွင်း လျှောက်လွှာတင်သည့်လူတွေကို အစ်သရေလ် လုပ် အရည်းအသွေးကောင်သော အိမ်သုံးဖုန်း အလုံး ၁၂၀၀ လောက်ကိုလည် ပေးမည် လို. လိမ်ညာကတိပြောသွားပါသည်။ စသဖြင့်စသဖြင့် မိုးလုံပြည့် လိုက်လံလိမ်ညာနေ။

Written by KNG
Monday, 07 July 2008 00:20

The Burmese military junta is going all out to woo Christians in Myitkyina Township, the capital of Kachin state in northern Burma. The process of keeping church leaders on their right side began in earnest before the referendum to approve the constitution and is continuing with an eye to the general elections slated for 2010 for garnering religious votes.

All Kachin churches in Myitkyina Township, the capital of Kachin state in northern Burma received staple food and money from Brig-Gen. Thein Zaw, minister of Post, Telegraph and Communication of Burma's ruling junta yesterday morning, local church sources said. attendee at the meeting told the KNG today, that the junta's minister Thein Zaw and church leaders of all Christian denominations in Myitkyina met at a hall in the office of the Kachin Baptist Convention (KBC) in Shanzu South quarter for 30 minutes from 8:30 a.m. to 9 a.m. local time.

He added that the minister Thein Zaw donated 75 sacks of rice, 10 drums of cooking oil or 100 Viss (1 Viss = 1.6 Kg) and 3,000,000 Kyat (US $2,667) during the short meeting. The minister's donations were shared by attending church representatives of different denominations.

Minister Thein Zaw's donations have been flowing in for the last four days after the new Kachin state or Northern Command Commander Maj-Gen Soe Win disbursed 86 sacks of rice and some groundnut oil to 14 churches of different denominations at St. Comlumban Roman Catholic Church in Myitkyina.

Minister Thein Zaw also promised at the meeting that he would give 1,200 high quality new made-in-Israel landline telephones to the churches which submit applications within two months, according to participants.

At the 30-minute meeting, Minister Thein talked about solidarity and thanked church leaders and residents of Myitkyina for their donations for Cyclone Nargis victims in Irrawaddy River Delta, participants added.

Among the meeting attendants were Rev. Sam Sun the general secretary of Myitkyina District Baptist Convention, Rev. La Myen of arch pastor of Myitkyina Town Baptist Church, Dr. Saga Hkyen Naw principal of Kachin Theological College, Father Naw Din of Shatapru Roman Catholic Church and other church leaders, said attendees.

The minister Thein Zaw also mentioned that the Sunday morning meeting with the church representatives was given the nod by Burma's junta supremo Senior General Than Shwe, said participants.

Minister Thien Zaw is the junta-appointed organizer of Kachin state and this was the first time he met Kachin Christian church leaders in Myitkyina since March, before the junta organized constitutional referendum in May 10, local church sources said.

In late 2007, he donated rice, cooking oil and money to Buddhist monasteries in Kachin state, local sources said.

Read More...

Dengue Fever Outbreak Feared

07/07/2008

Children wait to receive food aid in Kyauktan Township near Rangoon on June 21. According to the medical staff in Rangoon, cases of dengue fever have broken out in populated areas of the city, especially cases involving children. (Photo: AFP)
Dengue fever—a mosquito-borne disease that peaks during the rainy season—is likely to strike harder this year in Burma due to Cyclone Nargis, according to sources within the medical community in Rangoon.

Some medical staff in Rangoon said that cases of dengue fever have already broken out in populated areas of the city, especially cases involving children. A doctor who asked not to be named said that 80 percent of children admitted to her downtown Rangoon clinic were diagnosed with dengue fever.

“More babies, children and old people are affected by dengue this rainy season,” said the doctor. “Poor people from cyclone-hit areas are especially affected. Some of them cannot even afford mosquito nets to protect themselves from this fast-spreading disease.”

Dengue fever is a flu-like illness spread by the bite of an infected mosquito. Unlike mosquitoes that cause malaria, those carrying dengue bite during the day. The disease is especially dangerous in children and the elderly, who have little resistance and often die of internal bleeding. It normally takes its greatest toll in Burma in the rainy season, which began in June.

To date, however, no deaths from dengue fever have been reported this rainy season.
According to medical staff in the former capital, a serious outbreak of dengue fever could follow if the municipality fails to destroy the mosquitoes’ breeding grounds—mainly pools of stagnant water.

Mee Mee, an assistant nurse working at a private clinic in Yankin Township in Rangoon said, “Almost all the main drains in Rangoon are clogged up by debris after the cyclone, but the authorities don’t appear to have any plan to clear them up.”

One of Burma’s official newspapers, The New Light of Myanmar, reported on Monday that authorities have begun prevention work against outbreaks of dengue fever in two populated Rangoon townships.

The report said that measures are being taken to combat dengue fever and that government medical teams are providing education and awareness on the disease at primary schools and community centers in Thakayta and Dagon Myothit-South townships.

According to the Burmese health ministry, dengue fever killed almost 100 children in the country in the first seven months of 2007.

Meanwhile, international health organizations such as the World Health Organization (WHO) and the UN Children’s Fund (UNICEF), in cooperation with the Myanmar Maternal and Child Welfare Association and the Myanmar Red Cross, have launched a US $700,000 anti-dengue-fever campaign in 11 storm-hit townships in Rangoon and Irrawaddy divisions.

According to the WHO, there were 781 registered dengue patients in Rangoon Division and 481 in Irrawaddy Division as of the end of May.

The state media reported no outbreak of other contagious and epidemic diseases in the storm-hit areas, saying that a total of 206,039 cyclone victims had received medical treatment since early May.

Meanwhile, Burmese local doctors and medical workers are being invited by the Myanmar Medical Association (MMA) to provide free long-term medical treatment to cyclone victims, according to The New light of Myanmar.



Read More...

Suu Kyi vote win 'no longer legal': Myanmar state media

07/07/2008

YANGON (AFP) - The victory by democracy leader Aung San Suu Kyi's party in 1990 elections is "no longer legal," Myanmar state media said Sunday, urging her supporters to prepare for new polls.The official New Light of Myanmar newspaper, a government mouthpiece, ran a commentary headlined: "Goodbye, 1990 election results!"

The paper said that the approval of a new military-backed constitution in a referendum in May had invalidated the previous national election, won in a landslide by Aung San Suu Kyi's National League for Democracy (NLD).

"The result of the 1990 election is no longer legal as it has been ditched by the entire people," the paper said.

"The NLD'd better join hands with the people and then stand for the 2010 election in line with the laws, instead of longing for the result of the 1990 election."

Such commentaries in state media are not official government statements, but reflect the thinking of the secretive junta that rules Myanmar with an iron fist.

The constitutional referendum was held in the wake of Cyclone Nargis, which left more than 138,000 dead or missing when it pounded ashore on May 2.

The junta claimed a 92.48 percent victory in the poll, a result derided by the NLD, which accused the regime of intimidation and vote rigging.

The charter and the referendum have been condemned by western countries, which have imposed sanctions on Myanmar over the regime's refusal to release Aung San Suu Kyi from house arrest.

The military has ruled Myanmar since 1962, but a national pro-democracy uprising in 1988 gave birth to the NLD and saw Aung San Suu Kyi rise to prominence. The uprising was crushed by soldiers, with at least 3,000 believed killed.

Fearful of her ability to draw crowds with her soaring speeches, the military locked Aung San Suu Kyi under house arrest 19 years ago. Despite her detention, the NLD won the 1990 elections in a landslide, but was never allowed to govern.

The regime has kept Aung San Suu Kyi under house arrest for most of the years since.

Read More...

Sunday, July 6, 2008

ကျောင်းသားသမဂ္ဂဖြိုဖျက်မှု ၄၆နှစ်ရှိခဲ့ပြီ

07-07-2008

လွန်ခဲ့တဲ့ ၄၆နှစ်က ဒီလိုနေ့မှာ ရန်ကုန် တက္ကသိုလ် ကျောင်းသူကျောင်းသားတွေကနေ သူတို့ရဲ့  ကျောင်းသား အခွင့်အရေး တွေရရှိရေး ဆန္ဒပြ တောင်းဆိုခဲ့ကြတာကို မြန်မာ့ တပ်မတော်က အကြမ်းဖက်ပစ်ခတ်ပြီး ဖြေရှင်းခဲ့လို့ သေဆုံးမှုတွေဖြစ်ခဲ့ ပြီး နောက်တနေ့ မနက်ပိုင်းမှာတော့ ရန်ကုန် တက္ကသိုလ် ကျောင်းသား သမဂ္ဂ အဆောက်အဦးကို မြန်မာ့ တပ်မတော်ကပဲ ဗုံးခွဲဖျက်စီးခဲ့တဲ့ အထိ လုပ်ဆောင်ခဲ့ပါတယ်။ အဲဒါကြောင့် ဒီကနေ့ကို Seven July, ဇူလိုင် ၇ရက် ကျောင်းသားလှုပ်ရှားမှုနေ့ အဖြစ် လူသိများလာခဲ့ပြီး ကျောင်းသူကျောင်းသားတွေနဲ့ စစ်တပ်နဲ့ကြားက မပြေလည်မှုတွေဟာလည်း အဲဒီအချိန်ကပဲ ပီပီ ပြင်ပြင် စတင်လာခဲ့တယ် လို့ဆိုရမှာပါ။

ဒီကနေ့ကျရောက်တဲ့ ၄၆နှစ်မြောက် Seven July အထိမ်းအမှတ်နဲ့ပါတ်သက်ပြီးပြည်ပရောက်မြန်မာ့အရေးလှုပ်ရှားကြသူ တွေကတော့ အထိမ်းအမှတ်အခန်းအနားတွေကြေညာချက်ထုတ်ပြန်တာတွေလုပ်ကြပါတယ်။ ဒီအကြောင်း ဦးကျော် အောင်လွင်က တင်ပြပေးပါတယ်။

၁၉၆၂ခုက စစ်အာဏာသိမ်း အစိုးရက ကျောင်းသားတွေရဲ့  တောင်းဆိုမှုတွေကို မလိုက်ရောပဲ အကြမ်းဖက် သတ်ဖြတ်မှု တွေနဲ့ တုန့်ပြန်ခဲ့လို့ သမိုင်းနဲ့ ချီပြီး ဖြစ်လာခဲ့တဲ့ စစ်အစိုးရ အဆက်ဆက်နဲ့ ကျောင်းသားလှုပ်ရှားမှု အဆက်ဆက်ကြားက ပြ ဿနာတွေဟာ အခုထိ ကျေလည်အောင် မဖြေရှင်းနိုင်သေးပါဘူး။ ကျောင်းသူကျောင်းသားတွေကို သတ်ဖြတ် ထောင်ချ အပစ်ပေးဖို့ အမိန့်ပေးခဲ့တဲ့ သူတွေ တချို့ ရော။ အပစ်ကျခံခဲ့ရတဲ့ ကျောင်းသူကျောင်းသား တချို့ နဲ့ မိဘတချို့လည်း ကွယ်လွန် ခဲ့ကြပြီဆိုပေမယ့်။ ဒီအဖြစ်အပျက်တွေဟာ မှေးမှိန် ပျောက်ကွယ် မသွားပဲ ဆက်ပြီှး ရှင်သန်နေတယ်လို့ပဲ ဆိုရမှာပါ။ အခုဆိုရင်ပဲ စစ်အာဏာပိုင်တွေ အဆက်ဆက် ကျောင်းသား ပြည်သူတွေအပေါ် သတ်ဖြတ်။ အကျဉ်းချခဲ့မှု တွေဟာ ပြစ်မှုကျုး လွန်တာတွေပဲဖြစ်ပြီး ဒီကိစ္စတွေကိုလည်း အစိုးရ အဆက်ဆက် ဖေါ်ထုတ် စစ်ဆေးတာတွေ မလုပ်ခဲ့လို့ ပြစ်မှုဆိုင်ရာ နိုင်ငံတ ကာတရားရုံးကို တိုင်ကြား အရေးယူသွားဖို့ ထိုင်းနိုင်ငံအခြေစိုက် မြန်မာနိုင်ငံရှေ့ နေများကောင်စီ BLC က ဇူလိုင် ၇ရက်နေ့ မှာတိုက်တွန်းလိုက်ပါတယ်။ အဲဒါကြောင့် BLC အဖွဲ့က ရှေ့ နေဦးမျိုးကို ကျွန်တော်ဆက်သွယ် မေးမြန်းခဲ့ပါတယ်။

"စစ်အာဏာပိုင် အဆက်ဆက်က ဒီလိုပြစ်မှုတွေ ကျူးလွန်ခဲ့တာတွေကိုကျွန်တော်တို့ မျက်ကွယ် ပြုထားမယ်ဆိုရင် နောက် ပိုင်း သူတို့ကို ကျုးလွန်ပိုင်ခွင့်ဆိုတဲ့ လိုင်စင် ပေးထားသလိုဖြစ်နေမယ်။ ကျွန်တော်တို့ ကျောင်းသား ပြည်သူတွေဘက်က နစ်နာ ဆုံးရှုံးမှုတွေ ရှေ့ ဆက် မဖြစ်ရအောင်ဆိုပြီး ကျွန်တော်တို့က စစ်အာဏာပိုင်တွေရဲ့ လှုပ်ရှားမှုတွေကို ဖေါ်ထုတ်ပြီး အရေးယူသွားရင် တစုံတရာ ပြည်သူလူထုဘက်က နစ်နာ ဆုံးရှုံးမှုတွေဟာ ကုစားမှုလည်း တစုံတရာ ရလာနိုင်တယ်။ ပြီးတော့ သူတို့ရဲ့  လုပ်ရပ်တွေဟာလည်း ရပ်တန့် သွားနိုင်တယ်ခင်ဗျ။"

လက်ရှိ အခြေအနေတွေမှာ မြန်မာ စစ်အစိုးရ ခေါင်းဆောင်တွေကို နိုင်ငံတကာ ပြစ်မှုဆိုင်ရာ တရားရုံးကနေပြီး အရေးယူ ဆောင်ရွက်ဖို့ အခြေအနေတွေဟာ ဖြစ်နိုင်ခြေတွေ ဘယ်လောက် ရှိပါလဲခင်ဗျ။

"၂၀၀၂ ဇူလိုင်နောက်ပိုင်းမှာ ဖြစ်တဲ့ အမှုတွေနဲ့ ပတ်သက်လို့ကတော့ ရှင်းပါတယ်။ အရေးယူ ဆောင်ရွက်ဖို့က လွယ်ပါ တယ်။ ဒါပေမယ့် ၂၀၀၂ ဇူလိုင်ရဲ့ အရှေ့မှာ ဖြစ်ခဲ့တဲ့ အမှုတွေနဲ့ ပတ်သက်လို့ကတော့ နိုင်ငံတကာ ရာဇ၀တ် တရားရုံးက လက်ခံတယ်ဆိုတဲ့ စီရင်ပိုင်ခွင့် အာဏာကို ဖော်ပြထားတာရှိပါတယ်။ ၂၀၀၂ ဇူလိုင်ရှေ့မှာ ဖြစ်ခဲ့တဲ့ ပျောက်ဆုံးသွားတယ်။ ဥပမာ အရေးအခင်းတခုမှာ သတ်ဖြတ်ပစ်တယ်။ စာရင်းဇယားမရဘူးခင်ဗျ အတိအကျ။ အခုဇူလိုင်၇ရက်နဲ့ ပါတ်သက်ပြီး စာရင်းဇယားတွေနဲ့ လိုက်တဲ့ အခါ ပျောက်ဆုံးနေတဲ့ စာရင်းဟာ ကိုအောင်ထွန်းရဲ့ မြန်မာနိုင်ငံ ကျောင်းသားလှုပ်ရှားမှု သမိုင်းထဲမှာ လေးဆယ်လောက်ပဲတွေ့တယ်။ ဒါထက်မကဘူး အများကြီးရှိတယ်။ ပျောက်ဆုံးသွားတဲ့စာရင်းတွေကို ပြည်သူတွေ၊ ကျောင်းသားအဖွဲ့အစည်းတွေက လိုက်လံစုစည်းပြီးတော့ တရားရုံးဆွဲ တင်လို့ရနိုင်ပါတယ်ခင်ဗျ။ အဲဒီအတွက် ကျွန်တော်တို့ဟာ မြန်မာနိုင်ငံရှေ့နေများ ကောင်စီနဲ့ Global justice ကို တင်တယ်ပေါ့ဗျာ။ ပူးပေါင်း ဆောင်ရွက်မှုတွေ ရှိတယ်။ ဒီလိုပဲ တခြားခြား နိုင်ငံတကာ အဖွဲ့အစည်းတွေနဲ့ ပူးပေါင်းဆောင်ရွက်ပြီးတော့ တရားရုံးမှာတင်နိုင်အောင် ကြိုးစားကြဖို့ ကျွန်တော်တို့ BLCက ဦးဆောင်ဦးရွက်လုပ်ပြီးတော့ ကျွန်တော်တို့ ကြိုးစားနေပါတယ်ခင်ဗျ။"

ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ ချုပ်နိုင်ငံခြားရေးရာ တာဝန်ခံကိုမင်းနိုင်ကလည်း မြန်မာပြည်မှာ စစ်အာဏာရှင်ရှိနေသရွေ့ ကျောင်းသားလှုပ်ရှားမှုတွေရှိနေဦးမှာပဲလို့ဆိုပါ တယ်။

" ၇ ဇူလိုင် အရေးအခင်းကနေ စလိုက်မယ်ဆိုရင် ဒီခေတ်မှာ ကျောင်းသားလှုပ်ရှားမှုတွေက ရပ်တန့်ခဲ့တာ မတွေ့ပါဘူး။ ဘယ်တော့မှလည်း ရပ်တန့်သွားမယ်လို့ ကျွန်တော်တို့ မယူဆဘူးခင်ဗျ။ ၆၂ကစမယ်ဆိုရင် ၇၄၊ ၇၅၊ ၇၆လို သမိုင်းတွေ ရှိခဲ့တယ်။ နောက် ၈၈ ကျောင်းသားလှုပ်ရှားမှုတွေရှိခဲ့တယ်။ နောက်ဆုံး စက်တင်ဘာ လှုပ်ရှားမှုနဲ့တွဲတဲ့ ကျောင်းသားလှုပ်ရှားမှုတွေက တောက်ရှောက်ရှိခဲ့တယ်။ ကျောင်းသား သမဂ္ဂပေါ်ပေါက်ဖို့ဆိုရင် စစ်အာဏာရှင်စနစ် မရှိမှ ဖြစ်မယ်။ ဒီ စစ်အာဏာရှင်စနစ်ရှိနေသ၍ကတော့ ကျောင်းသားလှုပ်ရှားမှုတွေက ဆက်ပြီးတော့ ရှိနေဦးမှာပဲလို့ ကျွန်တော် ပြောချင်ပါတယ်။"

လူ့ဘောင်သစ်ဒီမိုကရက်တစ်ပါတီရဲ့ ဥက္ကဌ ကိုအောင်မိုးဇော်ကလည်း ကျောင်းသားလှုပ်ရှားမှုတွေဟာ သမိုင်းနဲ့ချီပြီးအခိုင် အမာရှိလာတာကြောင့် ပျောက်ပျက်အောင်လုပ်လို့မရနိုင်ဘူးလို့ဆိုပါတယ်။

"ဇူလိုင်၇ရက် စိတ်ဓာတ်ဆိုတာ စစ်အာဏာရှင်စနစ် ဆန့်ကျင်တဲ့ စိတ်ဓာတ်ပဲဖြစ်တယ်လို့ ကျွန်တော်ပြောချင်တယ်။ ဗမာပြည်မှာ စစ်အာဏာရှင်စနစ် စပြီး အခြေချဖို့ ကြိုးစားတဲ့အချိန်မှာ ကျောင်းသားတွေက ဒါတွေဟာ စစ်အာဏာရှင် စနစ်ဖြစ်တယ်၊ စစ်အာဏာရှင် စနစ်ဆိုတာကို အမြစ်ကလှန်ရမယ်ဆိုတာကို မီးမောင်းထိုးပြလိုက်တဲ့ ပွဲလည်းဖြစ်တယ်။ အဲဒီ ဇူလိုင် ၇ရက် စိတ်ဓာတ်ကို ယနေ့အချိန်အထိ ကျောင်းသား မျိုးဆက် အဆက်ဆက်က ကိုင်ဆွဲတုန်းပဲဖြစ်တယ်။ စက်တင်ဘာ လှုပ်ရှားမှုအထိ ဆက်လက် တိုက်ပွဲဝင်နေတယ်။ နောက်ထပ် မျိုးဆက်သစ် ကျောင်းသားတွေကလည်း အဲဒီ စိတ်ဓာတ်နဲ့ အပြီးကိုင်ပြီး ဆက်ကြိုးစားသွားဦးမယ်လို့ ကျွန်တော် ယုံကြည်တယ်။"

လက်ရှိအခြေအနေတွေမှာလည်း ကျောင်းသားလှုပ်ရှားမှုတွေကို စစ်အစိုးရဘက်က မျက်ခြေမပြတ်စောင့်ကြည့်ပြီးဖိနှိပ်နေ သလိုပဲ ကျောင်းသူကျောင်းသားတွေဘက်ကလည်း အခွင့်အခါအလိုက်စစ်အစိုးရဆန့်ကျင်ရေးနဲ့ ဒီမိုကရေစီရေးတွေကို တောင်းဆိုနေကြတုန်းပါ။ အကျဉ်းထောင်တွေထဲမှာလည်း ကျောင်းသားခေါင်းဆောင်တွေကိုနှစ်ရှည်ဖမ်းဆီးထားဆဲဖြစ် သလို သူတို့အားလုံးလွတ်မြောက်ရေးအတွက် နိုင်ငံတကာကလည်းတောင်းဆိုနေကြပါတယ်။ ၁၉၆၂ ဇူလိုင်၇ ရက်ကစခဲ့ တဲ့ဇာတ်လမ်းဟာ ဒီကနေ့အထိ အဆုံးသတ်လို့မရနိုင်သေးဘူးလို့ပဲပြောရမှာပါခင်ဗျား။

Read More...