ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Friday, May 23, 2008

ဗမာပြည်သူများအတွက် ညီညွတ်တဲ့ ဆန္ဒပြပွဲ

24-05-2008
မိတ်ဆွေအပေါင်းတို့..

ကိုလံဘိုမြို့ရှိ၊ ဗမာသံရုံးရှေ့မှာ (4-A, Rosmead Avenue, Off Rosmead Place, Colombo-7) မေလ ၂၇-ရက် အင်္ဂါနေ့၊ နေ့လည် ၁၂-နာရီခွဲ အချိန်တွင် ဗမာပြည်သူများအတွက် စည်းလုံးညီညွတ်တဲ့ ဆန္ဒ ဖော်ထုတ်ပွဲကို ကျွန်ုပ်တို့နှင့်အတူ ပါဝင်ဆင်နွှဲဖို့ ဖိတ်မန္တက ပြုပါတယ်။

လွန်ခဲ့တဲ့ ၁၈-နှစ်၊ ၁၉၉၀-ပြည့်နှစ်၊ မေလ ၂၇-ရက်နေ့မှာ ဗမာပြည်သူလူထု၏ နောက်ဆုံး အခွင့်အလမ်း အနေဖြင့် သူတို့ရဲ့ နိုင်ငံရေး ဆန္ဒတွေကို ဖော်ပြခွင့်ရခဲ့ပါတယ်။ သူတို့ဟာ အာဏာသိမ်း စစ်အုပ်စုကို လုံးဝဆန့်ကျင်မဲပေးခဲ့ကြပြီး နိုဘယ် (လ်) ငြိမ်းချမ်းရေးဆုရှင် အောင်ဆန်းစုကြည် ဦးဆောင်တဲ့ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ်ကို (N L D) ကို တခဲနက် ထောက်ခံမဲ ပေးခဲ့ကြပါတယ်။

ယခုနှစ် သုံးပတ်လောက်က တိုက်ခိုက်ခဲ့တဲ့ နာဂစ်မုန်တိုင်းပြီးကထဲက အာဏာသိမ်း စစ်အုပ်စုဟာ ဒုက္ခသည် ပြည်သူနှစ်သန်းကို ကူညီမဲ့ အကူအညီတွေကို ငြင်းဆန်ကာ နိုင်ငံတကာ အထောက်အပံ့တွေကို ပိတ်ဆို့နေသလို ကူညီရေးလုပ်ငန်းတွေကိုလဲ ကန့်သတ်ချုပ်ချယ်နေပါတယ်။

မေလ ၂၇-ရက်နေ့မှာ ကမ္ဘာနေရာ အတော်များများမှာရှိကြတဲ့ ပြည်သူတွေဟာဆိုရင် ၁၉၉၀-ပြည့် ရွေးကောက်ပွဲအမှတ်တရအဖြစ် စီတန်းလှည့်လည် ဆန္ဒပြကြကာ ဒီမိုကရေစီရရှိရေး တောင်းဆိုကြပါမယ်။ ထို့အတူ လိုအပ်နေတဲ့နေရာ တွေမှာရှိကြတဲ့ ပြည်သူတွေဆီ နိုင်ငံတကာ အကူအညီတွေ ခွင့်ပြုဖို့ အုပ်ချုပ် သူတွေကို တောင်းဆိုကြပါမယ်။

မေလ ၂၇-ရက်နေ့မှာ ကျွန်ုပ်တို့နှင့်လာရောက်ပူးပေါင်းပြီး ဗမာပြည်သူတွေအပေါ် သင့်ရဲ့ ထောက်ခံအား ပေးမှုနဲ့ စည်းလုံးညီညွတ်မှုကို ပြသကြပါ။


“ကျမတို့ရဲ့ လွတ်လပ်ရေးအတွက် ရှင်တို့ရဲ့ လွတ်လပ်ရေးကို အသုံးပြုပေးကြပါ..” အောင်ဆန်းစုကြည်။



Freddy Gamage- Friends of the Third World
K. W.Janaranjana-Rights Now
Udaya Kalupathirana-INFORM
Ruki-Law & ociety Trust


No-200,
St’Joseph Street,
Negombo

0 comments: