ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Thursday, August 21, 2008

မြန်မာ့သမိုင်းမှတ်တမ်း အမည်ရှိ ကာတွန်းစာအုပ်ထွက်တော့မည်

21-08-2008

မြန်မာ့နိုင်ငံရေးကို သရုပ်ဖော်ထားသည့် ကာတွန်းဆရာ ဂီး ဒလီယာယ် (Guy Delisle) ၏ မြန်မာ့သမိုင်းမှတ်တမ်း “Burma Chronicles” အမည်ရှိ ကာတွန်းစာအုပ်ကို မကြာမီဖြန့်ချိတော့မည်ဟု သိရသည်။
၎င်းစာအုပ်၌ ၁၈ နှစ်တာကာလအတွင်း ၁၂ နှစ်ကျော် အကျယ် ချုပ်ချထားခြင်းခံရသူ နိုဘဲလ်ငြိမ်းချမ်းရေးဆုရှင် ဒေါ်အောင် ဆန်းစုကြည်အကြောင်း၊ စစ်အစိုးရကြောင့် ပြည်သူများ ကမ္ဘာ ကြီးနှင့် အဆက်အသွယ်ပြတ်နေပုံ၊ သတင်းထောက်များနှင့် ပြောဆိုဆက်ဆံရမည်ကို ကြောက်ရွံ့သည့် ဒေသခံများ အကြောင်း၊ မြန်မာနိုင်ငံ၏ မူးယစ်ဆေးဝါးပြဿနာ၊ စာပေ စိစစ်ရေးအကြောင်း စသည်တို့ကို သရုပ်ဖော်ထားသည်။

ကနေဒါနိုင်ငံသား ဂီး ဒလီယာယ်သည် နယ်စည်းမခြားဆရာဝန် များအဖွဲ့မှ ဇနီးဖြစ်သူနှင်အတူ မြန်မာနိုင်ငံသို့ လိုက်ပါခဲ့ဖူးသူ ဖြစ်သည်။

အမေရိကန်အခြေစိုက် မိုးမခ ၀ိုင်းတော်သား ကိုဇာနည်ဝင်းက “မြန်မာပြည်မှာဖြစ်ပျက်နေတာတွေကို ဖုံးကွယ်လိမ်ညာထားလို့ မရတော့ဘူး … မီဒီယာမျိုးစုံနဲ့ဖွင့်ချနေကြပြီလို့ ပြောလို့ရပါ တယ်။ ကာတွန်းဖတ်တဲ့ ပရိသတ်ကလည်း ကမ္ဘာပေါ်မှာ အများ ကြီးရှိတယ်၊ ဒီကာတွန်းကို အင်္ဂလိပ်ဘာသာနဲ့ထုတ်ပြီး နိုင်ငံ တကာမှာ ဖြန့်တယ်ဆိုတော့ မြန်မာ့ဒီမိုကရေစီရေးအတွက် အနည်းနဲ့အများ အကြိုးရှိတဲ့စာအုပ်လို့ ပြောလို့ရပါတယ်” ဟု ဧရာဝတီကို ပြောသည်။

မြန်မာ့အရေးကို စိတ်ဝင်စားသူတဦးက မြန်မာ့ဒီမိုကရေစီရေးလှုပ်ရှားမှုအတွက် ၎င်းတတ်နိုင်သည့်နည်းလမ်းဖြင့် ၀င်ရောက် ကူညီခြင်းလည်းဖြစ်သည်ဟု ကိုဇာနည်ဝင်းက ဆက်ပြောသည်။

စာမျက်နှာ ၂၀၈ မျက်နှာရှိ အဆိုပါ ကာတွန်းစာအုပ်ကို လာမည့် စက်တင်ဘာလ ၁၆ ရက်နေ့တွင် www.amazon.com မှ တန်ဖိုး အမေရိကန်ဒေါ်လာ ၁၃ ဒဿမ ၅၇ ဒေါ်လာဖြင့် ရောင်းချမည်ဟု သိရသည်။
ဂျပန်နိုင်ငံသား ကာတွန်းဆရာ Akazu Mizuha ကလည်း ဒေါ်အောင်ဆန်းစုကြည် အကြောင်းကို ကာတွန်းစာအုပ် ရေးသား ခဲ့ပြီး ဂျပန်၊ အင်္ဂလိပ် ၂ ဘာသာဖြင့် ယခုနှစ်အတွင်း ထုတ်ဝေခဲ့သည်။
ဧရာဝတီ

0 comments: