ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Tuesday, May 27, 2008

မပြီးဆုံးသေးသော ဒို့ရဲ့တာဝန်

28-05-2008

မြန်မာနိုင်ငံတွင် အမြစ်တွယ်နေပြီးသော စစ်အာဏာရှင်စနစ်ဆိုးကြီးကို အမြစ်ပြတ်ပျောက်ကွယ်သွားအောင်ဆက်ပြီးအားထုတ်ကြဖို့နဲ့ စစ်မှန်သော ဒီမိုကရေစီစနစ်ကို လိုလားသော
ညီ၊အကိုများအားလုံး မြန်မာနိုင်ငံတွင် စစ်မှန်သောစနစ်တစ်ခုပေါ်ပေါက်ရေးအတွက် ငါတို့ရဲ့ပန်းတိုင်ကို ရောက်တဲ့အထိ ဆက်လက်ဆင်နွဲစေဖို့...အသိပေးတိုက်တွန်းတဲ့အနေနဲ့
ဤဆောင်းပါးကို ရေးခြင်းဖြစ်ပါတယ်။
(ဆန္ဒအားကြီးလို့သာရေးရတာ ဆောင်ပါးများရေးနေကျမဟုတ်တော့ စာဖတ်သူများအနေနဲ့ အမှားကို အမှန်ပြင်ပြီးဖတ်စေချင်တယ်)။

ကာလာကြာမြင့်စွာ အမြစ်တွယ်နေပြီးသော စနစ်ဆိုးကြီးကို ပျောက်ကွယ်သွားဖို့ဆိုတာ တော်ရုံ၊တန်ရုံစိတ်ဓာတ်မျိုးနဲ့တွန်းလှန်၍မရနိုင်ပါ။ နောက်ပြီး ”ကောက်ရိုး မီးပုံလို” တမုဟုတ်ချင်းစိတ်ဓာတ်မျိုးနဲ့ တိုက်ထုတ်၍ မဖြစ်နိုင်ပါ။

မိမိရဲ့အသိစိတ်ထဲမှာ ငါတို့ ဒီအာဏာရှင်များကို ဘယ်လိုနည်းနဲ့ အမြစ်ပြတ်သွားအောင် တိုက်ထုတ်ရမှာလဲဆိုတဲ့ စိတ်ကူးစိတ်သန်းမျိုးအမြဲတန်းမွေးထားပြီး၊ စစ်အာဏာရှင်များ မြန်မာနိုင်ငံတွင် မပျောက်မချင်း ငါစိတ်မလျှော့ဘူးဟေ...ဆိုတဲ့ သန္ဒိဋ္ဌာန်မျိုးထာဝရရှိနေစေချင်တယ်။

နောက်ပြီး ငါမလုပ်လဲ သူများတွေလုပ်ကြမှာပဲ...ဆိုတဲ့စိတ်ဓာတ်မျိုး မမွေးစေချင်ပါ။ ”သဲတစ်ပွင့် အုဌ်တစ်ချပ်”လောက် ကိုယ်နိုင်တဲ့ တာဝန်ထမ်းဆောင်ကြမယ်ဆိုရင် အားတက်သရောလုပ်ဆောင်ကြတဲ့ ပုဂ္ဂိုလ်များအတွက် ပိုပြီး အားရှိမှာ သေချာသည်။ ကိုယ်စီကိုယ်ငှအားထုတ်ကြမည်ဆိုလျှင် ”တစ်နေ့တလံ ၊ ပုဂံဘယ်ပြေးမလဲ” ဆိုတဲ့အတိုင်း ငါတို့လိုချင်တဲ့ စစ်မှန်သော ဒီမိုကရေစီစနစ် မြန်မာနိုင်ငံတွင် မြင်တွေ့ရမှာ မလွဲပါ။ ငါတို့တစ်သက် ဒီမိုကရေစီအရသာကို မမြည်းကြည့်ရရင်လဲ တူ၊တူမ၊ သား၊ မြေး စဉ်ဆက်ခံစားရရင်တောင် ကျေနပ်ကြတယ်မဟုတ်လား။

ဒီစနစ်ဆိုးကြီးမပျောက်မချင်း ငါတို့မြန်မာနိုင်ငံဟာ ကမ္ဘာ့အဆင့်အောက်ဆုံးမှာ အမြဲရှိနေမှာဖြစ်သလို နိုင်ငံခြားတိုင်းပြည်တွေမှာ မြန်မာနိုင်ငံပတ်စ်ပို့ကိုင်ဆောင်သူတိုင်း ”အထင်သေးအမြင်သေးခံရတဲ့မျက်လုံးတွေနဲ့”
အကြည့်ခံနေရအုံးမည်သာ။

အရင်းကိုစစ်လိုက်တော့ အုပ်ချုပ်သူ စစ်အာဏာရှင်တစ်စုကြောင့်ပဲပေါ့။ သူတို့မြန်မာနိုင်ငံအုပ်ချုပ်တာ နှစ် (၂၀) အတွင်း တိုက်ပြည်အတွက် တိုးတက်တဲ့အချက်ကတော့ လိမ်နည်း၊ ညာနည်း၊ ခိုးနည်း၊ ၀ှက်နည်း
တွေပါပဲ။ ဒါကတော့ မြန်မာနိုင်ငံသာတစ်ယောက်အနေနဲ့ သက်သေပြနေစရာလိုမယ်မထင်ပါ။ ထိုထက်ဝမ်းနည်းစရာကောင်းတာက အုပ်ချုပ်ခံနေရတဲ့ပြည်သူများပါ သူတို့အကျင့်များ ကူးစက်ခံရခြင်းပါပဲ။
နောက်ပြီး သူတို့ကိုသူတို့ ကမ္ဘာမှာ အတော်ဆုံးအတတ်ဆုံးလို့ရယ်တောင်ထင်မှတ်ရလောက်အောင် သူတို့ရဲ့သတင်းစာ၊ တီဗွီ ဖန်သားပြင်ပေါ်တွင် ဖေါ်ပြနေကြပြန်တော့ ”ကိုယ့်ဂုဏ် ကိုယ်ဖေါ် မသူတော်” ဆိုတဲ့ အတိုင်း ဂုဏ်များဖေါ်လိုက်တာလဲ ကြားရသူတိုင်း နားမခံသာပါဘူးဗျာ။

အခုလည်း နာဂစ်မုန်တိုင်းအကြောင်းပြုပြီး အာဏာရှင်များ ဘာတွေအမြတ်ထုတ်ဦးမလဲ မသိပါ။ ထုတ်မှာတော့သေချာသည်။ ဟိုတစ်နေ့ကပဲ ကြည့်လိုက်ပါ။ ထောက်ပံ့ကယ်ဆယ်ရေးအားလုံးလက်ခံတယ်လို့ ပြောပြီးမှ
နိုင်ငံခြားကယ်ဆယ်ရေးစစ်သင်္ဘောများ လက်မခံပါလို့...ဘန်ကီမွန်းရှေ့တင် ပတ်ထုတ်လိုက်ပြန်ရော စစ်အာဏာရှင်များကတိဟာ အရူးတစ်ယောက်ရဲ့ကတိနဲ့အတူတူပါပဲလား။ စစ်ဗိုလ်ချုပ်များရဲ့အလှူခံချက်ကလည်း အလှူရှင်များ မျက်လုံးတောင်ပြူးသွားတယ်။ တောင်းသွားတဲ့အလှူငွေပမာဏက (၁၁) ဘီလီယံကျော်တဲ့။ (၁၁) ဘီလီယံကျော်တွင် (၁)ဘီလီယံလောက် ဒုက္ခသည်များထံရောက်ရင်တောင် ကံကောင်တယ်လို့မှတ်ရမယ်။ သေချာတာကတော့ ငွေပမာဏအများစု သူတို့အိပ်ထဲမှာ ရောက်မှာကိုမြေကြီးလက်ခတ်မလွဲပါ။ ဒါကြောင့် မစ္စတာဘန်ကီမွန်း အလိမ်မခံရပါစေနဲ့လို့ ဆုတောင်းရုံမှတစ်ပါးအခြားမရှိပြီး။ သို့မဟုတ်လို့တော့ ဂန်ဘာရီနောက်သို့ မစ္စတာဘန်ကီမွန်းထပ်ပြီးလိုက်နေရအုံးမှာပါ။

အခုတောင် ဘန်ကောက်မှာရှိတဲ့ မြန်မာသံရုံးမီးလောင်သွားပြန်ပြီး၊ ကဲ ကယ်ဆယ်ရေးသမားတို့ ဗီဇာရဖို့စောင့်နေပေအုံးတော့။ ဒါစစ်အစိုးရမာယာမဟုတ်ဘူးလို့ ဘယ်သူပြောနိုင်လဲ။ မုန်တိုင်း ဒုက္ခသည်ကယ်ဆယ်
ဖို့ စစ်အစိုးရကဖွင့်ပေးလိုက်ပြီး ဆိုတဲ့ကြေငြာချက်ဟာ သူတို့စေတနာရိုးဟုတ်မှဟုတ်ပါလေစွ သံသယဖြစ်မိတာအမှန်ပါပဲ။

စစ်ဗိုလ်ချုပ်များ တကယ်ရိုးသားတဲ့စေတနာနဲ့ ပြည်သူတွေအတွက် လုပ်ပေးမယ်ဆိုရင် သူတို့အုပ်ချုပ်တဲ့ နှစ်(၂၀)အတွင်း မြန်မာနိုင်ငံသားတွေ နိုင်ငံတကာမှာ အထင်သေးခံရမှာမဟုတ်ဘူး။ ဥပမာ - အခုကျွန်တော်နေထိုင်တဲ့နိုင်ငံက လူတွေဆိုရင် ကျွန်တော်ကိုမေးကိုနေကြတယ် “မင်းတို့နိုင်ငံကလူတွေဟာထမင်းဝအောင်မစားရဘူးလား”။ လူတွေက အစားအသောက်မ၀တဲ့ပုံပဲ။ စစ်ဗိုလ်ချုပ်အုပ်စုတစ်သိုက်
ကတော့ ဗိုက်တွေဆွဲပြီး သူတို့ပြည်သူတွေအများစုက အစားရေစာမတဲ့ပုံစံများကို သူတို့ မမြင်ခြင်ဟန်ဆောင်နေရော့သလား။

အခုသူတို့ ကုလသမဂ္ဂကိုလိုက်လျောပေးရတာလဲ စစ်ဗိုလ်ချုပ်များ နောက်ကွယ်မှာကလိမ်ကျစ်တဲ့အကြံတွေမပါဘူးရယ်လို့ ဘယ်သူမှသံသယရှင်းမယ်မထင်ပါ။ တကယ်တော့ ဖိအားတွေများတဲ့အတွက်ကြောင့် လိုက်လျောလိုက်ရတာပါ။ သို့တို့အာဏာကို ထိပါးမဲ့ ဘယ်အရာမျိုးမဆို စစ်အာဏာရှင်များ ဘယ်တော့မှလိုက်လျောမှုမပေးဘူးဆိုတာ ပြည်သူများအဓိကနားလည်ရမယ့်အချက်တစ်ချက်ဖြစ်ပါတယ်။ သူတို့ရဲ့ကောက်ကျစ်တဲ့ညာဏ်၊ ဗိုလ်ကျစိုးမိုးမှုဝါဒဟာ စစ်အာဏာရှင်များရဲ့ ပင်မလက်နက်ဖြစ်ပါတယ်။ ပြည်သူကို ရန်သူသဖွယ်သဘောထားကာ မိမိအာဏာတစ်ခုတည်း ရှင်သန်ရေးအတွက် ကျိုးပမ်းအားထုတ်တဲ့ စစ်ဗိုလ်ချုပ်များဟာ နိုင်ငံကိုတိုးတက်အောင်ဘယ်တော့မှလုပ်ဆောင်နိုင်မည်မဟုတ်။

ဒါကြောင့် အကြည်းတန်၊ အရုပ်စိုးလှတဲ့ ယုတ်ညံ့တဲ့စစ်အာဏာရှင် စနစ်ဆိုးကြီးကို မြန်မာနိုင်ငံမှာ အမြစ်ပြတ်ပျောက်ကွယ်သွားအောင် “စိတ်ရှည်၊ ဇွဲသန်” နဲ့ တက်ညီလက်ညီ ငါတို့မျှော်မှန်းထားတဲ့ စစ်မှန်သော ဒီမိုကရေစီစနစ်နဲ့ ပြည်သူများကို သား၊ သမီးပမာချစ်ခင်တဲ့ ခေါင်းဆောင်ကောင်းတစ်ယောက်ဖြစ်ပေါ်လာတဲ့အထိ (မပြီးဆုံးသေးသော ဒို့ရဲ့တာဝန်များ) ဆိုတဲ့ အသိစိတ်ဓာတ်နဲ့ ဆက်လက်ဆင်နွဲကြပါစို့ရယ်လို့----စစ်မှန်သောစနစ်ကို လိုလားကြတဲ့မြန်မာပြည်သူ၊ပြည်သားများအားလုံးသို့-----အသိပေးနိုးဆော်လိုက်ရပေသည်။

စောလင်းနက်စ် (Sawlinux) {MSMA}

0 comments: