ဒီမိုကရေစီရေးလုပ်ရှုားနေကြသောမျိုးချစ်မြန်မာများအားလုံးက "မိစ္ဆာဒိဋ္ဌိခေါ် "န အ ဖ" တို၏ မေလ-၁၀-ရက်နေ့ ဆန္ဒခံယူပွဲကို ရဲရဲဝံ့ဝံ့ကြီး ကြက်ခြေခတ်ကြပါ၊၊

Photobucket

Friday, June 6, 2008

ကုလဂြိုဟ်တုဓာတ်ပုံအရ ဧရာဝတီတိုင်း (၁၈) ရွာ (၉၄) ရာနှုန်းပျက်

06-06-2008


နာဂစ်မုန်တိုင်းကြောင့် ဧရာဝတီတိုင်း ကျေးရွာ (၁၈) ရွာ အသေးစိတ် အပျက်အစီး ဂြိုဟ်တု မြင်ကွင်းကို ကုလသမဂ္ဂ ဂြိုဟ်တုတိုင်းထွာရေးအဖွဲ့ UNOSAT က ထုတ်ပြန်ရာ အဆောက်အဦ စုစုပေါင်း (၄,၀၂၈) ခု ပျက်စီးသွားသည်။

ဧရာဝတီတိုင်း ကျေးရွာ (၁၈) ရွာ အသေးစိတ် အပျက်အစီး ဂြိုဟ်တုမြင်ကွင်းကို ဇွန်လ (၄) ရက်နေ့မှာ တရွာချင်းအလိုက် ဂြိုဟ်တုဓာတ်ပုံများနှင့်တကွ UNOSAT အဖွဲ့က ထုတ်ပြန်ခြင်း ဖြစ်သည်။ ထိုကျေးရွာ အများစုမှာ ငပုတော၊ လပွတ္တာနှင့် ဘိုကလေးမြို့နယ်များမှ ဖြစ်သည်။

အဆိုပါကျေးရွာ (၁၈) ရွာရှိ အဆောက်အဦ အားလုံး၏ (၉၄) ရာနှုန်း ပျက်စီးသည်ဟု ဖော်ပြ ထားသည်၊ ဂြိုဟ်တုဓာတ်ပုံရိုက်ထားသည့် ရွာ (၁၈) ရွာတွင် ရာနှုန်းပြည့် အဆောက်အဦအားလုံး ပျက်စီးသည့် ရွာပေါင်း (၁၀) ရွာရှိပြီး ကျန်ရွာများမှာလည်း ရာနှုန်းပြည့်နီးပါး ပျက်စီးသည်။

ဧရာဝတီမြစ်ဝကို မေးတင်ပြီး ရာနှုန်းပြည့် ပျက်စီးခဲ့သည့် အဆိုပါရွာများမှာ-အနောက်ဂုံညင်းတန်း၊ ရွေးရွာ၊ မိကျောင်းကိုင်၊ အနောက်သပြုချောင်၊ သပြုချောင်၊ ချောင်းကြီး၊ ပြောင်းပြန်၊ တောင်ကလေးမြောက်ဘက် အမည်မသိရွာ၊ ဘုန်းတော်ပြည့်၊ အလယ်ပေါက်တောင်ဘက် အမည်မသိရွာတို့ဖြစ်သည်။ ။

0 comments: