ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Thursday, August 21, 2008

စက်တင်ဘာ သံဃာတော်များအား ဆွမ်းကပ်မှုဖြင့် ဇာဂနာကို တရားစွဲ

ပီတာအောင်/ ၂၁ သြဂုတ် ၂၀၀၈

လူရွှင်တော် ဇာဂနာခေါ် ကိုသူရ၊ အားကစားဂျာနယ်အယ်ဒီတာဟောင်း ကိုဇော်သက်ထွေးတို့ကို ဘာသာသာသနာ စော်ကားမှုဖြင့် ယနေ့ အင်းစိန်ထောင် သီးသန့်တရားရုံး၌ ရုံးထုတ်စစ်ဆေးခဲ့ သည်ဟု ၎င်းတို့၏ရှေ့နေက ပြောသည်။
ကိုသူရနှင့် ကိုဇော်သက်ထွေးကို ရဲမှူးဦးရဲညွှန့်က စက်တင်ဘာအရေးအခင်းအတွင်း ၀ိနည်းနှင့် မညီသည့် သံဃာတော်များကို ဆွမ်းကပ်ခဲ့သည်ဟု စွပ်စွဲကာ ဘာသာ၊ သာသနာကို စော်ကားမှု ပုဒ်မ ၂၉၅ (က) ဖြင့် တရားစွဲခဲ့ကြောင်း ဗဟိုတရားရုံးချုပ်ရှေ့နေ ဦးခင်မောင်ရှိန်က ပြောသည်။

၎င်းက “ဒီလိုဆွမ်းကပ်ချင်းဟာ ၀ိနည်းနဲ့မညီတဲ့ သံဃာတွေရဲ့ဆောင်ရွက်ချက်ကို အားပေးတယ် ဆိုပြီး ရဲမှူးက စွပ်စွဲတယ်။ ဆိုတော့ ကိုသူရရဲ့ရှေ့နေက ပြန်ပြီး ၀ိနည်းနဲ့ ညီမညီဆိုတဲ့ အပိုင်းဟာ သံဃာ့အဖွဲ့အစည်းတွေကသာ ဆုံးဖြတ်နိုင်တယ်။ ၀ိနည်းသိက္ခာပုဒ် (၂၂၇) ခုရှိတာ ဒီဝိနည်းတွေ သိသလားဆိုတော့ အဲဒါလည်းမသိဘူး။ ဘယ်ဝိနည်းနဲ့ မညီတာလဲဆိုတော့လည်း ရဲမှူးက အဲဒါ လည်းမပြောနိုင်ဘူး” ဟု ပြောသည်။

ဇာဂနာသည် စက်တင်ဘာလ အရေးအခင်း၌ အဖမ်းဆီးခံခဲ့ရပြီးဖြစ်၍ ယခုမှ ထိုအမှုဖြင့် ထပ်မံ စွပ်စွဲခြင်းသည် တရားမျှတမှုမရှိဟု ဇာဂနာ၏ ရှေ့နေတို့က ပြောသည်။
ကိုသူရကို နိုင်ငံတော်ငြိမ်ဝပ်ရေးကို ထိခိုက်စေသည့် ပုဒ်မ ၅၀၅ (ခ)၊ ဘာသာ၊ သာသနာကို စော် ကားမှု ပုဒ်မ ၂၉၅ (က)၊ မတရားအသင်းဆက်သွယ်မှု၊ ဗီဒီယိုအက်ဥပဒေ အပါအ၀င် စုစုပေါင်း
(၇) မှုဖြင့် စွဲချက်တင်ထားပြီး လာမည့် ကြာသပတေးနေ့၌ ရက် ထပ်မံ ရုံးချိန်းထားကြောင်း သိရသည်။

0 comments: