ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Thursday, August 14, 2008

သြဂတ်(စ်) ၁၃ စစ်တွေ ဆန်ပြဿနာနေ့ အခန်းအနား ကော့ဘဇားတွင် ကျင်းပ

14/08/2008

၄၁ နှစ်မြောက် စစ်တွေ ဆန်ပြဿနာနေ့ အခန်းအနားကို အပြည်ပြည်ဆိုင်ရာ မြန်မာ ရဟန်းတော်များ အဖွဲ့ချုပ် ဘင်္ဂလာဒေခ်ျ့ ဌာနခွဲကကြီးမှူးပြီး သြဂတ်(စ်)လ ၁၃ ရက်နေ့က ကော့ဘဇားမြို့တွင် ကျင်းပခဲ့ကြောင်း သတင်းရရှိသည်။

အခန်းအနားသို့ ရခိုင်ပြည် အမျိုးသားနိုင်ငံရေး အသီင်္းသီးမှ ခေါင်းဆောင်များ၊ တသီးပုဂ္ဂလ မျိုးချစ် ပြည်ချစ်များ စုစုပေါင်း အင်အား ၇၀ ကျော် တက်ရောက်ခဲ့ကြသည်။

အခန်းအနားတွင် သဘာပတိအဖြစ် အလယ်ခေါင်တောင် ဆရာတော် ဦးဥာဏိက။ သာသနာဥသျှောင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (ဘင်္ဂလာဒေခ်ျ့ ဌာနခွဲ) ဥက္ကဌ ဦးမေဃိယနှင့် စည်းရုံးရေးဌာန တာဝန်ခံ ဦးသီလ၀ံသတို့မှ ဆောင်ရွက်ခဲ့သည်။

သဘာပတိ ဆရာတော် ဦးဥာဏိကမှ အခန်းအနားတွင် အဖွင့် မိန်းခွန်းပြောကြားရာတွင် “စစ်တွေ ဆန်ပြဿနာနေ့ကို ထမင်းငတ်၍ ဆန်လုသည့် ပွဲအဖြစ် တခုတည်း မြင်ရန် မသင့်ကြောင်းနှင့် ဆန်ပြဿနာနေ့မှာ လူမျိုးရေးဆိုင်ရာ ဖိနှိပ်မှု၏ အကျိုးရလာဒ်ပင် ဖြစ်ကြောင်း၊ ရခိုင်ပြည်မှာ ဆန်ရေစပါး ပေါကြွယ်ဝသော ဒေသတခုဖြစ်ပါလျက် ယနေ့ထက်ထိ ငတ်မွတ်မှုနှင့် ရင်ဆိုင်နေရသဖြင့် စစ်အာဏာရှင်များ အနေဖြင့် ရခိုင်ပြည်သူလူထုအပေါ် မည်မျှထိ ဖိနှိပ်နေသည်ကို တွေ့မြင် သိရှိနိုင်ပါကြောင်း” ပြောကြားသွားသည်။

၎င်းအပြင် အပြည်ပြည်ဆိုင်ရာ မြန်မာရဟန်းတော်များ အဖွဲ့ချုပ် (ဘင်္ဂလာဒေခ်ျ့ဌာနခွဲ) ဥက္ကဌ ဦးမေဃိယမှလည်း ရခိုင်ပြည်သူများထံမှ သိမ်းပိုက်ထားသော လယ်ယာမြေများကို ရခိုင်ပြည် သူများထံ ပြန်ပေးရန်၊ မလိုအပ်ဘဲ တိုးချဲ့ချထားသော စစ်တပ်တပ်ရင်းများကို ရခိုင်ပြည်နယ် အတွင်းမှ ပြန်လည် ရုတ်သိမ်းရန်နှင့် ငတ်မွတ်မှုဘေးနှင့် ရင်ဆိုင်နေရသော ရခိုင်ပြည်သူများ ကို ဆန်အလုံအလောက် ထုတ်ရောင်းချပေးရန် တောင်းဆိုသွားခဲ့သည်။

အခန်းအနားတွင် တက်ရောက်လာသူများထဲမှ ခေါင်းဆောင် တချို့မှလည်း အသီးသီး အမှာစကားများ ပြောကြားသွားခဲ့သည်။

အခန်းအနားအား စစ်တွေ ဆန်ပြဿနာနေ့တွင် သေဆုံးသွားခဲ့ကြသူများအား အမျှအတန်း ပေးဝေပြီး ရေစက်ချကာ နေ့လည် ၁၁ နာရီတွင် အောင်မြင်စွာ အဆုံးသတ်ခဲ့သည်။

စစ်တွေ ဆန်ပြဿနာနေ့သည် ၁၉၆၇ ခုနှစ် သြဂတ်(စ်)လ ၁၃ ရက်နေ့က စစ်တွေမြို့တွင် ဆန်ရရှိရန် တောင်းဆိုခဲ့သော ရခိုင်လူမျိုး ၃၀၀ ကျော်အား ယင်းအချိန်က ဦးနေ၀င်း ခေါင်းဆောင်သည့် တော်လှန်ရေးကောင်စီ အစိုးရက သတ်ဖြတ်ပစ်ခဲ့သည်။
Narinjara

0 comments: