ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Tuesday, May 27, 2008

ဒေါ်စုနေအိမ် ချီတက်ကြသော လူငယ်များကို ဖမ်းဆီး

27-05-2008



အမျိုးသား ဒီမိုကရေစီ အဖွဲ့ချုပ် လူငယ်များ ဌာနချုပ်မှ ဒေါ်အောင်ဆန်းစုကြည် နေအိမ်ရှိရာသို့ ချီတက်သွားနေစဉ်။
လမ်းခရီးတွင်ပင် လူငယ်များကို ရဲများက ဖမ်းဆီးသွားခဲ့သည်။
ဓာတ်ပုံ - citizen journalist

နယူးဒေလီ။ ။ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် နေအိမ်သို့ ချီတက်ကြသော NLD လူငယ် ၁၅ ဦးကို အာဏာပိုင်များက လွန်ခဲ့သည့် ၁ နာရီခန့်က ဖမ်းဆီးခေါ်ဆောင်သွားသည်ဟု အဖွဲ့ချုပ်က ပြောသည်။

"၁၅ ယောက် ဖမ်းသွားတယ်လို့ သတင်းရပါတယ်။ နာမည်တွေက မသိရသေးပါဘူး။ ဘယ်ကို ခေါ်သွားတယ်ဆိုတာလည်း မသိရသေးပါဘူး" ဟု အဖွဲ့ချုပ်ပြောခွင့်ရ ဦးဉာဏ်ဝင်းက ပြောသည်။

လူငယ်များကို ကမ္ဘာအေးဘုရားနားက ဘိုးဘွားရိပ်သာနားအရောက် အာဏာပိုင်များက ဒိုင်နာကားပေါ်သို့ အတင်းတက်စေပြီး ဖမ်းဆီးခေါ် ဆောင်သွား ခြင်း ဖြစ်သည်ဟု သိရသည်။

နောက်ဆုံးအကြိမ် အကျယ်ချုပ်သက်တမ်း ၅ နှစ်ပြည့်ပြီဖြစ်သော လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ နေအိမ်သို့ သွားရောက်ကြသည့် NLD လူငယ်နှင့် အရပ်သားပြည်သူများမှာ ၁ဝဝ ကျော် ရှိခဲ့သည်ဟု အဖွဲ့ချုပ်လူငယ်တဦးက ပြောသည်။

0 comments: