ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Monday, September 8, 2008

ရွှေဝါရောင်တော်လှန်ရေး တစ်နှစ်ပြည့်

08/09/2008
Photobucket

Read More...

Monday, September 1, 2008

Myanmar's Suu Kyi 'well'

01/09/2008

YANGON - MYANMAR opposition leader Aung San Suu Kyi is well but has lost some weight, her lawyer said on Monday, following reports that she had refused new food supplies since Aug 15.

Mr Kyi Win, who met Ms Suu Kyi at her Yangon home where she has been under house arrest for five years, said she had not indicated whether or not she was on a hunger strike.

'I am well, but I have lost some weight. I am a little tired and I need to rest,' Mr Kyi Win quoted the 63-year-old Nobel Peace laureate as saying during their 30 minute meeting. -- REUTERS
Breaking News

Read More...

Tuesday, August 26, 2008

ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထော်ရဝေ့ခ်ျ မရှိတော့မှထိုင်နိုင်ငံတည်ငြိမ်လိမ်မည်

26/08/2008


ချင်းမိုင်။ ။ ထိုင်းနိုင်ငံတွင် အစိုးဆန့်ကျင်ရေး ဆန္ဒပြသူများက အင်္ဂါနေ့တွင် အစိုးရ အိမ်တော်ဝင်းသို့ အတင်းဝင်ရောက်မှု ပြုလိုက်ပြီး အစိုးရ ရုပ်မြင်သံကြား ဌာနတခုကို စီးနင်းထားသည်။

ထောင်ပေါင်းများစွာသော ဒီမိုကရေစီအတွက် ပြည်သူ့မဟာမိတ် People's Alliance for Democracy အဖွဲ့ဝင်များ က အစိုးရ အိမ်တော်ဝင်းအတွင်း ၀င်ရောက်သွားခြင်းကို ရဲများ လက်ပိုက်ကြည့်နေခဲ့ကြရသည်။ ဆန္ဒပြသူတချို့က ခြံစည်းရိုး ကျော်ဝင်ရောက်ချိန်တွင် အချို့က ပိတ်နှောင်ထားသော သံချိန်းကြိုးများကို ဖြတ်တောက်ကာ ၀င်ရောက်သွားခြင်း ဖြစ်သည်။

ထို့အပြင် ဆန္ဒပြသူများသည် အန်ဘီတီ ရုပ်မြင်သံကြားချန်နယ် အသံလွှင့်ဌာန ၂ ခုလုံးကို လုံးဝ စီးနင်းထားပြီး ပညာရေး၊ ပို့ဆောင်ရေး၊ စိုက်ပျိုးရေးနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန ရုံးများအတွင်း နေ့လည် ၂ နာရီတွင် ရောက်ရှိနေပြီ ဖြစ်သည်။

ထိုင်းဝန်ကြီးချုပ် ဆမတ် ဆွန်ထော်ရဝေ့ခ်ျ က သူ့အစိုးရအနေဖြင့် သည်းခံနိုင်မှု အဆုံးစွန်သွားပြီဖြစ်ပြီး ဥပဒေချိုးဖောက်သော ဆန္ဒပြသူများကို ထိရောက်ပြင်းထန်စွာ အရေးယူမှု ပြုလုပ်သွားမည်ဟု သတိပေးကာ ဆန္ဒပြသူများ လူစုခွဲရန် သတိပေးလိုက်သည်။

အစိုးရ အိမ်တော်ဝင်း အတွင်းသို့ ဆန္ဒပြသူများ ပထမဆုံးအကြိမ် ၀င်ရောက်နိုင်ခဲ့ခြင်း ဖြစ်သည်။

ဝန်ကြီးချုပ်ဆမတ်က ဆန္ဒပြ ခေါင်းဆောင်များ အနေဖြင့် ဆက်လက် ရှေ့တိုး လုပ်ဆောင်မည်ဆိုလျှင် သူ၏ အစိုးရအဖွဲ့အနေဖြင့် အခြေအနေကို ထိန်းသိမ်းရန် အစိုးရလုပ်ပိုင်ခွင့် နည်းလမ်းအများကြီး ရှိသည်ဟု သတိပေးလိုက်သည်။

Read More...

Myanmar government denies Suu Kyi on hunger strike

26/08/2008

The NLD won national elections in 1990 but the military never allowed it to assume power. The military has ruled Myanmar since 1962.

- AFP/ir

Read More...

Sunday, August 24, 2008

MYANMAR: Dengue fever still a risk in cyclone-hit south

24/08/2008


Theme(s): (IRIN) Aid Policy, (IRIN) Health & Nutrition, (IRIN) Natural Disasters

[ENDS]

Read More...

Saturday, August 23, 2008

U.N. envoy leaves Myanmar, fails to meet Suu Kyi

23/08/2008

YANGON (Reuters) – A U.N. envoy left Myanmar on Saturday after failing to meet detained opposition leader Aung San Suu Kyi or coax concessions from the military junta during his six-day mission, diplomats said.

Ibrahim Gambari, on his sixth visit as part of a U.N. push for reforms in the former Burma, extended his trip by one day in hopes of meeting the Nobel laureate, but it did not happen.

Gambari, who briefed diplomats before leaving the former capital Yangon, gave no reasons why Suu Kyi did not meet with him as she had done during past visits.

"He said he raised some points with the government and hoped to return. In terms of concrete outcomes, there was not much," said one Western diplomat who declined to be named.

Gambari, who met Prime Minister Thein Sein on Saturday but did not get an audience with junta leader Senior General Than Shwe during his visit, told the diplomats he had again urged the government to release some 2,000 political prisoners and begin a proper dialogue with the opposition.

Read More...

Friday, August 22, 2008

ချင်းပြည်နယ်တွင် အငတ်ဘေးဆိုက်

23/08/2008


This picture was taken in the second week of August 2008 at Htantalan township in Chin State. Photo:MPP. Rodents have been attacking crops in some places in western Burma's Chin state resulting in severe food shortage and leading to a famine like situation which has killed a few dozen people, according to a Chin NGO in exile. A total of 44 people, between January and July have been killed due to the famine, said the Chin Human Rights and Relief Committee at a press conference today in Aizawl, the capital of Mizoram, India.

Read More...

Thursday, August 21, 2008

မြန်မာ့သမိုင်းမှတ်တမ်း အမည်ရှိ ကာတွန်းစာအုပ်ထွက်တော့မည်

21-08-2008

မြန်မာ့နိုင်ငံရေးကို သရုပ်ဖော်ထားသည့် ကာတွန်းဆရာ ဂီး ဒလီယာယ် (Guy Delisle) ၏ မြန်မာ့သမိုင်းမှတ်တမ်း “Burma Chronicles” အမည်ရှိ ကာတွန်းစာအုပ်ကို မကြာမီဖြန့်ချိတော့မည်ဟု သိရသည်။
၎င်းစာအုပ်၌ ၁၈ နှစ်တာကာလအတွင်း ၁၂ နှစ်ကျော် အကျယ် ချုပ်ချထားခြင်းခံရသူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင် ဆန်းစုကြည်အကြောင်း၊ စစ်အစိုးရကြောင့် ပြည်သူများ ကမ္ဘာ ကြီးနှင့် အဆက်အသွယ်ပြတ်နေပုံ၊ သတင်းထောက်များနှင့် ပြောဆိုဆက်ဆံရမည်ကို ကြောက်ရွံ့သည့် ဒေသခံများ အကြောင်း၊ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာ၊ စာပေ စိစစ်ရေးအကြောင်း စသည်တို့ကို သရုပ်ဖော်ထားသည်။

ကနေဒါနိုင်ငံသား ဂီး ဒလီယာယ်သည် နယ်စည်းမခြားဆရာဝန် များအဖွဲ့မှ ဇနီးဖြစ်သူနှင်အတူ မြန်မာနိုင်ငံသို့ လိုက်ပါခဲ့ဖူးသူ ဖြစ်သည်။

အမေရိကန်အခြေစိုက် မိုးမခ ၀ိုင်းတော်သား ကိုဇာနည်ဝင်းက “မြန်မာပြည်မှာဖြစ်ပျက်နေတာတွေကို ဖုံးကွယ်လိမ်ညာထားလို့ မရတော့ဘူး … မီဒီယာမျိုးစုံနဲ့ဖွင့်ချနေကြပြီလို့ ပြောလို့ရပါ တယ်။ ကာတွန်းဖတ်တဲ့ ပရိသတ်ကလည်း ကမ္ဘာပေါ်မှာ အများ ကြီးရှိတယ်၊ ဒီကာတွန်းကို အင်္ဂလိပ်ဘာသာနဲ့ထုတ်ပြီး နိုင်ငံ တကာမှာ ဖြန့်တယ်ဆိုတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် အနည်းနဲ့အများ အကြိုးရှိတဲ့စာအုပ်လို့ ပြောလို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာ့အရေးကို စိတ်ဝင်စားသူတဦးက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ၎င်းတတ်နိုင်သည့်နည်းလမ်းဖြင့် ၀င်ရောက် ကူညီခြင်းလည်းဖြစ်သည်ဟု ကိုဇာနည်ဝင်းက ဆက်ပြောသည်။

စာမျက်နှာ ၂၀၈ မျက်နှာရှိ အဆိုပါ ကာတွန်းစာအုပ်ကို လာမည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် www.amazon.com မှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၅၇ ဒေါ်လာဖြင့် ရောင်းချမည်ဟု သိရသည်။
ဂျပန်နိုင်ငံသား ကာတွန်းဆရာ Akazu Mizuha ကလည်း ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ကာတွန်းစာအုပ် ရေးသား ခဲ့ပြီး ဂျပန်၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ယခုနှစ်အတွင်း ထုတ်ဝေခဲ့သည်။
ဧရာဝတီ

Read More...

စက်တင်ဘာ သံဃာတော်များအား ဆွမ်းကပ်မှုဖြင့် ဇာဂနာကို တရားစွဲ

ပီတာအောင်/ ၂၁ သြဂုတ် ၂၀၀၈

လူရွှင်တော် ဇာဂနာခေါ် ကိုသူရ၊ အားကစားဂျာနယ်အယ်ဒီတာဟောင်း ကိုဇော်သက်ထွေးတို့ကို ဘာသာသာသနာ စော်ကားမှုဖြင့် ယနေ့ အင်းစိန်ထောင် သီးသန့်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ သည်ဟု ၎င်းတို့၏ရှေ့နေက ပြောသည်။
ကိုသူရနှင့် ကိုဇော်သက်ထွေးကို ရဲမှူးဦးရဲညွှန့်က စက်တင်ဘာအရေးအခင်းအတွင်း ၀ိနည်းနှင့် မညီသည့် သံဃာတော်များကို ဆွမ်းကပ်ခဲ့သည်ဟု စွပ်စွဲကာ ဘာသာ၊ သာသနာကို စော်ကားမှု ပုဒ်မ ၂၉၅ (က) ဖြင့် တရားစွဲခဲ့ကြောင်း ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

၎င်းက “ဒီလိုဆွမ်းကပ်ချင်းဟာ ၀ိနည်းနဲ့မညီတဲ့ သံဃာတွေရဲ့ဆောင်ရွက်ချက်ကို အားပေးတယ် ဆိုပြီး ရဲမှူးက စွပ်စွဲတယ်။ ဆိုတော့ ကိုသူရရဲ့ရှေ့နေက ပြန်ပြီး ၀ိနည်းနဲ့ ညီမညီဆိုတဲ့ အပိုင်းဟာ သံဃာ့အဖွဲ့အစည်းတွေကသာ ဆုံးဖြတ်နိုင်တယ်။ ၀ိနည်းသိက္ခာပုဒ် (၂၂၇) ခုရှိတာ ဒီဝိနည်းတွေ သိသလားဆိုတော့ အဲဒါလည်းမသိဘူး။ ဘယ်ဝိနည်းနဲ့ မညီတာလဲဆိုတော့လည်း ရဲမှူးက အဲဒါ လည်းမပြောနိုင်ဘူး” ဟု ပြောသည်။

ဇာဂနာသည် စက်တင်ဘာလ အရေးအခင်း၌ အဖမ်းဆီးခံခဲ့ရပြီးဖြစ်၍ ယခုမှ ထိုအမှုဖြင့် ထပ်မံ စွပ်စွဲခြင်းသည် တရားမျှတမှုမရှိဟု ဇာဂနာ၏ ရှေ့နေတို့က ပြောသည်။
ကိုသူရကို နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ)၊ ဘာသာ၊ သာသနာကို စော် ကားမှု ပုဒ်မ ၂၉၅ (က)၊ မတရားအသင်းဆက်သွယ်မှု၊ ဗီဒီယိုအက်ဥပဒေ အပါအ၀င် စုစုပေါင်း
(၇) မှုဖြင့် စွဲချက်တင်ထားပြီး လာမည့် ကြာသပတေးနေ့၌ ရက် ထပ်မံ ရုံးချိန်းထားကြောင်း သိရသည်။

Read More...

21-08-2008





Read More...

အရှင် ဂမ္ဘီရကို ပုဒ်မ ၁ဝ ခုတပ် တရားစွဲ

21-08-2008
ချင်းမိုင်။ ။ ၂ဝဝ၇ ရွှေဝါရောင် တော်လှန်ရေးတွင် ဦးဆောင်ပါဝင်ခဲ့သူ သံဃာတော် အရှင် ဂမ္ဘီရအား ယမန်နေ့က အင်းစိန်ထောင်ရှိ အနောက်ပိုင်းခရိုင် တရားရုံးတွင် ရုံးထုတ်ရာ၌ နယ်စပ်ဖြတ်ကျော်မှု အပါအဝင် ပုဒ်မ ၁ဝ ခုဖြင့် တရားစွဲလိုက်သည်။
ယမန်နေ့က အနောက်ပိုင်းခရိုင် တရားရုံးတွင် အတင်းအကြပ် ရဟန်းဝတ် စွန့်ခိုင်းခံထားရပြီး လက်ထိပ်ခတ် ခံထားရသူ အရှင် ဦးဂမ္ဘီရအား ဒုတိယအကြိမ်မြောက် ထပ်မံ ရုံးထုတ်ရာသို့ မိသားစုဝင်များလည်း နားထောင်ခွင့် ရခဲ့သည်။ ယခင်တကြိမ်က သူ၏ အမှုတွဲအားလုံး လူဦးရေ ၁၁ ဦးအား ရုံးထုတ်ခဲ့သော်လည်း ယနေ့တွင်တော့ တပါးတည်း ဖြစ်သည်။

အသက် ၂၉ နှစ်အရွယ် ဓမ္မာစရိယတန်းစာ ၀ါလိုက်နေရင်းမှ နိုင်ငံရေးတွင် စိတ်ပါဝင်စားခဲ့သူ ဦးဂမ္ဘီရ၏ အမဖြစ်သူ မခင်သူဌေးက “နားထောင်လို့ ရတယ်။ လွှတ်လွှတ်လပ်လပ် တွေ့ရတယ်။ ဒါပေမဲ့ ဦးဇင်းကို လက်ထိပ် ခတ်ထားတယ်။ မြင်ရတာ စိတ်မကောင်းဘူး။ အရပ်ဝတ် ပုဆိုးကို သင်းပိုင်လို စည်းပြီး လာတယ်။ သင်္ကန်း ဝတ်မရပေမယ့် ဦးဇင်းက “ကျုပ်က အကြမ်းဖက်သမား မဟုတ်ဘူး။ သံဃာတော် တပါးပါဗျာ။ လက်ထိပ် ခတ်စရာ မလိုဘူး။ မင်းတို့ကွာ လူ့အခွင့်အရေး ချိုးဖောက်နေတယ်” တဲ့ ဟု မဇ္ဈိမသို့ တယ်လီဖုံးမှတဆင့် ပြန်လည် ပြောပြသည်။

စွဲတင်ထားသည့် ပုဒ်မများသည် လဝက ဥပဒေ တရားမဝင် နယ်စပ်ဖြတ်ကျော်မှု ၁၃၊၁၊ မတရားအသင်းနှင့် ဆက်သွယ်မှု ၁၇ (၁)၊ အသင်းအဖွဲ့ ပုဒ်မ ၆၊ နိုင်ငံတော်ကို ဆူပူမှုကို လှုံ့ဆော်မှု ၅ဝ၅(ခ)၊ ဘာသာတရားကို ညိုးနွမ်းစေမှု ၂၉၅ (က)၊ ဥပဒေနှင့် မညီညွတ်သဖြင့် လူစုခွဲရာ၌ မလိုက်နာမှု ၁၄၅၊ ၁၄၇၊ ပုံနှိပ်အက်ဥပဒေ ၁၇/၂ဝ နှင့် အီလက်ထရောနစ် ဥပဒေ ၃၃ (က)/၃၈ တို့ ဖြစ်သည်။

“ခရိုင်ရုံးကို တင်ရတာက စီရင်ပိုင်ခွင့် အပိုင်းမှာ ပြစ်ဒဏ်များနေတော့ ခရိုင်ရုံးအနေနဲ့ တင်ထားတယ်။ ရုံးထုတ်တဲ့အခါမှ ရုံးချိန်းပဲ ပေးတယ်။ မစစ်ဖြစ်ဘူး” ဟု ဗဟိုတရားရုံးချုပ် ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

“အမှုက ၆ ရုံးရှိတယ် သံဃာတွေ ဖြစ်တယ်။ အရပ်တရားရုံးမှာ သူတို့ကို တရားစီရင်တာဟာ ဥပဒေနဲ့ မညီညွတ်ဘူး။ ရုံးတင်မယ်ဆိုရင် သံဃာ့နာယက အဖွဲ့ကို ပန်ကြားပြီးတော့ အဲဒီ အဖွဲ့ကနေ ပြီးတော့ သံဃာတွေနဲ့ ပတ်သက်တဲ့ ဝိနည်းခုံရုံးအဖွဲ့ ဖွဲ့ပြီးတော့မှ ဝိနည်းနဲ့အညီ စစ်ဆေးမယ်။ အပြစ်ရှိတယ်ဆိုရင် ရှိတယ်လို့ သိက္ခာချမယ်။ သံဃာ့ နာယက အဖွဲ့ကနေ အရပ်တရားရုံး အာဏာပိုင်တွေကို လွှဲမယ်။ လွှဲတဲ့အခါကျမှ စစ်ဆေးပိုင်ခွင့် ရှိတယ်။ ဒီဥပဒေအပိုင်းကလည်း ဝိနည်းနဲ့အညီ ဆောက်ရွက်ရမယ် ဆိုတာ ရှိတယ်”

သူ၏ အမှုတွဲဖြစ်ပြီး အရှင် ဂမ္ဘီရနှင့် ၁၈ ရက်နေ့တွင် အတူတူ ရုံးထုတ်ခံရသူများ ဖြစ်သည့် အကိုဖြစ်သူ ဦးအောင်ကျော်ကျော်၊ မဂ္ဂင်ဆရာတော်၊ ဦးဧကရိရ (ခ) ဂျောင်းဂျောင်၊ ကိုသန်းလှိုင် (တောင်တွင်းကြီး)၊ ကိုကျော်ကျော် (မြစ်ချေ)၊ ဦးကေလသ (မန္တလေး)၊ စာရေးဆရာ မင်းဆက် (ခ) ဦးသုမန (မန္တလေး)၊ ဦးရွှေမောင် (မန္တလေး)၊ ကိုဝဏ္ဏမောင် (မန္တလေး)နှင့် ကိုဇော်ဝင်း (မန္တလေး) အား ယခုလ ၂၇ ရက်နှင့် ၂၈ ရက်နေ့များသို့ ခွဲ၍ ထပ်မံ ရုံးထုတ်မည်။

သူတို့ အားလုံးကို အလုံ၊ ကမာရွတ်၊ ကျောက်တံတား၊ ဒဂုံ၊ ကြည့်မြင်တိုင်နှင့် အနောက်ပိုင်း ခရိုင်တရားရုံးတွင် စစ်အစိုးရက တရား စွဲဆိုထားခြင်း ဖြစ်သည်။

ရွှေဝါရောင် တော်လှန်ရေးဟု အမည်တွင်ခဲ့သော ယမန်နှစ် စက်တင်ဘာလ သံဃာတော်များ ဦးဆောင်သော စစ်အစိုးရကို ကန့်ကွက် ဆန္ဒပြမှုများတွင် ဦးဂမ္ဘီရသည် ကလေးစစ်သား ဖြစ်ခဲ့ဖူးပြီး သံဃာ့ တပ်ပေါင်းစုတွင် ဦးဆောင်ပါဝင်သော ရဟန်းတော်တပါး ဖြစ်သည်။

မြန်မာ့နိုင်ငံရေး ပြေလည်မှုရရှိအောင် စစ်အစိုးရနှင့် အတိုက်အခံများ တွေ့ဆုံဆွေးနွေးမှု လိုအပ်ပြီး သံဃာတော်များ အနေဖြင့် ဒါယကာ ဒါယကာများအတွက် အနစ်နာခံ လုပ်ဆောင်ပေးသင့်သည်ဟု ယုံကြည်သူ သူ့အား မန္တလေးတိုင်း စဥ့်ကိုင်မြို့နယ်တွင် စစ်လုံခြုံရေး တပ်ဖွဲ့က ၂ဝဝ၇ ခုနှစ် နိုဝင်ဘာလ ၄ ရက်နေ့က ဖမ်းဆီးခဲ့သည်။

အီလက်ထရောနစ် ဥပဒေပုဒ် ၃၃ (က)၊ ၃၈ အရ ထောင်ဒဏ် ၇ နှစ်မှ ၁၅ နှစ်အထိ ကျခံရနိုင်ကာ၊ လူစုခွဲရန် အမိန့်ပေးသည်ကို သိပါလျက်နှင့် ဥပဒေနှင့် ဆန့်ကျင်သော အစုအဝေး၌ ပါဝင်ခြင်း သို့မဟုတ် ဆက်လက် ပါဝင်နေခြင်း ပုဒ်မ ၁၄၅ အရ ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ်နှင့် ရုန်းရင်းဆန်ခတ်မှု ပုဒ်မ ၁၄၇ အရ ထောင်ဒဏ် ၂ နှစ်နှင့် ငွေဒဏ် နှစ်ခုစလုံး ကျခံနိုင်ကြောင်း သိရသည်။

၂ဝဝ၇ ခုနှစ် စက်တင်ဘာလ ၅ ရက်နေ့က လောင်စာဆီနှင့် ကုန်ဈေးနှုန်း ကျဆင်းရေးအတွက် စစ်အစိုးရမှ အာရုံစိုက် လုပ်ဆောင်ရန် မေတ္တာသုတ် ရွတ်ဆို စီတန်း လမ်းလျှောက်တော်မူသော ရဟန်းတော်များကို ဓာတ်တိုင်တွင် ကြိုးတုတ် ချည်နှောင် ရိုက်နှက်ခဲ့ပြီးနောက် ဆန္ခပြမှုများ တနိုင်ငံလုံးသို့ ပြန်ပွားခဲ့သည်။
Mizzima

Read More...

Wednesday, August 20, 2008

မိုဘိုင်းဖုန်း စစ်ဆင်ရေး မောင်တောတွင် ပြုလုပ်

20-08-2008

မောင်အေး(နိရဉ္စရာ) ရခိုင်ပြည်နယ် အနောက်ဘက် နယ်စပ် မောင်တောမြို့တွင် ဘင်္ဂလာဒေခ်ျ့ နိုင်ငံသုံး လက်ကိုင် မိုဘိုင်းဖုန်း ကိုင်ဆောင်သူများ ရှိမရှိကို ဒေသအာဏာပိုင်များက ညဥ့်အချိန်တွင် ၀င်ရောက် စစ်ဆေးနေကြောင်း သတင်း ရရှိသည်။

အဆိုပါ စစ်ဆေးမှုကို မောင်တောမြို့နယ် မြောက်ပိုင်း ကျေးရွာများ ဖြစ်သည့် ဖက်ဝန်းချောင်း၊ ငန်းချောင်း ၊ မျောတောင် ကျေးရွာနှင့် တခြားကျေးရွာများတွင် ပြုလုပ်နေခြင်း ဖြစ်သည်။

မိုဘိုင်ဖုန်း ဖမ်းဆီးရေး စစ်ဆင်ရေးကို ငခူရ ကျေးရွာတွင် အခြေစိုက်သည့် အမှတ် ၅ နစက နယ်မြေ စခန်းမှ ဗိုလ်အောင်ကျော်ခင်မှ ဦးစီးပြီး ပြုလုပ်နေခြင်း ဖြစ်သည်ဟု ဒေသခံများ ပေးပို့သော သတင်းတွင် ဖေါ်ပြသည်။

ဒေသခံ တဦးက “သူတို့ က ညနေ လူသူ မကွဲတဲ့ အချိန်မှာ ရွာထဲကိုဝင်လာပြီး အိမ်တိုင်းကို တက်ပြီးဝင်ရောက် မွှေနှောက် ရှာဖွေပါတယ် ။ မသင်္ကာစရာ လူတွေကို တွေ့ရင် ဘင်္ဂလာနိုင်ငံက ဖုန်းတွေ့တယ် ဆိုပြီး ဖမ်းသွားတယ်။ ငွေပေးရင် ပြန်လွတ်ပေးတယ်။ ငွေမပေးရင် ချုပ်ထားတယ်။ သူတို့ဖမ်းရင် အနည်းဆုံးတယောက်ကို တသောင်း အထက်ကို ပေးမှ ပြန်လွတ်ပေးတယ်။ အမျိုးသမီးတွေကို ဆိုရင်လည်း ကိုယ်ထိလက်ရောက် ခန္ဓာကိုယ် အတွင်း စမ်းတာနှိုက်တာတွေ လုပ်တယ်။ အမျိုးသမီးတွေအော်ရင် ရိုက်တယ်။”ဟု ပြောသည်။

ယခုကဲ့သို့ ဘင်္ဂလာ မိုဘိုင်းဖုန်းများကို နယ်စပ်ကျေးရွားများတွင် စစ်ဆင်ရေး ပြုပ်လုပ်ပြီး လိုက်ရှာ နေခြင်းမှာ အာဏာပိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုနှင့် မတရားအနိုင် ကျင့်များမှုကို ပြည်ပ အခြေစိုက် သတင်းဌာနများကို ဒေသခံများက တိုင်တန်းသည်ဟု ယူဆပြီး လိုက်ရှာနေခြင်းဖြစ်သည်ဟု သူက ပြောသည်။

ရခိုင်ပြည်နယ် မောင်တောနှင့် ဘူးသီးတောင် မြို့နယ်တွင် မြန်မာနိုင်ငံအစိုးရမှ ကမ္ဘာ့ နိုင်ငံများတွင် တွင်ကျယ်စွာ အသုံးပြုနေသည့် ဆက်သွယ်ရေး မိုဘိုင်း တယ်လီဖုံးများကို ယခုအချိန်ထိ ထုတ်ပေးခြင်း မရှိသဖြင့် ဘင်္ဂလာဒေ့ခ်ျနိုင်ငံအတွင်း အသုံးပြုရန် ထုတ်ပေး ထားသော မိုဘိုင်းဖုန်းများကို တရား မ၀င် ၀ယ်ယူပြီး အသုံးပြုနေကြသည်။

ကိုယ်ကိုတိုင်ကလည်း ပြည်သူတွေ အသုံးပြုဖို့ လိုလားနေသော မိုဘိုင်း တယ်လီဖုန်းတွေကို မထုတ်ပေးနိုင်၊ တဘက်နိုင်ငံက ဖုန်းများကို ၀ယ်ယူပြီး သုံးစွဲသူများကို လိုက်ဖမ်းနေသဖြင့် အများစု ပြည်သူများမှာ နအဖ အာဏာပိုင်များ၏ လုပ်ရပ်အပေါ် နားမလည် နိုင်ဘဲ ဖြစ်နေ ကြောင်း သတင်းများ ရရှိသည်။

Read More...

Earthquake hits China's border with Myanmar

20-08-2008

AFP/File – A 5.3-magnitude earthquake hit China's border with Myanmar early Wednesday, destroying homes and …
BEIJING (AFP) – A 5.3-magnitude earthquake hit China's border with Myanmar early Wednesday, destroying homes and forcing more than a thousand people to evacuate, the US Geological Survey and Chinese state media said.

The tremor struck at 5:35 am (2135 GMT), 224 kilometres (139 miles) from the city of Dali in southwest China and 65 kilometres from Myitkyina in Myanmar, according to a statement on the USGS website.

The USGS said the quake was centred at a depth of about eight kilometres (five miles).

About 1,200 people were forced to evacuate their homes near the epicentre, an area populated with large numbers of ethnic minorities, China's state-run Xinhua news agency said.

Many homes collapsed in Sudian and several other towns also reported damage, Xinhua reported.

There were no immediate reports of casualties, according to the agency.

A massive quake hit southwest China in May, leaving nearly 70,000 dead, with about 18,000 people still missing.

Read More...

Tuesday, August 19, 2008

အမှန်တကယ်အနစ်နာခံမှု့များစတင်ရန်အချိန်တန်ပါပြီ

19-08-2008


Read More...

ဒေါ်အောင်ဆန်းစုကြည် အမျိုးသားရင်ကြားစေ့ရေးကိစ္စ မစွန့်လွှတ်

NEJ/ ၁၉ သြဂုတ် ၂၀၀၈
ဒေါ်အောင်ဆန်းစုကြည်သည် နေအိမ်အကျယ်ချုပ်ချထားသည့် တာဆီးမိန့်ကိစ္စ အယူခံဖို့ ရှေ့နေနှင့် စတင် ဆောင်ရွက်နေသော်လည်း အမျိုးသားရင်ကြားစေ့ရေးကိစ္စကို စွန့်လွှတ်သည့် သဘောမဟုတ်ကြောင်း မကြာ ခင်က ဒေါ်အောင်ဆန်းစုကြည်နှင့် (၂) ကြိမ် တွေ့ခွင့်ရခဲ့သူ ရှေ့နေ ဦးကြည်ဝင်းက ပြောသည်။

ဒေါ်အောင်ဆန်းစုကြည်က "အယူခံတောင် ကျမက ရင်ကြားစေ့ရေး၊ အမျိုးသားရင်ကြားစေ့လုပ်ငန်း အဲဒီဟာ သွားထိခိုက်မှာစိုးလို့ တော်တော်စဉ်းစားခဲ့တယ်" ဟု ပြောကြောင်း ဦးကြည်ဝင်းက ပြောပြသည်။

ထို့ပြင် "ခုကတော့ ပြိုင်တူပေါ့လေ ဟိုဟာလည်း စွန့်လွှတ်တာတော့ မဟုတ်ပါဘူးတဲ့။ ရင်ကြားစေ့ရေး၊ တွေ့ဆုံ ဆွေးနွေးရေး ဘာညာ ဒါကို လုံးဝစွန့်လွှတ်လိုက်တဲ့သဘော အယူခံဘက်ကို ယိုင်သွားတဲ့ သဘောမဟုတ်ဘူး။ ဟိုဘက်ကလည်းလုပ်၊ ဒီဘက်ကလည်း အယူခံလည်း အယူခံပေါ့၊ ဥပဒေကြောင်းအရ အန်ကယ်လ်တို့လုပ် ပါ" ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောကြောင်း ရှေ့နေ ဦးကြည်ဝင်းက ဆက်လက် ရှင်းပြသည်။

Read More...

ဒေါ်အောင်ဆန်းစုကြည်၏ ရှေ့နေ ဦးကြည်ဝင်းနှင့် အင်တာဗျူး

19-08-2008
မေး။ ။ အန်ကယ် ဒေါ်အောင်ဆန်းစုကြည်နဲ့ တွေ့ဆုံခဲ့တယ်လို့ သိရပါတယ်။ တွေ့ဆုံဆွေးနွေးခဲ့တာတွေကို သိချင်ပါတယ်ခင်ဗျ။
ဖြေ။ ။ ဟုတ်ပါတယ်၊ တနင်္ဂနွေနေ့ မနက်ပိုင်း ၁၀ နာရီ ၁၁ နာရီ လောက်က သူ့အိမ်မှာဒုတိယအကြိမ် တွေ့တာပါ၊ ဒေါ်အောင်ဆန်း စုကြည် နေအိမ်အကျယ်ချုပ် ကျနေတာနဲ့ ပတ်သက်ပြီးတော့ လိုရင်း ပြောရရင် ဥပဒေကြောင်းအရ အယူခံဖို့ရာ ဆောင်ရွက်နေကြတာဗျ။

သူ့အပေါ်မှာ အရေးယူထားတာက “နိုင်ငံတော်အား နှောင့်ယှက် ဖျက်ဆီးလိုသူများ ဘေးအန္တရာယ်မှ ကာကွယ် စောင့်ရှောက်ခြင်း” ဆိုတဲ့ ဥပဒေ၊ အဲဒီ ဥပဒေ ၁၀ (ခ) နဲ့ အရေးယူခံထားရတဲ့ ပုဂ္ဂိုလ်ဟာ အရေးယူခံထားရတဲ့ ကာလအတွင်းမှာ ဘယ်အချိန်မဆို ပုဒ်မ ၁၉ အရ အယူခံနိုင်တယ်၊ အဲဒီ ပုဒ်မအရ ဒေါ်စုက ကျနော်တို့ကို သြဂုတ် ၈ ရက်နေ့က ဆွေးနွေး ပြီးတော့ အချက် ၅ ချက်ကို ပြန်ကြည့်ပေးပါတဲ့။

(၁) အချက်က အဲဒီ ၁၀ (ခ) အရ သူ့အပေါ်မှာ အရေးယူထားတာဟာ ဥပဒေနဲ့ ညီမညီ ဆိုတာ။ (၂) က သူ့ကို အရေးယူ ထားတဲ့ကာလ၊ သိတဲ့အတိုင်းပဲ ၂၀၀၃ ကနေ အခု ၂၀၀၈၊ ၅ နှစ် တောင်ကျော်ခဲ့ပြီ၊ မေလထဲက ကျော်ပြီ၊ အဲဒါ ဥပဒေနဲ့ ညီသလား မညီ ဘူးလား ဆိုတာ။

တတိယ အချက်က သူနဲ့ အတူနေနေတဲ့ ဒေါ်ခင်ခင်ဝင်းနဲ့ သူ့ သမီးရှိတယ်၊ အိမ်ဖော် သဘောမျိုးတော့ မဟုတ် ဘူး၊ သူ့ကို အဖော်အဖြစ်နဲ့နေတာ၊ သူတို့က ဒေါ်စုနဲ့ တအိမ်တည်းနေပြီး ချက်ရေးပြုတ်ရေးတွေ ဘာတွေလုပ်တယ်။

အဲဒီ ဒေါ်ခင်ခင်ဝင်းတို့ကို သတင်းတပ်ဖွဲ့တွေ ဘာတွေက စည်းကမ်း လေးတွေနဲ့ ထိန်းချုပ်တယ်၊ အဲဒီလို ဖြစ်လာတော့ ဒေါ်စုက ကျနော်တို့ကို မေးမြန်း တာဝန်ပေးထားတာက အခု သူ့အပေါ်မှာ ချမှတ်ထားတဲ့ ၁၀ (ခ) ဆိုတဲ့ ကန့်သတ်မိန့် ၊ တားဆီးမိန့်က ဘာဖြစ်လို့ ဒေါ်ခင်ခင်ဝင်း တို့ကိုသွားပြီး သက်ရောက်တဲ့ သဘောမျိုး ဖြစ်ရသလဲ၊ မဖြစ်သင့်ဘူးပေါ့၊ အမှန်တော့ သူ့ အပေါ်ချတာ၊ ဒေါ်ခင်ခင်ဝင်းတို့အပေါ် ချတာမှမဟုတ်ဘဲ၊ အဲဒါကို မေးတယ်။

မှန်ပါတယ်၊ ဒါကလည်း ရှင်းနေတာပါ၊ ကျနော်တို့ ဥပဒေမှာကိုက ဆိုပါတယ်၊ ဆိုင်တာက အမိန့်က ဗဟိုကချတဲ့ အမိန့် ကလည်း ဒေါ်အောင်ဆန်းစုကြည်အပေါ်မှာ ချတဲ့အမိန့်၊ ဒေါ်ခင်ခင်ဝင်းတို့ သူ့သမီးတို့ကို ချတဲ့အမိန့် မဟုတ်ဘူး။

အမှန်စင်စစ် လွတ်လွတ်လပ်လပ် သွားလာနိုင်ရမယ်၊ သို့သော် တဘက်ကလည်း ထောက်လှမ်းရေးပေါ့ဗျာ၊ သတင်း တပ်ဖွဲ့ ပေါ့၊ သူ့မှာလည်း စောင့်ကြည့်ဖို့တော့ တာဝန်ရှိတာပေါ့၊ အဲဒီမှာနည်းနည်းလေး တာဝန်ထမ်းတာက၊ အောက်ပိုင်းက ကျနော် မြင်တာက၊ အခု ပြောပြတဲ့ အပိုင်းမှာ ဒေါ်ခင်ခင်ဝင်း ဆေးခန်းသွားတော့ ဓာတ်ပုံ လိုက်ရိုက်တယ်၊ ဆေးခန်းမှာလည်း ၀င်ပြီး ထိုင်ပြီး စောင့်တယ်၊ အဲဒီ အသေးစိတ် ကလေးတွေကတော့ နည်းနည်းတော့ တွက်ရမှာပေါ့လေ၊ ဒါကို လူငယ်ပိုင်းက အဲဒီ လောက်ထိအောင် တာဝန်ထမ်းသွားတာဟာ လွတ်လပ်တဲ့ နိုင်ငံသားတယောက်ရဲ့ မူလအခွင့်အရေးကို ထိပါးတယ် ဆိုတာ မျိုးကို သူတို့ သတိထားပုံမရဘူး၊ အဲဒီလို ဖြစ်တယ်၊ ကျနော်ကတော့ ညှိပေးနေတယ်။

ဒေါ်စုကလည်း သူ့အတွက်ကြောင့် ဒေါ်ခင်ခင်ဝင်းတို့သားအမိ လူ့အခွင့်အရေး မူလအခွင့်အရေး မဆုံးရှုံးစေချင်ဘူး။

မေး။ ။ အခုလိုတွေ့ဆုံတာက ဒေါ်အောင်ဆန်းစုကြည်ရဲ့တောင်းဆိုချက်အရ တွေ့ရတာလားခင်ဗျ။ တွေ့ဖို့ ကိုရော ဘယ်လို စီစဉ်ပေးလဲ။

ဖြေ။ ။ ဒေါ်အောင်ဆန်းစုကြည် တောင်းဆိုချက်အရဆိုတာ မှန်ပါတယ်။ တွေ့ဖို့ကတော့ အက်စ်ဘီက သွားပြီးတော့၊ တွေ့မယ့်ရက်ကြတော့ ဒေါ်ခင်ခင်ဝင်းတို့ကို ဆက်သွယ်တယ်၊ ဒေါ်ခင်ခင်ဝင်းတို့ကို ပြောတယ်၊ ရှေ့နေကို ၀င်ခွင့်ပြုပါပြီ ပေါ့၊ ကျနော် ပထမအကြိမ် ၀င်ခွင့်ပေးတုန်းကတော့ ဗဟန်းမြို့နယ်က တရားသူကြီးတဦး ပါတယ်၊ တခြား ရယကတွေ ဘာတွေတော့ ကျနော်လည်း အသေအချာ မသိဘူး၊ သတင်းတပ်ဖွဲ့က ကျနော့်ကို ဆက်သွယ်တယ်။

မေး။ ။ အခု ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်ချထားတာနဲ့ ပတ်သက်ပြီး အန်အယ်တို့ ဥပဒေ သမားတွေ အနေနဲ့ ဥပဒေကြောင်းအရ အမြင်ကို သိချင်ပါတယ်။

ဖြေ။ ။ သြော် … အဲဒါက ကျနော်တို့ အယူခံမယ်၊ အယူခံတဲ့ အခါကြတော့ အခု အယူခံလွှာကို ကျနော်နဲ့ ဦးဥာဏ်ဝင်းနဲ့ ရေးနေတယ်၊ အဲဒီလိုရေးနေကြတော့ အယူခံအကြောင်းပြချက်ဆိုတာ ၃-၄-၅ ချက်တော့ ပါမှာပေါ့ဗျာ …။ အဲဒါတွေ ရေးပြီး တော့မှပဲ ပြောပါရစေလား …။ လတ်တလောတော့ ကျနော်တို့ အဆင်သင့် မဖြစ်သေးတော့လေ …။ အဲဒီဟာ ကျနော်တို့က ရေးပြီးရင် ဒေါ်အောင်ဆန်းစုကြည်ကို ကျနော်တို့ ဒါ ထုံးစံအတိုင်းပေါ့ဗျာ ...။ တင်ပြရမှာပေါ့ဗျာ …။ ပြင်ချင်တာတို့ ဖြည့်ချင် တာတို့ လုပ်ရမှာပေါ့…။

မေး။ ။ အခုလို အန်ကယ်တို့ စီစဉ်တာကတော့ ဥပဒေလမ်းကြောင်းအရ ဥပဒေနဲ့အညီပေါ့၊ ဒေါ်အောင်ဆန်းစုကြည်ကို နေအိမ်အကျယ်ချုပ်နဲ့ အရေးယူထားတာကိုရော ဥပဒေနဲ့ ညီတယ်လို့ အန်ကယ်တို့ ယူဆထားပါသလား …။

ဖြေ။ ။ အဲဒါကို ကျနော်တို့ ပြောလို့ မဖြစ်သေးဘူး၊ ပြောလို့လည်း မသင့်သေးဘူး၊ ဘာလို့လည်းဆိုတော့ သိတဲ့အတိုင်းပဲ ရှေ့နေလောကကတော့ ဟိုက်ကုတ်ကို တင်ပြီ၊ သို့မဟုတ် တိုင်းတရားရုံးကို၊ ဘယ်ရုံးဖြစ်ဖြစ် တင်ပြီးတော့ အလားအလာတို့ ဘာတို့ လျှောက်ပြောရင် တဘက်မှာ တရားရုံးကို စော်ကားသလို ဖြစ်မှာလည်း ရှိတယ်။

မေး။ ။ အခုက ဒီအယူခံလွှာက ဘယ်ကို တင်ရမှာလဲ ခင်ဗျ။

ဖြေ။ ။ အခု အယူခံက ဘယ်ကို တင်ရမှာလည်းဆိုတော့ အစိုးရအဖွဲ့ကိုပါ၊ အင်္ဂလိပ်လိုကတော့ Council of Ministers တဲ့၊ အစိုးရအဖွဲ့ဆိုတော့ ကက်ဘိနက်ပဲ၊ ဟိုတုန်းက ၀န်ကြီးအဖွဲ့ဗျ၊ အခု အစိုးရအဖွဲ့လို့ ခေါ်တာ၊ တနည်းအားဖြင့် ပြောရင် နေပြည်တော် သွားပြီးတင်ရမှာပါ …။

မေး။ ။ အခုအယူခံက အဆင်မပြေခဲ့ရင် ဘယ်လိုဆက်လက် ဆောင်ရွက်ဖို့ ရှိပါလဲ ခင်ဗျ။

ဖြေ။ ။ အဲဒါဖြင့်တော့ မပြောတတ်သေးဘူးဗျ၊ အဲဒီအပိုင်းကတော့ ကျနော်တို့လည်း ကြည့်သေးတာပေါ့။

မေး။ ။ အန်ကယ်တို့ သွားတွေ့တဲ့အခါကျတော့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ ကျန်းမာရေးအခြေအနေကရော ဘယ်လိုရှိလဲ ခင်ဗျ။
ဖြေ။ ။ ကျနော်မြင်ရသလောက်တော့ ကောင်းပါတယ်၊ စိတ်ဓာတ်အားဖြင့်ကို ကောင်းပါတယ်၊ တကယ့် Physical ကျန်းမာ ရေးကတော့ အဲဒီနေ့က ဒေါက်တာတင်မျိုးဝင်း ၀င်ပြီးဆေးစစ်ခွင့်ရသွားပြီလေ။ ဆေးစစ်ခွင့်ရသွားတော့ ဆရာတင်မျိုးဝင်းက ပိုပြီးပြောနိုင်မှာပါ။ ကျနော်တို့ အမြင်အားဖြင့်တော့ စိတ်ဓာတ်အားဖြင့် ကောင်းတယ်လို့ မြင်ရပါတယ်။
then irrawaddy

Read More...

ဦးဂမ္ဘီရကို ပုဒ်မ (၁၀) ခုဖြင့် ရုံးထုတ်

ဖြိုးကြီး။ သြဂုတ် ၁၉၊ ၂၀၀၈

စက်တင်ဘာသံဃာ့လှုပ်ရှားမှု ခေါင်းဆောင်တဦးဖြစ်သူ အရှင်ဂမ္ဘီရကို စစ်အစိုးရက ယမန်နေ့က အင်းစိန်အထူးတရားရုံးတွင် ပုဒ်မ (၁၀) ခုဖြင့် စွဲချက်တင်ကာ ရုံးထုတ်ခဲ့သည်။

ထောင်ဝင်စာသွားရောက်တွေ့ခွင့်ရရေးအတွက် သွားရောက်ခဲ့သောအစ်မဖြစ်သူ မခင်သူထွေးက အရှင်ဂမ္ဘီရအား ပုဒ် (၁၀) ခုဖြင့် တရားစွဲဆိုကြောင်းပြောဆိုသည်။

"တွေ့ခွင့်တောင်းတော့ ပေးမတွေ့ဘူး၊ ရုံးအပေါက်မှာ (SB) ၁၅ ယောက်လောက်ရှိတယ်၊ တွေ့ခွင့် မပေးဘဲ နှင်ထုတ်တယ်၊ နောက်တော့ ရုံးအနောက်ပေါက်က ပြန်ခေါ်သွားတယ်၊ အဲ့ဒီနောက်မှ ထောင်ဝင်စာအနေနဲ့ တွေ့ခွင့်ရလိုက်တယ်”ဟု အစ်မဖြစ်သူက ပြောသည်။

ဦးဂမ္ဘီရနှင့်အတူ မဂ္ဂင်ဆရာတော်၊ အကိုဖြစ်သူ ဦးအောင်ကျော်ကျော်၊ ဂျောင်းဂျောင်း၊ ကိုသန်း နိုင်(တောင်တွင်းကြီး)၊ ကိုကျော်ကျော်နိုင်၊ စာရေးဆရာမင်းဆက် (ခ) ဦးသုမန(မန္တလေး)၊ ဦးကေလာသ(မန္တလေး)၊ ဦးရွှေမောင်(မန္တလေး)၊ ကိုဝဏ္ဏမောင်(မန္တလေး)တို့အပါအဝင် (၁၁) ဦး အား ယမန်နေ့က ရုံးထုတ်ခဲ့သည်ဟု ၎င်းက ဆက်လက်ပြောဆိုသည်။

မနက်ဖြန်တွင် ဦးဂမ္ဘီရအား အီလစ်ထရောနစ်ပုဒ်မဖြင့် အင်းစိန်ထောင်တွင်းတရားရုံးတွင် ရုံးထုတ်မည်ဖြစ်ပြီး ယခုလ (၂၇)၊ (၂၈) နှင့် လာမည့်လ (၁) ရက်နေ့တို့တွင် အခြားပုဒ်မများဖြင့် တရားရုံးထုတ် စစ်ဆေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြန်မာနိုင်ငံသို့ ယခုလ (၃) ရက်နေ့မှ (၇) ရက်နေ့ထိ မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂ လူ့အခွင့် အရေး အထူးကိုယ်စားလှယ် မစ္စတာ ကွင်တာနာ သွားရောက်စဉ်က အင်းစိန်အကျဉ်းထောင်ရှိ ဦးဂမ္ဘီရအပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့နှင့် တွေ့ဆုံခဲ့သည်။

Read More...

ဒေါ်အောင်ဆန်းစုကြည် သူမ၏ ရှေ့နေနှင့် ရှားရှားပါးပါး တွေ့ခွင့်ရ

19-08-2008
နယူးဒေလီ။ ။ အထိန်းသိမ်းခံ မြန်မာ့ဒီမိုကရေစီ ခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ကို တနင်္ဂနွေနေ့က သူမ၏ ရှေ့နေ ဖြစ်သူ ဦးကြည်ဝင်းနှင့် နောက်တကြိမ် ထပ်မံ တွေ့ဆုံခွင့် ပေးခဲ့သည်ဟု သူမပါတီ၏ ပြောရေးဆိုခွင့်ရှိသူက ပြောကြားသွားပါသည်။

“ဒေါ်စုနဲ့ဦးကြည်ဝင်းနဲ့ တနင်္ဂနွေနေ့က တွေ့တယ်။ သူတို့မနက် ၁ဝ နာရီလောက်ကနေ ညနေ ၃ နာရီလောက်အထိ တွေ့ရတယ်” ဟု ဦးဥာဏ်ဝင်းက မဇ္ဈိမကို တနင်္လာနေ့က ပြောကြားသွားပါသည်။

ဒေါ်အောင်ဆန်းစုကြည်နှင့် ဦးဥာဏ်ဝင်းတို့သည် ဒီမိုကရေစီ ခေါင်းဆောင်အား ဆက်လက် ထိန်းသိမ်းထားသည့် ကိစ္စကို အဓိကထား ဆွေးနွေးဖွယ် ရှိကြောင်း ဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုသွားခဲ့ပါသည်။

ဒေါ်အောင်ဆန်းစုကြည်သည် လွန်ခဲ့သော ၁၉ နှစ်အတွင်း ၁၂ နှစ်ကျော် ထိန်းသိမ်းခံခဲ့ရပြီး၂ဝဝ၄ ခုနှစ်မှ ၂ဝဝ၈ ခုနှစ် သြဂုတ်လအထိ မည်သူနှင့်မျှ တွေ့ခွင့် မရရှိခဲ့ဘဲ ဦးကြည်ဝင်းနှင့်သာ မကြာသေးခင်က တကြိမ် တွေ့ဆုံခွင့် ရခဲ့သည်။


ဦးဥာဏ်ဝင်းကမူ ယခုတွေ့ဆုံမှုသည် သူမအား ဆက်လက် ထိန်းသိမ်းထားခြင်းကို ဥပဒေကြောင်းအရ မည်သို့ ခုခံချေပနိုင်မည်ကို ဆွေးနွေးခွင့်ရခြင်း ဖြစ်သည့်အတွက် “ထူးခြားမှု” ရှိကြောင်း ပြောဆိုပါသည်။

အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း ဤကိစ္စအတွက် မြန်မာအစိုးရအဖွဲ့ထံ ဥပဒေအရ ပန်ကြား အကြောင်းကြား စာတစောင် ပေးပို့ခဲ့သေးသော်လည်း ယခုအထိ အကြောင်းပြန်ကြားချက် တစုံတရာ မရရှိသေးကြောင်း ဦးဥာဏ်ဝင်းက ဆက်လက် ပြောဆိုသွားပါသည်။

“ကျနော်တို့ အစိုးရအဖွဲ့ကို ဥပဒေဆိုင်ရာ ပန်ကြား အကြောင်းကြားစာ တစောင်ပို့ခဲ့တယ်။ အခု ပြန်ကြားချက်ကို စောင့်နေတုံးဘဲ” ဟု ဦးဥာဏ်ဝင်းက ပြောသွားပါသည်။

ဖေဖေါ်ဝါရီလ နောက်ပိုင်းကတည်းကစ၍ ယခု ပထမဆုံးအကြိမ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်သည် သူမ၏ မိသားစု ဆရာဝန်ဖြစ်သူ ဒေါက်တာ တင်မျိုးဝင်းနှင့်လည်း တွေ့ဆုံခွင့် ရခဲ့သည်ဟု သိရပါသည်။

ဤသို့ ဦးကြည်ဝင်း၊ ဒေါက်တာ တင်မျိုးဝင်းတို့နှင့် တွေ့ဆုံခွင့်ရခဲ့ခြင်းသည် စစ်အစိုးရ၏ ဒေါ်အောင်ဆန်းစုကြည် အပေါ် ထားရှိသည့် သဘောထား ပျော့ပြောင်းလာသည့် လက္ခဏာ ဟုတ်မဟုတ် သေချာစွာ မပြောနိုင်သော်လည်း အပြု သဘောဆောင်သည့် လက္ခဏာတရပ် ဆိုသည်မှာမူ သေချာကြောင်းဖြင့်လည်း ဦးဥာဏ်ဝင်းက ပြောဆို သွားခဲ့ပါသည်။

Read More...

ဟိုင်းကြီးကျွန်း လေဘေးဒုက္ခသည်တွေကို မောင်းထုတ်နေ

19-08-2008
Mizzima
ချင်းမိုင်။ ။ ဧရာဝတီတိုင်း ဟိုင်းကြီးကျွန်းမြို့နယ်အတွင်းရှိ လေဘေးဒုက္ခသည်စခန်း ၃ ခုမှ ဒုက္ခသည်များအား ဒေသအာဏာပိုင်များက အတင်းအဓမ္မ ပြောင်းရွှေ့ခိုင်းနေသည်။

ဟိုင်းကြီးကျွန်းမြို့နယ် ပျဉ်ခရိုင် အုတ်တွင်းနှင့် ကြေးဖြူကုန်းကျေးရွာကြားရှိ လေဘေးဒုက္ခသည်စခန်း ၁၊ ၂ နှင့် ၃ မှ ဒုက္ခသည် တထောင်ခန့်အား ယခုလ ၁၆ ရက်နေ့က တပ်မ ၆၆ မှ ဗျူဟာမှူး ဗိုလ်မှူးကြီး တင်ဝင်း ကိုယ်တိုင်ဦးစီးကာ နေရာသစ်တခုသို့ ပြောင်းရွှေ့ခိုင်းနေခြင်း ဖြစ်သည်။

ဟိုင်းကြီးကျွန်း ပျဉ်ခရိုင်ကျော် အလယ်ကျွန်းလို့ ခေါ်တဲ့ ဒုက္ခသည်စခန်းရှိတယ်။ လူတထောင်ကျော် ရှိတယ်။ ၁၆ ရက်နေ့က အတင်းအဓမ္မ ပြောင်းခိုင်းတယ်။ ကျေးရွာပျက်ပြီးတော့ ပြန်တည်လို့မရတဲ့ အခါကျတော့ ခုံကြီးဆိုတဲ့ရွာမှာ အတင်းပြောင်းခိုင်းနေတယ် ဟု ကယ်ဆယ်ရေးလုပ်ငန်းများ လုပ်ကိုင်နေသူ လူငယ်တဦးက ပြောသည်။


သူက ဆက်ပြီး နိုင်ငံတကာက ဖိအားတွေ ပေးလာမယ်။ ဒါတွေ မမြင်ချင်ဘူးပေါ့။ အဲဒီတော့ သူတို့က ဘယ်လိုပြဿဿနာတွေ óuHကံရလဲဆိုတော့ တနေရာကနေ တနေရာ ပြောင်းဖို့က ခက်တယ်လေ။ ရာသီဥတုကလည်း ပြင်းထန်နေတယ်လေ။ အခုပြောင်းသွားကြပြီ။ အိမ်သာလည်း မရှိဘူး။ သောက်ဖို့ ရေလည်း မရှိဘူး။ ချက်ချင်းပြောင်းလိုက်ရတယ်လေ ဟု ပြောသည်။

ဒုက္ခသည်များသည် ဟိုင်းကြီးကျွန်းမြို့နယ်အပိုင် အုတ်တွင်းကျေးရွာအုပ်စု အတွင်းရှိ ဘုန်းတော်ပြည့်၊ ခုံကြီး၊ ဆူနားမီး၊ ကင်းဆိတ်၊ ရွာကွင်း၊ ခြောက်အိမ်တန်းနှင့် ကျောင်းကုန်းကျေးရွာများမှ လေဘေးသင့်ရွာသားများ ဖြစ်သည်။

လက်ရှိပြောင်းရွှေ့ခိုင်းသည့် နေရာသစ်မှာ နေအိမ်ဆောက်လုပ်ပြီးစီးခြင်း မရှိသည့်အပြင် သောက်သုံးရေများ လုံလောက်စွာ မရရှိသလို၊ အိမ်သာများ ဆောက်လုပ်ပေးထားခြင်း မရှိသဖြင့် အခက်အခဲများ ရှိပုံကို ဘုန်းတော်ပြည့် ကျေးရွာသူတဦးက ယခုလို ပြောသည်။

အခက်အခဲရှိတာပေါ့။ လမ်းလျှောက်မယ်ဆိုရင် ၄၅ မိနစ်လောက် လျှောက်ရမယ်။ မိုးတွေကလည်း ရွာနေတယ်လေ။ ဟိုဘက်မှာက အိမ်က ဘာမှ မလုပ်ရသေးတာကိုး။ ကိုယ့်တဲလေးဆောက်ဖို့ ကိုယ်တိုင် တူးရတယ်။ အောက်မှာလည်း ရွံ့ဗွက်တွေက ရှိသေး၊ ခြင်တွေကလည်း များ၊ အိမ်သာလည်း မရှိသေးဘူး ဟု သူက ပြောသည်။

‚င်းဒေသများတွင် အာရုံဦးဆောက်လုပ်ရေး ကုမ္ပဏီမှ နေအိမ်များ ဆောက်လုပ်ပေးသော်လည်း လုပ်အားပေးမှုများလည်း နေ့စဉ် ရှိကြောင်း ဒေသခံရွာသားတဦးက ပြောသည်။

ကိုယ်တိုင် ကျင်း ၉ ကျင်းတူးရတယ်။ ပိုက်ဆံလည်း မပေးနိုင်တော့ ကိုယ်တိုင် တူးရတယ်။ စားစရာမရှိတဲ့ ကြားက တနေ့ တနေ့ မရိုးအောင် လုပ်နေရတာပဲလေ။ ကြမ်းခင်းကလည်း ကြမ်းမဟုတ်ဘူး။ ပျဉ်ပြား လက် လေးလုံးလောက်ရှိတဲ့ ပျဉ်ပြားကို ပူးပြီးတော့ လုပ်တယ်။ တကယ် နေသင့်နေထိုက်တဲ့ အိမ်မျိုးမဟုတ်ဘူး။ မခိုင်မမာ ခင်းပေးထားတယ်။ အခုလောလောဆယ် ကျမတို့ အိမ်မရှိသေးတာက ၇ဝ ရာခိုင်နှုန်းလောက် ရှိသေးတယ်။ အခု ကျမ စိုးရိမ်တာက အိမ်သာမရှိတဲ့အတွက် ရေ သန့်ရှင်းမှုပဲ။ နောက်ပိုင်းဆို ဝမ်းလျှောရောဂါတွေ ဖြစ်နိုင်မယ်။ ခြင်လည်း ပေါက်လာမယ် ဟု သူက ပြောသည်။

လက်ရှိတွင် ကူညီလှူဒါန်းပေးနေသူများမှာ နယ်စည်းမခြားဆရာဝန်များအဖွဲ့ (MSS) က လက်သမား ပစ္စည်းများ ပေးလှူသလို၊ save the children ၊ မေတ္တာဖောင်ဒေးရှင်းအဖွဲ့နှင့် ရတနာမေတ္တာအဖွဲ့ကလည်း ဆန်များ လှူဒါန်းပေးနေသော်လည်း လုံလောက်မှုမရှိဟု အဆိုပါ ဒေသခံကပင် ဆက်လက်ပြောဆိုသည်။

Read More...

Monday, August 18, 2008

မိုးဆက်တိုက်ရွာသောကြောင့် မိုးကုတ်တွင်တောင်ပြို၊ လူ ၆ ဦးသေဆုံး။ ပဲခူးနှင့် ဧရာဝတီမြစ်ရေလျှံ

အေးချမ်းမြေ့ | သြဂုတ် ၁၈၊ ၂၀၀၈
မြန်မာပြည်အနှံ့ မိုးဆက်တိုက် သည်းထန်စွာ ရွာသွန်းမှုကြောင့် မိုးကုတ်မြို့နယ်အတွင်း တောင်ပြိုကာ ကလေးတဦး အပါ အဝင် လူ ၆ ဦး သေဆုံးသွားရပြီး ပဲခူးတိုင်း၊ ဧရာဝတီတိုင်းတို့တွင် မြစ်ရေလျှံသဖြင့် ရေဘေးဒုက္ခသည် ထောင်ချီ ရှိနေ ကြောင်း ဒေသခံများထံမှ ကြားသိရသည်။
သြဂုတ်လ ၁၆ ရက်နေ့က မိုးသည်းထန်စွာရွာသွန်းပြီး တောင်များ ပြိုဆင်းခဲ့ရာ မိုးကုတ်မြို့နှင့် ၅ မိုင်ခန့် အကွာရှိ ဘော်ဘဒ ရွာတွင် လူနေအိမ်များ ပျက်စီးသွား၍ ထိုအိမ်တချို့တွင် နေထိုင်ကြသူများ သေဆုံး ခဲ့ရသည်ဟု မိုးကုတ် ဒေသခံ ကိုလှဦးက ပြောသည်။
ဘော်ဘဒရွာသည် အိမ်ခြေ ၁၅၀ နှင့် ၂၀၀ ကြားတွင် ရှိသော ရွာကြီးတရွာဖြစ်သည် ဟုသိရသည်။
ထိုဒေသတွင် ၃ လဆက်တိုက် မိုးရွာနေခဲ့ရာ ယခုထိလည်း ဆက်လက် ရွာသွန်းဆဲဖြစ်ကြောင်း ကိုလှဦးက ဆက်ပြောသည်။
“မိုးက ဖွဲဖွဲ ဖွဲဖွဲနဲ့ လုံးဝမတိတ်ဘဲ ရွာနေတာ ကြာပြီ။ ခုပြိုကျတဲ့တောင်ကတော့ ဒေသအခေါ် ကျောက်ပုပ်လို့ ခေါ်တဲ့ မြေတောင်အမျိုးအစားပေါ့။ ပြိုကျဖို့ လွယ်တယ်” ဟု ၎င်းက ဆက်ပြောသည်။ တောင်ပြိုသဖြင့် ယောက်ျား ၃ ဦး၊ မိန်းမ ၂ ဦးနှင့် ၉ နှစ်အရွယ် ကလေး ၁ ဦးတို့ သေဆုံးသွားရကြောင်း ကိုလှဦးက ပြောသည်။

ဇွန်လအတွင်းကလည်း မိုးကုတ်မြို့တွင် တောင်ပြိုပြီး ရေလွှမ်းခဲ့သဖြင့် လူ ၁၁ ဦး သေဆုံးခဲ့သေးသည်။

ပဲခူးတိုင်းအတွင်းတွင်လည်း သြဂုတ်လဆန်းကစ၍ မိုးသည်းထန်စွာရွာသွန်းခဲ့ရာ ယခင် အပတ်က စစ်တောင်း မြစ်ရေလျှံ သဖြင့် ကျေးရွာတချို့ ရေလွှမ်းမိုးပြီး လူ ၃၀၀၀ ကျော် ဒုက္ခသည်များ အဖြစ် အိမ်ခြေရာမဲ့ ဖြစ်သွားခဲ့ရသည်ဟု ဒေသခံ များက ပြောသည်။

မိုးသည်းထန်စွာ ရွာသွန်းမှုကြောင့် စပါးစိုက်ခင်း ဧက ထောင်ပေါင်းများစွာ ပျက်စီးဆုံးရှုံး ခဲ့ရပြီး တချို့စိုက်ခင်းများမှာ ရေလွှမ်းဆဲ ရှိနေသေးကြောင်း ဒေသခံများက ပြောသည်။ ရေလွှမ်းခံရသည့် ဒေသများတွင် ပြွန်တန်ဆာ၊ ရွှေကျင်နှင့် မဒေါက်မြို့နယ်တို့ ပါဝင်သည်။

ရေလွှမ်းမိုးခြင်းခံခဲ့ရသည့် ဒုက္ခသည်များအတွက် ပဲခူးမြို့ဒေသခံ အာဏာပိုင်များက စာသင်ကျောင်းများနှင့် ဘုန်းတော်ကြီး ကျောင်း များတွင် ယာယီဒုက္ခသည်စခန်းများ ဖွင့်ထားပေးသည်ဟု ပဲခူးမြို့ခံ တဦး ဖြစ်သူ မပဲပဲက ပြောပြသည်။

“သံဃာတော်တွေ အပါအဝင် အလှူရှင်တွေနဲ့ ဒေသခံအာဏာပိုင်တွေက လောလော ဆယ် ဒုက္ခသည်တွေ စားဖို့ လှူဒါန်း ပေးနေပါတယ်” ဟု ၎င်းကဆက်ပြောသည်။

ယခုအခါ မိုးရွာသွန်းမှု လျော့နည်းလာပြီး ရေပြန်ကျနေပြီဖြစ်သောကြောင့် တချို့သော ဒုက္ခသည်များမှာ နေအိမ်များသို့ ပြန်လည် ပြောင်းရွှေ့နေကြပြီဖြစ်ကြောင်း မပဲပဲက ပြောပြသည်။

ပြွန်တန်ဆာ၊ မဒေါက်နှင့် ရွှေကျင်မြို့များတွင်မူ ယခုထက်တိုင် ရေမကျသေးဘဲ အစား အစာများကို ဒေသခံအာဏာပိုင် များက ထောက်ပံ့ပေးမှု မရှိသောကြောင့် ရေဘေး ဒုက္ခသည်များမှာ မိမိဘာသာ ရှာဖွေရပ်တည်နေရသည်ဟု ဆိုသည်။

“ကျမတို့က ယရကတွေကို အကူအညီတောင်းကြည့်တာ မရဘူး။ တချို့တွေ ဆန်ပြုတ်ပဲ သောက်နေရတယ်” ဟု ပြွန်တံဆာမြို့ခံတဦးဖြစ်သူ ဒေါ်ချစ်သားက ပြောပြသည်။

ရွှေကျင်နှင့်မဒေါက် မြို့နယ်များတွင် သွားလာရေးအတွက် လှေများကိုသာ အသုံးပြု နေရသေးသည်ဟု ဒေသခံများက ပြောဆိုသည်။

ဧရာဝတီတိုင်း ညောင်တုန်းမြို့နယ် အရှေ့ဘက်ကမ်း ဗိုလ်မြတ်ထွန်း တံတားအနီးတွင်လည်း မိုးသည်း ထန်ပြီး ဧရာဝတီ မြစ်ရေလျှံသဖြင့် ဂန်ချောင်းကျေးရွာရှိ ဂန်ချောင်း ရေကာတာ ကျိုးပျက်နိုင်သည့် အလားအလာ ရှိနေရာ ထိုဒေသတဝိုက်ရှိ ငါး၊ ပုစွန်ကန် များကို အပူတပြင်း ဖော်နေပြီ ဖြစ်ကြောင်း မြန်မာနိုင်ငံ ငါးလုပ်ငန်း အဖွဲ့ချုပ်နှင့် နီးစပ်သူတဦးထံမှ ကြားသိ ရသည်။

“ညောင်တုန်း၊ မအူပင်နဲ့ တွံတေး တဝိုက်က ငါးကန်၊ ပုစွန်ကန်တွေ အမြန်ဖော်ပြီး ဈေးကွက်ထဲပို့နေတယ်လို့ ပြောတယ်” ဟု ၎င်းက ပြောပြသည်။

၎င်းရေကာတာ ကျိုးပျက်လျင် တွံတေး အပါအဝင် နာဂစ်ဆိုင်ကလုန်း မုန်တိုင်းသင့် ဒေသတချို့နှင့် ညောင်တုန်းမြို့နယ် အပိုင် ရွာတချို့အန္တရာယ် ရှိနိုင်သည်ဟု သိရသည်။
“ဧရာဝတီတိုင်း၊ တိုင်းမှူးကိုယ်တိုင်ဆင်းကြည့်တယ်။ သဲအိတ်တွေနဲ့ ကာကွယ်ရေးတွေ လုပ်နေတယ်။ ငါး၊ ပုစွန် စီးပွားရေး သမားတွေကတော့ သူတို့ကန်တွေ အပါမခံနိုင်ဘူးဆိုပြီး အမြန်ဖော်ရောင်းနေတာပဲ။ ဒေသခံတွေကိုတော့ ကာကွယ်ရေး အတွက် နှိုးဆော်တာတွေ မလုပ်သေးဘူး” ဟု သူကဆက်ပြောသည်။

Read More...

ဖမ်းဆီးထားသူများ လွတ်ပေးရန် ရခိုင်အဖွဲ့များ တောင်းဆို

18-08-2008
ချင်းမိုင်။ ။ ရခိုင်ပြည်နယ် တောင်ကုတ်မြို့မှ ဆန္ဒပြသူ လူငယ် (၅)ဦးအား ဖမ်းဆီး ထောင်ချလိုက်သည့်အတွက် ရခိုင် အဖွဲ့အစည်းများက ပြစ်တင်ရှုတ်ချလိုက်ပြီး အမြန်ဆုံးလွှတ်ပေးရန် တောင်းဆိုလိုက်သည်။

သြဂုတ်လ ၈ရက်နေ့က ဆန္ဒပြ ငြိမ်းချမ်းစွာ လမ်းလျှောက် ချီတက်၍ မနီနီမေမြင့်၊ ကိုမောင်မောင်သက်၊ ကိုချစ်မောင်မောင်၊ ကိုမိုးနိုင်စိုးနှင့် ကိုသန်းလွင်တို့ကို စစ်အစိုးရက ထောင်ဒဏ် (၂) နှစ် ခွဲ ချမှတ်လိုက်ခြင်းအတွက် “မတရားတဲ့ လုပ်ရပ်” ဟု ဘင်္ဂလားဒေ့ရှ် အခြေစိုက် ရခိုင်အမျိုးသမီး အစည်းအရုံးက ပြောသည်။

“ဒီလို စီတန်း လမ်းလျှောက်ပြီးတော့ ဆန္ဒပြတယ် ဆိုတာက နိုင်ငံတော်ကို ဆူပူအောင် လုပ်တာမှ မဟုတ်တာ၊ သူတို့လုပ်တာက အေးအေးချမ်းချမ်းပဲ လမ်းလျှောက်တာ ဒါကို နအဖက အပြစ်ယူပြီးတော့ သူတို့ကို ဖမ်းဆီး တရားဆွဲတယ်၊ အဲဒီလို တဘက်သတ် စီရင်ချက်ချတယ် ဆိုတာဟာ မတရားတဲ့ လုပ်ရပ်ဖြစ်တယ်၊ ဒါကြောင့် မနီနီမေမြင့် အပါအဝင် ဖမ်းဆီးခံထားသူများကို အမြန်ဆုံး လွှတ်ပေးဖို့ တောင်းဆိုတယ်” ဟု ရခိုင်အမျိုးသမီး အစည်းအရုံးမှ ဥက္ကဌ မစောမြရာဇာလင်းက ပြောသည်။

လမ်းလျှောက် ဆန္ဒပြသူများသည် ဥပဒေနှင့် ဆန့်ကျင်သည့် လူစုလူဝေးတွင် ပါဝင်မှုနှင့် နိုင်ငံတော် ဆူပူအောင် လှုံ့ဆော်မှုတို့ဖြင့် အရေးယူခဲ့ခြင်း ဖြစ်သည်ဟု သံတွဲခရိုင် တရားရုံးက စီရင်ချက် ချခဲ့သည်။

အလားတူပင် ၁၉၉ဝခုနှစ် ရွေးကောက်ပွဲတွင် မဲဆန္ဒနယ်မြေ (၁၁)နေရာ အနိုင်ရခဲ့သည့် ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ်ကလည်း နိုင်ငံရေး ပြေလည်မှုအတွက် စစ်အစိုးရ အနေဖြင့် တွေ့ဆုံ ဆွေးနွေးရေး လုပ်ပါဟု ထပ်မံ ပြောကြားလိုက်ပြန်သည်။

“ဒီလို တဘက်သတ် သူတို့ လုပ်ချင်တာ လုပ်နေပေမဲ့ နိုင်ငံရေး ပြေလည်ဖို့အတွက် လုပ်နေတာ မဟုတ်ဘူး၊ နိုင်ငံရေး ပြေလည်ဖို့အတွက် တွေ့ဆုံဆွေးနွေးရေး လုပ်ရမယ်၊ မလုပ်ရင် ထောင်ထဲမှာ လူတွေ များလာမယ်။ ပြည်သူတွေ ဒုက္ခများလာမယ်၊ အမျိုးသားပြန်လည် သင့်မြတ်ရေးအတွက် တွေ့ဆုံဆွေးနွေးကို မလွဲမသွေ လုပ်ဆောင်ရမယ်။ ဒီလမ်းဘဲ ငြိမ်းချမ်းတဲ့ အသွင်ကူးပြောင်းလာရေး တည်ဆောက်လို့ ရနိုင်မယ်” ဟု ရခိုင်အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် ပြည်နယ် စည်းရုံးရေးအဖွဲ့မှ တွဲဘက်အတွင်းရေးမှူး ဦးသိန်းလှိုင်က ပြောသည်။

နိုင်ငံရေးလှုပ်ရှားမှု အားကောင်းရာ ရခိုင်ပြည်နယ်အတွင်း အဖမ်းဆီးခံရမှုများလည်း ဆက်တိုက် ဖြစ်ပွားနေရာ သြဂုတ်လ ၁၂ ရက်နေ့တွင် ရခိုင်ပြည်နယ် အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လွတ်တော် ကိုယ်စားလှယ် ဦးညီပုလေး အဖမ်းခံခဲ့ရပြီး သြဂုတ်လ ၁၅ရက်နေ့ တကိုယ်တော် ဆန္ဒပြခဲ့သူ ကိုမြင့်သိန်းချေနှင့် ၄င်း၏ဇနီး မဌေးဌေးတို့ ထပ်မံ အဖမ်းခံခဲ့ရသည်။

Read More...

မစ္စတာ ဂမ်ဘာရီ ရန်ကုန်ရောက် နိုင်ငံရေးပြုပြင်နိုင်ဖို့ မျှော်လင့်ချက်နည်းဟု အတိုက်အခံဘက်က မြင်


ပီတာအောင်/ ၁၈ သြဂုတ် ၂၀၀၈-မြန်မာနိုင်ငံ၏ အမျိုးသားပြန်လည်သင့်မြတ်ရေးကြား
ဝင်ဆောင်ရွက်ပေးနေသည့် ကုလသမဂ္ဂ အထူးကိုယ်စားလှယ် မစ္စတာ အီဘရာဟင်ဂမ်
ဘာရီသည် ယနေ့နံနက်က မြန်မာနိုင်ငံသို့ ရောက်ရှိလာကြောင်း ရန်ကုန်မြို့ရှိ ကုလသမဂ္ဂ
ဖွံ့ဖြိုးမှုအစီအစဉ် (ယူအန်ဒီပီ)ရုံး က အတည်ပြု ပြောကြားသည်။

ယူအန်ဒီပီရုံး သတင်းအချက်အလက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ ဦးအေးဝင်းက “ရောက်
နေပါပြီ။ မြရိပ်ညိုဟိုတယ်မှာ တည်းပါတယ်။ မနက် (၉) နာရီလောက်က ရောက်တာပါ။
တွေ့မယ့် အစီအစဉ်နဲ့ ပတ်သက်ပြီး ဘာမှ ကြိုတင်ပြောလို့မရသေးပါဘူး။ သိတဲ့အခါ ကျ
နော်ပြောမှာပါ”ဟု ပြောကြားသည်။

မစ္စတာဂမ်ဘာရီသည် မြန်မာနိုင်ငံ၌ (၅) ရက်ကြာနေထိုင်မည်ဖြစ်ပြီး ကုလသမဂ္ဂ အထွေ
ထွေညီလာခံက အပ်နှင်းထားသည့် ကုလသမဂ္ဂအတွင်းရေးမှူးချုပ်ရုံး၏ လုပ်ပိုင်ခွင့်အရ မြန်
မာအစိုးရ နှင့် အခြားသက်ဆိုင်သူများ အားလုံးအကြား စေ့စပ်ညှိနှိုင်းပေးရေး ဆက်လက်
ဆောင်ရွက် သွားမည်ဟု မစ္စတာဂမ်ဘာရီက ပြောကြောင်း ကုလသမဂ္ဂက သတင်း ထုတ်
ပြန်ထားသည်။

မစ္စတာဂမ်ဘာရီအနေဖြင့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) နှင့်တွေ့ဆုံရန် ယခု
အထိ အကြောင်းကြားလာခြင်း မရှိသေးသော်လည်း တွေ့ခွင့်ရမည်ဟုမျှော်လင့်ထားကြောင်း
အန်အယ်လ်ဒီ သတင်းနှင့်ပြန်ကြားရေးအဖွဲ့ဝင် ဒေါက်တာဝင်းနိုင်က ပြောသည်။

၎င်းက “နိုင်ငံတော် အာဏာပိုင်တွေက သူတို့မှာဆန္ဒမရှိဘူး။ တွေ့ဆုံဆွေးနွေးဖို့ အတိုက်အခံနဲ့
စကားပြောဖို့ဆန္ဒမရှိဘူး၊ ကိုယ့်သဘောနဲ့ကိုယ် ဆက်လုပ်မယ်ဆိုရင်တော့ ယူအန်က အသုံးချ
ခံရတဲ့ သဘောလောက်ပဲရှိမယ်။ နိုင်ငံတကာ အတိုင်းအတာအရ သူတို့တတ်နိုင်သလောက်
ကြိုးစားမှာပဲ။ ခု မအောင်မြင်လည်းနောက်ထပ်ကြိုးစားဦးမှာပဲ။ အောင်မြင်ခြင်း မအောင်မြင်ခြင်း
ဆိုတာ သက်ဆိုင်တဲ့လူတွေရဲ့ တိုင်းပြည်အပေါ်မှာထားတဲ့ စေတနာအပေါ်မှာ အများကြီးမူတည်
တယ်” ဟုပြောသည်။

ပြီးခဲ့သည့် ခရီးစဉ်များအတွင်း သိသာထင်ရှားသည်ရလဒ်ထွက်မလာသဖြင့် ယခုခရီးစဉ်အတွက်
လည်း ဘာကိုမှ မျှော်လင့်မထားကြောင်း အမျိုးသားပြန်လည် သွေးစည်းညီညွတ်ရေးအတွက်
တွေ့ဆုံဆွေးနွေးရေး မရှိမဖြစ် ဆောင်ရွက်ရမည်ဖြစ်သဖြင့် အတတ်နိုင်ဆုံးကြိုးစားသွားမည်ဟု
ဒေါက်တာ ၀င်းနိုင်က ဆက်လက်ပြောသည်။ မြန်မာစစ်အစိုးရဘက်မှ Road Map အစီအစဉ်
တိုင်း အဓမ္မဆက်သွားမည့်ပုံပေါ်နေသဖြင့် မြန်မာ့နိုင်ငံရေးအတွက်အကောင်းဘက်က မျှော်လင့်
စရာ နည်းပါးသည်ဟု ရန်ကုန် နိုင်ငံရေး အသိုင်းအ၀ိုင်းက ပြောသည်။

မစ္စတာဂမ်ဘာရီ မြန်မာနိုင်ငံလာရောက်ခါနီး ယမန်နေ့နံနက်ပိုင်း၌ စစ်အစိုးရက ဒေါ်အောင်ဆန်း
စုကြည်ကို နေအိမ်အကျယ်ချုပ်အယူခံဝင်ရေး ကိစ္စဆွေးနွေးရန် သူမ၏ ရှေ့နေဦးကြည်ဝင်းနှင့်
ဒုတိယအကြိမ်တွေ့ခွင့်ပေးခဲ့ပြီး၊ သူမ၏မိသားစု ဆရာဝန် ဒေါက်တာ တင်မျိုးဝင်းနှင့်လည်းတွေ့
ခွင့်ပေးလိုက်သည်ဟု အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ကပြောသည်။

မစ္စတာ ဂမ်ဘာရီ၏ ယခု ခရီးစဉ်သည် ယမန်နှစ် စက်တင်ဘာအရေးအခင်းအပြီး မြန်မာနိုင်ငံသို့
(၄) ကြိမ်မြောက် သွားရောက်ခြင်းဖြစ်ပြီး ပြီးခဲ့သည့် မတ်လ (၆) ရက် ဖွဲ့စည်းပုံ အခြေခံ ဥပဒေ
မူကြမ်း ဆန္ဒခံယူပွဲမတိုင်ခင်က နောက်ဆုံးအကြိမ် သွားရောက်ခဲ့သည်။

ထိုခရီးစဉ်၌ ဗိုလ်ချုပ်မှူးကြီး သန်းရွှေနှင့် တွေ့ခွင့်မရဘဲ ပြန်ကြားရေးဝန်ကြီး ဗိုလ်မှူးချုပ် ကျော်
ဆန်း ခေါင်းဆောင်သည့် နအဖ ပြောရေးဆိုခွင့် အာဏာပိုင်အဖွဲ့နှင့် (၂) ကြိမ်၊ ဒေါ်အောင်ဆန်း
စုကြည်နှင့် (၂) ကြိမ်၊ ဆန္ဒခံယူပွဲကျင်းပရေး ကော်မရှင်၊ အန်အယ်လ်ဒီ၊ တစည၊ ကြံ့ဖွံ့၊ အိုင်စီ
အာစီ စသည်တို့မှတာဝန်ရှိသူများနှင့် တွေ့ဆုံခဲ့သည်။ ယင်းခရီးစဉ်ကို မျှော်လင့်ထားသလောက်
အောင်မြင်မှုမရခဲ့ကြောင်း ကုလသမဂ္ဂ အတွင်းရေးမှူးချုပ် မစ္စတာဘန်ကီမွန်းက ထုတ်ဖော်ပြော
ကြားခဲ့သည်။ ။

By NEJ

Read More...

အစိုးရက ဘိုကလေးရေလုပ်သားများအတွက် ရေလုပ်ငန်းသုံးပစ္စည်းချပေး ရေလုပ်ငန်း ပွဲစားကြီးတွေ လက်ဝါးကြီးအုပ်

ကိုဝိုင်း/ ၁၈ သြဂုတ် ၂၀၀၈-မြန်မာစစ်အစိုးရ ရေလုပ်ငန်းဌာနက ဘိုကလေးမြို့နယ်အတွင်းရှိ နာဂစ်ဒုက္ခရေလုပ်
သားများအား ရေလုပ်ငန်း အထောက်အကူပစ္စည်းများကို ထုတ်ပေးရာတွင် ခွဲခြားမှုများရှိနေကြောင်း ရေလုပ်သ
မားများနှင့် နီးစပ်သည့် ဘိုကလေးမြို့ခံတဦးက ပြောသည်။

၎င်းက “အခု ရေလုပ်ငန်းကနေ ပိုက်တွေ၊ လှေတွေ၊ လှေနဲ့တွဲသုံးတဲ့ ဟွန်ဒါစက်ကလေးတွေ ပေးတယ်။ ပေးတဲ့မူ
က မြို့ပေါ်မှာရှိတဲ့ ရေလုပ်ငန်းပွဲစားကြီးတွေက ချုပ်ကိုင်ပြီးတော့ သူတို့က အာမခံတဲ့လူတွေကိုပေးတာ။ အဲဒီတော့
သူတို့နဲ့ အချိတ်အဆက်ရှိတဲ့ လူတွေပဲ လှေတွေ စက်တွေရတယ်။ သူတို့နဲ့ ငွေပေးငွေယူရှိတဲ့ လူတွေကိုပေါ့။ တခြား
လူတွေကိုတော့ များသောအားဖြင့် ပိုက်တွေပဲပေးတာများတယ်။ လှေကိုတော့ စောင့်ပါဦးတို့ ဘာတို့ပြောတာပေါ့”
ဟုပြောသည်။

ဘိုကလေးမြို့တွင် ရေလုပ်ငန်းပွဲစားကြီး (၄-၅) ဦးခန့်ရှိပြီး ၎င်းတို့နှင့် မနီးစပ်၍ ပိုက်များသာ ရရှိသူများလည်းရှိသည်။ အဆိုပါလုပ်သားများ လိုအပ်နေသည့် ပိုက်အမျိုးအစားနှင့်ရရှိသည့် ပိုက်အမျိုးအစား မကိုက်ညီသောကြောင့် ပြန်လည် ရောင်းချမှုများရှိနေသဖြင့် ဘိုကလေးမှ ရောင်းဝယ်ရေးသမားတချို့နှင့် စစ်ကားများ၊ ပုဂ္ဂလိကကုမ္ပဏီကားများ စီးပွား
ဖြစ်နေကြောင်း သိရသည်။

“လိုချင်တာက ငါးသလောက်ပိုက်၊ ရတာက ငါးပုတ်သင်ပိုက် အဲဒီလိုမျိုးတွေများတယ်။ လိုတာနဲ့ ရတာမကိုက်တော့ ရ
တဲ့လူကရောင်းစားတယ်။ ပိုက်တဖုံကို (၁) သိန်း (၂) သောင်းနဲ့ရောင်းတယ်။ အပြင်ပေါက်ဈေးက (၂) သိန်းလောက်
ရှိတယ်။ ဘိုကလေးမှာပဲ ကောက်တဲ့လူတွေရှိတယ်။ စစ်ကားတွေက ရန်ကုန်ကနေဝေခြမ်းရေးနဲ့ပစ္စည်းတွေ ဘိုကလေး
ကို တင်လာတယ်။ အပြန်ကျတော့ ဒီကနေ ဝေခြမ်းရေးပြန်ကောက်တဲ့လူတွေဆီက ကုန်တွေလက်ခံပြီးတော့ ကားတစီး
ကို (၁) သိန်းခွဲ (၂) သိန်းလောက်တောင်းပြီး ရန်ကုန်ပြန်တင်တယ်။ ကုမ္ပဏီကားကြီးတွေ လည်းတင်တာပဲ။ တင်ခက နာဂစ်ဖြစ်ကာစက (၁) သိန်းလောက်ပဲရှိတာ” ဟု အဆိုပါမြို့ခံက ဆက်ပြောသည်။

ထို့အပြင် ဘိုကလေးမြို့နယ်အထက်ပိုင်းရှိ ဘုရားသုံးဆူကျေးရွာအုပ်စုဝင် ကျေးရွာအချို့၌ ဒီဇယ်ဆီများ ထုတ်ပေးခဲ့ရာ
တွင် သယ်ဆောင်စားရိတ်ဟုအကြောင်းပြ၍ ကျေးရွာအုပ်စု တာဝန်ရှိသူများက လယ်သမားများထံမှ ငွေကောက်ခံမှု
များရှိနေသည့်အပြင် သက်ဆိုင်ရာ အထက်အရာရှိများထံ ဒီဇယ်တောင်းခံရာတွင်လည်း အမှန်တကယ်ဝေငှသည့် လယ်
ဧကပမာဏထက် ပိုတင်ခဲ့ကြကြောင်းလည်းသိရသည်။ အဆိုပါ ဒီဇယ်ပေးဝေသည်မှာ (၂) လနီးပါးကြာခဲ့ပြီဖြစ်သော်
လည်း ပထမအရစ်သာရှိသေးပြီး ဒုတိယအရစ်ကို ယခုအထိ ပေးဝေခြင်းမရှိသေးပေ။

စစ်အစိုးရမှချပေးသည့် စပါးမျိုးများမအောင်မြင်ခြင်း၊ ယခင်လက ခွဲဝေပေးသော ကျွဲနွားများမှာလည်း ဒေသမတူခြင်း၊
ရေမြေ ရာသီဥတုမတူညီခြင်းတို့ကြောင့် အသုံးမတည့်ဖြစ်နေခြင်း၊ ကုလသမဂ္ဂကူညီရေးအဖွဲ့များနှင့် အခြားအစိုးရမ
ဟုတ်သည့် အဖွဲ့များကလည်း ဘိုကလေးအောက်ဖက်ရှိ နာဂစ်ဒဏ်အဓိကခံခဲ့ရသော ကျေးရွာအုပ်စုများဘက်ကိုသာဦး
စားပေးနေသောကြောင့် ဘိုကလေးအထက်ရှိကျေးရွာများမှ ဒုက္ခသည်များမှာ အစားအသောက်အတွက် စိုးရိမ်နေရမှု
များ ဖြစ်ပေါ်နေကြသည်ဟုလည်းသိရသည်။ ။

By NEJ

Read More...

Saturday, August 16, 2008

ကချင်ပြည်နယ်မှ ၁၅ နှစ်အရွယ် အမျိုးသမီးငယ် စော်ကား သတ်ဖြတ်ခံရ

16-08-2008

ဘီဘီစီ(မြန်မာပိုင်း)
သြဂုတ် ၁၆၊ ၂၀၀၈

မြန်မာနိုင်ငံ စစ်တပ်က စစ်သားတွေ မိန်းကလေးတဦးကို အဓမ္မပြုကျင့်ပြီးတော့ ရက်ရက်စက်စက် သတ်ဖြတ်လိုက်တယ် ဆိုတဲ့ စွပ်စွဲချက်တွေ ထွက်ပေါ်နေပါတယ်။ Christian Solidarity Worldwide နဲ့ Burma Campaign (UK) အဖွဲ့တွေက သီးခြားစီ အဲဒီ အဖြစ်အပျက်ကို သဘောထားတွေ ထုတ်ခဲ့ပါတယ်။

သူတို့ရဲ့ ကြေညာချက်တွေအရ ဗန်းမော်မြို့နယ်၊ နမ်ဆမ် (Nam Sai) ကျေးရွာက ၁၅ နှစ်အရွယ် ကချင်ကျောင်းသူမိန်းကလေး ခွန်ဒင်းဟာ ပြီးခဲ့တဲ့ ဇူလိုင် ၂၇ ရက်နေ့မှာ စစ်တပ်ကစစ်သားတွေရဲ့ အဓမ္မပြုကျင့်မှုကို ခံရပြီးတော့ ခေါင်းကို ကွဲကြေအောင် ထုခံထားရတဲ့ ဒဏ်ရာတွေ၊ လည်ပင်းကို ဓားနဲ့လှီးထားတဲ့ဒဏ်ရာတွေနဲ့ သေဆုံးခဲ့တယ်လို့ သိရပါတယ်။

Burma Campaign (UK)က ပြောခွင့်ရအမျိုးသမီး နန်ဆမ်း(Nang Seng)ကို ဒီသတင်းကို ဘယ်လိုအတည်ပြုခဲ့သလဲ၊ အဖြစ်အပျက်က ဘယ်လိုဖြစ်ခဲ့ပါသလဲလို့ စမေးတဲ့အခါ

“ဒီသတင်းက ကျမတို့ အထဲက လူ သုံးယောက် လေးယောက်ကို အင်တာဗျူးလုပ်ပြီးတော့မှ အခိုင်အမာ သိရတဲ့ သတင်းဖြစ်ပါတယ်။ ဘယ်လိုဖြစ်ပျက်လဲဆိုတော့ အဲဒီအမျိုးသမီးငယ်က နမ်ဆန် ဆိုတဲ့ ရွာမှာ နေပါတယ်၊ သူတို့မိသားစုတွေနဲ့အတူ။ ၂၇ ရက်နေ့မှာ သူ့ရဲ့မိဘနှစ်ပါးက တောင်ယာမှာအလုပ်လုပ်နေတဲ့ သူ့အကိုကို ဆန်သွားပို့ခိုင်းတဲ့ လမ်းမှာ ဖြစ်ပျက်ခဲ့တဲ့အရာဖြစ်တယ်။ ဆန်သွားပို့တဲ့လမ်းမှာ စစ်သား သုံးလေးယောက်ရှိတဲ့နေရာကနေ ဖြတ်သွားရတယ်။ အဲဒီအမျိုးသမီးက မနက် ၉ နာရီကနေ သွားလိုက်တယ်။ တောင်ယာကိုလည်း မရောက်ဘူး၊ ညနေ ၈ နာရီ ၉ နာရီလောက်မှာ မတွေ့တဲ့အခါကျတော့ ပျောက်တယ်ဆိုတဲ့အခါ သိတဲ့အခါ သူတို့က လိုက်ရှာ၊ စုံစမ်းတယ်။ ဒါပေမယ့် မတွေ့ဘူး။ အဲဒီလိုနဲ့ မိသားစုတွေက နောက်တရက်လည်း လိုက်ရှာ၊ ရွာဘေးနားမှာလည်း လိုက်ရှာ၊ သူသွားခဲ့တဲ့လမ်းမှာလည်း လိုက်ရှာ၊ ဘယ်လိုပဲလိုက်ရှာ(ပေမယ့်)လည်း မတွေ့ဘူး။ ဒါပေမယ့် သူတို့တွေ ဘာသိရလဲ ဆိုတော့ တချို့တွေက ‘ဟာ အဲဒီကောင်မလေးကို အဲဒီလမ်းမှာ တွေ့တယ်၊ သူ့ နောက်မှာ စစ်သားတယောက်က လိုက်နေတာ၊ ဟုတ်တယ်’။ အဲဒီအချိန်တုန်းက အဲဒါမျိုးတွေ သိလာတယ်။ နောက် နွားကျောင်းသားတယောက်က ဘယ်လိုပြောလဲဆို သူလည်း အဲဒီနွားကျောင်းပြီးပြန်လာတဲ့အခါမှာ အဲဒီကောင်မလေး အသတ်ခံရတဲ့ နေရာနားမှာပဲ ‘ဒီနားမှာ စစ်သား၂ယောက်က အဲဒီတောဘက်ကနေ ဆင်းလာတာတွေ့တယ်’ ဆိုပြီး သူတို့ သတင်းတွေ တခုပြီးတခု ရတဲ့အခါ သူတို့ အဲဒီနားတ၀ိုက်ကို ပိုက်စိတ်တိုက်ပြီးတော့ သူတို့ မိသားစုတွေရော၊ အမျိုးတွေရော၊ ရွာကလူတွေရော လိုက်ပြီးရှာတဲ့အခါမှာ အဲဒီမှာ အရမ်းကို ရက်ရက်စက်စက် မုဒိမ်းကျင့်ထားရုံတင်မကဘူး၊ ဆိုးရွားစွာ သူတို့ နှိပ်စက်ထားပြီးတော့ သတ်ထားတာ သူတို့တွေ့ရတယ်။”

“အခု ရွာသားတွေဘက်ကတော့ စစ်တပ်က လုပ်တာဆိုပြီးတော့ မသင်္ကာဘူးဖြစ်တာပေါ့လေ၊ ဘယ်လို ဆက်လက် ဆောင်ရွက်ကြလဲဗျ။”

“ သူတို့ ကျေးရွာရပ်ကွက်ကို သွားတိုင်တဲ့အခါ ကျေးရွာ ရပ်ကွက်က သိပ်ပြီး အရေးယူခြင်း မရှိတဲ့အခါ သူတို့က ဘယ်သွားလဲဆိုတော့ ရဲစခန်းကို သွားတိုင်တယ်။ ရဲစခန်းက လူတွေက ဘာပြောလိုက်လဲ ဆိုတော့ မင်းတို့တွေရဲ့ ကိစ္စက စစ်သားနဲ့ပတ်သက်တဲ့အရာကြောင့်မို့ ဆက်ပြီးတော့ ဖြေရှင်းဖို့၊ အရေးယူဖို့ အင်မတန်ခက်ခဲတဲ့ အရာဖြစ်တယ် လို့ သူတို့ကို ပြောလိုက်တယ် တဲ့။”

“အဲဒီလိုမျိုးအဖြစ်အပျက်တွေက အဲဒီနေရာဒေသမှာ အရင်ကရော ဖြစ်ပျက်ခဲ့တာ ရှိလား။”

“ရှိတယ်။ 2006 မှာလည်း အဲဒီအဖြစ်အပျက်လိုမျိုးပဲ အဲဒီဒေသတ၀ိုက်မှာ တခါ ဖြစ်ခဲ့ဖူးတယ်။ ဒါပေမယ့် ဘာမှ အရေးယူခြင်း မရှိဘူး။ နောက်ထပ်တခု ရှိသေးတယ်၊ ၂၀၀၇ ခုနှစ်မှာ အမျိုးသမီး ၄ယောက်ကို စစ်သားအဖွဲ့လိုက်ကနေပြီးတော့ မုဒိမ်းကျင့်ခဲ့ဖူးတယ်။”

“ဟုတ်ကဲ့။ အခုကိစ္စပေါ်မှာတော့ အထဲမှာ တရားရင်ဆိုင်ဖို့ အခက်အခဲရှိနေတဲ့ပုံစံ ရှိနေပါတယ်။ ဒီတော့ မနန်ဆန်းတို့ အနေနဲ့ Burma Campaign (UK)အနေနဲ့ ဒီကိစ္စကို ဘယ်လိုဆက်လက် ဆောင်ရွက်သွားဖို့ ရှိလဲဗျ။”

“ကျမတို့အနေနဲ့ကတော့ နအဖစစ်အစိုးရက လူ့အခွင့်အရေးချိုးဖောက်မှုနဲ့ လူသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်တဲ့ပြစ်မှုဟာ တကယ်ကို သူတို့ ကျူးလွန်နေတယ် ဆိုတဲ့အရာကို International Community ဒီ ကမ္ဘာကနေပြီးတော့ သိစေပြီးတော့၊ ထပ်ပြီးတော့ တွန်းအားပေးဖို့ အတွက်၊ အဲဒါ တခု။ ပြီးတော့ ဇွန်လ ၁၉ ရက်နေ့မှာ UN Security Councilကနေပြီးတော့ Resolution တခု ချပါတယ်၊ အဲဒီ Resolutionက 1820 ပေါ့နော်၊ အဲဒါက လက်နက်ကိုင်တဲ့ စစ်အစိုးရကနေပြီးတော့ အမျိုးသမီးတွေကို မုဒိမ်းကျင့်မှုက လူသားတွေအပေါ် ရက်ရက်စက်စက် ကျူးလွန်တဲ့ ပြစ်မှုတခု၊ Crime against Humanity ဟုတ်တယ်ဆိုတာကို သတ်မှတ်ထားပါတယ်။ ဒါကြောင့်မို့ ကျမတို့ဖြစ်စေချင်တာက သိပ်မကြာခင် အတောအတွင်းမှာ ဂမ်ဘာရီက တခါ နအဖနဲ့ စကားပြောမယ်၊ ဆွေးနွေးမယ့်အချိန်မှာ ဒီအရာက တကယ်ပဲ နအဖတွေ ကျူးလွန်နေတဲ့အရာဖြစ်တယ် ဆိုတာကို သူတို့တွေ ထပ်ပြီးတော့ ထောက်ပြပြီးတော့ အရေးယူပေးသင့်တယ်လို့ ကျမတို့ မြင်သလို အဲဒါကိုလည်း အားပေးပါတယ်။”
moemaka

Read More...

Russia signs cease-fire, tensions remain high

16-08-2008


TBILISI, Georgia (CNN) -- Russian President Dmitry Medvedev signed the cease-fire plan designed to end its military conflict with Georgia, his office said Saturday. However, a Russian Foreign Ministry spokesman said it would not completely withdraw from Georgian territory until they had finished cleaning up ammunition, weapons and boobytraps left behind by Georgian troops.

Medvedev saw the cease-fire as "very positive," said spokesman Andrei Nesterenko.

Georgian President Mikheil Saakashvili signed the deal Friday, during a visit from U.S. Secretary of State Condoleezza Rice.

It has been the toughest week in east-west relations since the end of the Cold War after Georgia launched an offensive against the Russian-allied separatist government in South Ossetia and Russia responded by invading, the conflict also spreading to a second breakaway region -- Abkhazia.

The fighting has died down, but Russian troops remained within 25 miles (40 kilometers) of Georgia's capital Tbilisi Saturday, and were still on the western front around the breakaway section of Abkhazia, according to CNN's Frederik Pleitgen.

Nesterenko, speaking to CNN on Saturday, said those Russian troops were "completing security operations," which included removing "huge depots" of ammunition and equipment and boobytraps left behind by retreating Georgian troops. iReport.com: How is the Russia-Georgia conflict affecting you? The fighting has raised fears a new era of east-west confrontation was drawing closer, which was worsened Friday by Russian anger over a U.S. deal with Poland to base part of its missile shield in the country.

The deal, signed Thursday, would see U.S. interceptor rockets based in Poland and linked to an air-defense radar system in the Czech Republic.

Gen. Anatoly Nogovitsyn, a top Russian officer, highlighted Russia's anger with the system, saying that Poland was now at risk of attack, perhaps with nuclear weapons, The Associated Press reported.

Poland moved to diffuse the situation Saturday, saying it was open to Russian inspections of the missile interceptor base, AP reported. However, the Ukraine said it was interested in joining a joint missile defense system with other European countries.

Ukraine Foreign Ministry spokesman Liubov Abravitova would not specify if it was referring to the U.S. system Ukraine also warned Russia it may not allow its ships involved in blockading Georgian ports to return to Crimea bases it leases from Ukraine.

The U.S. maintains its missile shield is to deter rogue attacks from Iran, but Russia says it is aimed at it.

The level of rhetoric on both sides has grown louder through the week, U.S. President George W. Bush chiding Russia for Cold War-style behavior in its territorial conflict with Georgia, accusing it of "bullying and intimidation."

Russian President Dmitry Medvedev said Russia would "guarantee" peace in the Caucasus region but made no commitment to remove its forces from Georgia or its breakaway territories.

Meanwhile U.S. Secretary of State Condoleezza Rice warned Russia that it had to withdraw its troops after the cease-fire deal was reached.

Rice said international observers followed by neutral peacekeepers should be dispatched quickly to Georgia and its separatist regions of South Ossetia and Abkhazia, where Russia has a peacekeeping mission. The conflict began late last week, when Georgia launched a military incursion into South Ossetia in an effort to rout separatist rebels.

Russia -- which supports the separatists, many of whom claim Russian citizenship -- has peacekeeping responsibilities for the region and responded by sending tanks into the province for what it said was peace enforcement. From there the violence spread into Georgia and Abkhazia.

Under the cease-fire, about 1,500 Russian peacekeepers are allowed to remain inside, and can do patrols about 6 kilometers outside, the "zone of conflict," a reference to South Ossetia and Abkhazia.

They are not permitted to patrol in Gori and other Georgian cities and cannot hamper aid distribution or control ports, highways or railroads, the officials said. It is unclear how many people have been killed in the conflict, but various claims put the figure in the thousands.

The U.N. High Commissioner for Refugees said Friday that it estimated that more than 118,000 people have been displaced by the fighting, citing statistics supplied by the Russian and Georgian governments.

Read More...

အဆုံးသတ်တိုက်ပွဲကို ဘယ်လိုဆင်နွှဲကြမလဲ

ဇွန်မှိုင်း
သြဂုတ် ၁၆၊ ၂၀၀၈

(၁)

ရှစ်လေးလုံး ဒီမိုကရေစီ လူထုအရေးတော်ပုံကြီး ဖြစ်ပွားပေါ်ပေါက်ခဲ့တာ ဒီနှစ် သြဂုတ်လ (၈) ရက်နေ့မှာ နှစ် (၂ဝ) တင်းတင်း ပြည့်သွားပြီ။

ဒီနှစ် (၂ဝ) ပြည့်နေ့မှာ

နိုင်ငံရေးသမားတွေကြားမှာ၊ နိုင်ငံရေးအင်အားစုတွေကြားမှာ

နိုင်ငံရေးတက်ကြွလှုပ်ရှားသူတွေကြားမှာ၊ လူထုတွေကြားမှာ

သတင်းစာသမားတွေကြားမှာ၊ ရုပ်သံ၊ ရေဒီယို၊ အင်တာနက်စာမျက်နှာစတဲ့ မီဒီယာတွေကြားမှာ

ရှစ်လေးလုံးအရေးတော်ပုံကြီးနဲ့ပတ်သက်ပြီး အလေးအနက် သုံးသပ်ခဲ့ကြတောတွေ၊ တွေ့ရကြားရပါတယ်။ မေးခွန်းတွေအမျိုးမျိုး ထုတ်ကြည့်ကြတယ်။ ဝမ်းသာပါတယ်။ ဒီအရေးတော်ပုံကြီးအပေါ် ဒီလိုအလေးအနက်ပြုကြတာ၊ ပြုနေကြတာဟာ ဝမ်းသာစရာကောင်းတဲ့ကိစ္စ ဖြစ်ပါတယ်။

အဲ့ဒီအထဲက မေးခွန်းတချို့ကို ကျနော်လည်း အင်မတန်စိတ်ဝင်းစားမိပါတယ်။

မေးခွန်းတွေက ဒီလိုပါ။

ဒီအရေးတော်ပုံကြီးက ကျနော်တို့ဘာတွေရရှိခဲ့ကြသလဲ။

ဒီအရေးတော်ပုံကြီးမှာ ကျနော်တို့ဘာတွေဆုံးရှုံးခဲ့ကြသလဲ။

လှည်းနေလှေအောင်း မြင်းစောင်းမကျန် လူထုတရပ်လုံး ဟုန်းဟုန်းထ အုံကြွလှုပ်ရှားခဲ့ကြပါလျက်နှင့် အပြီးသတ်အောင်ပွဲကို ဘာကြောင့်မဆင်ခဲ့နိုင်တာလဲ။

ကျနော်တို့ရဲ့အဓိက အားနည်းချက်က ဘယ်နေရာလဲ။

ရှစ်လေးလုံးကပေးလိုက်တဲ့ အောင်သီးအောင်ပွင့်တွေကို ကျနော်တို့ဘယ်လောက် ထိန်းသိမ်းစောင့်ရှောက်နိုင်ခဲ့သလဲ၊ ဘယ် လောက် ဆက်လက်တိုးချဲ့ပြီး ပွားစီးအောင်လုပ်နိုင်ခဲ့ပြီလဲ။

ဒီနေ့ကာလ နိုင်ငံရေးအခြေအနေ (နိုင်ငံရေး ဒီရေ) ဟာ အကျပိုင်းလား၊ အတက်ပိုင်းလား။ ရှစ်လေးလုံးရဲ့ မပြီးပြတ်သေးတဲ့ နိုင်ငံရေးတာဝန်တွေကို ဘယ်လိုဆက်လက်သယ်ဆောင်ကြမလဲ။ ရှစ်လေးလုံး အရေးတော်ပုံကြီးက ပြဋ္ဌာန်းပေးလိုက်တဲ့ ဒီနေ့ကာလ ကျနော်တို့အားလုံးရဲ့ လုပ်ငန်းတာဝန်တွေက ဘာတွေလဲ။ ဒီတာဝန်တွေကို အဓိကအားဖြင့် ဘယ်တိုက်ပွဲသဏ္ဍာန်တွေနဲ့ ဆက်လက်တိုက်ပွဲဆင်ကြမလဲ။ စသည့် စသည့် မေးခွန်းများ။ မေးခွန်းတွေကို ကြည့်ရုံနှင့်တင် ဒီအရေးတော်ပုံကြီးအပေါ်မှာ ဘယ်လောက်လေးနက်ကြတယ်၊ ဘယ်လောက် အားထားကြတယ်၊ ဒီကနေ့ကာလ တိုက်ပွဲတွေအတွက် ဒီအရေးတော်ပုံကြီးက ဘယ်လောက်သြဇာကြီးသလဲဆိုတာ ခန့် မှန်းတွက်ဆလို့ ရနိုင်လောက်ပါတယ်။ ဒီမေးခွန်းတွေကို ကျနော်တို့ဝိုင်းပြီး ဖြေကြည့်ကြရအောင်ဗျာ။

(၂)

ဒီအရေးတော်ပုံကြီးမှာ ကျနော်တို့ ဘာတွေ ဆုံးရှုံးခဲ့ရသလဲ။ ရင်ဆိုင်နေရတဲ့ ရန်သူဟာ မဆလတပါတီ အာဏာရှင်စနစ်လည်းဖြစ်ပြီး စစ်ဗျူရိုကရက် ယန္တရားကို အခိုင်အမာ တည်ဆောက်ထားတဲ့ စစ်အာဏာရှင်စနစ်လည်းဖြစ်ပါတယ်။ ဒီပွဲဟာ သာမန်ပွဲတပွဲမဟုတ်တော့ဘူး။ ဒီမိုကရေစီနဲ့ လူ့အခွင့်အရေးကို အပြည့်အဝ ရယူပိုင်ဆိုင်ချင်တဲ့ လူမျိုးစုံ မြန်မာပြည်သူလူထုကြီးက တဖက်၊ စစ်အာဏာ၊ စစ်ဗျူရိုကရက်ယန္တရားကို အခိုင်အမာတည်ဆောက်ထားလိုတဲ့ စစ်အုပ်စု လက်တဆုပ်စာက တဖက် ဖြစ်ပွားခဲ့ကြရတဲ့ အာဏာဆိုင်ရာ အဆုံးအဖြတ် တိုက်ပွဲကြီး ဖြစ်ပါတယ်။

ဒါကြောင့်လည်း ဗိုလ်နေဝင်းဦးဆောင်တဲ့ စစ်အုပ်စာဟာ စစ်အာဏာရှင်တို့ရဲ့ သဘာဝအတိုင်း သူ့အာဏာထိပါးလာမှုကို မီးကုန်ယမ်းကုန်ကာကွယ်တယ်၊ ပရိယာယ်မျိုးစုံ နည်းစုံလမ်းစုံ သုံးပြီး အသဲအသန် ကာကွယ်ခဲ့တယ်။ ဒါကြောင့်လည်း ဒီအရေးတော်ပုံကြီးအတွင်းမှာ ကျနော်တို့ပြည်သူတွေဘက်က အရင်းအနှီးတွေ အများကြီး ပေးလိုက်ရတယ်။

ထောင်ချီပြီး အသက်တွေပေးခဲ့ကြရတယ်။ ထောင်ချီပြီး အကျဉ်းထောင်တွေထဲ ရောက်ခဲ့ကြရတယ်။

ထောင်သောင်းချီပြီး လက်နက်ကိုင်တော်လှန်နယ်မြေတွေဆီ အိုးအိမ်တွေပစ်ပြီး ထွက်ခွာခဲ့ကြရတယ်။

ကျနော်တို့ဘာတွေ ရလိုက်သလဲ။ မဆလတပါတီ အာဏာရှင်စနစ်ကို ဖြုတ်ချ ဖျက်သိမ်းပစ်လိုက်နိုင်တယ်။ ပြည်သူတွေ ညီညီညွတ်ညွတ်နဲ့ အခုလိုပဲ လူထုတိုက်ပွဲဆင်နိုင်ရင် အခုလိုပဲ အောင်ပွဲဆင်နိုင်တယ် ဆိုတဲ့ တိုက်ပွဲလက်တွေ့က ပေးလိုက်တဲ့အသိကို ရရှိခဲ့တယ်။ နိုင်ငံရေးပါတီများ တည်ထောင်ဖွဲ့စည်းခွင့်နဲ့ နိုင်ငံရေးလှုပ်ရှားခွင့် တစုံတရာ ရရှိတဲ့ ဒီမိုကရေစီဝန်းကျင်တခုကို ရရှိခဲ့ပါတယ်။

(၃)

ကျနော်တို့က မဆလ တပါတီအာဏာရှင်စနစ်ကို ဖြုတ်ချ ဖျက်သိမ်းပစ်လိုက်နိုင်ပေမယ့် စစ်အာဏာရှင်စနစ်ကိုတော့ မဖျက်သိမ်း လိုက်နိုင်ပါဘူး။

ဒီလောက် လှည်းနေလှေအောင်း မြင်းစောင်းမကျန် တပြည်လုံးအုံကြွတော်လှန်ခဲ့ကြတာတောင် ဘာကြောင့် အဆုံးသတ်အောင်ပွဲ မခံနိုင်ခဲ့တာလဲ၊ အဓိက အားနည်းချက်က ဘယ်နေရာလဲ။

ဒီမေးခွန်းကို ခင်ဗျားဘယ်လိုဖြေမလဲ။ လူထုရဲ့ ညီညွတ်မှုဟာ မလုံလောက်ခဲ့ဘူးလား။ လူထုရဲ့ရဲရင့်မှုကရော ဘယ်နေရာမှာ မလုံမလောက်ဖြစ်နေခဲ့လို့လဲ။ ကျနော့်အမြင်ကတော့ လူထုဘက်က အများကြီးကို လုံလောက်ခဲ့ပါတယ်။ အဓိကအားနည်းချက်က လူထုဘက်မှာ မဟုတ်ပါဘူး။ အဲ့ဒီကာလ တိုက်ပွဲအတွင်းက ခေါင်းဆောင်စုဘက်မှာ ဖြစ်ပါတယ်။

“တပါတီစနစ်ဖျက်သိမ်းရေး”

“ပါတီစုံ စနစ်ကျင့်သုံးရေး”

“ကြားဖြတ်အစိုးရ ဖွဲ့စည်းရေး” ဆိုတဲ့ လူထုရဲ့ တခဲနက် ကြွေးကြော်တောင်းဆိုသံတွေကို အချိန်ကိုက် ထိထိရောက်ရောက် အကောင်အထည်ဖော် ဆောင်ရွက်နိုင်ဖို့ဆိုရင် …

အခြေအနေအရပ်ရပ်က ဆောင်ရွက်နိုင်လောက်အောင် လုံလောက်ရမှာဖြစ်သလို၊ ခေါင်းဆောင်စုရဲ့ တညီတညွတ်တည်း တီထွင်မှုရှိရှိ၊ ပိုင်းဖြတ်မှုရှိရှိ ရဲဝံ့တည်ကြည်စွာ ဆောင်ရွက်နိုင်စွမ်းကလည်း အလွန်ကိုပဲ အခရာကျပါတယ်။ အဲ့ဒီကာလမှာ …

ကျနော်တို့ရရှိနေတဲ့ အခြေအနေတွေဟာ တစုံတရာတော့ ပြည့်စုံနေပြီလို့ ပြောမယ်ဆိုရင် ပြောနိုင်မယ် ထင်ပါတယ်။

ဒါပေမယ့် ဒီအခြေအနေတွေကို အမိအရယူနိုင်လောက်တဲ့ အဆင်သင့်ဖြစ်မှုမျိုးတော့ အဲ့ဒီကာလ ခေါင်းဆောင်စုမှာ လုံလုံလောက်လောက် မရှိခဲ့ကြဘူးလို့ ကျနော် သုံးသပ်ချင်တယ်။

ဒါဟာ အဓိကကျသော အကြောင်းတကြောင်းလို့ ကျနော်မြင်တယ်။

နောက် … အရင်းခံကျတဲ့ အခြားအကြောင်းတကြောင်းကတော့ ကျနော်တို့ ရင်ဆိုင်နေရတဲ့ ရန်သူဟာ အလွန်ခေါင်းမာ၊ အလွန်ရက်စက်၊ အလွန်ရူးသွတ်တဲ့ စစ်အာဏာရှင်ဖြစ်နေတဲ့ကိစ္စ ဖြစ်ပါတယ်။

ဒါကြောင့် စစ်အုပ်စုဟာ ကျနော်တို့ရဲ့ဟာနေတဲ့ ကွက်လပ်ကနေ အရက်စက်အရမ်းကားဆုံး ပစ်ခတ်ဖြိုခွင်းပြီး စစ်အာဏာ သိမ်းခြင်းဖြင့် ကျနော် တို့တိုက်ပွဲကို ယာယီအားဖြင့် တန့်ရပ်သွားအောင် လုပ်ဆောင်သွားနိုင်တာဖြစ်ပါတယ်။

စစ်အုပ်စုကို ကြောက်စရာ လုံးလုံးမလိုဘူး ဆိုပေမယ့် အရမ်းမဲ့အထင်သေးလို့တော့ မသင့်ဘူး ဆိုတဲ့အချက်ကို ဒီအချက်က သက်သေပြတယ်လို့ သဘောရပါတယ်။

(၄)

တိုက်ပွဲရလဒ်တွေကို ကျနော်တို့ဘယ်လိုတိုးချဲ့ခဲ့နိုင်သလဲ။

နိုင်ငံရေးပါတီတွေ ပေါ်လာတယ်။

၉ဝ ပြည့်နှစ် ရွေးကောက်ပွဲရလဒ်ဆိုတာ ပေါ်လာတယ်။

ပြည်သူ့လွှတ်တော်ကိုယ်စားပြုကော်မတီဆိုတာ ပေါ်လာတယ်။

မကဒတ ကျောင်းသားတပ်မတော်ဆိုတာ ပေါ်လာတယ်။

ပြည်တွင်းမှာ၊ နယ်စပ်မှာ၊ နိုင်ငံတကာမှာ အတိုက်အခံအင်အားစုတွေ အင်နဲ့အားနဲ့ ပေါ်လာတယ်။

နိုင်ငံတကာရဲ့ အာရုံစိုက်မှု၊ စာနာမှု၊ ထောက်ခံဝန်းရံမှုတွေ ပေါ်လာတယ်။

ရှစ်လေးလုံးအရေးတော်ပုံရဲ့ မပြီးပြတ်သေးတဲ့တိုက်ပွဲတွေကို ပွဲဆက်ကြရလိမ့်မယ် ဆိုတဲ့ သန္နိဋ္ဌာန်တွေ ပေါ်လာတယ်။

စစ်အာဏာရှင်စနစ်ကို အကုန်အစင် မဖျက်သိမ်းနိုင်သေးသ၍ ရှေ့ကို ဘာမှဆက်လို့မရနိုင်တော့တာမို့ မဖြစ်မနေ စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖျက်သိမ်းပစ်ရမယ်ဆိုတဲ့ နိုင်ငံရေးပိုင်းဖြတ်မှုတွေ ပေါ်လာတယ်။

ဒါတွေဟာ့  ရှစ်ဆယ့်ရှစ်အရေးတော်ပုံကြီးရဲ့ ရလဒ်တွေကနေ ဆင့်ပွားပေါ်ထွန်းလာတဲ့ ရရှိချက်အသစ်တွေ ဖြစ်တယ်လို့ ကျနော်မြင်တယ်။

ဒီနေ့ကာလ နိုင်ငံရေးအခြေအနေ (နိုင်ငံရေးဒီရေ) ဟာ အကျပိုင်းလား၊ အတက်ပိုင်းလား။ ကျနော့်အမြင်အရဆိုရင် ဒီမေးခွန်းက မေးဖို့မလိုတဲ့ မေးခွန်းဖြစ်ပါတယ်။ ရှစ်ဆယ့်ရှစ် အရေးတော်ပုံကြီးရဲ့ ရလဒ်တွေကနေ ဆင့်ပွားပေါ်ထွန်းလာတဲ့ ရရှိချက်အသစ်တွေလည်း ရှိနေပြီ။ လုထုတိုက်ပွဲတွေကလည်း မနားတမ်း ပေါ်ပေါက်နေတယ်၊ တိုက်ပွဲအတွေ့အကြုံတွေနဲ့ ထက်သန်နေတဲ့ မျိုးဆက်သစ်တွေလည်း တပွဲပြီးသွားတိုင်း ပြီးသွားတိုင်း အသစ်အသစ်တွေ ပေါ်ပေါက်နေတဲ့ ဒီနေ့လို ကာလမျိုးမှာ စစ်အုပ်စုက ဘယ်လောက်ပဲ ဟန်ရေးပြင်နေနေ ကျနော်တို့ ဘာကို တွေးပြီးစိုးရိမ်နေရဦးမှာလဲ။ ဒါကြောင့် ဒီနေ့ကာလ နိုင်ငံရေးအခြေအနေ (နိုင်ငံရေးဒီရေ) ဟာ အတက်ဖြစ်တယ်လို့ ကျနော် ရဲရဲ ပြောချင်တယ်။

(၅)

ဒါဆိုရင် … ဒီကနေ့ ကျနော်တို့ ဆောင်ရွက်ကြရမယ့် အဓိကနဲ့ အခြေခံအကျဆုံး လုပ်ငန်းတာဝန်ဟာ ဘာဖြစ်မလဲ။

‘စစ်အာဏာရှင်စနစ် အကုန်အစင်ဖျက်သိမ်းရေး’ ဖြစ်ပါတယ်။

စစ်အာဏာရှင်စနစ် အမြစ်ကုပ်နိုင်တဲ့ ရေခံမြေခံတိုင်းကို ဖျက်ပစ်ရမယ်။

စစ်အာဏာရှင်စနစ်ရဲ့ ရေသောက်မြစ်ကို တစမကျန် ဖြတ်ပစ်ရမယ်။

စစ်အာဏာရှင်စနစ်ရဲ့ ဒိုင်းတွေ၊ လွှားတွေ၊ ချပ်ဝတ်တန်ဆာတွေကို အကုန်လုံး ဖျက်ဆီးပစ်ကြရလိမ့်မယ်။

အဲ့ဒါတွေဟာ လက်တွေ့ကျကျပြောရရင် ဘာတွေဖြစ်မလဲ။

ကျနော့်အမြင်…

နအဖရဲ့ ဖွဲ့စည်းအုပ်ချုပ်ပုံအခြေခံဥပဒေ၊ နအဖရဲ့ (၉၂့  ၄၈%) ၊ နအဖရဲ့ ၂ဝ၁ဝ ရွေးကောက်ပွဲ။

ဒီသုံးခုဟာ နအဖရဲ့ရေခံမြေခံ၊ နအဖရဲ့ရေသောက်မြစ်၊ နအဖရဲ့ဒိုင်းလွှား ချပ်ဝတ်တွေဖြစ်တယ်။

ဒါတွေအားလုံးကို ကျနော်တို့ပြတ်ပြတ်သားသား ဆန့်ကျင်ကြရလိမ့်မယ်။ ပြတ်ပြတ်သားသား တိုက်ဖျက်ပစ်ကြရလိမ့်မယ်။

(၆)

ဘယ်လိုတိုက်ပွဲသဏ္ဍာန်မျိုး၊ ဘယ်လုပ်ဟန်မျိုးနှင့် ဒီပွဲကို ဆက်ကြမလဲ။ အဆုံးသတ်တိုက်ပွဲကို ဘယ်လိုဆင်နွှဲကြမလဲ။ တိုက်ပွဲသဏ္ဍာန်က အမျိုးမျိုးဖြစ်နိုင်ပါတယ်။ နိုင်ငံရေး၊ စစ်ရေး၊ သံတမန်ရေး ဘက်ပေါင်းစုံက တိုက်ပွဲဆင်ရပါလိမ့်မယ်။ လုပ်ဟန်ကတော့ လူထုလုပ်ဟန် ဖြစ်ရပါလိမ့်မယ်။ လူထုတရပ်လုံး အင်အားစုအားလုံး ပါဝင်နိုင်တဲ့ လုပ်ဟန် ဖြစ်ရပါလိမ့်မယ်။ တဦးကောင်း တယောက်ကောင်း လုပ်ဟန်နဲ့ လုပ်လို့ ရနိုင်လိမ့်မယ်မဟုတ်ပါ။ တဦးစီ တဦးစီတိုင်း အတွက် အောင်ပွဲကို တဦးစီ တဦးစီတိုင်းက တိုက်ပွဲဆင်ပြီး ရယူကြရပါလိမ့်မယ်။ လူထုတရပ်လုံးအတွက် အောင်ပွဲကို လူထုတရပ်လုံးက ပိုင်းဖြတ်မှုရှိရှိ တိုက်ပွဲဆင်ပြီး ရယူကြရပါလိမ့်မယ်။

ကျနော်တို့မှာ ဘယ်ကယ်တင်ရှင်မှ မရှိနိုင်ဘူး။ ကျနော်တို့ကို ကယ်တင်မယ့်သူဟာ ကျနော်တို့ကိုယ်တိုင်ပဲ ဖြစ်တယ်ဆိုတဲ့ အတွေးအခေါ်ကို စိုက်ထူကြရပါလိမ့်မယ်။

ဒါဖြင့် ဒါကို ဘယ်လိုအစပြုရမလဲ။ နိုင်ငံရေးအင်အားစုအသီးသီးရဲ့ ဦးဆောင်အခန်းကဘာလဲ။ နိုင်ငံရေးအင်အားစုအသီးသီးရဲ့ ဒီကနေ့တာဝန်ဟာ လူထုကိုစည်းရုံး၊ လူထုရဲ့နိုးကြားမှုကို မြှင့်တင်၊ လူထုရဲ့ရဲရင့် မှုကို အရှိန်မြှင့်။ လူထု လက်တွေ့ရင်ဆိုင်ကြုံတွေ့နေရတဲ့ ဒုက္ခတွေကြောင့် ဖြစ်ပေါ်လာတဲ့ဒေါသတွေကို တိုက်ပွဲစိတ်ဓာတ်များအဖြစ် လမ်းကြောင်းပေး ဆိုတဲ့ လုပ်ငန်းတွေကို စိတ်ရှည်ဇွဲရှိစွာ လုပ်ဆောင်ကြရမှာဖြစ်ပါတယ်။ အရေးကြီးတကာ့အရေးကြီးဆုံးကတော့ လူထုကို လက်တွေ့မကျတဲ့ မက်လုံးတွေ မပေးမိဖို့နဲ့ တိုက်ပွဲဦးကျိုးသွားစေတာမျိုး မဖြစ်ရအောင် တိုက်ပွဲစီမံချက်တွေ ချမှတ်ရာမှာ လောမကြီးမိကြဖို့ ဖြစ်ပါတယ်။ တပ်ဦးကျွံခြင်းနဲ့ နောက်မြီးဆွဲဖြစ်ခြင်းကို ရှောင်ရှားနိုင်ရေးဟာ တိုက်ပွဲတိုင်းရဲ့ အသက် ဖြစ်ပါတယ်။

လူထုရေချိန်ကို တစတစ မြှင့်ယူသွားရင်း လူထုရေချိန်နှင့်အညီ လူထုလိုက်ပါနိုင်တဲ့ တိုက်ပွဲသဏ္ဍာန်များနှင့် အစချီ သင့်တယ်။ တိုက်ပွဲငယ်လေးတွေက အောင်ပွဲငယ်လေးတွေကို ရရှိစေခြင်းဖြင့် လူထုသတ္တိကို ပိုပြီး ရဲရင့်ထက်သန်လာစေရမယ်။ ‘တစက်မှတမျက်နှာ’ ဖြစ်လာရေးအတွက် စနစ်တကျပြင်ဆင်၊ စနစ်တကျ တိုက်ပွဲဆင်ကြရလိမ့်မယ်။ လူထုအကျိုးကို တည့်တည့်မျက်နှာမူထားပြီး လူထုအားကိုအရယူကာ စစ်အာဏာရှင်စနစ်ကို အကုန်အစင် ဖြိုလှဲဖျက်သိမ်းပစ်ခြင်းဖြင့်သာ ရှစ်လေးလုံးအရေးတော်ပုံကြီးက ပြဋ္ဌာန်းပေးလာတဲ့ ဒီနေ့ကာလရဲ့ လုပ်ငန်းတာဝန်တွေကို ကျေပွန်စွာ ထမ်းဆောင်နိုင်လိမ့် မယ်လို့ ကျနော် ယုံကြည်ယူဆမိပါတယ်။

Read More...

သာသနာ့ဥသျှောင်အပြည်ပြည်ဆိုင်ရာမြန်မာရဟန်းတော်များအဖွဲ့ချုပ်ထုတ်ပြန်ကြေငြာချက်

16-08-2008

Read More...

Friday, August 15, 2008

ဗိုလ်ချုပ်မှူးကြီးသန်းရွှေ စစ်အစိုးရအုပ်ချုပ်ရေး စာရင်းပိတ်ဖို့ပြင်ဝန်ကြီးဌာနများအား အမြန်စာရင်းစစ်ဖို့ စာရင်းစစ်ချုပ်ရုံးကိုခိုင်း

NEJ/ ၁၅ သြဂုတ် ၂၀၀၈
စီးပွားရေးလုပ်ကိုင်နေသည့် နေပြည်တော်ဝန်ကြီးဌာန (၁၄)ခုအား အောက်တိုဘာ (၃၁)ရက် နောက်ဆုံးထား ပြီး အမြန်စာရင်းစစ်ပေးရန် ဗိုလ်ချုပ်မှူးကြီးသန်းရွှေက စာရင်းစစ်ချုပ်ရုံးကို အရေးပေါ် တာဝန်ပေးလိုက်ကြောင်း အမိန့် သြဂုတ် (၁၈) ရက်က ထုတ်ပြန်လိုက်သည်ဟု ၀န်ကြီးချုပ်ရုံးနှင့် နီးစပ်သည့် သတင်းရပ်ကွက်က ပြောသည်။

အဆိုပါ စာရင်းစစ်ချုပ်ရုံး၏ အစီရင်ခံစာကို ဗိုလ်ချုပ်မှူးကြီးသန်းရွှေထံ တိုက်ရိုက်တင်ပြရမည်ဖြစ်သည်။ အဆိုပါ အမိန့်ထွက်လာခြင်းသည် နအဖအုပ်ချုပ်ရေးကို အဆုံးသတ်ပြီး ၂၀၁၀ ပြည့် နောက်ပိုင်း ပေါ်ထွက်လာမည့် အရပ်သားအစိုးရလက် လွှဲပြောင်းနိုင်ရေး စာရင်းပိတ်ရန် ကြိုးစားခြင်းဖြစ်နိုင်သည်ဟု နေပြည်တော် ၀န်ကြီးဌာနတာဝန်ရှိသူအချို့က ယူဆသည်။

သို့သော် စာရင်းစစ်ချုပ်ရုံးမှ တိုက်ရိုက်ကိုင်တွယ်စစ်ဆေးရာမှ အဂတိလိုက်စားမှု အများအပြား ပေါ်ပေါက် လာနိုင်သည့်အတွက် မည်သည့်ဝန်ကြီးများ ဓားစာခံဖြစ်မည်ဆိုသည်ကို သက်ဆိုင်ရာ ၀န်ကြီးအတော်များများ စိုးရိမ်နေသည်ဟု ၀န်ကြီးဌာန အရာရှိများက ပြောသည်။ ။

Read More...

UN says 1.5 mln dlrs of cyclone aid lost in Myanmar forex rules

15-08-2008


AFP/File – Storm survivors gather in the rain to collect relief goods from private donors in Mawlattmyinchun in …
YANGON (AFP) – The United Nations estimates that 1.56 million dollars of international cyclone aid has been lost due to the military regime's complex foreign currency rules, a top official said Thursday.

The figure given by Daniel Baker, the UN humanitarian coordinator in Myanmar, was significantly lower than earlier estimates of money lost due to the regulations, which forbid the use of foreign currency inside the country.

"The loss in value due to foreign exchange for the Cyclone Nargis international humanitarian aid during the last three months has been about 1.56 million dollars," Baker said in a joint statement by the UN, Myanmar's government and the regional Association of Southeast Asian Nations.

"We are not getting the full value of dollars donated for emergency relief, and donors are extremely worried and keen to see that this issue is resolved," Baker added.

John Holmes, the UN under-secretary general for humanitarian affairs, last month had estimated that the losses could amount to 10 million dollars, or about 15 percent of the aid delivered to Myanmar.

The latest accounting was based on the amount of money actually changed by the United Nations inside Myanmar since the cyclone struck on May 2, leaving 138,000 dead or missing.

Read More...

Thursday, August 14, 2008

စစ်အစိုးရကို ခုံရုံးတင်မယ့်သူများရဲ့ အနှစ်နှစ်ဆယ်ပြည့် ရှစ်လေးလုံး အထိမ်းအမှတ်ပွဲ။သြဂုတ် ၈ ရက်၊ ၂၀၀၈

15-08-2008


http://www.burmatoday.net/ မှ

Read More...

ဇင်ဘာဘွေမှာ သာတဲ့လ

15-08-2008

တနေ့သော နေ့လယ်ခင်းသ၌ တရားစာအုပ်များကိုပြန်ဖတ်နေချိန်တွင် ကျွန်တော်၏အိမ်သို့ ကိုနန္ဒ တယောက် ပေါက်ချလာလေသည်။ သူလာလျှင်တော်တော်နှင့်မပြန်ပဲ တောရောက်တောင်ရောက် စကားပြောနေတတ်ရာ ကိုယ်လည်း အဖော်ရသဖြင့် ပျော်ရပေသည်။ သူကရောက်ရောက်ခြင်းပင် …

' ဘာတွေဖတ်နေတာလဲဗျ ' ဟု မေးလေသည်။

စားပွဲပေါ်ရှိ ဆရာတော် ဦးဇောတိက နှင့် အရှင်ဆန္ဒာဓိက ၏စာအုပ်များကိုတွေ့လို့မေးလိုက်ပုံရှိသည်။

ကျွန်တော် ။ ။ ဘာရယ်မဟုတ်ပါဖူးဗျာ လူ့ဘဝရလာတာ ဘာလို့ ဒုက္ခသုက္ခတွေနဲ့ လာရင်ဆိုင်နေရတာလဲ … ဘာလို့ တခြားနိုင်ငံမှာ လူလာမဖြစ်ဘဲ မြန်မာပြည်မှာ လူလာဖြစ်ရသလဲ ဆိုတာတွေ တွေးနေရင်း စာအုပ်တွေ ပြန်ရှာရင်းက ဒီစာအုပ်တွေ ထုတ်လာတာပါ။

ကိုနန္ဒ ။ ။ ဒါဆို ကိုယ့်လူက လူဖြစ်လာရတာကို ဒုက္ခလို့ ပြောချင်တာပေါ့။

ကျွန်တော် ။ ။ ဒီသဘောလည်း ပါတာပေါ့။

ကိုနန္ဒ ။ ။ ဒါဆိုရင် ဒီသတင်းလေးကို ဖတ်ကြည့်လိုက်ပါဦး …

သူက ပြောပြောဆိုဆိုပင် သူ့လက်ထဲကိုင်လာသော ဂျာနယ်တစောင်ကို ကျွန်တော့်လက်ထဲ ထိုးထည့်ပေးလိုက်သည်။ သူပြသော စာမျက်နှာကို လှန်ပြီး ဖတ်ကြည့်လိုက်သည်။ ကျွန်တော်ဖတ်နေစဉ် သူက ဇနီးသည် လာချပေးသော ကော်ဖီခွက်ကို ကောက် သောက်နေလေသည်။ အတန်ကြာအောင် ဖတ်ပြီးသွားသောအခါ ကျွန်တော်ပြုံးမိရလေသည်။

သူက -

ကိုနန္ဒ ။ ။ တွေ့တယ်မဟုတ်လား ။နေတတ်ရင် နေပျော်ပါတယ်ဗျ။ ဟဲ ဟဲ ဟဲ

သူပြောတာကို ကျွန်တော် သဘောကျပြီး တပြုံးပြုံး လုပ်နေမိလေသည်။


မော်ဒန်ဂျာနယ်ထဲတွင် ဆောင်းပါးရှင် “သင်းပပ” ရေးထားသည်မှာ...

ယခုအခါ ဇင်ဘာဘွေနိုင်ငံတွင် လူတွေမှာ တနေ့ ထမင်းတနပ် ဝယ်စားဖို့ မတတ်နိုင်လောက်အောင် ထိန်းမနိုင် သိမ်းမနိုင် ဖြစ်လာနေတဲ့ ငွေကြေးဖောင်းပွမှု နှုန်းထားကြောင့်ပါပဲ။

လက်ရှိနိုင်ငံရေး အနေအထားကြောင့် စီးပွားရေးကျဆင်းမှုကြောင့် စားနပ်ရိက္ခာနဲ့ အခြေခံလူသုံးကုန် ပစ္စည်းတွေ ရှားပါးပြတ်လပ်လာတယ်။ လူတွေ ငွေပေးချေရာမှာ နောက်က သုညတွေ အများကြီး ဖြစ်လာတယ်။

တရားဝင် ငွေကြေးဖောင်းပွမှုနှုန်းထားကို အစိုးရက ဖေဖော်ဝါရီလတွင် တရားဝင်ထုတ်ပြန်ထားရာ ၁၆၅,ဝဝဝ ရာခိုင်နှုန်းဖြစ်တယ်။ ဒါပေမဲ့ လွတ်လပ်တဲ့ သတင်းအဖွဲ့တွေက ပြောတာကတော့ ရာခိုင်နှုန်း လေးသန်း နီးပါး ရှိမယ်လို့ ခန့်မှန်းတယ်။

နေ့စဉ် ငွေပေးငွေယူ လုပ်ကြတဲ့ နေရာမှာ ငြီးငွေ့စရာကောင်းလောက်အောင် “ကွာဒရီလီယံ” အထိခေါ်ဝေါ်သုံးစွဲနေသော နိုင်ငံဆိုလို့ ဇင်ဘာဘွေနိုင်ငံဟာ ကမ္ဘာမှာ တခုတည်းသော နိုင်ငံဖြစ်တယ်။ တစ် ကွာဒရီလီယံ ဟာ တစ် နောက်မှာ သုည ၁၅ လုံး လိုက်ရတာကို ခေါ်တာဖြစ်တယ်။

၁ ဝဝဝ, ဝဝဝ, ဝဝဝ, ဝဝဝ, ဝဝဝပေါ့။

ဈေးဝယ်တဲ့အခါ သုညတွေကြောင့် ကွန်ပြူတာတောင် မနိုင်တော့သော အခြေအနေဖြစ်နေ။ ဘဏ်မှာ တရားဝင်ငွေလဲရင် ဇင်ဘာဘွေဒေါ်လာနဲ့ အမေရိကန်ဒေါ်လာလဲရင် ၁ဝ ဘီလျံနှုန်းထက် အများကြီးကျော်တယ်။ မှောင်ခိုဈေးမှာတော့ အမေရိကန် တစ်ဒေါ်လာကို ဇင်ဘာဘွေ ဒေါ်လာ ၂ဝ ဘီလျံ ကျော် သွားတယ်။

စတိုးဆိုင်တွေမှာ ပေါင်မုန့် လုံးဝ ပျောက်သွားတယ်။ စူပါမားကက်မှာ အလတ်စား ပေါင်မုန့်တလုံး ကို ဇင်ဘာဘွေ ဒေါ်လာ ၂ ဘီလျံ ၊ နွားနို့တပိုင့် ဇင်ဘာဘွေဒေါ်လာ ၃ ဘီလျံ၊ ကြက်ဥ အလုံး ၃ဝ ပါ တ ကဒ် ဇင်ဘာဘွေဒေါ်လာ ၄၅ ဘီလျံ ( အမေရိကန် ဒေါ်လာ ၄.၅ ။ တလုံး = ဝ.၁၅ ဒေါ်လာ= မြန်မာငွေ ၁၇၈.၅ကျပ်) ၊ ၁၇ အောင်စခွဲ မာဂျရင်း တဗူး - ဇင်ဘာဘွေဒေါ်လာ ၂၅ ဘီလျံ ၊ ကွက်ကီးမုန့် ၁ဝ ခုပါ တထုပ် ဇင်ဘာဘွေဒေါ်လာ ၁၉ဘီလျံ၊ အညံ့စား အမဲသား ၂ပေါင် ၄၅ဘီလျံ၊ ကားဘက်ထရီ တစ်လုံး ဇင်ဘာဘွေဒေါ်လာ ၂.၄ ထရီလျံ ၊ ။

နေ့စဉ် ဘဏ်က ငွေထုတ်လာတဲ့ လူတွေဟာ အုပ်ခဲ အရွယ် ငွေစက္ကူထုပ်တွေ လက်တွန်းလှည်းပေါ်တင်လာတဲ့ မြင်ကွင်းက ရိုးနေပြီ။

ကျွန်တော်က ကြားဖူး ဖတ်ဖူးထားတာတွေကို ဆက်ဖြည့်ပြောပြလိုက်သည်။

ကျွန်တော် ။ ။ဒါတောင် ဇင်ဘာဘွေနိုင်ငံက ၁၉၈ဝ ခုနှစ်ကမှ အင်္ဂလိပ်လက်ကနေ လွတ်လပ်ရေး ရခဲ့တာ။ အခုလက်ရှိ သမ္မတ မူကာဘီ ဟာ လွတ်လပ်ရေးကို တိုက်ယူခဲ့တာပေါ့ ။ သူနဲ့ အတူ အခု လက်ရှိ ဗိုလ်ချုပ်ကြီး ၅ယောက်ဟာ တရုတ်ပြည် နန်ကင်း စစ်တက္ကသိုလ်မှာ တက်ရောက် ခဲ့ကြတယ်။

၈ဝ% လူ ၁ဝ ယောက်မှာ ၈ယောက်က အလုပ်လက်မဲ့ ဖြစ်နေတယ်။ ကုဋေကြွယ်နိုင်ငံကနေ ကမ္ဘာ့အဆင်းရဲဆုံးနိုင်ငံ ဖြစ်သွားခဲ့တယ်။ လွန်ခဲ့တဲ့ ၂၅နှစ်က အာဖရိကရဲ့ စပါးကျီလို့ခေါ်တယ်။ အခု အသက် ၈၄ နှစ် ရှိပြီဖြစ်တဲ့ သမ္မတ မူကာဘီ တက်ခါစက လွန်ခဲ့တဲ့ ၂၈ နှစ်က အမေရိကန်၁ ဒေါ်လာ= ၇ ဇင်ဘာဘွေ ဒေါ်လာဖြစ်တယ်တဲ့။

လျှပ်စစ်က တရက်ကို ၄ နာရီပဲ ရတယ်။

လူတွေ အလုပ်သွားဖို့ ဘတ်စ်ကားခ မတတ်နိုင်လို့ အလုပ်ကို ခြေလျင် လမ်းလျှောက်သွားကြတယ်တဲ့ ။ ဒါကိုတော့ အစိုးရက မဖမ်းဘူး၊ အရေးမယူဘူး တဲ့။ ဇင်ဘာဘွေနိုင်ငံသားတွေဟာ ငွေတွေ အများကြီး ကိုင်နေရလို့ ကုဋေကြွယ် ဆင်းရဲသားတွေလို့ ခေါ်တယ်။

လူ ၅ ယောက်မှာ ၄ ယောက်က ဝင်ငွေ မရှိဖူး။

လူဦးရေ ၃ သန်း က ငတ်နေတယ်။

၁ဝ သန်းက အေအိုင်ဒီအက်စ် ဖြစ်နေတယ်။

မူကာဘီ ၇၁ နှစ်မှာ ယူထားတဲ့ သမ္မတ ကတော် ၄၃ နှစ်က ပြင်သစ် ပါရီမှာ ဈေးတခါ အဝယ် ထွက်ရင် အမေရိကန် ဒေါ်လာ သန်းချီ သုံးသတဲ့။ တိုင်းပြည်ကလူတွေမှာ ငတ်နေတယ်။

ကိုနန္ဒ ။ ။တော်ပါတော့ တော်ပါတော့ဗျာ ။ကြားရတာ စိတ်ဆင်းရဲစရာတွေပါဗျာ။

ကျွန်တော် ။ ။ ကျန်သေးတယ်ဗျ။ ဇင်ဘာဘွေနိုင်ငံရဲ့ အဓိက ဇာတ်လိုက် အကြောင်း ။

ကိုနန္ဒ ။ ။ တော်လောက်ပါပြီ ။ ကိုယ့်လူပဲ အခုနက တရားစာအုပ်တွေ ဖတ်နေတယ်ဆို။ ကျွန်တော် ပြောပြမယ်။ ဆရာတော် ဦးဇောတိကလား အရှင်ဆန္ဒာဓိကလား မသိတော့ဘူးဗျ ။ပြောတာ ဖတ်ဖူးတယ်။ ကိုယ်စိတ်ချမ်းသာချင်ရင် ကိုယ့်အောက်က လူတွေနဲ့ နှိုင်းပြီး တွေးရတယ် တဲ့ ဗျ။

စဉ်းစားကြည့်ဗျာ … ကျွန်တော်တို့ နိုင်ငံမှာ အခု ဆန် တပြည် ၁၅ဝဝကျပ်၊ ကြက်ဥတလုံး ၂ဝဝ ကျပ်၊ အင်းစိန်ကနေ ရန်ကုန်မြို့ထဲ ဘစ်ကားခ ၅ဝဝ ကျပ်ဗျာ။ ဝက်သား တပိသာ ၈ဝဝဝ ၊ ပဲဆီ တပိသာ ၄၈ဝဝ၊ ကြက်သား တပိသာ ၉ဝဝဝ ဗျာ။

ဘယ်လောက် သက်သာလဲ … ဇင်ဘာဘွေနဲ့ ယှဉ်ကြည့်လိုက်စမ်းပါ။

ကျွန်တော်တို့ နိုင်ငံက အပုံကြီး သာပါသေးတယ်။

ပေါင်မုန့်တလုံး ၆ဝဝ၊ အနည်းဆုံးဗျာ ကန်ဇွန်းရွက် တစည်း ၁၅ဝ ဗျာ။ ကြော်စားဗျာ။ ဗီတာမင်တွေ အပြည့် ပါတယ်။ ဘာလိုသေးလဲ ဗျာ။ တရားသဘောလေးနဲ့ နေလိုက်စမ်းပါ။ ကျွန်တော်တို့က ဇင်ဘာဘွေလောက် မဆိုးသေးပါဖူးဗျ။

ကျွန်တော်လည်း စောစောက ရင်ထဲ လိပ်ခဲတည်းလည်း ကြပ်တည်းတည်းဖြစ်နေသော ရင်ထဲက အလုံးကြီး လျောကနဲ ကျသွားပြီး

ကျွန်တော် ။ ။ အေးဗျာ အခုမှ နေသာသွားတယ်။ ဟုတ်တယ်ဗျ ။ အခုမှ ခပ်တည်တည် ဖြစ်သွားတော့တယ်။

ကော်ဖီခွက်ပေါ်တွင် နားနေကြသော ယင်တအုပ်သည် ကျွန်တော့်အသံကြောင့် လန့် ထပျံ ပြေးကြလေသည်။

MoeMaKha

Read More...

ရွှေဝါရောင်ငြိမ်းချမ်ရေး နှစ်ပတ်လည်အထိမ်းအမှတ်ပွဲကျင်းပရေးအစည်းအဝေးဖိတ်ကြားလွှာ

15-08-2008

Read this document on Scribd: invitation from IBMO

Read More...

ရွှေပြည်ရခိုင်သားတို့ လုပ်ရှားမှုများ

15-08-2008

Read More...

သြဂတ်(စ်) ၁၃ စစ်တွေ ဆန်ပြဿနာနေ့ အခန်းအနား ကော့ဘဇားတွင် ကျင်းပ

14/08/2008

၄၁ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ အခန်းအနားကို အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် ဘင်္ဂလာဒေခ်ျ့ ဌာနခွဲကကြီးမှူးပြီး သြဂတ်(စ်)လ ၁၃ ရက်နေ့က ကော့ဘဇားမြို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အခန်းအနားသို့ ရခိုင်ပြည် အမျိုးသားနိုင်ငံရေး အသီင်္းသီးမှ ခေါင်းဆောင်များ၊ တသီးပုဂ္ဂလ မျိုးချစ် ပြည်ချစ်များ စုစုပေါင်း အင်အား ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခန်းအနားတွင် သဘာပတိအဖြစ် အလယ်ခေါင်တောင် ဆရာတော် ဦးဥာဏိက။ သာသနာဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (ဘင်္ဂလာဒေခ်ျ့ ဌာနခွဲ) ဥက္ကဌ ဦးမေဃိယနှင့် စည်းရုံးရေးဌာန တာဝန်ခံ ဦးသီလ၀ံသတို့မှ ဆောင်ရွက်ခဲ့သည်။

သဘာပတိ ဆရာတော် ဦးဥာဏိကမှ အခန်းအနားတွင် အဖွင့် မိန်းခွန်းပြောကြားရာတွင် “စစ်တွေ ဆန်ပြဿနာနေ့ကို ထမင်းငတ်၍ ဆန်လုသည့် ပွဲအဖြစ် တခုတည်း မြင်ရန် မသင့်ကြောင်းနှင့် ဆန်ပြဿနာနေ့မှာ လူမျိုးရေးဆိုင်ရာ ဖိနှိပ်မှု၏ အကျိုးရလာဒ်ပင် ဖြစ်ကြောင်း၊ ရခိုင်ပြည်မှာ ဆန်ရေစပါး ပေါကြွယ်ဝသော ဒေသတခုဖြစ်ပါလျက် ယနေ့ထက်ထိ ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရသဖြင့် စစ်အာဏာရှင်များ အနေဖြင့် ရခိုင်ပြည်သူလူထုအပေါ် မည်မျှထိ ဖိနှိပ်နေသည်ကို တွေ့မြင် သိရှိနိုင်ပါကြောင်း” ပြောကြားသွားသည်။

၎င်းအပြင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (ဘင်္ဂလာဒေခ်ျ့ဌာနခွဲ) ဥက္ကဌ ဦးမေဃိယမှလည်း ရခိုင်ပြည်သူများထံမှ သိမ်းပိုက်ထားသော လယ်ယာမြေများကို ရခိုင်ပြည် သူများထံ ပြန်ပေးရန်၊ မလိုအပ်ဘဲ တိုးချဲ့ချထားသော စစ်တပ်တပ်ရင်းများကို ရခိုင်ပြည်နယ် အတွင်းမှ ပြန်လည် ရုတ်သိမ်းရန်နှင့် ငတ်မွတ်မှုဘေးနှင့် ရင်ဆိုင်နေရသော ရခိုင်ပြည်သူများ ကို ဆန်အလုံအလောက် ထုတ်ရောင်းချပေးရန် တောင်းဆိုသွားခဲ့သည်။

အခန်းအနားတွင် တက်ရောက်လာသူများထဲမှ ခေါင်းဆောင် တချို့မှလည်း အသီးသီး အမှာစကားများ ပြောကြားသွားခဲ့သည်။

အခန်းအနားအား စစ်တွေ ဆန်ပြဿနာနေ့တွင် သေဆုံးသွားခဲ့ကြသူများအား အမျှအတန်း ပေးဝေပြီး ရေစက်ချကာ နေ့လည် ၁၁ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

စစ်တွေ ဆန်ပြဿနာနေ့သည် ၁၉၆၇ ခုနှစ် သြဂတ်(စ်)လ ၁၃ ရက်နေ့က စစ်တွေမြို့တွင် ဆန်ရရှိရန် တောင်းဆိုခဲ့သော ရခိုင်လူမျိုး ၃၀၀ ကျော်အား ယင်းအချိန်က ဦးနေ၀င်း ခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရက သတ်ဖြတ်ပစ်ခဲ့သည်။
Narinjara

Read More...

ငနဲသူခိုးတွေ ပွဲတိုးတဲ့ခေတ် (ဟာသ)

14-08-2008
ဒေါက်တာလွဏ်းဆွေ

စာဖတ်သူတစ်ဦး ယနေ့ပေးပို့လာသည့် ‘မြန်မာပြည်က ကြံ့ကြံ့ခံနေသော ဖွတ်ကြီး’

ဒီကနေ့ ဂျင်ဂလိတို့ မြန်မာပြည်မှာ နအဖစစ်သူခိုးတွေက ပြည်သူ့ဘဏ္ဍာတွေကို သွားဖြဲနားဖြဲ ခိုးယူပြီး ရုပ် ပျက်ဆင်းပျက် ချမ်းသာနေကြသလို နအဖစစ်သူခိုးတွေကို ပါးလျက်နားလျက်လုပ် အလိုလိုက်အကြိုက်ဆောင် ပြီး မတော်မတရား ချမ်းသာနေတဲ့ ငနဲသူခိုးတွေလည်း အတော်များများ ရှိတယ်ခင်ဗျ။ အဲဒီငနဲသူခိုး တွေဟာ နအဖစစ်သူခိုးတွေ လက်နက်အားကိုးနဲ့ အတင်းအဓမ္မ အာဏာမသိမ်းခင် မဆလခေတ်တုန်းက ပြည့်တန်ဆာ ခေါင်း လုပ်သူလုပ်၊ ခါးပိုက်နှိုက်သူနှိုက်၊ စစ်တပ်က ရာရှင်တွေ အချည်ကြီးခိုးပြီး ရောင်းစားသူစား၊ ရုပ်ရှင်ရုံ ဘူတာရုံတွေမှာ လက်မှတ်မှောင်ခို လုပ်သူလုပ်၊ မဆလပါတီက (အတူတူနဲ့ အနူနူချင်း) အကျင့်ပျက်ခြစားမှုနဲ့ ကန်ထုတ်လိုက်လို့ လမ်းဘေးရောက်သူရောက်၊ ဖဲဝိုင်းမှာ တောက်တိုမယ်ရ အ၀ယ်တော် လုပ်သူလုပ်၊ ဘီအီး ဆိုင်မှာ စားပွဲထိုးသူထိုး၊ အနီထောင်ဝိုင်းမှာ အုပ်လှည့်သူလှည့် … ဆိုတဲ့သူတွေပါ။ ရပ်ထဲရွာထဲ လူတကာ အ ဆက်အဆံ မလုပ်တဲ့ အကျင့်ပျက် လူလိမ်လူညစ်တွေလည်း ပါသပေါ့လေ။

ဒါပေမယ့် နအဖစစ်သူခိုးတွေ အာဏာရလာတဲ့အခါမှာ (သိတဲ့အတိုင်း နိုင်ငံတကာက အော့ကြောလန်၊ ပြည် သူကလည်း ချဉ်ဆိုတော့) စစ်သူခိုးတွေနဲ့ ပူးပေါင်းလုပ်ဆောင်ချင်တဲ့လူက မရှိသလောက် ရှားတယ်လေ။ အဲဒီ လိုအချိန်မှာ ခုနက အချောင်သမား ငနဲသူခိုးတွေက အကွက်ပဲဆိုပြီး ပြေးကပ်ကြတာပေါ့။ အဲသလို ပြေးကပ် ကြရင်းနဲ့ ငယ်ငယ်တုန်းက ဓားပြလုပ်ခဲ့တဲ့သူက စာပေဆုချီးမြှင့်တဲ့ ဂုဏ်သရေရှိ ပုဂ္ဂိုလ်ကြီးဖြစ်လိုဖြစ်၊ အရင်က စစ်တပ်မှာ တပ်ကြပ်လောက် အဆင့်ရှိတဲ့ လူကလည်း ဒေါက်တာဘွဲ့ အတုကြီးကို အရှက်မရှိ ငွေနဲ့ ပေါက်ယူလိုယူ၊ မင်းသမီးနဲ့ နာမည်ကြီးမော်ဒယ်လ် အတော်များများကို ပေါင်ပေါ်တင်ထားတဲ့ စစ်တက္ကသိုလ် ပြေး သစ်ပွဲစားကလည်း ကုမ္ပဏီဥက္ကဌနဲ့ အာဏာရူးကြီး ဗိုလ်သန်းရွှေရဲ့ သားသမက် ဖြစ်လိုဖြစ်၊ ဖိုးတွမ်းတီး အမှုနဲ့ ထောင်ကျခဲ့တဲ့ အကြီးစားလူလိမ်ကလည်း နအဖစစ်သူခိုးတွေအလိုကျ ပေါ်လစီဇာတ်ကားတွေရိုက်တဲ့ ဒါရိုက်တာ ဖြစ်လိုဖြစ်၊ အဲ … တချို့တချို့ကျတော့ စာနယ်ဇင်းလောကမှာ အယ်ဒီတာချုပ်လုပ်၊ တချို့တချို့ကျ တော့ ရပ်ကွက်အေးချမ်းသာယာရေးနဲ့ ဖွံ့ဖြိုးရေးကောင်စီ ဥက္ကဌဖြစ်၊ တချို့တချို့ကျတော့ ကြံ့ဖွတ်အသင်းမှာ အကောင်ပလောင်လုပ်နဲ့ ဒီကနေ့ မြန်မာပြည်မှာ အဲဒီလို ငနဲသူခိုးလူညာတွေပဲ ပွဲတိုးကာ လူရာဝင်နေကြလေ ရဲ့။

ဒါတင်မကဘဲ အဲဒီလို ငနဲသူခိုး လူညာတွေဟာ အနုပညာလောကထဲမှာပါ ငွေနဲ့ပေါက်ပြီး လူရာဝင်ဖို့ အား ထုတ်လာကြပြန်တယ်။ အနုပညာလောကမှာ မော်ဒန်အနုပညာ ဆိုသဟာကလည်း အချိန်ကိုက် ပေါ်ပေါက် လာတဲ့အခါကျတော့ တောခြစ်တောင်ခြစ် ခြစ်ပြီး ဘောင်သွင်းပြသတဲ့ ငနဲသူခိုးကလည်း မော်ဒန်ပန်းချီဆရာ ဖြစ်လိုဖြစ်၊ ပစ္စည်းတွေကို တောထားတောင်ထား ထားပြီး ပေါကြောင်ကြောင် လုပ်ပြသူကလည်း အင်စတော် လေးရှင်းဆရာ ဖြစ်လိုဖြစ်နဲ့ ဂျင်ဂလိတို့ နေထိုင်တဲ့ ခေတ်ကြီးဟာ နအဖအုပ်စိုးမှုအောက်မှာ အရာရာ ဒစ်စ တောရှင်း ဖြစ်လို့နေရဲ့။

တခါသားမှာတော့ အနုပညာလောကထဲမှာ လူရာဝင်ချင်ရှာတဲ့ (စစ်တပ်အရာရှိတွေနဲ့ပေါင်း ဓာတ်ဆီ၊ ဒီဇယ် မှောင်ခိုအကြီးအကျယ်လုပ်ပြီး သူဋ္ဌေးလေးဖြစ်လာတဲ့) အထစ်ကိုကို ဆိုသူက တစ်ကိုယ်တော် အင်စတော် လေးရှင်း ပြပွဲလေးတခု ခင်းကျင်းလာပါတယ်။ သူ့ကို အထစ်ကိုကိုလို့ ခေါ်တာက သူက ဘယ်သူနဲ့တွေ့တွေ့ သူ့နာမည်ရှေ့မှာ Artist (အားတစ်စ်) ဆိုတဲ့ ဂုဏ်ပုဒ်ကိုခံပြီး မိတ်ဆက်တတ်တာကြောင့်ပါ။ အဲဒါကြောင့်မို့ သူနဲ့ ရင်းနှီးတဲ့ ဘော်ဘော်တွေက သူ့ကို ကျီစယ်တဲ့အနေနဲ့ `အထစ်ကိုကို’ လို့ ချစ်စနိုး ခေါ်ဝေါ်ကြခြင်း ဖြစ်ပါတယ်။ အဲသလို ကျီစယ်တာကိုပဲ သူက ပြုံးပြုံး ပြုံးပြုံးနဲ့ သဘောကျနေတတ်သူပါ။

ပြပွဲကျင်းပတဲ့နေ့မှာ သူဋ္ဌေးလေး အထစ်ကိုကိုက အရက်၊ ဘီယာတွေ အလျှံအပယ် တိုက်ကျွေးလေတော့ ပရိသတ်ကလည်း ဘာစည်သလဲ မမေးနဲ့ပေါ့။ ပွဲချိန်တစ်ဝက်လောက်ရောက်တော့ အထစ်ကိုကို ကို ဘီယာ တထွေထွေ ရီဝေရီဝေနဲ့ ချီးမွမ်းစကားဆိုသူဆို၊ အရက်မူးမူးနဲ့ လက်ဆွဲ နှုတ်ဆက်သူဆက်၊ အမြည်းဝါးရင်း ပြပွဲမှတ်တမ်းစာအုပ်မှာ အမှတ်တရစကား ရေးသူရေးနဲ့ဆိုတော့ လူရာဝင်ချင်ရှာတဲ့ အထစ်ကိုကိုလေးဟာ `ပျော် မဆုံး မော်မဆုံး ဘောလုံးကစားကြသည်’ ဆိုတဲ့ သီချင်းထဲကလို တက်ကြွနေတော့တာပေါ့။

ဂျင်ဂလိလည်း သူ့ရဲ့ တစ်ကိုယ်တော် အင်စတော်လေးရှင်းပြပွဲကို ကြည့်လို့အပြီးမှာ ဘီယာ၊ အရက်တိုက် ကျွေးတဲ့ အထစ်ကိုကိုရဲ့ မျက်နှာကို ထောက်ထားပြီး မှတ်တမ်းစာအုပ်မှာ အမှတ်တရစကား ရေးသားဖို့ ကြွ မြန်းခဲ့လေရဲ့။ ဒါပေမယ့် မရေးခင်မှာ ရှေ့ကရေးသွားတဲ့ မော်ဒန်ကဗျာဆရာကြီးတယောက်ရဲ့ အမှတ်တရစ ကားကို ဖတ်ပြီး `အထစ်ကိုကို’ ကို ဂျင်ဂလိ မျက်နှာပူနေမိတော့ရဲ့ (သူကတော့ ပြုံးပြုံး ပြုံးပြုံး လုပ်နေတုန်းမို့ သိရှာသေးဟန်မတူ)။ အဆိုပါ မော်ဒန်ကဗျာဆရာကြီး ကာရန်လေးနဲ့ ရေးသွားတဲ့ အမှတ်တရစကားကတော့ ဒီလိုပါ။

‘ငနဲသူခိုးလူညာတွေ တောက်ကြွားနေတဲ့ ခေတ်ကြီးထဲ ပွဲတိုးကာ လူရာဝင်ချင်နေပါပေါ့လား မောင် မောင်အထစ်ရေ …’ တဲ့။

ဂျင်ဂလိ

Read More...

Landslide Disrupts Thai-Burmese Border Trade

14-08-2008

The Moei river at its normal level at Mae Sot on the Thai-Burmese border. Mae Sot traders on the Thai bank have had to move to higher ground because of severe flooding. (Photo: The Irrawaddy)
A landslide caused by heavy rain has cut the road from Myawaddy to Pa-an in Burma’s Karen State, disrupting Thai-Burmese transport and trade in the Mae Sot border area.

The landslide occurred about 35 miles from the Thai-Burmese border, cutting the main trading route from Mae Sot into Burma, which had also been used to carry relief supplies to the cyclone-devastated Irrawaddy delta. Thai trucks and other vehicles can only get as far as Myawaddy, residents report.

One local resident said three people had died in flooding in Shwe Ko Ko, in Karen State. Flooding also disrupted illegal trade across the Moei River.

Banpot Korkiatkajorn, chairman of Tak’s Chamber of Commerce, told The Irrawaddy that the landslide occurred one week ago. Work on clearing the road was being held up by the lack of heavy earth-moving equipment.

Further north, Thai-Burmese border trade was disrupted last week when the Sai river between Burma’s Shan State and Thailand’s Chiang Rai province flooded the towns of Tachilek and Mae Sai, which stand at either end of the Friendship Bridge between the two countries.

In the Golden Triangle area, where the borders of Thailand, Burma and Laos meet, the Mekong River reached its highest level for 30 years, flooding homes and farmland.

Thailand’s Water Resources Department director-general Siripong Hungspreuk warned that heavy rain in Northern Thailand, China and Laos could swell the river to its highest level ever by mid-August.

Read More...

စင်္ကာပူအစိုးရ၏ အကျည်းတန်သော(သို့) သိက္ခာမရှိသောလုပ်ရပ်သိက္ခာမရှိသောလုပ်ရပ်

14-08-2008

Read this document on Scribd: SG Gov Treatment

Read More...